ချစ်သူကိုအဝေးသို့ တွန်းထုတ်နေသလို ဖြစ်စေတဲ့အရာများ…
ပရိသတ်ကြီးအနေနဲ့ ချစ်သူနဲ့ မဝေးချင်ဘူး ဆိုရင်
အောက်မှာဖော်ပြထားတဲ့ အခြေအနေတွေကနေ ကင်းအောင်နေကြဖို့ တိုက်တွန်း ချင်ပါတယ်။
တစ်ချို့အခြေအနေတွေဟာ မွေးရာပါ အကျင့်စာရိတ္တနဲ့ သက်ဆိုင် တယ်လို့ ပြောလို့ရပေမယ့်
တကယ် ပြင်ချင်ရင် တကယ်ရပါတယ်နော် ။
(၁) အရမ်းကို မျက်နှာပွင့်သူဖြစ်လျှင်
အချို့သောသူတွေဟာ မျက်နှာပွင့်သူတွေ စန်းပွင့်သူတွေ ဖြစ်တတ်ပါတယ်။
သူတို့ရဲ့ အပြောအဆို၊ အနေအထိုင်ဟာ တစ်ဖက်သားအတွက် အလွန်စွဲမက်ဖွယ် ဖြစ်တတ်ပါတယ်။
တစ်ချို့က ဒီအချက်ကို ကောင်းကောင်းသိပြီး ရည်းစားတွေထည်လဲ တွဲတာမျိုး မလျှော်ကန်တဲ့နေရာမှာ အသုံးချတတ်ကြပါတယ် …
ဒီလိုလူတစ်ယောက်နဲ့ ချစ်သူတော်ထားရတဲ့ ကာယကံရှင်တစ်ယောက်အနေနဲ့လည်း ဘယ်လို အခြေအနေမျိုးနဲ့ ချစ်သူကို စိတ်ချနိုင်မှာလဲ …၊
သံသယဟာ ချစ်သူချင်း ဝေးအောင် လုပ်ပေးတဲ့ တွန်းအားတစ်ခု ဖြစ်စေပါတယ် ။
(၂) အတ္တကို ဦးစားပေးလွန်းလျှင်
ဒါကလည်း ချစ်သူတော်တော်များများမှာ ဂုဏ်ယူစရာ မဟုတ်တာကို ဂုဏ်ယူပြီး ပြောနေတတ်ပါတယ်။
တစ်ချို့က ” ငါက သေဆိုသေ ရှင်ဆိုရင် “ ပဲ ဆိုပြီး ချစ်သူအပေါ်မှာ နိုင်စားရတာကို အဟုတ်ကြီး ထင်နေတတ်ပါတယ်။
ဒါကလည်း ချစ်သူက လုံး၀ သီးမခံနိုင်တဲ့ တစ်နေ့တော့ ဝေးကွာခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ အရာပဲ ဖြစ်ပါတယ် …။
(၃) ဒေါသတကြီး ပြုမူတတ်လျှင်
တစ်ချို့သောသူတွေက ကိစ္စတစ်ခု ကြုံလာတဲ့အခါ ဦးနှောက်နဲ့ သေချာမစဉ်းစားပဲ ဒေါသကို ဦးစားပေးကာ တုန့် ပြန်တတ်ပါတယ်။
ဒါဟာ အချစ်ရေးတစ်ခုမှာတင် မကောင်းကျိုး ဖြစ်စေနိုင်တာ မဟုတ်ပါ …
ကျန်တဲ့ လူနေမှု ဘဝမှာလည်း များပြားလှတဲ့ ဆိုးကျိုး ရိုက်ခက်မှုတွေ ဖြစ်တတ်ပါတယ် ။
(၄) ရိုင်းစိုင်းလျှင်
ရိုင်းစိုင်းတဲ့ သူတွေကိုလည်း ချစ်သူတွေက ကြာရှည် သီးခံနိုင်လေ့ မရှိပါဘူး။
တစ်ချို့ဆို အရွယ်လေးက ငယ်ငယ်၊ စိတ်ထဲ အခန့်မသင့်တာတွေ့ရင်
ကတ်ကတ်လန် ရန်တွေ့တတ်တဲ့ စွာတေးတွေ ဖြစ်ရတာကို ဂုဏ်ယူနေတတ်ပါတယ်။
ဒါဟာ လက်တွဲဖော်အတွက်တော့ အလွန်ရှက်စရာကောင်းပြီး
လူမှုရေးလောကမှာပင်လျှင် အလွန်ရွံစရာကောင်းတဲ့ အရာပဲ ဖြစ်ပါတယ် ။
(၅) လိင်ကိစ္စကိုသာ အာရုံစိုက်လျှင်
နောက်ဆုံးအချက်ကတော့ ချစ်သူကို ချစ်တယ်ဆိုတာထက် လိင်ကိစ္စကိုသာ ဦးစားပေးချင်ကြတဲ့ သူတွေ ရှိပါတယ်။
အမျိုးသားရော အမျိုးသမီးရော ရှိနိုင်ပါတယ်။ ဒီကိစ္စကို ဝါသနာတစ်ခုအနေနဲ့ သီးသန့်လှုပ်ရှားနေတဲ့ လိုင်းလည်း ရှိပါတယ်။
လိင်ကိစ္စဆိုတာကလည်း သိတဲ့အတိုင်း သင့်တော်တဲ့ အကြိမ်ရေကို ကျော်လွန်ရင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တာမျိူးပါ။
ချစ်သူက ဒီလူဟာ တဏှာရူး၊ နှာဘူးဆိုတာ သိသွားရင်လည်း ရှောင်ကြဉ်တတ်ပါတယ်နော် ။
Si Si
ခရက်ဒစ်
Zawgyi Version
ခ်စ္သူကိုအေဝးသို႔ တြန္းထုတ္ေနသလို ျဖစ္ေစတဲ့အရာမ်ား…
ပရိသတ္ႀကီးအေနနဲ႔ ခ်စ္သူနဲ႔ မေဝးခ်င္ဘူး ဆိုရင္
ေအာက္မွာေဖာ္ျပထားတဲ့ အေျခအေနေတြကေန ကင္းေအာင္ေနၾကဖို႔ တိုက္တြန္း ခ်င္ပါတယ္။
တစ္ခ်ိဳ႕အေျခအေနေတြဟာ ေမြးရာပါ အက်င့္စာရိတၱနဲ႔ သက္ဆိုင္ တယ္လို႔ ေျပာလို႔ရေပမယ့္
တကယ္ ျပင္ခ်င္ရင္ တကယ္ရပါတယ္ေနာ္ ။
(၁) အရမ္းကို မ်က္ႏွာပြင့္သူျဖစ္လွ်င္
အခ်ိဳ႕ေသာသူေတြဟာ မ်က္ႏွာပြင့္သူေတြ စန္းပြင့္သူေတြ ျဖစ္တတ္ပါတယ္။
သူတို႔ရဲ႕ အေျပာအဆို၊ အေနအထိုင္ဟာ တစ္ဖက္သားအတြက္ အလြန္စြဲမက္ဖြယ္ ျဖစ္တတ္ပါတယ္။
တစ္ခ်ိဳ႕က ဒီအခ်က္ကို ေကာင္းေကာင္းသိၿပီး ရည္းစားေတြထည္လဲ တြဲတာမ်ိဳး မေလွ်ာ္ကန္တဲ့ေနရာမွာ အသုံးခ်တတ္ၾကပါတယ္ …
ဒီလိုလူတစ္ေယာက္နဲ႔ ခ်စ္သူေတာ္ထားရတဲ့ ကာယကံ႐ွင္တစ္ေယာက္အေနနဲ႔လည္း ဘယ္လို အေျခအေနမ်ိဳးနဲ႔ ခ်စ္သူကို စိတ္ခ်ႏိုင္မွာလဲ …၊
သံသယဟာ ခ်စ္သူခ်င္း ေဝးေအာင္ လုပ္ေပးတဲ့ တြန္းအားတစ္ခု ျဖစ္ေစပါတယ္ ။
(၂) အတၱကို ဦးစားေပးလြန္းလွ်င္
ဒါကလည္း ခ်စ္သူေတာ္ေတာ္မ်ားမ်ားမွာ ဂုဏ္ယူစရာ မဟုတ္တာကို ဂုဏ္ယူၿပီး ေျပာေနတတ္ပါတယ္။
တစ္ခ်ိဳ႕က ” ငါက ေသဆိုေသ ႐ွင္ဆိုရင္ “ ပဲ ဆိုၿပီး ခ်စ္သူအေပၚမွာ ႏိုင္စားရတာကို အဟုတ္ႀကီး ထင္ေနတတ္ပါတယ္။
ဒါကလည္း ခ်စ္သူက လုံး၀ သီးမခံႏိုင္တဲ့ တစ္ေန႔ေတာ့ ေဝးကြာျခင္းကို ျဖစ္ေပၚေစႏိုင္တဲ့ အရာပဲ ျဖစ္ပါတယ္ …။
(၃) ေဒါသတႀကီး ျပဳမူတတ္လွ်င္
တစ္ခ်ိဳ႕ေသာသူေတြက ကိစၥတစ္ခု ၾကဳံလာတဲ့အခါ ဦးေႏွာက္နဲ႔ ေသခ်ာမစဥ္းစားပဲ ေဒါသကို ဦးစားေပးကာ တုန္႔ ျပန္တတ္ပါတယ္။
ဒါဟာ အခ်စ္ေရးတစ္ခုမွာတင္ မေကာင္းက်ိဳး ျဖစ္ေစႏိုင္တာ မဟုတ္ပါ …
က်န္တဲ့ လူေနမႈ ဘဝမွာလည္း မ်ားျပားလွတဲ့ ဆိုးက်ိဳး ႐ိုက္ခက္မႈေတြ ျဖစ္တတ္ပါတယ္ ။
(၄) ႐ိုင္းစိုင္းလွ်င္
႐ိုင္းစိုင္းတဲ့ သူေတြကိုလည္း ခ်စ္သူေတြက ၾကာ႐ွည္ သီးခံႏိုင္ေလ့ မ႐ွိပါဘူး။
တစ္ခ်ိဳ႕ဆို အ႐ြယ္ေလးက ငယ္ငယ္၊ စိတ္ထဲ အခန္႔မသင့္တာေတြ႕ရင္
ကတ္ကတ္လန္ ရန္ေတြ႕တတ္တဲ့ စြာေတးေတြ ျဖစ္ရတာကို ဂုဏ္ယူေနတတ္ပါတယ္။
ဒါဟာ လက္တြဲေဖာ္အတြက္ေတာ့ အလြန္႐ွက္စရာေကာင္းၿပီး
လူမႈေရးေလာကမွာပင္လွ်င္ အလြန္႐ြံစရာေကာင္းတဲ့ အရာပဲ ျဖစ္ပါတယ္ ။
(၅) လိင္ကိစၥကိုသာ အာ႐ုံစိုက္လွ်င္
ေနာက္ဆုံးအခ်က္ကေတာ့ ခ်စ္သူကို ခ်စ္တယ္ဆိုတာထက္ လိင္ကိစၥကိုသာ ဦးစားေပးခ်င္ၾကတဲ့ သူေတြ ႐ွိပါတယ္။
အမ်ိဳးသားေရာ အမ်ိဳးသမီးေရာ ႐ွိႏိုင္ပါတယ္။ ဒီကိစၥကို ဝါသနာတစ္ခုအေနနဲ႔ သီးသန္႔လႈပ္႐ွားေနတဲ့ လိုင္းလည္း ႐ွိပါတယ္။
လိင္ကိစၥဆိုတာကလည္း သိတဲ့အတိုင္း သင့္ေတာ္တဲ့ အႀကိမ္ေရကို ေက်ာ္လြန္ရင္ အသက္အႏၲရာယ္ကိုပါ ထိခိုက္ေစႏိုင္တာမ်ိဴးပါ။
ခ်စ္သူက ဒီလူဟာ တဏွာ႐ူး၊ ႏွာဘူးဆိုတာ သိသြားရင္လည္း ေ႐ွာင္ၾကဥ္တတ္ပါတယ္ေနာ္ ။
Si Si
ခရက္ဒစ္