ထူထဲရှည်လျားတဲ့ မျက်တောင်မွှေးလေးတွေ ပိုင်ဆိုင်နိုင်လိုလျှင်…
မျက်ဝန်းလေးကို ကြည့်လိုက်တာနဲ့ မျက်တောင်မွှေးလေး ထူထဲ ရှည်လျားနေတာမျိုး မဖြစ်ချင်ကြ ဘူးလားရှင့် …။
သူများတွေ မျက်တောင်မွှေးလေး ထူထဲ လှပနေတာမြင်တော့
ကိုယ့်ဆီမှာလည်း အဲ့လို ထူထဲ ရှည်လျားတဲ့ မျက်တောင်မွှေးလေးတွေရှိရင် ကောင်းမှာပဲလို့ စိတ်ကူးယဉ်တတ် ကြတဲ့
ပျိုပျိုမေတို့ရဲ့ စိတ်ကူးအိပ်မက်ကို အမှန်တကယ် အကောင်အထည်ဖော်ဖို့ အချိန် ကျရောက်လို့လာပါပြီနော်။
ဘယ်လို နည်းလမ်းလေးတွေနဲ့ အကောင်အထည် ဖော်လို့ရမလဲ ဆိုတာကို ဆက်လေ့လာ ကြည့်လိုက်ရအောင်။
အုန်းဆီ
အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဝါဂွမ်းစလေးတို့ပဲ လိုအပ်ပါတယ်။
အရင်ဦးဆုံး မျက်တောင်မွှေးကို သန့်စင်အောင် ဆေးကြောထားပါ။
ဝါဂွမ်းစလေးကို အုန်းဆီထဲ ထည့်နှစ်လိုက်ပြီး အပေါ်မျက်တောင်မွှေးနဲ့ အောက်မျက်တောင်မွှေးလေးတွေကို သုတ်လိမ်း ပေးလိုက်ပါ။
မျက်လုံးထဲ အုန်းဆီမဝင်ဖို့ ကိုတော့ သေချာ ဂရုစိုက်ပေး ရပါမယ်။
တစ်ညသိပ်ထားပြီး မနက်ရောက်မှ မျက်နှစ်သစ် လိုက်ပါ။ ဒီနည်းလမ်းကို ညအိပ်ရာ ဝင်ခါနီးတိုင်း ပြုလုပ်ပေးရပါမယ်။
ကြက်ဥ
ကြက်ဥ ၁ လုံးနှင့် ဂလစ်စရင်းအလှဆီ စားပွဲတင်ဇွန်း တစ်ဇွန်းတို့ကို သမအောင် ရောမွှေလိုက်ပါ …။
ထို့နောက် ထိုအရောအနှောကို မျက်တောင်မွှေးတွေပေါ် သုတ်လိမ်းပေးလိုက်ပါ။
တစ်ပတ်ကို ၃ ကြိမ်ခန့် မှန်မှန်ပြုလုပ်ပေးမယ် ဆိုရင်
မျက်တောင်မွှေး ကျွတ်ခြင်းတို့ကို ရပ်တန့်စေပြီး မျက်တောင်မွှေးတွေ ထူထဲ လာပါလိမ့်မယ်။
ဗီတာမင်အီး ဆေးတောင့်
ဗီတာမင်အီး ဆေးတောင့်ကို နေ့စဉ် မှန်မှန် မှီဝဲခြင်းက မျက်တောင်မွှေး အတွက်တင် မကဘဲ
ဆံကေသာ ကျန်းမာလှပဖို့ အတွက်ပါ အလွန်အသုံးတည့် ပါတယ်။
သံပုရိုခွံ
သံပုရိုသီး တစ်လုံး (သို့) နှစ်လုံးကို အခွံခွာပြီး ဖန်ပုလင်း သေးသေးလေးထဲ ထည့်ထားလိုက်ပါ။
ထိုဖန်ပုလင်းထဲသို့ အုန်းဆီ (သို့) သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်း ထည့်ပြီးနောက်
ဇွန်းတစ်ချောင်း အသုံးပြုပြီး သံပုရိုခွံလေးများကို ဖိချလိုက်ပါ။ တစ်ညလောက် စိမ်ထားလိုက်ပါ။
နောက်တစ်နေ့ မနက်မှာတော့ ဝါဂွမ်းအသုံးပြုပြီး စိမ်ထားတဲ့ အရည်များနဲ့
မျက်တောင်မွှေးလေးတွေကို သုတ်လိမ်းပေးလိုက်ပါ (မျက်လုံးထဲ မဝင်အောင် သေချာဂရုစိုက်ပါ)။
နှစ်နာရီလောက်ကြာမှ မျက်နှာသစ် လိုက်ပါ။ အိပ်ခါနီး လုပ်ချင်တယ် ဆိုရင်တော့
တစ်ညလုံး သိပ်ထားပြီး မနက်မှ မျက်နှာသစ် လိုက်လည်း ရပါတယ်။
Vaseline အလှဆီ
ဝါဂွမ်းစလေးတွေကို Vaseline အလှဆီဖြင့် သုတ်လိမ်းပြီးနောက် မျက်တောင်မွှေးများနဲ့ အပေါ်မျက်ခွံ၊ အောက်မျက်ခွံတို့ကို သုတ်လိမ်းပေးလိုက်ပါ။
တစ်ညခန့် သိပ်ထားပြီး မနက်ရောက်မှ မျက်နှာသစ် လိုက်ပါ။ (မျက်လုံးထဲ မဝင်အောင် သေချာဂရုစိုက်ပါ)
ဒီနည်းလမ်းကို အိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးမယ်ဆိုရင်
မျက်တောင်မွှေးကျွတ်တဲ့ အဖြစ်မျိုးနဲ့ ကင်းဝေးပြီး မျက်တောင်မွှေးတွေ ရှည်လျား ထူထဲ လာပါလိမ့်မယ်။
Credit
Zawgyi Version
ထူထဲ႐ွည္လ်ားတဲ့ မ်က္ေတာင္ေမႊးေလးေတြ ပိုင္ဆိုင္ႏိုင္လိုလွ်င္…
မ်က္ဝန္းေလးကို ၾကည့္လိုက္တာနဲ႔ မ်က္ေတာင္ေမႊးေလး ထူထဲ ႐ွည္လ်ားေနတာမ်ိဳး မျဖစ္ခ်င္ၾက ဘူးလား႐ွင့္။
သူမ်ားေတြ မ်က္ေတာင္ေမႊးေလး ထူထဲ လွပေနတာျမင္ေတာ့
ကိုယ့္ဆီမွာလည္း အဲ့လို ထူထဲ ႐ွည္လ်ားတဲ့ မ်က္ေတာင္ေမႊးေလးေတြ႐ွိရင္ ေကာင္းမွာပဲလို႔ စိတ္ကူးယဥ္တတ္ ၾကတဲ့
ပ်ိဳပ်ိဳေမတို႔ရဲ႕ စိတ္ကူးအိပ္မက္ကို အမွန္တကယ္ အေကာင္အထည္ေဖာ္ဖို႔ အခ်ိန္ က်ေရာက္လို႔လာပါၿပီေနာ္။
ဘယ္လို နည္းလမ္းေလးေတြနဲ႔ အေကာင္အထည္ ေဖာ္လို႔ရမလဲ ဆိုတာကို ဆက္ေလ့လာ ၾကည့္လိုက္ရေအာင္။
အုန္းဆီ
အုန္းဆီ လက္ဖက္ရည္ဇြန္း တစ္ဇြန္းနဲ႔ ဝါဂြမ္းစေလးတို႔ပဲ လိုအပ္ပါတယ္။
အရင္ဦးဆုံး မ်က္ေတာင္ေမႊးကို သန္႔စင္ေအာင္ ေဆးေၾကာထားပါ။
ဝါဂြမ္းစေလးကို အုန္းဆီထဲ ထည့္ႏွစ္လိုက္ၿပီး အေပၚမ်က္ေတာင္ေမႊးနဲ႔ ေအာက္မ်က္ေတာင္ေမႊးေလးေတြကို သုတ္လိမ္း ေပးလိုက္ပါ။
မ်က္လုံးထဲ အုန္းဆီမဝင္ဖို႔ ကိုေတာ့ ေသခ်ာ ဂ႐ုစိုက္ေပး ရပါမယ္။
တစ္ညသိပ္ထားၿပီး မနက္ေရာက္မွ မ်က္ႏွစ္သစ္ လိုက္ပါ။ ဒီနည္းလမ္းကို ညအိပ္ရာ ဝင္ခါနီးတိုင္း ျပဳလုပ္ေပးရပါမယ္။
ၾကက္ဥ
ၾကက္ဥ ၁ လုံးႏွင့္ ဂလစ္စရင္းအလွဆီ စားပြဲတင္ဇြန္း တစ္ဇြန္းတို႔ကို သမေအာင္ ေရာေမႊလိုက္ပါ။
ထို႔ေနာက္ ထိုအေရာအေႏွာကို မ်က္ေတာင္ေမႊးေတြေပၚ သုတ္လိမ္းေပးလိုက္ပါ။
တစ္ပတ္ကို ၃ ႀကိမ္ခန္႔ မွန္မွန္ျပဳလုပ္ေပးမယ္ ဆိုရင္
မ်က္ေတာင္ေမႊး ကြၽတ္ျခင္းတို႔ကို ရပ္တန္႔ေစၿပီး မ်က္ေတာင္ေမႊးေတြ ထူထဲ လာပါလိမ့္မယ္။
ဗီတာမင္အီး ေဆးေတာင့္
ဗီတာမင္အီး ေဆးေတာင့္ကို ေန႔စဥ္ မွန္မွန္ မွီဝဲျခင္းက မ်က္ေတာင္ေမႊး အတြက္တင္ မကဘဲ
ဆံေကသာ က်န္းမာလွပဖို႔ အတြက္ပါ အလြန္အသုံးတည့္ ပါတယ္။
သံပု႐ိုခြံ
သံပု႐ိုသီး တစ္လုံး (သို႔) ႏွစ္လုံးကို အခြံခြာၿပီး ဖန္ပုလင္း ေသးေသးေလးထဲ ထည့္ထားလိုက္ပါ။
ထိုဖန္ပုလင္းထဲသို႔ အုန္းဆီ (သို႔) သံလြင္ဆီ စားပြဲတင္ဇြန္း တစ္ဇြန္း ထည့္ၿပီးေနာက္
ဇြန္းတစ္ေခ်ာင္း အသုံးျပဳၿပီး သံပု႐ိုခြံေလးမ်ားကို ဖိခ်လိုက္ပါ။ တစ္ညေလာက္ စိမ္ထားလိုက္ပါ။
ေနာက္တစ္ေန႔ မနက္မွာေတာ့ ဝါဂြမ္းအသုံးျပဳၿပီး စိမ္ထားတဲ့ အရည္မ်ားနဲ႔
မ်က္ေတာင္ေမႊးေလးေတြကို သုတ္လိမ္းေပးလိုက္ပါ (မ်က္လုံးထဲ မဝင္ေအာင္ ေသခ်ာဂ႐ုစိုက္ပါ)။
ႏွစ္နာရီေလာက္ၾကာမွ မ်က္ႏွာသစ္ လိုက္ပါ။ အိပ္ခါနီး လုပ္ခ်င္တယ္ ဆိုရင္ေတာ့
တစ္ညလုံး သိပ္ထားၿပီး မနက္မွ မ်က္ႏွာသစ္ လိုက္လည္း ရပါတယ္။
Vaseline အလွဆီ
ဝါဂြမ္းစေလးေတြကို Vaseline အလွဆီျဖင့္ သုတ္လိမ္းၿပီးေနာက္ မ်က္ေတာင္ေမႊးမ်ားနဲ႔ အေပၚမ်က္ခြံ၊ ေအာက္မ်က္ခြံတို႔ကို သုတ္လိမ္းေပးလိုက္ပါ။
တစ္ညခန္႔ သိပ္ထားၿပီး မနက္ေရာက္မွ မ်က္ႏွာသစ္ လိုက္ပါ။ (မ်က္လုံးထဲ မဝင္ေအာင္ ေသခ်ာဂ႐ုစိုက္ပါ)
ဒီနည္းလမ္းကို အိပ္ရာဝင္ခါနီးတိုင္း ျပဳလုပ္ေပးမယ္ဆိုရင္
မ်က္ေတာင္ေမႊးကြၽတ္တဲ့ အျဖစ္မ်ိဳးနဲ႔ ကင္းေဝးၿပီး မ်က္ေတာင္ေမႊးေတြ ႐ွည္လ်ား ထူထဲ လာပါလိမ့္မယ္။
Credit