Love

ကောင်လေးတွေရဲ့ အချစ်တွေကို ပိုကဲပြီးရနိုင်မယ့် မိန်းကလေးတို့ရဲ့အပြုအမူလေးများ…

ကောင်လေးတွေရဲ့ အချစ်တွေကို ပိုကဲပြီးရနိုင်မယ့် မိန်းကလေးတို့ရဲ့အပြုအမူလေးများ…

ယောကျာ်းလေးတွေမှာ သူတို့ချစ်ရတဲ့ မိန်းကလေးနဲ့ပတ်သက်လို့

အရမ်းသဘောကျရတဲ့အချက်လေးတွေ ရှိတတ်ပါတယ်။

အဲ့ဒါက ရုပ်ရည်ချောမောလှပတာ၊ ဆွွဲဆောင်မှုရှိတာတွေထက်

ချစ်ဖို့ကောင်းတဲ့အချက်လေးတွေသာ ဖြစ်ပါတယ်။ အဲ့ဒါလေးတွေကတော့ …

(၁) သူပြောတဲ့ဟာသတွေကို ရယ်မောတာလေး

သူပြောတဲ့ဟာသလေးတွေကို စိတ်ပါလက်ပါရယ်မောတတ်တဲ့အပြုအမူလေးကို

ယောကျာ်းလေးတွေက အရမ်းကိုသဘောကျတတ်ကြပါတယ်။

ဟာသဉာဏ်ရှိပြီး သူတို့ပြောတာကိုအလေးထားတဲ့အပြုအမူလို့ သူတို့တွေယူဆကြပါတယ် …။

(၂) သူ့ရဲ့ဆံပင်တွေကို ဆော့ကစားတာမျိုး

ယောကျာ်းလေးတွေက သူတို့ဦးခေါင်းကိုကိုင်တာကို မကြိုက်ကြပါဘူး။

ဒါပေမယ့် သူတို့ချစ်သူက ဆံပင်လေးတွေကိုဆော့ကစားတာမျိုးကိုတော့ သိပ်သဘောကျတတ်ပါတယ်။

ဒါက ချစ်သူမိန်းကလေးရဲ့ ကြင်နာမှုကို ခံစားရလို့ပါတဲ့ …။

(၃) ကိုယ့်ကိုုယ်ကို ယုံကြည်မှုရှိပေမယ့်သူနဲ့တွေ့တဲ့အခါ ရှက်နေတာလေး

နဂိုပုံစံက ကိုယ့်ကို်ယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့ ပုံစံမျိုးဖြစ်နေပေမယ့် သူနဲ့တွေ့တဲ့အချိန်မှာရှက်နေတာမျိုး၊

မဝံ့မရဲဖြစ်နေတာမျိုးက သူ့အမြင်မှာ သိပ်ချစ်ဖို့ကောင်းနေတတ်ပါတယ် …။

(၄) နေမကောင်းတဲ့အချိန် ဂရုစိုက်တာလေး

နေမကောင်းဖြစ်နေချိန်မှာ ဂရုစိုက်ပြီး နွေးထွေးတဲ့အပြုအမူလေးတွေက

ချစ်သူကောင်လေးရဲ့နှလုံးသားကိုအရည်ပျော်စေပါတယ် …။

(၅) တလွဲဟာသတွေ ဖြစ်တတ်တာလေး

မိန်းကလေးတွေရဲ့ မရည်ရွယ်ဘဲဖြစ်နေတဲ့တလွဲအဖြစ်အပျက်လေးတွေ၊ ဟာသလေးတွေက

သူတို့ချစ်သူကောင်လေးရဲ့အမြင်မှာ အရမ်းချစ်ဖို့ကောင်းနေတာမျိုးပါ …။

(၆) သူ့အဝတ်အစားတွေ ယူဝတ်ထားတာမျိုး

မိန်းကလေးတွေ ယောကျာ်းလေးအဝတ်အစားတွေဝတ်ထားတာက ဆွဲဆောင်မှုတစ်မျိုးဖြစ်ပါတယ်။

အထူးသဖြင့် သူတို့ချစ်သူကောင်လေးရဲ့အဝတ်အစားတွေဝတ်ထားတဲ့အခါမျိုးမှာ အရင်ကနဲ့မတူအောင် ချစ်ဖို့ကောင်းနေတတ်ပါတယ် …။

(၇) လှလှပပပြင်ထားတာလေး

ပျိုမေတို့ရဲ့ချစ်သူတွေက အလှတွေအရမ်းမပြင်ပါနဲ့။ အလှမပြင်ထားလည်း ချစ်ပါတယ်လို့ပြောတာကိုယုံပြီး အလှမပြင်ဘဲမနေလိုက်နဲ့နော်။

အလှပြင်တယ်ဆိုတာက ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးအောင်ရယ်၊ ကိုယ်တိုင်က ပြင်ဆင်ရ၊လှလှလေးနေရတာကြိုက်လို့ရယ် ပြင်တာမဟုတ်လား။

ဒါတင်မကသေးပါဘူး၊ ယောကျာ်းလေးတွေက သူတို့ချစ်သူမိန်းကလေးက လှလှလေး ပြင်ထားတာကိုတွေ့ရင် သိပ်သဘောကျတတ်ကြတာပါ …။

RAY

Zawgyi Version

ေကာင္ေလးေတြရဲ႕ အခ်စ္ေတြကို ပိုကဲၿပီးရႏိုင္မယ့္ မိန္းကေလးတို႔ရဲ႕အျပဳအမူေလးမ်ား…

ေယာက်ာ္းေလးေတြမွာ သူတို႔ခ်စ္ရတဲ့ မိန္းကေလးနဲ႔ပတ္သက္လို႔

အရမ္းသေဘာက်ရတဲ့အခ်က္ေလးေတြ ႐ွိတတ္ပါတယ္။

အဲ့ဒါက ႐ုပ္ရည္ေခ်ာေမာလွပတာ၊ ဆြြဲေဆာင္မႈ႐ွိတာေတြထက္

ခ်စ္ဖို႔ေကာင္းတဲ့အခ်က္ေလးေတြသာ ျဖစ္ပါတယ္။ အဲ့ဒါေလးေတြကေတာ့ …

(၁) သူေျပာတဲ့ဟာသေတြကို ရယ္ေမာတာေလး

သူေျပာတဲ့ဟာသေလးေတြကို စိတ္ပါလက္ပါရယ္ေမာတတ္တဲ့အျပဳအမူေလးကို

ေယာက်ာ္းေလးေတြက အရမ္းကိုသေဘာက်တတ္ၾကပါတယ္။

ဟာသဉာဏ္႐ွိၿပီး သူတို႔ေျပာတာကိုအေလးထားတဲ့အျပဳအမူလို႔ သူတို႔ေတြယူဆၾကပါတယ္ …။

(၂) သူ႕ရဲ႕ဆံပင္ေတြကို ေဆာ့ကစားတာမ်ိဳး

ေယာက်ာ္းေလးေတြက သူတို႔ဦးေခါင္းကိုကိုင္တာကို မႀကိဳက္ၾကပါဘူး။

ဒါေပမယ့္ သူတို႔ခ်စ္သူက ဆံပင္ေလးေတြကိုေဆာ့ကစားတာမ်ိဳးကိုေတာ့ သိပ္သေဘာက်တတ္ပါတယ္။

ဒါက ခ်စ္သူမိန္းကေလးရဲ႕ ၾကင္နာမႈကို ခံစားရလို႔ပါတဲ့ …။

(၃) ကိုယ့္ကိုုယ္ကို ယုံၾကည္မႈ႐ွိေပမယ့္သူနဲ႔ေတြ႕တဲ့အခါ ႐ွက္ေနတာေလး

နဂိုပုံစံက ကိုယ့္ကို္ယ္ကိုယုံၾကည္မႈအျပည့္႐ွိတဲ့ ပုံစံမ်ိဳးျဖစ္ေနေပမယ့္ သူနဲ႔ေတြ႕တဲ့အခ်ိန္မွာ႐ွက္ေနတာမ်ိဳး၊

မဝံ့မရဲျဖစ္ေနတာမ်ိဳးက သူ႕အျမင္မွာ သိပ္ခ်စ္ဖို႔ေကာင္းေနတတ္ပါတယ္ …။

(၄) ေနမေကာင္းတဲ့အခ်ိန္ ဂ႐ုစိုက္တာေလး

ေနမေကာင္းျဖစ္ေနခ်ိန္မွာ ဂ႐ုစိုက္ၿပီး ေႏြးေထြးတဲ့အျပဳအမူေလးေတြက

ခ်စ္သူေကာင္ေလးရဲ႕ႏွလုံးသားကိုအရည္ေပ်ာ္ေစပါတယ္ …။

(၅) တလြဲဟာသေတြ ျဖစ္တတ္တာေလး

မိန္းကေလးေတြရဲ႕ မရည္႐ြယ္ဘဲျဖစ္ေနတဲ့တလြဲအျဖစ္အပ်က္ေလးေတြ၊ ဟာသေလးေတြက

သူတို႔ခ်စ္သူေကာင္ေလးရဲ႕အျမင္မွာ အရမ္းခ်စ္ဖို႔ေကာင္းေနတာမ်ိဳးပါ …။

(၆) သူ႕အဝတ္အစားေတြ ယူဝတ္ထားတာမ်ိဳး

မိန္းကေလးေတြ ေယာက်ာ္းေလးအဝတ္အစားေတြဝတ္ထားတာက ဆြဲေဆာင္မႈတစ္မ်ိဳးျဖစ္ပါတယ္။

အထူးသျဖင့္ သူတို႔ခ်စ္သူေကာင္ေလးရဲ႕အဝတ္အစားေတြဝတ္ထားတဲ့အခါမ်ိဳးမွာ အရင္ကနဲ႔မတူေအာင္ ခ်စ္ဖို႔ေကာင္းေနတတ္ပါတယ္ …။

(၇) လွလွပပျပင္ထားတာေလး

ပ်ိဳေမတို႔ရဲ႕ခ်စ္သူေတြက အလွေတြအရမ္းမျပင္ပါနဲ႔။ အလွမျပင္ထားလည္း ခ်စ္ပါတယ္လို႔ေျပာတာကိုယုံၿပီး အလွမျပင္ဘဲမေနလိုက္နဲ႔ေနာ္။

အလွျပင္တယ္ဆိုတာက ကိုယ့္ကိုယ္ကိုယုံၾကည္မႈတိုးေအာင္ရယ္၊ ကိုယ္တိုင္က ျပင္ဆင္ရ၊လွလွေလးေနရတာႀကိဳက္လို႔ရယ္ ျပင္တာမဟုတ္လား။

ဒါတင္မကေသးပါဘူး၊ ေယာက်ာ္းေလးေတြက သူတို႔ခ်စ္သူမိန္းကေလးက လွလွေလး ျပင္ထားတာကိုေတြ႕ရင္ သိပ္သေဘာက်တတ္ၾကတာပါ …။

RAY