အသက်နဲ့ထပ်တူ ချစ်တတ်တဲ့ ယောက်ျားလေးတွေရဲ့ လက္ခဏာ
ယောက်ျားတွေသူတို့အသက်နဲ့ ထပ်တူချစ်ရသူကိုတွေ့တဲ့အခါ ဒီလိုပြုမူကြပါတယ်…
အပြုအမူဆိုတာ ယောကျ်ားလေးတစ်ယောက်ရဲ့ စိတ်နှလုံးသားထဲကလာတဲ့ ခံစားချက်အစစ်အမှန် ဖြစ်ပါတယ်။
ယောကျ်ားလေးနဲ့ မိန်းကလေးဆိုတာ ချစ်တာချင်းတော့တူပေမယ့်
အချစ်ကို ခံစားပုံချင်း၊ ထုတ်ပြပုံချင်းဘယ်တော့မှ မတူညီပါဘူး။
အခုဖော်ပြပေးမှာကတော့ ယောကျ်ားလေးတစ်ယောက်က သူ့ဘဝနဲ့ထပ်တူချစ်ရမယ့်သူကို
တွေ့ထားပြီဆိုရင် လုပ်တတ်တဲ့ အပြုအမူ၊ အကျင့်လေးတွေပဲ ဖြစ်ပါတယ်နော် …။
(၁) နားထောင်ပေးတယ်”
များသောအားဖြင့် မိန်းကလေးတွေဟာ ယောကျ်ားလေးတွေထက် ပိုပြီး နားထောင်ပေးတတ်ကြသူတွေပါ။
ယောကျ်ားလေးတွေဆိုတာ အမှန်အတိုင်းပြောရမယ်ဆိုရင် နားထောင်မှုအပိုင်းမှာ အင်မတန်အားနည်းသူတွေပါ။
ယောကျ်ားလေးတွေဟာ သူတို့တကယ်စိတ်ဝင်စားတဲ့ အရာပေါ်မှာသာ အာရုံစိုက်နိုင်ကြသူတွေပါ …။
တကယ်လို့ သင့်ချစ်သူဟာ သင်ပြောတဲ့အကြောင်းအရာတွေကို
စိတ်ဝင်တစားနားထောင်ပေးတယ်ဆိုရင်တော့ သူ့ဘဝနဲ့ထပ်တူ သင့်ကို ချစ်လို့ဆိုတာ သိထားပါ …။
(၂) စတေးဖို့မကြောက်ဘူး”
စတေးတယ်ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ၊ လွတ်လပ်ခွင့်တွေကိုလည်း ဆိုလိုပါတယ်။
ယောကျ်ားလေးတစ်ယောက် တကယ်ချစ်ပြီဆိုရင် ချစ်သူကို စိတ်မကောင်းဖြစ်စေမယ့် အပြုအမူတွေ၊
အကျင့်တွေအားလုံးကို ပြောင်းလဲပစ်လိုက်ပါတယ် …။
သူ့ရဲ့ကိုယ်ပိုင်ရွေးချယ်ခွင့်တွေမှာတောင် ချစ်သူကို ထိခိုက်စေမယ့် ရွေးချယ်မှုမျိုးတွေကို လုံးဝရှောင်လိုက်ကြပါတယ်။
ချစ်သူသာ သူတို့အတွက် နံပါတ် ၁ ဖြစ်ပါတယ် …။
(၃) တန်ဖိုးထားကြောင်းပြတယ်”(အရေးကြီးတယ်နော်)
ယောကျ်ားဆိုတာမျိုးက သူတို့ရဲ့ခံစားချက်ကို ထုတ်ပြရာမှာ အင်မတန်ညံ့ဖျင်းသူတွေပါ။
ဒါပေမယ့် ယောကျ်ားတစ်ယောက် တကယ်ချစ်ပြီဆိုရင်တော့ ချစ်သူကို တန်ဖိုးထားတာ ပေါ်လွင်နေမှာပါ။
သင်နဲ့နှစ်ယောက်တည်း ရှိတဲ့အချိန်မျိုးမှာ ပိုပြီးသိသာပါတယ်။
သင့်ကို တန်ဖိုးထားကြောင်း၊ လေးစားကြောင်း နည်းမျိုးစုံနဲ့ မြင်တွေ့ရမှာပါ …။
နောက်ပြီး သူ့ထက်သင်သာသွားရင်တောင် သင့်အတွက် စိတ်သန့်သန့်လေးနဲ့ လက်ခုပ်တီးပေးနိုင်တဲ့သူပါ။
ဒါဆိုရင်တော့ သင့်ကို ဘဝနဲ့ထပ်တူချစ်တယ်ဆိုတာ သိထားလိုက်ပါနော် …။
(၄) သင့်အတွက်ရုန်းကန်တယ်”
သင့်ချစ်သူဟာ သင်နဲ့နီးစပ်ဖို့အတွက် အတားအဆီးမှန်သမျှကို ကျော်ဖြတ်ရဲတဲ့သူပါ။
သင်နဲ့နီးစပ်နိုင်ဖို့အတွက် နည်းမျိုးစုံကြိုးစားမယ့်သူပါ။
သင့်ကို ဆုံးရှုံးရမှာ သူအကြောက်ဆုံးပါပဲ။ သင့်အတွက်နဲ့ ကြိုးစားတယ်၊
ရုန်းကန်တယ်ဆိုရင်တော့ သင့်ကို သူ့ဘဝနဲ့ထပ်တူ ချစ်လို့ဆိုတာ သိထားပေးပါ …။
(၅) သင့်မိသားစုနဲ့ သူငယ်ချင်းတွေကို လေးစားစွာဆက်ဆံတယ်”
သင့်ကိုတကယ်ချစ်တဲ့သူအဖို့ သင့်မိသားစု၊ သင့်သူငယ်ချင်းတွေကပါ အရေးကြီးလာပါပြီ။
ယောကျ်ားတစ်ယောက် တကယ်ချစ်မိသွားပြီဆိုရင် သင့်မိသားစုဝင်တစ်ယောက်ယောက်ကို ကြည့်လိုမရရင်တောင်မှာ သူထုတ်ပြောမှာမဟုတ်ပါဘူး။
အကြောင်းကတော့ သင်စိတ်မကောင်းဖြစ်မှာစိုးလို့ပါပဲနော် …။ ။
credit
အသက္နဲ႔ထပ္တူ ခ်စ္တတ္တဲ့ ေယာက်္ားေလးေတြရဲ႕ လကၡဏာ
ေယာက်္ားေတြသူတို႔အသက္နဲ႔ ထပ္တူခ်စ္ရသူကိုေတြ႕တဲ့အခါ ဒီလိုျပဳမူၾကပါတယ္…
အျပဳအမူဆိုတာ ေယာက်္ားေလးတစ္ေယာက္ရဲ႕ စိတ္ႏွလုံးသားထဲကလာတဲ့ ခံစားခ်က္အစစ္အမွန္ ျဖစ္ပါတယ္။
ေယာက်္ားေလးနဲ႔ မိန္းကေလးဆိုတာ ခ်စ္တာခ်င္းေတာ့တူေပမယ့္
အခ်စ္ကို ခံစားပုံခ်င္း၊ ထုတ္ျပပုံခ်င္းဘယ္ေတာ့မွ မတူညီပါဘူး။
အခုေဖာ္ျပေပးမွာကေတာ့ ေယာက်္ားေလးတစ္ေယာက္က သူ႕ဘဝနဲ႔ထပ္တူခ်စ္ရမယ့္သူကို
ေတြ႕ထားၿပီဆိုရင္ လုပ္တတ္တဲ့ အျပဳအမူ၊ အက်င့္ေလးေတြပဲ ျဖစ္ပါတယ္ေနာ္ …။
(၁) နားေထာင္ေပးတယ္”
မ်ားေသာအားျဖင့္ မိန္းကေလးေတြဟာ ေယာက်္ားေလးေတြထက္ ပိုၿပီး နားေထာင္ေပးတတ္ၾကသူေတြပါ။
ေယာက်္ားေလးေတြဆိုတာ အမွန္အတိုင္းေျပာရမယ္ဆိုရင္ နားေထာင္မႈအပိုင္းမွာ အင္မတန္အားနည္းသူေတြပါ။
ေယာက်္ားေလးေတြဟာ သူတို႔တကယ္စိတ္ဝင္စားတဲ့ အရာေပၚမွာသာ အာ႐ုံစိုက္ႏိုင္ၾကသူေတြပါ …။
တကယ္လို႔ သင့္ခ်စ္သူဟာ သင္ေျပာတဲ့အေၾကာင္းအရာေတြကို
စိတ္ဝင္တစားနားေထာင္ေပးတယ္ဆိုရင္ေတာ့ သူ႕ဘဝနဲ႔ထပ္တူ သင့္ကို ခ်စ္လို႔ဆိုတာ သိထားပါ …။
(၂) စေတးဖို႔မေၾကာက္ဘူး”
စေတးတယ္ဆိုတဲ့ေနရာမွာ ကိုယ့္ရဲ႕ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ေတြ၊ လြတ္လပ္ခြင့္ေတြကိုလည္း ဆိုလိုပါတယ္။
ေယာက်္ားေလးတစ္ေယာက္ တကယ္ခ်စ္ၿပီဆိုရင္ ခ်စ္သူကို စိတ္မေကာင္းျဖစ္ေစမယ့္ အျပဳအမူေတြ၊
အက်င့္ေတြအားလုံးကို ေျပာင္းလဲပစ္လိုက္ပါတယ္ …။
သူ႕ရဲ႕ကိုယ္ပိုင္ေ႐ြးခ်ယ္ခြင့္ေတြမွာေတာင္ ခ်စ္သူကို ထိခိုက္ေစမယ့္ ေ႐ြးခ်ယ္မႈမ်ိဳးေတြကို လုံးဝေ႐ွာင္လိုက္ၾကပါတယ္။
ခ်စ္သူသာ သူတို႔အတြက္ နံပါတ္ ၁ ျဖစ္ပါတယ္ …။
(၃) တန္ဖိုးထားေၾကာင္းျပတယ္”(အေရးႀကီးတယ္ေနာ္)
ေယာက်္ားဆိုတာမ်ိဳးက သူတို႔ရဲ႕ခံစားခ်က္ကို ထုတ္ျပရာမွာ အင္မတန္ညံ့ဖ်င္းသူေတြပါ။
ဒါေပမယ့္ ေယာက်္ားတစ္ေယာက္ တကယ္ခ်စ္ၿပီဆိုရင္ေတာ့ ခ်စ္သူကို တန္ဖိုးထားတာ ေပၚလြင္ေနမွာပါ။
သင္နဲ႔ႏွစ္ေယာက္တည္း ႐ွိတဲ့အခ်ိန္မ်ိဳးမွာ ပိုၿပီးသိသာပါတယ္။
သင့္ကို တန္ဖိုးထားေၾကာင္း၊ ေလးစားေၾကာင္း နည္းမ်ိဳးစုံနဲ႔ ျမင္ေတြ႕ရမွာပါ …။
ေနာက္ၿပီး သူ႕ထက္သင္သာသြားရင္ေတာင္ သင့္အတြက္ စိတ္သန္႔သန္႔ေလးနဲ႔ လက္ခုပ္တီးေပးႏိုင္တဲ့သူပါ။
ဒါဆိုရင္ေတာ့ သင့္ကို ဘဝနဲ႔ထပ္တူခ်စ္တယ္ဆိုတာ သိထားလိုက္ပါေနာ္ …။
(၄) သင့္အတြက္႐ုန္းကန္တယ္”
သင့္ခ်စ္သူဟာ သင္နဲ႔နီးစပ္ဖို႔အတြက္ အတားအဆီးမွန္သမွ်ကို ေက်ာ္ျဖတ္ရဲတဲ့သူပါ။
သင္နဲ႔နီးစပ္ႏိုင္ဖို႔အတြက္ နည္းမ်ိဳးစုံႀကိဳးစားမယ့္သူပါ။
သင့္ကို ဆုံး႐ႈံးရမွာ သူအေၾကာက္ဆုံးပါပဲ။ သင့္အတြက္နဲ႔ ႀကိဳးစားတယ္၊
႐ုန္းကန္တယ္ဆိုရင္ေတာ့ သင့္ကို သူ႕ဘဝနဲ႔ထပ္တူ ခ်စ္လို႔ဆိုတာ သိထားေပးပါ …။
(၅) သင့္မိသားစုနဲ႔ သူငယ္ခ်င္းေတြကို ေလးစားစြာဆက္ဆံတယ္”
သင့္ကိုတကယ္ခ်စ္တဲ့သူအဖို႔ သင့္မိသားစု၊ သင့္သူငယ္ခ်င္းေတြကပါ အေရးႀကီးလာပါၿပီ။
ေယာက်္ားတစ္ေယာက္ တကယ္ခ်စ္မိသြားၿပီဆိုရင္ သင့္မိသားစုဝင္တစ္ေယာက္ေယာက္ကို ၾကည့္လိုမရရင္ေတာင္မွာ သူထုတ္ေျပာမွာမဟုတ္ပါဘူး။
အေၾကာင္းကေတာ့ သင္စိတ္မေကာင္းျဖစ္မွာစိုးလို႔ပါပဲေနာ္ …။ ။
credit