Health

အသက်ရှည်လှပ အဆီကျရန်သိသင့်သော နည်းလမ်း ရှစ်မျိုး…

အသက်ရှည်လှပ အဆီကျရန်သိသင့်သော နည်းလမ်း ရှစ်မျိုး…

၁ တစ်ပတ်တစ်ခါ စာချရေးမှတ်သားခြင်း North Carolina University ရဲ့ လေ့လာတွေ့ရှိချက်အရ

ကိုယ်စားသောက်သော အစားအစာများကို တစ်ပတ်တစ်ခါ ချရေးမှတ်သားသော သူသည်

သာမာန် မရေးသောသူထက် ၁၅ ရာခိုင်နှုန်းလျော့စားနိုင်ကြောင်း တွေ့ရပါတယ်။

၂ ကိုယ်တိုင်လျော့စားပေမဲ့ ဝိတ်မကျလာခြင်း ကျွန်မတို့သည် လျော့စားပေမဲ့

ဝိတ်မကျလာခြင်းမှာ ကျွန်မတို့ နေ့စဉ် စားသောက်နေသော အရာများ၏ အဆီဓာတ်ကို သတိမမူမိခြင်းကြောင့် ဖြစ်သည်။

ဥပမာ ကျွန်မတို့ နေ့စဉ်စားသောက်နေသော ထမင်း ကော်ဖီ တို့တွင်လည်း အဆီဓာတ်လျော့အောင် မလုပ်မိခြင်းကြောင့် ဖြစ်သည် ။

ကော်ဖီဆိုလျှင် အချို လျော့သောက်တာမျိုး ထမင်းစားသောအခါတွင် ထမင်းထက် ဟင်းရွက် သီးနှံများကို ပိုမို စားသုံးပေးတာမျိုး ပြုလုပ်သင့်ပေသည်။

၃ အစားအစားအနံ့ကို ရှူပါ ဗိုက်ဆာလာလျှင် အစားအစားအနံ့ကို ရှူပါ ။

လေ့လာတွေ့ရှိချက်များအရ အစားအစာတွေရဲ့ အနံ ဥပမာ မွှေးသော အနံ့တွေ ဖြစ်တဲ့ ပန်းသီး သစ်တော်သီး ဌက်ပျောသီးတို့

အနံ့ကို ရှူခြင်းဖြင့် မိမိ၏ဦးနှောက်ကို စားနေသကဲ့သို့ သတင်းပို့နေသောကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ လျော့စားလာမှာ သေချာဖြစ်ပါတယ် ။

၄ အချိုရည်ကို လျော့သောက်ပါ ဖြစ်နိုင်မယ်ဆိုရင် အချို ရည်ကို လျော့သောက်ပြီး ရေများများ သောက်ပေးပါ

ထိုသို့ လေ့ကျင့်နေစဉ် အချိုရည် သောက်ချင်လာလျှင် ထိုအစား လတ်ဆတ်သော အသီးအနှံကို စားပေးပါ။

တစ်ပတ်လောက် ကျင့်ခြင်းဖြင့် သိသာစွာ ဝိတ်ကျသွားပါလိမ့်မည်။

၅ မိမိကိုယ်တိုင် ချက်သော အစားအစာ အိမ်ချက်စာကို ၉၀ရာခိုင်နှုန်း စားသင့်ပါတယ်

မိမိကိုယ်တိုင် ချက်စားခြင်းဖြင့် ပါဝင်သော အဆီကို ချိင့်ချိန်နိုင်ပါတယ် ။ ဒါကြောင့် ပိုမစားမိအောင် သတိပေးနိုင်ပါတယ်။

၆ မိမိစားသော အသီးအနှံများကို သေချာစွာ ဆေးကြောပါ

နေ့စဉ် မိမိတို့ စားသုံးနေတဲ့ အစားအစာတွေ ထဲမှာ

စိုက်ပျိုးစဉ်က ဖြန်းထားတဲ့ဆးတွေ ပါတာကြောင့် ရောဂါဖြစ်ပွားစေရုံသာမက ထိုဆေးများကြောင့် အဆီကို ပိုဖြစ်စေကာ လူကို ဝစေပါတယ်။

၇ တစ်ရက်ကို နာရီဝက်လောက် မိမိကြည့်နေကြ TV ချိန်ထက် လျော့ကြည့်ပေးပါ

လူတော်တော်များများက TV ကြည့်ရတာကို ကြိုက်ကြပြီး ကြည့်နေစဉ်မှာပဲ အစားအသောက်တွေ လိုတာထက် ပိုပြီး စားမိတတ်ကြပါတယ်။

၈ တစ်ယောက်တည်း ဝိတ်မချပါနဲ့ သူငယ်ချင်း အဖော်များနဲ့အတူ ဝိတ်ချပါ

တစ်ယောက်တည်း ဝိတ်ချခြင်းသည် မိမိကိုယ်ကို ထိန်းနိုင်ရန် ခက်ခဲပြီး ပြန်လည် စားသုံးမိဖို့ ရာခိုင်နှုန်း များပါတယ် ။

ဒါကြောင့် သူငယ်ချင်းတွေ မရှိရင်တောင်မှ online က ဆရာ ဆရာမ ပဲဖြစ်ဖြစ် ချိတ်ဆက်ပြီး ဝိတ်ချသင့်ပါတယ်။

ဒါမှ ပိုမို ထိရောက်မှာပါ ။ အသက်ရှည်လှပ အဆီကျရန် သိသင့်သော နည်းရှစ်နည်း ဖြစ်ပါတယ်။

Credit: marry

Zawgyi Version












၎ အချိုရည်ကို လျော့သောက်ပါ ဖြစ်နိုင်မယ်ဆိုရင် အချို ရည်ကို လျော့သောက်ပြီး ရေများများ သောက်ပေးပါ














Credit: marry