Knowledge

လွယ်လွယ်နဲ့ အရှုံးမပေးတတ်တဲ့ ရှားမှရှားတဲ့ မိန်းကလေးဆိုတာ ……

လွယ်လွယ်နဲ့ အရှုံးမပေးတတ်တဲ့ ရှားမှရှားတဲ့ မိန်းကလေးဆိုတာ ……

တချို့သူတွေက အပြင်ပန်းမှာ မာကျောသလိုထင်ရပေမယ့် အတွင်းစိတ်မှာတော့

ထိခိုက်လွယ်၊ ခံစားလွယ်တာကြောင့် လူတွေကိုအရှုံးပေးလိုက်ရတဲ့သူဖြစ်နေတတ်ပါတယ်။

တကယ်တမ်းစိတ်ဓာတ်မာကြောပြီး ပတ်ဝန်းကျင်ကလူတွေကို

ဘယ်တော့မှအရှုံးမပေးတတ်တဲ့မိန်းကလေးဆိုတာ ဒီလိုစိတ်မျိုးရှိတဲ့သူတွေဖြစ်ပါတယ်။

(၁) အချစ်ကိုမကိုးကွယ်ဘူး

ခိုင်မာတဲ့စိတ်ထားရှိတဲ့သူတွေဟာ အချစ်ကိုအလေးထားတတ်ပေမယ့် မကိုးကွယ်တတ်ပါဘူး။

အချစ်ကိုဘဝရဲ့ ပထမဦးစားပေးနေရာမှာထားပြီး အရူးအမူးကိုးကွယ်တတ်တဲ့သူတွေမဟုတ်ပါဘူး။

အချစ်ဆိုတာ ဘဝရဲ့တစ်စိတ်တစ်ပိုင်းပဲဆိုတာ ကောင်းကောင်းနားလည်တဲ့သူတွေဖြစ်ပါတယ်။

(၂) လွယ်လွယ်နဲ့မယိမ်းယိုင်တတ်ဘူး

ဒီလိုလူမျိုးတွေဟာ အလွယ်တကူစိတ်မယိမ်းယိုင်တတ်တာကြောင့်

တွေဝေတာတွေ၊ တွန့်ဆုတ်တာတွေမရှိပါဘူး။

ဆုံးဖြတ်ချက်တစ်ခုချပြီးရင် ဘယ်သူကမှတားဆီးလို့မရဘဲ

ကိုယ်ဆုံးဖြတ်ထားတဲ့အတိုင်း မဖြစ်ဖြစ်အောင်လုပ်တတ်ကြပါတယ်။

ဘယ်သူ၊ဘယ်အရာကြောင့်မှ မယိမ်းယိုင်တတ်တဲ့သူတွေဖြစ်ပါတယ်။

(၃) တစ်ဖက်သားကိုအပြစ်မတင်တတ်ဘူး

စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ တစ်ဖက်သားကိုအပြစ်မြင်၊

အပြစ်တင်တာမျိုးတွေမလုပ်တတ်ပါဘူး။

ကိုယ့်အမှားကိုသိအောင်ကြိုးစားပြီး ကိုယ့်ကိုယ်ကိုသာ

အကောင်းဆုံးဖြစ်အောင် ကြိုးစားတတ်ကြပါတယ်။

(၄) လွယ်လွယ်နဲ့လက်မလျှော့တတ်ဘူး

တစ်ခုခုလုပ်ဖို့ဆုံးဖြတ်ပြီးတဲ့အခါ မရရအောင်ကြိုးစားတတ်တဲ့သူတွေ၊

လွယ်လွယ်လက်မလျှော့တတ်တဲ့သူတွေဖြစ်ပါတယ်။

တစ်ကြိမ်ကြိုးစားလို့ မအောင်မြင်တာနဲ့ အရှုံးပေးလိုက်တာမျိုးမရှိဘဲ

အကြိမ်ကြိမ်ပြန်ကြိုးစားပြီး အောင်မြင်အောင်လုပ်တတ်တဲ့ စိတ်မျိုးရှိတဲ့သူတွေဖြစ်ပါတယ်။

(၅) စိတ်ရှင်းတယ်

စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေက မပြတ်သားဘူး၊တွေဝေတတ်တာကြောင့်

အမြဲလိုလိုစိတ်ရှုပ်ထွေးနေတတ်ပါတယ်။

စိတ်ဓာတ်ခိုင်မာတဲ့သူတွေကတော့ ဒီလိုတွေမရှိဘဲ ပြတ်သားတာကြောင့်

အမြဲတမ်းစိတ်ရှင်းနေတဲ့သူတွေဖြစ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်လေလေ၊ စိတ်ကလည်း ရှင်းလေလေပါပဲ။

Written by PP

Zawgyi Version


























(၅) စိတ်ရှင်းတယ်





Written by PP