Knowledge
ယောကျာ်းလေးတွေ သူ့ချစ်သူဆီက အမျှော်လင့်ဆုံး အကြားချင်ဆုံးစကား…
ယောကျာ်းလေးတွေ သူ့ချစ်သူဆီက အမျှော်လင့်ဆုံး အကြားချင်ဆုံးစကား…
ယောကျာ်းလေးတွေ ကိုယ့်ချစ်သူဆီက အမျှော်လင့်ဆုံး အကြားချင်ဆုံး စကား အကြောင်းပါ။
ဒီလို စကားလေးတွေပြောပေးပြီး ချစ်ခြင်းမေတ္တာရဲ့ ခိုင်မြဲ တဲ့နှောင်ကြိုးတွေ တည်ဆောက်နိုင် ကြပါစေနော်
ချစ်သူဖြစ် သွားတယ် ဆိုပီး ချစ်တယ် ဆိုတဲ့ စကားကို ပစ်မထား လိုက် ရဘူးနော်။
ကိုယ့်ချစ်သူက ကိုယ့်ကို ချစ်တယ်လို့ ဝန်ခံပြောဆို လိုက်ရင် ဘယ်လောက် အသဲမာတဲ့ ကောင်ပဲဖြစ်ဖြစ် အရည်ပျော် ရတော့တာ ပါပဲ။
ယောကျာ်းတွေက အဲ့ဒီ စကားလေးကို သိပ်ကြား ချင်ကြတာ။
ဒီစကားလေးက ဖက်တာ နမ်းတာထက် ပိုလေးနက်တဲ့ ဆက်ဆံရေးကို တည်ဆောက် နိုင်ပါ တယ်နော်
ဒီစကားလေးက ကိုယ့်ချစ်သူက ကိုယ့်ကို ပံပိုးပေးတာကို ခံစား ရစေ ပါတယ်။
ဘယ်လို အခက်အခဲတွေ ဆိုးဝါး တာတွေဖြစ်နေ ပါစေ။ ချစ်သူဆီက အားပေးစကား တစ်ခွန်းကြောင့် ဘာကိုမှ
ဂရုမစိုက်တော့ပဲ မဖြစ်နိုင်တဲ့ ခက်ခဲတဲ့ အရာတွေကိုတောင် လုပ်နိုင်စွမ်း ရှိပါတယ်။
ဒီစကားလေးအတွက် သင့်ကို သင့်ချစ်သူက နှစ်နှစ်ကာကာ ကျေးဇူးတင်ပီး ချစ်မြတ်နိုး နေမှာပါ။
ယောကျ်ား တစ်ယောက်ရဲ့ ကံကြမ္မာကို မိန်းမတစ်ယောက်က ဆုံးဖြတ်နိုင်ပါတယ်။
အောင်မြင်တဲ့ ယောကျ်ားတိုင်းရဲ့ နောက်ကွယ်မှာ အရာရာကို နားလည်မှုပေးပြီး
စိတ်ခွန်အားဖြစ်အောင် ထောက်ပံပေးနိုင်တဲ့ မိန်းမတွေ ရှိကြ ပါတယ်။
You R the Best ဆိုတာ လွယ်လွယ်လေးပြောလို့ ရပေမယ့်
ယောကျာ်းတွေရဲ့ အသဲထဲ အရိုးထဲ စိမ့်သွားလောက်အောင်ထိ ခံစားရ စေပါတယ်။
တိုက်ခိုက်ကြရမယ့် နေ့သစ်တွေကို သင့်စကားလေး တစ်ခွန်းကို လက်နက် အဖြစ်ဆောင် ယူပြီး
သင့်ရှေ့မှာ သူမားမားမတ်မတ် ရပ်တည်ပေးပါ လိမ့်မယ်။
ယောကျာ်းတွေမှာ သူတို့ကိုယ်တိုင်တောင် မသိတဲ့ စိတ်အခံ တစ်ခု ရှိပါတယ်။
အဲ့ဒါက မိန်းမတွေ အထင်ကြီးခံစေ ချင်တာ ပါပဲ။
အထူးသဖြင့် ကိုယ့်ချစ်သူ အထင်ကြီး တာကို ပိုခံချင် တတ်ပါတယ်။
ဒီတော့ ဒီစကားလေးက ကိုယ့်ချစ်သူရဲ့အလုပ်တွေ ကြိုးစားမှုတွေကို
အသိအမှတ်ပြုရာလည်း ရောက်လို့ ပြောဖြစ်အောင် ပြောပေးပါနော်
ကိုယ့်အသက်ကို မေ့ပြီး ပျော်စရာတွေကို လုပ်ကြရအောင် ဆိုတာ မျိုးပါ။
တခါတလေ အသက်မအရွယ်တွေ မလုပ်သင့် တာတွေ ပတ်ဝန်းကျင်တွေမေ့ပြီး
ပျော်စရာကောင်းတာတွေကို နှလုံးသားအလို အတိုင်းဖန်တီး ပစ်လိုက်တာကောင်း ပါတယ်။
ဆိုကြပါစို့ Game City မှာ ကလေးတွေ ဆော့တဲ့ ဂိမ်းတွေ ဝင်ဆော့မယ်
ရေခဲမုန့်စားပီး သီချင်းအကျယ်ကြီး အော်ဆိုမယ် ဘတ်စ်ကားပေါ်မှာ ဖက်နမ်းမယ်..
တခါတလေ လုပ်ချင်တာလုပ်ဆိုတဲ့ စကားလေးက မေ့မရနိုင်တဲ့ အမှတ်တရလေးတွေကို ဖန်တီးပေးနိုင် ပါတယ်နော်
ချစ်သူတွေ ဖြစ်ပြီးလို့ အချိန်တွေကြာ လာတာပဲဖြစ်ပါစေ အိမ်ထောင်သည် ဘဝရောက် သွားတာပဲဖြစ်ပါစေ
ဒီစကားလေးက RS တစ်ခု အတွက် တော်တော် အရေးကြီးပါတယ်။
တချို့လူတွေက အချိန်တွေကြာလို့ စိတ်ပျက်စရာ စကားလုံးတွေ သုံးနေကြပေမယ့်
“မင်းကဘယ်လိုနေနေ ကြည့်လို့ကောင်းလိုက်တာ ဆိုတဲ့” စကားလုံးလေးက သင်တို့ချစ်ခြင်းကို ထာဝရထက် တစ်ရက် ပိုစေပါ လိမ့်မယ်။
အမျိုးသားတော်တော်များများက ပြဿနာတက် အငြင်းပွားရင် သူတို့ပြောတဲ့စကားကို နားထောင်စေချင်ကြပါတယ်၊
အဲ့လိုပဲ ချစ်သူချင်းပြောတဲ့ စကားတွေမှာလည်း စိတ်မဝင်စားသလို လုပ်ချင်တာ လုပ်နေတာ မျိုးမဖြစ်စေပဲ
“ချစ်နားထောင်နေတယ် ကိုပြောစရာ ရှိတာပြောလေ ” ဆိုတာမျိုးက ဒေါသကို ငြိမ်းနိုင်တဲ့ အကောင်းဆုံး မီးသတ်ပိုက် ပါပဲ။
ယုံကြည်မှုဟာ RS တစ်ခုအတွက် ကြောက်စရာကောင်းလောက်အောင် အရေးကြီး ပါတယ်။
ယုံကြည်မှု ဆိုတာထက် လေးနက်တဲ့ အရာ ဘယ်မှာ ရှိနိုင်မှာလည်း?
ဒါဟာချစ်သူကို တုပ်နှောင် ထားတဲ့ စကားဖြစ်သလို
သူ့ အတွင်းစိတ် ခံစား ချက်တွေကို ဖွင့်ချပြ နိုင်တဲ့ အကောင်းဆုံး နည်းလမ်း တစ်ခုလည်းဖြစ် ပါတယ်။.
ဒီစကားလေးတွေက ယောကျ်ားတွေပဲ မျှော်လင့်နေတာ ကြားချင်နေ တာမျိုး မဟုတ်ပဲ မိန်းကလေးတွေ လည်း အတူတူ ပါပဲနော်
ဒီတော့ ကိုယ့်ချစ်သူ ကိုယ့်ကို ပိုပို ချစ်လာပြီး မပစ်ခွာအောင် ဒီစကားလုံးလေးတွေ သုံးပေးပါနော်..
Source LMM
Zawgyi Version
ယောက်ျား တစ်ယောက်ရဲ့ ကံကြမ္မာကို မိန်းမတစ်ယောက်က ဆုံးဖြတ်နိုင်ပါတယ်။
အောင်မြင်တဲ့ ယောက်ျားတိုင်းရဲ့ နောက်ကွယ်မှာ အရာရာကို နားလည်မှုပေးပြီး
ဒီစကားလေးတွေက ယောက်ျားတွေပဲ မျှော်လင့်နေတာ ကြားချင်နေ တာမျိုး မဟုတ်ပဲ မိန်းကလေးတွေ လည်း အတူတူ ပါပဲနော်
Source LMM