Knowledge

ကိုယ့်အနားက ထွက်ခွာသွားချင်သူနဲ့ လမ်းခွဲပြီးတဲ့နောက်မှာ သိလာရမယ့်အရာ(၄)ခု…

ကိုယ့်အနားက ထွက်ခွာသွားချင်သူနဲ့ လမ်းခွဲပြီးတဲ့နောက်မှာ သိလာရမယ့်အရာ(၄)ခု…

လူတစ်ယောက်ရဲ့ဘဝမှာ ချစ်ခြင်းပေါင်းများစွာနဲ့ ကြုံတွေ့ကြရမှာပါ။

တစ်ချို့ချစ်ခြင်းတွေက လှပသလို၊ တစ်ချို့ချစ်ခြင်းတွေက ပြန်မတွေးချင်လောက်အောင် အကျဉ်းတန်ရုပ်ဆိုးလွန်းပါတယ်။

ဒီလိုပဲ လူတွေဟာ ကိုယ့်အတွက် စစ်မှန်တဲ့ ချစ်ခြင်းတွေနဲ့ မဆုံခင်အထိ

အချစ်တွေတစ်ယောက်ပြီး တစ်ယောက်ပြောင်းလဲနေရအုံးမှာပါပဲ။

ဒီတော့ တစ်စုံတစ်ယောက်နဲ့ လမ်းခွဲလိုက်ရတဲ့အခါ ကိုယ့်ကိုယ်ကို အရမ်းနှိပ်စက်ပြီး ဝမ်းနည်းခံစားမနေပါနဲ့။

သင့်အတွက် မဖြစ်နိုင်တဲ့သူနဲ့ လမ်းခွဲလိုက်တဲ့အခါ ဒီအရာတွေကို သင်ရရှိလာစေမှာပဲ ဖြစ်ပါတယ်။

သင့်ကိုယ်ပိုင်ဘဝလေးကို ပြန်လည်ရရှိလာမယ်

ကိုယ့်အတွက် မဖြစ်နိုင်တော့တဲ့သူကို လက်လွှတ်ပေးလိုက်တာက ကိုယ့်အတွက် ပိုအဆင်ပြေလာစေမှာပါ။

သူနဲ့လမ်းခွဲလိုက်တဲ့အခါ အရင်လို သူ့စိတ်ကြိုက်လိုက်နေပေးစရာ မလိုတော့ဘူး၊ ဘယ်သွားသွား ခွင့်တောင်းနေစရာလည်း မလိုဘူး၊

အိမ်ပြန်နောက်ကျလို့ အပြစ်တင်မယ့်သူလည်း မရှိဘူး၊ ကိုယ့်ဘဝကို ကိုယ်ကြိုက်တဲ့ ပုံစံလေးအတိုင်းပဲ လွတ်လွတ်လပ်လပ် နေထိုင်လို့ရပါတယ်။

တစ်ခါတစ်လေမှာ အဆိပ်အတောက်ဖြစ်တဲ့ relationship မျိုးထက် တစ်ယောက်တည်းနေထိုင်တာက ပိုကောင်းမွန်ပါတယ်နော်။

ကိုယ့်ကိုယ်ကို ပိုလေးစားတတ်လာမယ်

တစ်စုံတစ်ယောက်ကို ချစ်ဖို့အတွက် ကိုယ့်ကိုယ်ကို မေ့လျော့နေတတ်တာတွေ၊

သူ့အကြိုက်ချည်းပဲလိုက်ပြီး ကိုယ့်ကိုယ်ကို လျစ်လျူရှုမိနေတာတွေ၊ သူ့အချစ်ခံရဖို့အတွက် ကိုယ့်ရဲ့တန်ဖိုးတွေ လျော့ကျခဲ့ရတာတွေ

ဒါတွေက ကိုယ်နဲ့မထိုက်တန်တဲ့သူကို ချစ်မိတဲ့အခါ ဖြစ်ပေါ်လာရတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

ဒီတော့ သူနဲ့လမ်းခွဲလိုက်တာက ကိုယ့်ကိုယ်ကို ပြန်ရှာဖွေတွေ့ရှိသွားခြင်းဖြစ်ပြီး

အရင်က ကိုယ်မိုက်ရူးရဲဆန်စွာ လုပ်မိနေတဲ့အရာတွေကို ပြန်လည်သုံးသပ်တတ်ပြီး ကိုယ့်ကိုယ်ကို ပိုလေးစားတတ်လာစေမှာ ဖြစ်ပါတယ်။

ကိုယ့်အတွက် အချိန်ပိုရလာမယ်

သူနဲ့လမ်းခွဲလိုက်တဲ့အချိန်မှာ သင့်အတွက် အချိန်တွေပိုထွက်လာတာကို တွေ့ရမှာပါနော်။

အရင်လို စိုးရိမ်စိတ်တွေနဲ့ နေထိုင်ပြီး သူ့အကြောင်းတွေ လိုက်စုံစမ်းနေစရာ မလိုတော့ဘူး၊ သူ့ကို ဖုန်းတွေဆက်နေဖို့ မလိုတော့ပဲ

အဲဒီ့အချိန်တွေဟာ ကိုယ်ပိုင်အချိန်တွေ ဖြစ်လာစေပါတယ်။

ဒီလိုအချိန်တွေမှာ ကိုယ်ဝါသနာပါရာလေးတွေကို ပိုလုပ်ဖြစ်လာမယ်၊

ကိုယ့်အတွက် အကျိုးရှိမယ့် အရာတွေကို လေ့လာဖို့ အချိန်တွေပိုထွက်လာပြီး ကိုယ့်အတွက် အချိန်ပိုရလာမှာ ဖြစ်ပါတယ်။

လွတ်လပ်မှု

Relationship တစ်ခုက မတူညီတဲ့ သူစိမ်းနှစ်ယောက် ပေါင်းသင်းကြတာဖြစ်မို့ နားလည်မှုတွေ၊ ညှိနှိုင်းမှုတွေဆိုတာ လိုအပ်သလို

တစ်ခါတစ်လေ သူ့အကြိုက်လိုက်ပေးရတာတွေ၊ လိုက်ညှိနေရတာတွေ ရှိတတ်တာဖြစ်လို့ ကိုယ့်စိတ်ကြိုက် လွတ်လပ်မှုကို မခံစားရနိုင်ပါဘူးနော်။

ဒါပေမယ့် ကိုယ့်အတွက် အဆင်မပြေတဲ့ ဆက်ဆံရေးကို အဆုံးသတ်လိုက်တဲ့အခါ

ကိုယ်ပိုင်လွတ်လပ်မှုနဲ့ ကိုယ့်ပုံစံအတိုင်းလေးနေပြီး ဘယ်သူ့ကိုမှ ဂရုစိုက်နေစရာ မလိုတာက ကိုယ့်ရဲ့လွတ်လပ်မှုပဲ မဟုတ်လား …

Zawgyi Version

ကိုယ့္အနားက ထြက္ခြာသြားခ်င္သူနဲ႔ လမ္းခြဲၿပီးတဲ့ေနာက္မွာ သိလာရမယ့္အရာ(၄)ခု…

လူတစ္ေယာက္ရဲ႕ဘဝမွာ ခ်စ္ျခင္းေပါင္းမ်ားစြာနဲ႔ ၾကဳံေတြ႕ၾကရမွာပါ။

တစ္ခ်ိဳ႕ခ်စ္ျခင္းေတြက လွပသလို၊ တစ္ခ်ိဳ႕ခ်စ္ျခင္းေတြက ျပန္မေတြးခ်င္ေလာက္ေအာင္ အက်ဥ္းတန္႐ုပ္ဆိုးလြန္းပါတယ္။

ဒီလိုပဲ လူေတြဟာ ကိုယ့္အတြက္ စစ္မွန္တဲ့ ခ်စ္ျခင္းေတြနဲ႔ မဆုံခင္အထိ

အခ်စ္ေတြတစ္ေယာက္ၿပီး တစ္ေယာက္ေျပာင္းလဲေနရအုံးမွာပါပဲ။

ဒီေတာ့ တစ္စုံတစ္ေယာက္နဲ႔ လမ္းခြဲလိုက္ရတဲ့အခါ ကိုယ့္ကိုယ္ကို အရမ္းႏွိပ္စက္ၿပီး ဝမ္းနည္းခံစားမေနပါနဲ႔။

သင့္အတြက္ မျဖစ္ႏိုင္တဲ့သူနဲ႔ လမ္းခြဲလိုက္တဲ့အခါ ဒီအရာေတြကို သင္ရ႐ွိလာေစမွာပဲ ျဖစ္ပါတယ္။

သင့္ကိုယ္ပိုင္ဘဝေလးကို ျပန္လည္ရ႐ွိလာမယ္

ကိုယ့္အတြက္ မျဖစ္ႏိုင္ေတာ့တဲ့သူကို လက္လႊတ္ေပးလိုက္တာက ကိုယ့္အတြက္ ပိုအဆင္ေျပလာေစမွာပါ။

သူနဲ႔လမ္းခြဲလိုက္တဲ့အခါ အရင္လို သူ႕စိတ္ႀကိဳက္လိုက္ေနေပးစရာ မလိုေတာ့ဘူး၊ ဘယ္သြားသြား ခြင့္ေတာင္းေနစရာလည္း မလိုဘူး၊

အိမ္ျပန္ေနာက္က်လို႔ အျပစ္တင္မယ့္သူလည္း မ႐ွိဘူး၊ ကိုယ့္ဘဝကို ကိုယ္ႀကိဳက္တဲ့ ပုံစံေလးအတိုင္းပဲ လြတ္လြတ္လပ္လပ္ ေနထိုင္လို႔ရပါတယ္။

တစ္ခါတစ္ေလမွာ အဆိပ္အေတာက္ျဖစ္တဲ့ relationship မ်ိဳးထက္ တစ္ေယာက္တည္းေနထိုင္တာက ပိုေကာင္းမြန္ပါတယ္ေနာ္။

ကိုယ့္ကိုယ္ကို ပိုေလးစားတတ္လာမယ္

တစ္စုံတစ္ေယာက္ကို ခ်စ္ဖို႔အတြက္ ကိုယ့္ကိုယ္ကို ေမ့ေလ်ာ့ေနတတ္တာေတြ၊

သူ႕အႀကိဳက္ခ်ည္းပဲလိုက္ၿပီး ကိုယ့္ကိုယ္ကို လ်စ္လ်ဴ႐ႈမိေနတာေတြ၊ သူ႕အခ်စ္ခံရဖို႔အတြက္ ကိုယ့္ရဲ႕တန္ဖိုးေတြ ေလ်ာ့က်ခဲ့ရတာေတြ

ဒါေတြက ကိုယ္နဲ႔မထိုက္တန္တဲ့သူကို ခ်စ္မိတဲ့အခါ ျဖစ္ေပၚလာရတဲ့ အရာေတြပဲ ျဖစ္ပါတယ္။

ဒီေတာ့ သူနဲ႔လမ္းခြဲလိုက္တာက ကိုယ့္ကိုယ္ကို ျပန္႐ွာေဖြေတြ႕႐ွိသြားျခင္းျဖစ္ၿပီး

အရင္က ကိုယ္မိုက္႐ူးရဲဆန္စြာ လုပ္မိေနတဲ့အရာေတြကို ျပန္လည္သုံးသပ္တတ္ၿပီး ကိုယ့္ကိုယ္ကို ပိုေလးစားတတ္လာေစမွာ ျဖစ္ပါတယ္။

ကိုယ့္အတြက္ အခ်ိန္ပိုရလာမယ္

သူနဲ႔လမ္းခြဲလိုက္တဲ့အခ်ိန္မွာ သင့္အတြက္ အခ်ိန္ေတြပိုထြက္လာတာကို ေတြ႕ရမွာပါေနာ္။

အရင္လို စိုးရိမ္စိတ္ေတြနဲ႔ ေနထိုင္ၿပီး သူ႕အေၾကာင္းေတြ လိုက္စုံစမ္းေနစရာ မလိုေတာ့ဘူး၊ သူ႕ကို ဖုန္းေတြဆက္ေနဖို႔ မလိုေတာ့ပဲ

အဲဒီ့အခ်ိန္ေတြဟာ ကိုယ္ပိုင္အခ်ိန္ေတြ ျဖစ္လာေစပါတယ္။

ဒီလိုအခ်ိန္ေတြမွာ ကိုယ္ဝါသနာပါရာေလးေတြကို ပိုလုပ္ျဖစ္လာမယ္၊

ကိုယ့္အတြက္ အက်ိဳး႐ွိမယ့္ အရာေတြကို ေလ့လာဖို႔ အခ်ိန္ေတြပိုထြက္လာၿပီး ကိုယ့္အတြက္ အခ်ိန္ပိုရလာမွာ ျဖစ္ပါတယ္။

လြတ္လပ္မႈ

Relationship တစ္ခုက မတူညီတဲ့ သူစိမ္းႏွစ္ေယာက္ ေပါင္းသင္းၾကတာျဖစ္မို႔ နားလည္မႈေတြ၊ ညႇိႏိႈင္းမႈေတြဆိုတာ လိုအပ္သလို

တစ္ခါတစ္ေလ သူ႕အႀကိဳက္လိုက္ေပးရတာေတြ၊ လိုက္ညႇိေနရတာေတြ ႐ွိတတ္တာျဖစ္လို႔ ကိုယ့္စိတ္ႀကိဳက္ လြတ္လပ္မႈကို မခံစားရႏိုင္ပါဘူးေနာ္။

ဒါေပမယ့္ ကိုယ့္အတြက္ အဆင္မေျပတဲ့ ဆက္ဆံေရးကို အဆုံးသတ္လိုက္တဲ့အခါ

ကိုယ္ပိုင္လြတ္လပ္မႈနဲ႔ ကိုယ့္ပုံစံအတိုင္းေလးေနၿပီး ဘယ္သူ႕ကိုမွ ဂ႐ုစိုက္ေနစရာ မလိုတာက ကိုယ့္ရဲ႕လြတ္လပ္မႈပဲ မဟုတ္လား …