ပညာပေး

ကိုယ့်ကိုစိတ်ဒုက္ခ အမျိုးမျိုးပေးနေတဲ့လူကို ဖြတ်လိုက်တဲ့အခါ ရလာမယ့်အကျိုးကျေးဇူးများ…

ကိုယ့်ကိုစိတ်ဒုက္ခ အမျိုးမျိုးပေးနေတဲ့လူကို ဖြတ်လိုက်တဲ့အခါ ရလာမယ့်အကျိုးကျေးဇူးများ…

တစ်ယောက်တည်းနေရတာ အထီးကျန်တယ်လို့ လူအများကပြောတတ်ကြပါတယ်။

တကယ်တမ်းတော့ တစ်ယောက်တည်းနေရတာဟာ

ကိုယ့်အပေါ်မကောင်းတဲ့လူတစ်ယောက်နဲ့အတူရှိနေရတာထက်တော့ အများကြီးကောင်းပါသေးတယ်။

ကိုယ့်ကို စိတ်ဒုက္ခအမျိုးမျိုးပေးတတ်တဲ့လူကိုဖြတ်ပစ်ပြီး

တစ်ယောက်တည်းနေလိုက်တဲ့အချိန်ကစလို့ အခုလိုအကျိုးကျေးဇူးတွေရလာပါလိမ့်မယ်။

(၁) ကိုယ့်ကိုယ်ကိုအာရုံပိုစိုက်နိုင်လာမယ်

နှစ်ယောက်ရှိတုန်းက နှစ်ယောက်စာအကြောင်းတွေခေါင်းထဲ ထည့်ရပေမယ့်

တစ်ယောက်တည်းဖြစ်သွားတော့ တစ်ယောက်စာအကြောင်းတွေပဲ ခေါင်းထဲထည့်ဖို့လိုပါတော့တယ်။

ကိုယ့်ကို ပျော်အောင်မထားတဲ့သူကို ဖြတ်လိုက်တဲ့အခါ သူ့အတွက် ခေါင်းရှုပ်ခံပြီးစဉ်းစားစရာမလိုတော့ဘဲ

ကိုယ့်အတွက်ပဲစဉ်းစားပြီး ကိုယ့်ကိုယ်ကိုအတွက်ပဲအာရုံပိုစိုက်နိုင်တာကြောင့်

ကိုယ့်အတွက်ကောင်းတာတွေကို ပိုသိနားလည်လာပါလိမ့်မယ်။

(၂) ကိုယ့်အချိန်တွေအားလုံးကို ကိုယ်ပဲပိုင်လာမယ်

ရည်းစားရှိနေတဲ့အခါ ကိုယ့်ရဲ့အချိန်တွေကို သူများကိုခွဲပေးရပါတယ်။

အထူးသဖြင့် ကိုယ့်ကိုချုပ်ကိုင်ချင်တဲ့၊ စိတ်ဒုက္ခပေးချင်တဲ့သူမျိုးနဲ့ တွဲတဲ့အခါ ပိုတောင်ဆိုးပါသေးတယ်။

ကိုယ့်ဘဝတိုးတက်ရာ၊တိုးတက်ကြောင်းကိုအချိန်မပေးနိုင်ဘဲ ကိုယ့်အချိန်တွေအားလုံး သူ့အတွက်ပေးခဲ့ပေမယ့်

ကိုယ့်အပေါ်မှာမကောင်းတဲ့သူကို ဖြတ်လိုက်တဲ့အခါမှာ ကိုယ့်ရဲ့အချိန်တွေအားလုံးကို ကိုယ်ပဲပိုင်လာပါလိမ့်မယ်။

(၃) အနှောက်အယှက်ကင်းကင်းနေရလို့စိတ်ပိုချမ်းသာလာမယ်

အိပ်ရာထ၊အိပ်ရာဝင်၊ အစားစားတာ၊ အပြင်သွားတာကအစ အကုန်လုံးကို report တင်သလိုတင်နေရတာတွေမရှိတော့ဘူး။

ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ၊ ဟိုမသွားရ၊ ဒီမသွားရ နဲ့ ကိုယ်လုပ်သမျှ လိုက်ကန့်ကွက်ထိန်းချုပ်မယ့်သူ မရှိတော့တာကြောင့်

တစ်နေ့ထက်တစ်နေ့ပိုပိုပြီး စိတ်ချမ်းသာလာမယ်။

(၄) ကိုယ့်စိတ်ကိုပိုင်လာမယ်

ဘာပဲလုပ်လုပ်၊ ဘယ်ပဲသွားသွား၊ အရာအားလုံး ကိုယ့်စိတ်ကြိုက်လုပ်နိုင်တယ်။ ဆုံးဖြတ်ချက်မှန်သမျှကို

ကိုယ့်စိတ်တိုင်းကျ ဆုံးဖြတ်နိုင်တယ်။

သူ့ရဲ့ သဘောတူညီမှုကို တောင်းခံနေစရာမလိုတော့ဘူး။

ကိုယ့်စိတ်ကိုအပြည့်အဝပိုင်သွားပြီမို့ စိတ်လည်းပိုလွတ်လပ်ပေါ့ပါးလာပါလိမ့်မယ်။

(၅) ပိုက်ဆံအကုန်အကျသက်သာလာမယ်

တစ်ယောက်တည်းဖြစ်သွားတဲ့အခါ ပိုက်ဆံအကုန်အကျလည်း တော်တော်လေးသက်သာသွားပါလိမ့်မယ်။

အပြင်သွားစရာ၊ ကုန်ကျစရာတွေ၊ ဝယ်စရာတွေနဲ့ ကုန်ပေါက်တွေအတော်လေးလျော့သွားတာကြောင့်

ပိုက်ဆံအကုန်သက်သာလို့ ပိုက်ဆံတောင်စုနိုင်ပါသေးတယ်။

(၆) ကိုယ့်အပေါ်စစ်မှန်တဲ့သူနဲ့တွေ့နိုင်တယ်

ကိုယ့်ကိုတကယ်ချစ်တဲ့သူဆိုတာ ကိုယ့်ကိုစိတ်ဒုက္ခမပေးပါဘူး။

ကိုယ့်ကိုစိတ်ဒုက္ခအမျိုးမျိုးပေးနေတဲ့သူဟာလည်း ကိုယ့်ကိုတကယ်ချစ်တဲ့သူမဖြစ်နိုင်ပါဘူး။

ဒီလိုလူကိုဖြတ်လိုက်တဲ့အခါ ကိုယ့်အပေါ်စစ်မှန်တဲ့သူနဲ့တွေ့ဖို့အခွင့်အရေးရလာနိုင်ပါတယ်။

written by PP

ကိုယ့္ကိုစိတ္ဒုကၡ အမ်ိဳးမ်ိဳးေပးေနတဲ့လူကို ျဖတ္လိုက္တဲ့အခါ ရလာမယ့္အက်ိဳးေက်းဇူးမ်ား…

တစ္ေယာက္တည္းေနရတာ အထီးက်န္တယ္လို႔ လူအမ်ားကေျပာတတ္ၾကပါတယ္။

တကယ္တမ္းေတာ့ တစ္ေယာက္တည္းေနရတာဟာ

ကိုယ့္အေပၚမေကာင္းတဲ့လူတစ္ေယာက္နဲ႔အတူ႐ွိေနရတာထက္ေတာ့ အမ်ားႀကီးေကာင္းပါေသးတယ္။

ကိုယ့္ကို စိတ္ဒုကၡအမ်ိဳးမ်ိဳးေပးတတ္တဲ့လူကိုျဖတ္ပစ္ၿပီး

တစ္ေယာက္တည္းေနလိုက္တဲ့အခ်ိန္ကစလို႔ အခုလိုအက်ိဳးေက်းဇူးေတြရလာပါလိမ့္မယ္။

(၁) ကိုယ့္ကိုယ္ကိုအာ႐ုံပိုစိုက္ႏိုင္လာမယ္

ႏွစ္ေယာက္႐ွိတုန္းက ႏွစ္ေယာက္စာအေၾကာင္းေတြေခါင္းထဲ ထည့္ရေပမယ့္

တစ္ေယာက္တည္းျဖစ္သြားေတာ့ တစ္ေယာက္စာအေၾကာင္းေတြပဲ ေခါင္းထဲထည့္ဖို႔လိုပါေတာ့တယ္။

ကိုယ့္ကို ေပ်ာ္ေအာင္မထားတဲ့သူကို ျဖတ္လိုက္တဲ့အခါ သူ႕အတြက္ ေခါင္း႐ႈပ္ခံၿပီးစဥ္းစားစရာမလိုေတာ့ဘဲ

ကိုယ့္အတြက္ပဲစဥ္းစားၿပီး ကိုယ့္ကိုယ္ကိုအတြက္ပဲအာ႐ုံပိုစိုက္ႏိုင္တာေၾကာင့္

ကိုယ့္အတြက္ေကာင္းတာေတြကို ပိုသိနားလည္လာပါလိမ့္မယ္။

(၂) ကိုယ့္အခ်ိန္ေတြအားလုံးကို ကိုယ္ပဲပိုင္လာမယ္

ရည္းစား႐ွိေနတဲ့အခါ ကိုယ့္ရဲ႕အခ်ိန္ေတြကို သူမ်ားကိုခြဲေပးရပါတယ္။

အထူးသျဖင့္ ကိုယ့္ကိုခ်ဳပ္ကိုင္ခ်င္တဲ့၊ စိတ္ဒုကၡေပးခ်င္တဲ့သူမ်ိဳးနဲ႔ တြဲတဲ့အခါ ပိုေတာင္ဆိုးပါေသးတယ္။

ကိုယ့္ဘဝတိုးတက္ရာ၊တိုးတက္ေၾကာင္းကိုအခ်ိန္မေပးႏိုင္ဘဲ ကိုယ့္အခ်ိန္ေတြအားလုံး သူ႕အတြက္ေပးခဲ့ေပမယ့္

ကိုယ့္အေပၚမွာမေကာင္းတဲ့သူကို ျဖတ္လိုက္တဲ့အခါမွာ ကိုယ့္ရဲ႕အခ်ိန္ေတြအားလုံးကို ကိုယ္ပဲပိုင္လာပါလိမ့္မယ္။

(၃) အေႏွာက္အယွက္ကင္းကင္းေနရလို႔စိတ္ပိုခ်မ္းသာလာမယ္

အိပ္ရာထ၊အိပ္ရာဝင္၊ အစားစားတာ၊ အျပင္သြားတာကအစ အကုန္လုံးကို report တင္သလိုတင္ေနရတာေတြမ႐ွိေတာ့ဘူး။

ဟိုဟာမလုပ္ရ၊ ဒီဟာမလုပ္ရ၊ ဟိုမသြားရ၊ ဒီမသြားရ နဲ႔ ကိုယ္လုပ္သမွ် လိုက္ကန္႔ကြက္ထိန္းခ်ဳပ္မယ့္သူ မ႐ွိေတာ့တာေၾကာင့္

တစ္ေန႔ထက္တစ္ေန႔ပိုပိုၿပီး စိတ္ခ်မ္းသာလာမယ္။

(၄) ကိုယ့္စိတ္ကိုပိုင္လာမယ္

ဘာပဲလုပ္လုပ္၊ ဘယ္ပဲသြားသြား၊ အရာအားလုံး ကိုယ့္စိတ္ႀကိဳက္လုပ္ႏိုင္တယ္။ ဆုံးျဖတ္ခ်က္မွန္သမွ်ကို

ကိုယ့္စိတ္တိုင္းက် ဆုံးျဖတ္ႏိုင္တယ္။

သူ႕ရဲ႕ သေဘာတူညီမႈကို ေတာင္းခံေနစရာမလိုေတာ့ဘူး။

ကိုယ့္စိတ္ကိုအျပည့္အဝပိုင္သြားၿပီမို႔ စိတ္လည္းပိုလြတ္လပ္ေပါ့ပါးလာပါလိမ့္မယ္။

(၅) ပိုက္ဆံအကုန္အက်သက္သာလာမယ္

တစ္ေယာက္တည္းျဖစ္သြားတဲ့အခါ ပိုက္ဆံအကုန္အက်လည္း ေတာ္ေတာ္ေလးသက္သာသြားပါလိမ့္မယ္။

အျပင္သြားစရာ၊ ကုန္က်စရာေတြ၊ ဝယ္စရာေတြနဲ႔ ကုန္ေပါက္ေတြအေတာ္ေလးေလ်ာ့သြားတာေၾကာင့္

ပိုက္ဆံအကုန္သက္သာလို႔ ပိုက္ဆံေတာင္စုႏိုင္ပါေသးတယ္။

(၆) ကိုယ့္အေပၚစစ္မွန္တဲ့သူနဲ႔ေတြ႕ႏိုင္တယ္

ကိုယ့္ကိုတကယ္ခ်စ္တဲ့သူဆိုတာ ကိုယ့္ကိုစိတ္ဒုကၡမေပးပါဘူး။

ကိုယ့္ကိုစိတ္ဒုကၡအမ်ိဳးမ်ိဳးေပးေနတဲ့သူဟာလည္း ကိုယ့္ကိုတကယ္ခ်စ္တဲ့သူမျဖစ္ႏိုင္ပါဘူး။

ဒီလိုလူကိုျဖတ္လိုက္တဲ့အခါ ကိုယ့္အေပၚစစ္မွန္တဲ့သူနဲ႔ေတြ႕ဖို႔အခြင့္အေရးရလာႏိုင္ပါတယ္။

written by PP