မိန်းကလေးတွေ သူတို့ချစ်သူကို ချစ်နေရက်သားနဲ့ လမ်းခွဲခဲ့ရတဲ့အကြောင်းအရင်းများ…
မိန်းကလေးတွေရဲ့ စိတ်ဓာတ်ခိုင်မာမှုတွေကို အချစ်နဲ့ပတ်သက်လာတဲ့ အခါမှာ ပိုတွေ့မြင်ရတတ်ပါတယ်။
မိန်းကလေးတွေဟာ သူတို့ဘယ်လောက်ပဲ ချစ်နေပေမယ့်လည်း
သူတို့ကို နာကျင်အောင် လုပ်လာခဲ့မယ် ဆိုရင်တော့ ပြတ်သားစွာ တုံ့ပြန်တတ်ကြပါတယ်။
နောက်ပြီး သူတို့ အရမ်းချစ်ရတဲ့သူ ဖြစ်နေရင်တောင်
သူတို့စိတ်ထဲမှာ ဒီလိုခံစားလာရရင်တော့ လမ်းခွဲ ထားရစ်ခဲ့တတ်ကြပါသေးတယ်။
သူမရဲ့ ပင်ကိုယ်ပုံစံကို ပြောင်းလဲဖို့ ဖိအားပေးလာတဲ့အခါ
မိန်းကလေးတွေဟာ သူတို့ တကယ်ချစ်တဲ့ သူအတွက်ဆို ဘယ်အရာကို မဆို ပြောင်းလဲပေးဖို့ အသင့်ဖြစ်နေတတ်ကြတဲ့ သူတွေပါ။
ဒါပေမယ့် ဘယ်သူ့ရဲ့ စေခိုင်းချက်မှ မပါပဲ သူတို့ရဲ့ သဘောနဲ့ပဲ ပြောင်းလဲတတ်ကြပါတယ်။
ဒါကိုမှ သူတို့ကို အတင်းပြောင်းလဲ ခိုင်းတာမျိုးတွေ လုပ်လာတဲ့အခါမှာ
သူတို့ရဲ့ ပုံစံဟာ တဖြည်းဖြည်း ပျောက်ဆုံးသွားသလို ခံစားလာရတတ်ပြီး မပျော်ရွှင်နိုင်တော့ပါဘူး။
အချစ်ဆိုတာ တစ်ဖက်လူကို ကိုယ်လိုချင်တဲ့ပုံစံ လုပ်ယူခြင်းမဟုတ်ပဲ
သူ့ရဲ့ အရှိအတိုင်းကိုပဲ လက်ခံတတ်ရမယ် ဆိုပြီး မှတ်ယူထားတတ်ကြတာကြောင့်ပဲ ဖြစ်ပါတယ်။
တစ်ခြားတစ်ယောက်နဲ့ နှိုင်းယှဉ်တတ်တယ်
ကိုယ့်ချစ်သူက ကိုယ့်ကို တစ်ခြားတစ်ယောက်နဲ့ အမြဲလိုလို နှိုင်းယှဉ်ပြနေတဲ့အခါ
အရမ်းကို စိတ်ပျက်စရာ ကောင်းနေမှာ အမှန်ပါ။
တစ်ခြားမိန်းကလေးတစ်ယောက်ရဲ့ နေပုံထိုင်ပုံ၊ ပြောဆို ပြုမူပုံတွေနဲ့ ကိုယ့်ကို လာနှိုင်းယှဉ်နေတယ်ဆိုကတည်းက
ကိုယ့်ကိုယ် တစ်စက်မှ အထင်မကြီးပဲ တစ်ခြားမိန်းကလေးကိုပဲ သဘောကျ နှစ်သက်နေသလိုပါပဲ။
ဒီလို ကိစ္စတွေမျိုးတွေကြုံလာရတဲ့အခါ မိန်းကလေးတွေဟာ ချစ်နေရက်နဲ့တောင် လမ်းခွဲဖို့ ဝန်မလေးတတ်ကြပါဘူး။
လေးစားမှု မရှိဘူး
ချစ်သူရည်းစားပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းပဲ ဖြစ်ဖြစ် ဒါမှမဟုတ် မိသားစုပဲ ဖြစ်ဖြစ် ဘယ်လောက်ပဲ ရင်းနှီးတဲ့သူတွေ ဖြစ်နေပါစေ
လေးစားတတ်မှုဆိုတဲ့ အရာလေးကို ကြားခံထားနိုင်မှ အဲဒီ့ ဆက်ဆံရေးဟာ တည်မြဲတာဖြစ်ပါတယ်။
သူက ငါ့သားသမီးပဲ၊ သူကငါ့ချစ်သူပဲ ဆိုပြီး ပြောချင်သလိုပြော၊ ကိုယ်စိတ်ထင်သလို ပြုမူနေရင်တော့ လုံးဝ အဆင်မပြေနိုင်ပါဘူး။
ဒီလို လေးစားမှု မရှိတဲ့ ဆက်ဆံရေးမျိုးကို မိန်းကလေးတွေက အရမ်းကို မုန်းတတ်ကြတဲ့အတွက်
ကိုယ့်ကိုယ် လေးစားမှု မရှိတဲ့သူကို လမ်းခွဲဖို့ ဖြစ်လာတတ်ကြပါတယ်။
ကိုယ်ကပဲ တစ်ဖက်သတ် ဂရိုစိုက်နေရသလို ခံစားလာရတယ်
Relationship တစ်ခုမှာ နှစ်ဦးနှစ်ဖက် ဂရုစိုက် နွေးထွေးမှုတွေနဲ့ ချစ်ခင်နေမှ ဒီဆက်ဆံရေးဟာ ရေရှည်မှာ အဆင်ပြေနိုင်တာပါ။
ကိုယ့်ချစ်သူက ကိုယ့်ကို လုံးဝဂရုစိုက် အလေးထားမှု မရှိပဲ
ကိုယ်ကချည်း ဂရုစိုက် ချစ်ပေးနေရတဲ့ အခါမှာတော့ ဒီဆက်ဆံရေးဟာ ဘယ်လိုမှ မနွေးထွေးနိုင်တော့ပါဘူး။
ဒီလိုမျိုး ခံစားလာရပြီ ကိုယ့်ချစ်သူက သွေးအေးလာပြီး ကိုယ့်ကိုစိမ်းကားနေတာ ဂရုစိုက်ဖို့ မေ့လျော့နေတဲ့ အခါမျိုးမှာ
မိန်းကလေးတွေဟာ ချစ်နေရက်နဲ့တောင် ကိုယ့်ကို တန်ဖိုးမထားတဲ့သူကို ချန်ရစ်ထားခဲ့နိုင်ကြပါတယ်နော်။
ခင်
Zawgyi Version
မိန္းကေလးေတြ သူတို႔ခ်စ္သူကို ခ်စ္ေနရက္သားနဲ႔ လမ္းခြဲခဲ့ရတဲ့အေၾကာင္းအရင္းမ်ား…
မိန္းကေလးေတြရဲ႕ စိတ္ဓာတ္ခိုင္မာမႈေတြကို အခ်စ္နဲ႔ပတ္သက္လာတဲ့ အခါမွာ ပိုေတြ႕ျမင္ရတတ္ပါတယ္။
မိန္းကေလးေတြဟာ သူတို႔ဘယ္ေလာက္ပဲ ခ်စ္ေနေပမယ့္လည္း
သူတို႔ကို နာက်င္ေအာင္ လုပ္လာခဲ့မယ္ ဆိုရင္ေတာ့ ျပတ္သားစြာ တုံ႔ျပန္တတ္ၾကပါတယ္။
ေနာက္ၿပီး သူတို႔ အရမ္းခ်စ္ရတဲ့သူ ျဖစ္ေနရင္ေတာင္
သူတို႔စိတ္ထဲမွာ ဒီလိုခံစားလာရရင္ေတာ့ လမ္းခြဲ ထားရစ္ခဲ့တတ္ၾကပါေသးတယ္။
သူမရဲ႕ ပင္ကိုယ္ပုံစံကို ေျပာင္းလဲဖို႔ ဖိအားေပးလာတဲ့အခါ
မိန္းကေလးေတြဟာ သူတို႔ တကယ္ခ်စ္တဲ့ သူအတြက္ဆို ဘယ္အရာကို မဆို ေျပာင္းလဲေပးဖို႔ အသင့္ျဖစ္ေနတတ္ၾကတဲ့ သူေတြပါ။
ဒါေပမယ့္ ဘယ္သူ႕ရဲ႕ ေစခိုင္းခ်က္မွ မပါပဲ သူတို႔ရဲ႕ သေဘာနဲ႔ပဲ ေျပာင္းလဲတတ္ၾကပါတယ္။
ဒါကိုမွ သူတို႔ကို အတင္းေျပာင္းလဲ ခိုင္းတာမ်ိဳးေတြ လုပ္လာတဲ့အခါမွာ
သူတို႔ရဲ႕ ပုံစံဟာ တျဖည္းျဖည္း ေပ်ာက္ဆုံးသြားသလို ခံစားလာရတတ္ၿပီး မေပ်ာ္႐ႊင္ႏိုင္ေတာ့ပါဘူး။
အခ်စ္ဆိုတာ တစ္ဖက္လူကို ကိုယ္လိုခ်င္တဲ့ပုံစံ လုပ္ယူျခင္းမဟုတ္ပဲ
သူ႕ရဲ႕ အ႐ွိအတိုင္းကိုပဲ လက္ခံတတ္ရမယ္ ဆိုၿပီး မွတ္ယူထားတတ္ၾကတာေၾကာင့္ပဲ ျဖစ္ပါတယ္။
တစ္ျခားတစ္ေယာက္နဲ႔ ႏိႈင္းယွဥ္တတ္တယ္
ကိုယ့္ခ်စ္သူက ကိုယ့္ကို တစ္ျခားတစ္ေယာက္နဲ႔ အၿမဲလိုလို ႏိႈင္းယွဥ္ျပေနတဲ့အခါ
အရမ္းကို စိတ္ပ်က္စရာ ေကာင္းေနမွာ အမွန္ပါ။
တစ္ျခားမိန္းကေလးတစ္ေယာက္ရဲ႕ ေနပုံထိုင္ပုံ၊ ေျပာဆို ျပဳမူပုံေတြနဲ႔ ကိုယ့္ကို လာႏိႈင္းယွဥ္ေနတယ္ဆိုကတည္းက
ကိုယ့္ကိုယ္ တစ္စက္မွ အထင္မႀကီးပဲ တစ္ျခားမိန္းကေလးကိုပဲ သေဘာက် ႏွစ္သက္ေနသလိုပါပဲ။
ဒီလို ကိစၥေတြမ်ိဳးေတြၾကဳံလာရတဲ့အခါ မိန္းကေလးေတြဟာ ခ်စ္ေနရက္နဲ႔ေတာင္ လမ္းခြဲဖို႔ ဝန္မေလးတတ္ၾကပါဘူး။
ေလးစားမႈ မ႐ွိဘူး
ခ်စ္သူရည္းစားပဲ ျဖစ္ျဖစ္၊ သူငယ္ခ်င္းပဲ ျဖစ္ျဖစ္ ဒါမွမဟုတ္ မိသားစုပဲ ျဖစ္ျဖစ္ ဘယ္ေလာက္ပဲ ရင္းႏွီးတဲ့သူေတြ ျဖစ္ေနပါေစ
ေလးစားတတ္မႈဆိုတဲ့ အရာေလးကို ၾကားခံထားႏိုင္မွ အဲဒီ့ ဆက္ဆံေရးဟာ တည္ၿမဲတာျဖစ္ပါတယ္။
သူက ငါ့သားသမီးပဲ၊ သူကငါ့ခ်စ္သူပဲ ဆိုၿပီး ေျပာခ်င္သလိုေျပာ၊ ကိုယ္စိတ္ထင္သလို ျပဳမူေနရင္ေတာ့ လုံးဝ အဆင္မေျပႏိုင္ပါဘူး။
ဒီလို ေလးစားမႈ မ႐ွိတဲ့ ဆက္ဆံေရးမ်ိဳးကို မိန္းကေလးေတြက အရမ္းကို မုန္းတတ္ၾကတဲ့အတြက္
ကိုယ့္ကိုယ္ ေလးစားမႈ မ႐ွိတဲ့သူကို လမ္းခြဲဖို႔ ျဖစ္လာတတ္ၾကပါတယ္။
ကိုယ္ကပဲ တစ္ဖက္သတ္ ဂ႐ိုစိုက္ေနရသလို ခံစားလာရတယ္
Relationship တစ္ခုမွာ ႏွစ္ဦးႏွစ္ဖက္ ဂ႐ုစိုက္ ေႏြးေထြးမႈေတြနဲ႔ ခ်စ္ခင္ေနမွ ဒီဆက္ဆံေရးဟာ ေရ႐ွည္မွာ အဆင္ေျပႏိုင္တာပါ။
ကိုယ့္ခ်စ္သူက ကိုယ့္ကို လုံးဝဂ႐ုစိုက္ အေလးထားမႈ မ႐ွိပဲ
ကိုယ္ကခ်ည္း ဂ႐ုစိုက္ ခ်စ္ေပးေနရတဲ့ အခါမွာေတာ့ ဒီဆက္ဆံေရးဟာ ဘယ္လိုမွ မေႏြးေထြးႏိုင္ေတာ့ပါဘူး။
ဒီလိုမ်ိဳး ခံစားလာရၿပီ ကိုယ့္ခ်စ္သူက ေသြးေအးလာၿပီး ကိုယ့္ကိုစိမ္းကားေနတာ ဂ႐ုစိုက္ဖို႔ ေမ့ေလ်ာ့ေနတဲ့ အခါမ်ိဳးမွာ
မိန္းကေလးေတြဟာ ခ်စ္ေနရက္နဲ႔ေတာင္ ကိုယ့္ကို တန္ဖိုးမထားတဲ့သူကို ခ်န္ရစ္ထားခဲ့ႏိုင္ၾကပါတယ္ေနာ္။
ခင္