Love

ချစ်သူကောင်လေးကို အရမ်းချစ်တဲ့မိန်းကလေးတွေရဲ့ ပေါက်ပေါက်ရှာရှာအတွေးများ…

ချစ်သူကောင်လေးကို အရမ်းချစ်တဲ့မိန်းကလေးတွေရဲ့ ပေါက်ပေါက်ရှာရှာအတွေးများ…

မိန်းကလေးတွေဟာ နဂိုကတည်းက အရမ်းကို အသေးစိတ်ပြီး တွေးခေါ်ပုံ၊ စဉ်းစားပုံကအစ အသေးစိတ်ကျပါတယ်။

ဒီလိုမိန်းကလေးတွေက အရမ်းချစ်ရတဲ့ ချစ်သူတစ်ယောက်ကိုရထားတဲ့အခါမှာတော့ ဘယ်သူမှတောင် စဉ်းစာမိမှာ မဟုတ်တဲ့

ပေါက်ပေါက်ရှာရှာ အတွေးတွေကို တွေးလာတတ်ကြပါတယ် …

ဒီလိုအတွေးတွေကပဲ သူတို့ကို ပျော်စေသလို တစ်ခါတလေ ဒီလိုအတွေးတွေကပဲ သူတို့ကို စိတ်ညစ်စေပြန်ပါတယ်။

တကယ်လို့ သင့်ကောင်မလေးဟာ ခုဖော်ပြမယ့် အချက်တွေနဲ့ ကိုက်ညီနေရင်တော့ သင့်ကို အရမ်းချစ်လို့ပါ။

(၁) ဖုန်းမကိုင်တဲ့အခါ

ချစ်သူဖုန်းမကိုင်တဲ့အခါ မိန်းကလေးတွေအတွက်တော့ ကမ္ဘာပျက်သလိုပါပဲ။

အကြိမ်ကြိမ်ဆက်ပေမယ့် လုံးဝမကိုင်တာ၊ ဒါမှမဟုတ် စက်ပိတ်ထားတဲ့အခါ၊

ဆက်သွယ်မှုဧရိယာပြင်ပရောက်တဲ့အခါတွေမှာ မိန်းကလေးတွေက ပေါက်ပေါက်ရှာရှာအတွေးတွေကို စတွေးပါတော့တယ်။

ချစ်သူကို လူဆိုးတွေကများဖမ်းသွားသလား၊ ဒါမှမဟုတ် သေများသေသွားတာလားလို့တွေးပြီး အရူးမီးဝိုင်းဖြစ်နေတတ်ပါတယ်။

ဒါကြောင့် သင့်ဖုန်းမှာ ချစ်သူဆီက miss call တွေအများကြီးတွေ့ရင်တော့ သူတော်တော်စိတ်ပူနေတယ်ဆိုတာကို သင်သိထားလိုက်ပါ။

(၂) အအော်ခံရတဲ့အခါ

ချစ်သူက အော်လိုက်တဲ့အချိန်မှာ မိန်းကလေးတွေအတွက်ကတော့ ရင်ထဲကို မြှားအချောင်း ၁၀၀ လောက်တစ်ပြိုင်တည်း စိုက်သွားသလို ခံစားရပါတယ်။

ဒီလိုအချိန်မှာ မိန်းကလေးတွေတွေးတာက ချစ်သူက သူ့ကို မချစ်တော့ဘူး၊ တန်ဖိုးမထားတော့ဘူးဆိုပြီး တွေးတတ်ပါတယ်။

နောက်တစ်ခုကတော့ ချစ်သူက အသစ်တွေ့သွားလို့ သူ့ကို စိတ်မရှည်တော့တာဆိုပြီး တွေးတတ်ပါတယ်။

အဲဒီ့အတွေးတွေက သူတို့ကို အရမ်းနာကျင်စေတာကြောင့် မိန်းကလေးတော်တော်များများက သူတို့ကို အော်တာကို မကြိုက်တာပါ။

(၃) စမ်းသပ်တာမအောင်မြင်တဲ့အခါမှာ

မိန်းကလေးတွေဟာ ချစ်သူကို အမြဲတမ်း စမ်းသပ်နေကြတဲ့သူတွေဖြစ်ပါတယ်။ ချစ်သူက ကိုယ့်ကို စိတ်ရှည်ရှည်နဲ့ ချော့ရဲ့လား၊

ကိုယ့်ကိုအလျှော့ပေးရဲ့လား၊ အရင်လောက်ချစ်သေးရဲ့လား၊ ဘာတွေပြောင်းလဲသွားလဲဆိုတာကို အမြဲတမ်း အကဲခတ်နေတတ်တဲ့ သူတွေဖြစ်ပါတယ်။

သူတို့ကအဲလို စမ်းသပ်ချင်လို့ တမင်ဆိုးကြတဲ့အခါတွေ ရှိပါတယ်။ အဲလို အချိန်မှာ ချစ်သူက စိတ်မရှည်တဲ့အခါ၊ စမ်းသပ်တာမအောင်မြင်တဲ့အခါ

အရမ်းတွေ ဝမ်းနည်းသွားကြရပါတယ်။ အကြောင်းကတော့ သူတို့ကို ချစ်သူက အချစ်လျော့သွားပြီလို့ ထင်သွားလို့ပါ။

(၄) ချစ်သူကိုကြည့်လိုက်တဲ့အခါတိုင်းမှာ

ချစ်သူကိုအရမ်းချစ်တဲ့မိန်းကလေးတွေမှာ ထူးခြားတဲ့ အမြင်တစ်ခုရှိပါတယ်။

အဲဒါကတော့ ချစ်သူကို သေသေချာချာ ပြင်ဆင်လိုက်ရင် ဘယ်မင်းသားနဲ့မဆိုယှဉ်နိုင်တဲ့ ရုပ်မျိုးလို့ထင်ကြတာပါပဲ။

သူတို့မျက်လုံးထဲမှာ ချစ်သူကို အရမ်းချောတယ်လို့မြင်ပြီး ချစ်သူကို တခြားကောင်မလေးတွေ ကြိုက်သွားမှာကို ကြိတ်ပြီးပူပန်နေတတ်ပါတယ်။

အမှန်တကယ်ကတော့ သူတို့ချစ်သူက သူတို့မျက်လုံးထဲမှာပဲလှပြီး ကျန်တဲ့သူတွေက သူတို့ရှိနေမှန်းတောင် မသိကြပါဘူး။

(၅) ချစ်သူကအရမ်းဂရုစိုက်တဲ့အချိန်တွေမှာ

ချစ်သူကို အရမ်းချစ်တဲ့မိန်းကလေးတွေဟာ ချစ်သူဆီကဂရုစိုက်မှုတွေ အများကြီးရတဲ့အချိန်တွေကျရင်

သူတို့လောက် ကံကောင်းတဲ့သူ ဘယ်သူမှမရှိတော့ဘူးလို့ ထင်တတ်ကြပါတယ်။

ဒီလိုချစ်သူမျိုးကိုရထားတာ အရမ်းကိုကံကောင်းတာပဲလို့ တွေးနေတတ်ကြပါတယ်။

ဒီလိုအချိန်ဆို ချစ်သူရဲ့ အပြစ်တွေအားလုံးကို ပြည်ဖုံးကားချလိုက်ကြပါတယ်။

CRD – Em Em

(Shwemom)

Zawgyi Version

ခ်စ္သူေကာင္ေလးကို အရမ္းခ်စ္တဲ့မိန္းကေလးေတြရဲ႕ ေပါက္ေပါက္႐ွာ႐ွာအေတြးမ်ား…

မိန္းကေလးေတြဟာ နဂိုကတည္းက အရမ္းကို အေသးစိတ္ၿပီး ေတြးေခၚပုံ၊ စဥ္းစားပုံကအစ အေသးစိတ္က်ပါတယ္။

ဒီလိုမိန္းကေလးေတြက အရမ္းခ်စ္ရတဲ့ ခ်စ္သူတစ္ေယာက္ကိုရထားတဲ့အခါမွာေတာ့ ဘယ္သူမွေတာင္ စဥ္းစာမိမွာ မဟုတ္တဲ့

ေပါက္ေပါက္႐ွာ႐ွာ အေတြးေတြကို ေတြးလာတတ္ၾကပါတယ္ …

ဒီလိုအေတြးေတြကပဲ သူတို႔ကို ေပ်ာ္ေစသလို တစ္ခါတေလ ဒီလိုအေတြးေတြကပဲ သူတို႔ကို စိတ္ညစ္ေစျပန္ပါတယ္။

တကယ္လို႔ သင့္ေကာင္မေလးဟာ ခုေဖာ္ျပမယ့္ အခ်က္ေတြနဲ႔ ကိုက္ညီေနရင္ေတာ့ သင့္ကို အရမ္းခ်စ္လို႔ပါ။

(၁) ဖုန္းမကိုင္တဲ့အခါ

ခ်စ္သူဖုန္းမကိုင္တဲ့အခါ မိန္းကေလးေတြအတြက္ေတာ့ ကမ႓ာပ်က္သလိုပါပဲ။

အႀကိမ္ႀကိမ္ဆက္ေပမယ့္ လုံးဝမကိုင္တာ၊ ဒါမွမဟုတ္ စက္ပိတ္ထားတဲ့အခါ၊

ဆက္သြယ္မႈဧရိယာျပင္ပေရာက္တဲ့အခါေတြမွာ မိန္းကေလးေတြက ေပါက္ေပါက္႐ွာ႐ွာအေတြးေတြကို စေတြးပါေတာ့တယ္။

ခ်စ္သူကို လူဆိုးေတြကမ်ားဖမ္းသြားသလား၊ ဒါမွမဟုတ္ ေသမ်ားေသသြားတာလားလို႔ေတြးၿပီး အ႐ူးမီးဝိုင္းျဖစ္ေနတတ္ပါတယ္။

ဒါေၾကာင့္ သင့္ဖုန္းမွာ ခ်စ္သူဆီက miss call ေတြအမ်ားႀကီးေတြ႕ရင္ေတာ့ သူေတာ္ေတာ္စိတ္ပူေနတယ္ဆိုတာကို သင္သိထားလိုက္ပါ။

(၂) အေအာ္ခံရတဲ့အခါ

ခ်စ္သူက ေအာ္လိုက္တဲ့အခ်ိန္မွာ မိန္းကေလးေတြအတြက္ကေတာ့ ရင္ထဲကို ျမႇားအေခ်ာင္း ၁၀၀ ေလာက္တစ္ၿပိဳင္တည္း စိုက္သြားသလို ခံစားရပါတယ္။

ဒီလိုအခ်ိန္မွာ မိန္းကေလးေတြေတြးတာက ခ်စ္သူက သူ႕ကို မခ်စ္ေတာ့ဘူး၊ တန္ဖိုးမထားေတာ့ဘူးဆိုၿပီး ေတြးတတ္ပါတယ္။

ေနာက္တစ္ခုကေတာ့ ခ်စ္သူက အသစ္ေတြ႕သြားလို႔ သူ႕ကို စိတ္မ႐ွည္ေတာ့တာဆိုၿပီး ေတြးတတ္ပါတယ္။

အဲဒီ့အေတြးေတြက သူတို႔ကို အရမ္းနာက်င္ေစတာေၾကာင့္ မိန္းကေလးေတာ္ေတာ္မ်ားမ်ားက သူတို႔ကို ေအာ္တာကို မႀကိဳက္တာပါ။

(၃) စမ္းသပ္တာမေအာင္ျမင္တဲ့အခါမွာ

မိန္းကေလးေတြဟာ ခ်စ္သူကို အၿမဲတမ္း စမ္းသပ္ေနၾကတဲ့သူေတြျဖစ္ပါတယ္။ ခ်စ္သူက ကိုယ့္ကို စိတ္႐ွည္႐ွည္နဲ႔ ေခ်ာ့ရဲ႕လား၊

ကိုယ့္ကိုအေလွ်ာ့ေပးရဲ႕လား၊ အရင္ေလာက္ခ်စ္ေသးရဲ႕လား၊ ဘာေတြေျပာင္းလဲသြားလဲဆိုတာကို အၿမဲတမ္း အကဲခတ္ေနတတ္တဲ့ သူေတြျဖစ္ပါတယ္။

သူတို႔ကအဲလို စမ္းသပ္ခ်င္လို႔ တမင္ဆိုးၾကတဲ့အခါေတြ ႐ွိပါတယ္။ အဲလို အခ်ိန္မွာ ခ်စ္သူက စိတ္မ႐ွည္တဲ့အခါ၊ စမ္းသပ္တာမေအာင္ျမင္တဲ့အခါ

အရမ္းေတြ ဝမ္းနည္းသြားၾကရပါတယ္။ အေၾကာင္းကေတာ့ သူတို႔ကို ခ်စ္သူက အခ်စ္ေလ်ာ့သြားၿပီလို႔ ထင္သြားလို႔ပါ။

(၄) ခ်စ္သူကိုၾကည့္လိုက္တဲ့အခါတိုင္းမွာ

ခ်စ္သူကိုအရမ္းခ်စ္တဲ့မိန္းကေလးေတြမွာ ထူးျခားတဲ့ အျမင္တစ္ခု႐ွိပါတယ္။

အဲဒါကေတာ့ ခ်စ္သူကို ေသေသခ်ာခ်ာ ျပင္ဆင္လိုက္ရင္ ဘယ္မင္းသားနဲ႔မဆိုယွဥ္ႏိုင္တဲ့ ႐ုပ္မ်ိဳးလို႔ထင္ၾကတာပါပဲ။

သူတို႔မ်က္လုံးထဲမွာ ခ်စ္သူကို အရမ္းေခ်ာတယ္လို႔ျမင္ၿပီး ခ်စ္သူကို တျခားေကာင္မေလးေတြ ႀကိဳက္သြားမွာကို ႀကိတ္ၿပီးပူပန္ေနတတ္ပါတယ္။

အမွန္တကယ္ကေတာ့ သူတို႔ခ်စ္သူက သူတို႔မ်က္လုံးထဲမွာပဲလွၿပီး က်န္တဲ့သူေတြက သူတို႔႐ွိေနမွန္းေတာင္ မသိၾကပါဘူး။

(၅) ခ်စ္သူကအရမ္းဂ႐ုစိုက္တဲ့အခ်ိန္ေတြမွာ

ခ်စ္သူကို အရမ္းခ်စ္တဲ့မိန္းကေလးေတြဟာ ခ်စ္သူဆီကဂ႐ုစိုက္မႈေတြ အမ်ားႀကီးရတဲ့အခ်ိန္ေတြက်ရင္

သူတို႔ေလာက္ ကံေကာင္းတဲ့သူ ဘယ္သူမွမ႐ွိေတာ့ဘူးလို႔ ထင္တတ္ၾကပါတယ္။

ဒီလိုခ်စ္သူမ်ိဳးကိုရထားတာ အရမ္းကိုကံေကာင္းတာပဲလို႔ ေတြးေနတတ္ၾကပါတယ္။

ဒီလိုအခ်ိန္ဆို ခ်စ္သူရဲ႕ အျပစ္ေတြအားလုံးကို ျပည္ဖုံးကားခ်လိုက္ၾကပါတယ္။

CRD – Em Em

(Shwemom)