Beauty

၀က်ခြံ တင်းတိတ် အမာရွတ်နဲ့ အဆီဖုတွေကြောင့် စိတ်ညစ်နေရရင်…

၀က်ခြံ တင်းတိတ် အမာရွတ်နဲ့ အဆီဖုတွေကြောင့် စိတ်ညစ်နေရရင်…

ဟိုရက်က သီရိသုံးနေတဲ့ အိမ်တွင်းသဘာဝ skincare နည်းလေး

တင်ပေးမယ်ဆိုပြောထားတာလေး လာပါပီနော်

၀က်ခြံ တင်းတိတ် အမာရွတ်နဲ့ အဆီဖုတွေကြောင့် စိတ်ညစ်နေရရင်

သဘာဝအိမ်တွင်း skincare နည်းလေးပြောပြပေးမယ်

အိမ်တွင်းနည်းဆိုပေမယ့် ပိုလှချင်ရင်တော့ ပိုက်ဆံတော့ အကုန်အကျခံပေါ့

ဒါကတော့ တစ်မျိုးပဲလိုတယ် အာလူးသီး

အာလူးကို ရေစင်အောင်ဆေး

အခွံနွှာ တစ်ဝက်ပဲနွှာ အကုန်နွှာလိုက်ရင် သွေးတဲ့အခါ

ချောချောကြီး ဖြစ်ပြီး သွေးမကောင်းတော့ဘူးရယ်

သနပ်ခါးကျောက်ပျဉ်ကို သန့်နေအောင်ဆေးပါ

မျက်နှာလိမ်းမှာမို့ သန့်နိုင်သမျှသန့်နေအောင် စင်နေအောင်ဆေး

အာလူးသီးလိမ်းဖို့သပ်သပ် ကျောက်ပျဉ်အသေးလေးဝယ်ထားတာ ပိုကောင်းတယ်

မျက်နှာကို facial foam နဲ့ စင်အောင်သစ်ပေးပါ

​အခွံနွှာထားတဲ့ အာလူးကို ရေနည်းနည်းနဲ့ ကျောက်ပျဉ်ပေါ်သွေးပါ

သွေးလို့ရလာတဲ့အရည်လေးတွေကိုမျက်နှာအနှံ့လိမ်းပေးပါ

လိမ်းပြီးပြီဆိုရင် မျက်နှာကလုံးဝခြောက်ပြီး တင်းလာတဲ့အထိ ထားပြီးရင်တော့

ရေနွေးနွေးလေးနဲ့မျက်နှာသစ်ချလိုက်ရုံပဲ မျက်နှာသစ်ဆေးတွေ ထပ်မသုံးပါနဲ့

တစ်ရက်လုပ်လိုက်မလုပ်လိုက် မပြုလုပ်ပါနဲ့ နှစ်ပတ်မပျက်ပဲလုပ်ကြည့်ပါ

ဝက်ခြံအမာရွတ်မပြောနဲ့တိမ်းထိပ်ကအစ ပျောက်ပါတယ်

ဘယ်အရာမဆို ဒီနေ့လုပ် ဒီနေ့ပျောက်ဆိုတာ မရှိပါဘူးနော်

စိတ်ရှည်မှ မိမိအလှတရားကိုတွေ့ရမှာပါ

သီရိကတော့ toner လေးပြန်လိမ်းတယ်

နေ့ဘက်ဆို suncream လိမ်းတယ်

နောက်နေ့ တစ်မျိုးထပ်တင်ပေးဦးမှာမလို့ Like & share လေးလုပ်ပေးကြပါဦး သဲသဲတို့ရေ

Crd

Zawgyi Version


























Crd