Love

ဝေးကွာနေတဲ့ ချစ်သူတွေအတွက် အလုပ်သင့်ဆုံးအရာ(၉)ချက်…

ဝေးကွာနေတဲ့ ချစ်သူတွေအတွက် အလုပ်သင့်ဆုံးအရာ(၉)ချက်…

တစ်ဦးနဲ့တစ်ဦး မိုင်တွေဘယ်လောက်ဝေးဝေး နှလုံးသားချင်းနီးဖို့ အရေးကြီးတယ်ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တဲ့အရာတစ်ခုပါ။

ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ကလည်း ယခုလိုဝေးနေတာကို ပုံစံအမျိုးမျိုးနဲ့ အားပေးနှစ်သိမ့်တာတွေ၊

သံသယတွေဝင်အောင် ပြုလုပ်တာတွေ နဲ့ ကဲ့ရဲ့တာတွေလည်း ပြုလုပ်နိုင်ပါတယ်။

ဒါပေမယ့် အရေးအကြီးဆုံးအရာက တစ်ယောက်ကိုတစ်ယောက် ယုံကြည်ခြင်းဖြစ်ပြီး

နှစ်ယောက်စလုံးဟာလည်း အမြဲတမ်းသွေးအေးမနေစေဖို့ ကြိုးစားနေသင့်ပါတယ်။

လူတိုင်းဟာ အချစ်ရေးနဲ့ပတ်သတ်လာရင် မျှော်လင့်ချက်တစ်ခုတော့ အနည်းဆုံးရှိတတ်ကြတာကြောင့် ….

အဆိုပါ မျှော်လင်ချက်လေးကို အရောင်မှိန်မသွားရအောင် ကိုယ်တိုင်ကြိုးစားခြင်းဖြင့် ဆန္ဒတွေပြည့်ဝမယ့် နေ့ရက်ကိုရောက်ရှိလာမှာ မလွှဲမသွေပါပဲ။

ဒါကြောင့် ဝေးကွာနေကြတဲ့ LDRS ချစ်သူတွေအတွက် အကြံပေးချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင့်ရဲ့ကိုယ်ပိုင်အရာတွေကိုလုပ်ပါ

သင့်ရဲ့ချစ်သူက သင့်ဘေးနားမှာရှိမနေတဲ့အတွက် ဘာမှမလုပ်ချင်မကိုင်ချင်လောက်အောင် လွမ်းဆွေးမနေပါနဲ့။

ယခုအချိန်ဟာ သင့်ရဲ့ ၀ါသနာ၊ စိတ်ဝင်စားမှု၊ စီမံကိန်းတွေနဲ့ အခြားသူငယ်ချင်း မိသားစု relationship တွေကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ရမယ့် အချိန်ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့အလှအပအတွက် အလှဆုံးဖြစ်အောင်နေပါ။ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ပါ။

ပန်းချီနဲ့ အခြားအနုပညာတစ်ခုခုဝါသနာပါခဲ့ရင်လည်း ပိုမိုလေ့လာဖန်တီးပါ။

ဒီလိုအရာတွေကို ပြုလုပ်နေခြင်းက သင်တို့နှစ်ဦးလုံးအတွက် အကျိုးကျေးဇူးတွေကို ရရှိစေပြီး သင့်ကိုပိုမိုတန်ဖိုးထားစေပါတယ်။

၂။ အလေ့အထတွေပြုလုပ်ပေးပါ

မနက်ခင်းအိပ်ရာထတဲ့အခါ ချစ်သူဆီကို Good morning ညဖက်အိပ်ရာဝင်တဲ့အခါတိုင်း Good night စတဲ့မက်ဆေ့လေးတွေ

ဖုန်းခေါ်ဆိုမှုလေးတွေကို မပျက်မကွက်နဲ့ ပုံမှန်လေးပြုလုပ်ပေးပါ။ ဒီလိုဓလေ့လေးတွေက မနက်ခင်းနိုးလာတဲ့အချိန်၊

အိပ်ခါနီးအချိန်တွေမှာ သင့်ကိုပဲသတိရစေပြီး နွေးထွေးမှုပိုရှိစေသလို တစ်ယောက်နဲ့တစ်ယောက် ပိုနီးကပ်သလို ခံစားရစေပါလိမ့်မယ်။

၃။ အဝေးရောက် date လုပ်ပါ

တချိန်ထဲမှာ ဇာတ်ကားအတူတူကြည့်နေတာတွေ၊ တူညီတဲ့မုန့်အတူတူစားနေတာတွေ၊ ကိုယ်ရောက်နေတဲ့နောက်ခံနဲ့အတူ video call ပြောတာတွေ၊

အွန်လိုင်းဂိမ်းအတူတူဆော့တာတွေက တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်မှု ပိုရှိစေပါတယ်။

ဒါကြောင့်ဘယ်လောက်ဝေးနေပါစေ တစ်ယောက်ရဲ့အတွေ့အကြုံနဲ့ အခြေအနေတွေ၊ အနားယူချိန်လေးတွေကို မျှဝေဖို့စိတ်ကူးသင့်ပါတယ်။

၄။ ယုံကြည်ရတဲ့သူတွေနဲ့ မိတ်ဆက်ပေးပါ

တစ်ယောက်ကိုတစ်ယောက် ပွင့်လင်းစွာပြောဆိုဆက်ဆံတတ်ခြင်းဟာလည်း သံသယတွေကင်းစေပါတယ်။

ဒါ့အပြင်သူကအဝေးရောက်နေတဲ့အတွက် အခြားသံသယတွေ၊ မယုံကြည်မှုတွေ ကင်းဝေးစေဖို့

သင့်ရဲ့အခင်မင်ရဆုံးနဲ့ အယုံကြည်ရဆုံး သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ မိတ်ဆက်ပေးပြီး ခင်မင်ရင်းနှီးပါစေ။

ယခုလိုပြုလုပ်ပေးခြင်းဟာ မလိုအပ်တဲ့သံသယတွေကို တစိတ်တပိုင်းလျော့နည်းစေနိုင်ပါတယ်။

၅။ အခိုက်အတံ့လေးတွေကို မျှဝေပါ

သင့်အိမ်က အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ ကစားနေတာတွေ၊ အဝတ်အစားအသစ်စမ်းဝတ်ကြည့်တဲ့ အချိန်တွေ၊

အလှဆုံးပြင်ထားပြီးတဲ့အချိန်လေးတွေကို short video, photo ပြုလုပ်ပြီး သူ့ကိုမျှဝေပေးပါ။ ပြီးလျှင် သူဆီကအကြံပြုချက်ကိုလည်း တောင်းခံနိုင်ပါတယ်။

ဒီလိုအရာတွေက သေးငယ်တယ်ထင်ရပေမယ့် ကိုယ့်ရဲ့ရှင်သန်မှုအခိုက်အတံ့လေးတွေကို သူသိနေခြင်းဟာ

နှလုံးသားကိုအနွေးဓါတ်ပေးနိုင်ပါလိမ့်မယ်။ ဒီလိုအရာတွေကို သူသိစေဖို့ လက်မလွတ်ပါစေနဲ့။

၆။ သင့်ချစ်သူနဲ့ပတ်သတ်တဲ့ အစိတ်အပိုင်းတစ်ခုခုကို ထိန်းသိမ်းထားပါ

သင့်ချစ်သူအနှစ်သက်ဆုံး စောင်ကိုခြုံပြီးအိပ်တာတွေ၊ သူအကြိုက်ဆုံးသီချင်းကို မနက်ခင်းဖွင့်ပြီး နားထောင်တာတွေ၊

စတဲ့သူနဲ့ပတ်သတ်တဲ့ အရာလေးတွေကို မကြာခဏပြုလုပ်ပေးခြင်းက သင့်ရဲ့လက်တွဲဖော်ဟာ သင်နဲ့အနီးဆုံးမှာ ရှိနေသလိုခံစားရပါလိမ့်မယ်။

၇။ တစ်ယောက်နဲ့တစ်ယောက် ရိုးသားမှုရှိိပါစေ

သင့်ရဲ့စိုးရွံ့မှုတွေ၊ မလုံခြုံမှုတွေ၊ သဝန်တိုစိတ်တွေ၊ စတဲ့ခံစားချက်တွေကိာ ဘာတွေပဲဖြစ်နေပါစေ ဖွင့်ဟပြောဖို့မမေ့ပါနဲ့။

တကယ်လို့တစ်ခုခုကို ဖုံးကွယ်ဖို့သင်ကြိုးစားတဲ့အခါ ဒီလှို့ဝှက်ချက်တွေက သင့်ကိုအနှေးနဲ့အမြန်ဆိုသလို ၀ါးမြိုတတ်ပါတယ်။

ဒီလိုပြဿနာတွေနဲ့ ခံစားချက်တွေကို သင်တစ်ယောက်တည်း ဖြေရှင်းဖို့မကြိုးစားသင့်ပါဘူး။ တစ်ယောက်ကိုတစ်ယောက် ပွင့်လင်းမှုနဲ့ ရိုးသားမှုရှိပါစေ။

သင့်ချစ်သူကိုလည်း သင့်အတွက်စိုးရိမ်ပူပန်ခွင့်၊ သဝန်တိုခွင့်၊အားပေးခွင့်နဲ့ အကူအညီပေးခွင့်တွေ ပေးသင့်ပါတယ်။

၈။ ကိုယ့်ရဲ့ personal space ကိုမျှဝေပေးပါ

personal space ဟာကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်တာကြောင့် အခြားသူကိုစွက်ဖက်ခွင့် မပြုသင့်သော်လည်း

အဝေးရောက်နေတဲ့ ချစ်သူတွေအတွက်ကတော့ မျှဝေပေးခြင်းကြောင့် ပိုပြီး အကျိုးရှိစေမှာပါ။

သူကကိုယ်နဲ့အဝေးကြီးမှာရှိနေတဲ့အတွက် သင့်ရဲ့တချို့ကိစ္စတွေ၊ ခရီးတွေ၊ ရောက်ရှိနေတဲ့နေရာတွေကို သူ့ဆီသတင်းပို့ပေးပါ။

သူ့ဖက်က တားမြစ်ခြင်းတွေကိုလည်း အကောင်းဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင် အပြုသဘောဆန်ဆန် ဖြေရှင်းချက်၊ နဲ့အာမခံမှုတွေ ပေးနိုင်ပါတယ်။

တကယ်လို့ အထင်လွဲစရာတစ်ခုခု ကြုံခဲ့ရင်တောင်မှ သင်ကအရင်ဆုံးအသိပေးပြီး ဖြစ်တဲ့အတွက် ပြဿနာတွေက သိပ်ပြီးကြီးထွားမှာ မဟုတ်တော့ပါဘူး။

၉။ သဝန်တိုမှုတွေကို ခွဲခြမ်းစိတ်ဖြာပါ

သင့်ရဲ့လက်တွဲဖော်ဟာ သင့်အတွက်ယုံကြည်စိတ်ချရတဲ့အတွက် သင်ကိုယ်တိုင်ရွေးချယ်ထားတာဖြစ်ပါတယ်။

သဝန်တိုမှုဟာ အခြေအနေအလိုက် ပေါ်ပေါက်လာတတ်ပေမယ့် ဒါဟာခံစားချက်သက်သက်ဖြစ်ပြီး လက်တွေ့မဟုတ်သေးကြောင်း သတိရနေပါစေ။

ဒီလိုသဝန်တိုမှုတွေကနေ လက်တွေ့ဆိုးဝါးတဲ့အကျိုးဆက်တွေ မဖြစ်ခင်မှာပဲ

သူ့အပေါ်ဘာကြောင့်ယုံကြည်မှုပျောက်ဆုံးနေရလဲ ဆိုတဲ့အရာကို အသေအချာစဉ်းစားသုံးသပ်ပါ။

တစ်ခါတစ်လေမှာ ကိုယ်ထင်ထားတာတွေနဲ့ လုံးဝလွဲချော်တတ်တာကြောင့် အရင်ဆုံးသင့်ကိုယ်သင်ယုံကြည်မှုရှိအောင် ကြိုးစားသင့်ပါတယ်။

LM_Naung_Naung

Lifestyle_Myanmar

Zawgyi Version

ေဝးကြာေနတဲ့ ခ်စ္သူေတြအတြက္ အလုပ္သင့္ဆုံးအရာ(၉)ခ်က္…

တစ္ဦးနဲ႔တစ္ဦး မိုင္ေတြဘယ္ေလာက္ေဝးေဝး ႏွလုံးသားခ်င္းနီးဖို႔ အေရးႀကီးတယ္ဆိုတာ အေျပာလြယ္သေလာက္ အလုပ္ခက္တဲ့အရာတစ္ခုပါ။

ကိုယ့္ရဲ႕ေဘးပတ္ဝန္းက်င္ကလည္း ယခုလိုေဝးေနတာကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ အားေပးႏွစ္သိမ့္တာေတြ၊

သံသယေတြဝင္ေအာင္ ျပဳလုပ္တာေတြ နဲ႔ ကဲ့ရဲ႕တာေတြလည္း ျပဳလုပ္ႏိုင္ပါတယ္။

ဒါေပမယ့္ အေရးအႀကီးဆုံးအရာက တစ္ေယာက္ကိုတစ္ေယာက္ ယုံၾကည္ျခင္းျဖစ္ၿပီး

ႏွစ္ေယာက္စလုံးဟာလည္း အၿမဲတမ္းေသြးေအးမေနေစဖို႔ ႀကိဳးစားေနသင့္ပါတယ္။

လူတိုင္းဟာ အခ်စ္ေရးနဲ႔ပတ္သတ္လာရင္ ေမွ်ာ္လင့္ခ်က္တစ္ခုေတာ့ အနည္းဆုံး႐ွိတတ္ၾကတာေၾကာင့္ ….

အဆိုပါ ေမွ်ာ္လင္ခ်က္ေလးကို အေရာင္မွိန္မသြားရေအာင္ ကိုယ္တိုင္ႀကိဳးစားျခင္းျဖင့္ ဆႏၵေတြျပည့္ဝမယ့္ ေန႔ရက္ကိုေရာက္႐ွိလာမွာ မလႊဲမေသြပါပဲ။

ဒါေၾကာင့္ ေဝးကြာေနၾကတဲ့ LDRS ခ်စ္သူေတြအတြက္ အၾကံေပးခ်က္အခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ သင့္ရဲ႕ကိုယ္ပိုင္အရာေတြကိုလုပ္ပါ

သင့္ရဲ႕ခ်စ္သူက သင့္ေဘးနားမွာ႐ွိမေနတဲ့အတြက္ ဘာမွမလုပ္ခ်င္မကိုင္ခ်င္ေလာက္ေအာင္ လြမ္းေဆြးမေနပါနဲ႔။

ယခုအခ်ိန္ဟာ သင့္ရဲ႕ ၀ါသနာ၊ စိတ္ဝင္စားမႈ၊ စီမံကိန္းေတြနဲ႔ အျခားသူငယ္ခ်င္း မိသားစု relationship ေတြကို ပိုမိုတိုးတက္ေအာင္ လုပ္ေဆာင္ရမယ့္ အခ်ိန္ျဖစ္ပါတယ္။

က်န္းမာေရးနဲ႔အလွအပအတြက္ အလွဆုံးျဖစ္ေအာင္ေနပါ။ ကိုယ္ကာယေလ့က်င့္ခန္းလုပ္ပါ။

ပန္းခ်ီနဲ႔ အျခားအႏုပညာတစ္ခုခုဝါသနာပါခဲ့ရင္လည္း ပိုမိုေလ့လာဖန္တီးပါ။

ဒီလိုအရာေတြကို ျပဳလုပ္ေနျခင္းက သင္တို႔ႏွစ္ဦးလုံးအတြက္ အက်ိဳးေက်းဇူးေတြကို ရ႐ွိေစၿပီး သင့္ကိုပိုမိုတန္ဖိုးထားေစပါတယ္။

၂။ အေလ့အထေတြျပဳလုပ္ေပးပါ

မနက္ခင္းအိပ္ရာထတဲ့အခါ ခ်စ္သူဆီကို Good morning ညဖက္အိပ္ရာဝင္တဲ့အခါတိုင္း Good night စတဲ့မက္ေဆ့ေလးေတြ

ဖုန္းေခၚဆိုမႈေလးေတြကို မပ်က္မကြက္နဲ႔ ပုံမွန္ေလးျပဳလုပ္ေပးပါ။ ဒီလိုဓေလ့ေလးေတြက မနက္ခင္းႏိုးလာတဲ့အခ်ိန္၊

အိပ္ခါနီးအခ်ိန္ေတြမွာ သင့္ကိုပဲသတိရေစၿပီး ေႏြးေထြးမႈပို႐ွိေစသလို တစ္ေယာက္နဲ႔တစ္ေယာက္ ပိုနီးကပ္သလို ခံစားရေစပါလိမ့္မယ္။

၃။ အေဝးေရာက္ date လုပ္ပါ

တခ်ိန္ထဲမွာ ဇာတ္ကားအတူတူၾကည့္ေနတာေတြ၊ တူညီတဲ့မုန္႔အတူတူစားေနတာေတြ၊ ကိုယ္ေရာက္ေနတဲ့ေနာက္ခံနဲ႔အတူ video call ေျပာတာေတြ၊

အြန္လိုင္းဂိမ္းအတူတူေဆာ့တာေတြက တစ္ေယာက္ကိုတစ္ေယာက္ ဆက္သြယ္မႈ ပို႐ွိေစပါတယ္။

ဒါေၾကာင့္ဘယ္ေလာက္ေဝးေနပါေစ တစ္ေယာက္ရဲ႕အေတြ႕အၾကဳံနဲ႔ အေျခအေနေတြ၊ အနားယူခ်ိန္ေလးေတြကို မွ်ေဝဖို႔စိတ္ကူးသင့္ပါတယ္။

၄။ ယုံၾကည္ရတဲ့သူေတြနဲ႔ မိတ္ဆက္ေပးပါ

တစ္ေယာက္ကိုတစ္ေယာက္ ပြင့္လင္းစြာေျပာဆိုဆက္ဆံတတ္ျခင္းဟာလည္း သံသယေတြကင္းေစပါတယ္။

ဒါ့အျပင္သူကအေဝးေရာက္ေနတဲ့အတြက္ အျခားသံသယေတြ၊ မယုံၾကည္မႈေတြ ကင္းေဝးေစဖို႔

သင့္ရဲ႕အခင္မင္ရဆုံးနဲ႔ အယုံၾကည္ရဆုံး သူငယ္ခ်င္း၊ မိသားစုဝင္ေတြနဲ႔ မိတ္ဆက္ေပးၿပီး ခင္မင္ရင္းႏွီးပါေစ။

ယခုလိုျပဳလုပ္ေပးျခင္းဟာ မလိုအပ္တဲ့သံသယေတြကို တစိတ္တပိုင္းေလ်ာ့နည္းေစႏိုင္ပါတယ္။

၅။ အခိုက္အတံ့ေလးေတြကို မွ်ေဝပါ

သင့္အိမ္က အိမ္ေမြးတိရိစၧာန္ေလးေတြနဲ႔ ကစားေနတာေတြ၊ အဝတ္အစားအသစ္စမ္းဝတ္ၾကည့္တဲ့ အခ်ိန္ေတြ၊

အလွဆုံးျပင္ထားၿပီးတဲ့အခ်ိန္ေလးေတြကို short video, photo ျပဳလုပ္ၿပီး သူ႕ကိုမွ်ေဝေပးပါ။ ၿပီးလွ်င္ သူဆီကအၾကံျပဳခ်က္ကိုလည္း ေတာင္းခံႏိုင္ပါတယ္။

ဒီလိုအရာေတြက ေသးငယ္တယ္ထင္ရေပမယ့္ ကိုယ့္ရဲ႕႐ွင္သန္မႈအခိုက္အတံ့ေလးေတြကို သူသိေနျခင္းဟာ

ႏွလုံးသားကိုအေႏြးဓါတ္ေပးႏိုင္ပါလိမ့္မယ္။ ဒီလိုအရာေတြကို သူသိေစဖို႔ လက္မလြတ္ပါေစနဲ႔။

၆။ သင့္ခ်စ္သူနဲ႔ပတ္သတ္တဲ့ အစိတ္အပိုင္းတစ္ခုခုကို ထိန္းသိမ္းထားပါ

သင့္ခ်စ္သူအႏွစ္သက္ဆုံး ေစာင္ကိုျခဳံၿပီးအိပ္တာေတြ၊ သူအႀကိဳက္ဆုံးသီခ်င္းကို မနက္ခင္းဖြင့္ၿပီး နားေထာင္တာေတြ၊

စတဲ့သူနဲ႔ပတ္သတ္တဲ့ အရာေလးေတြကို မၾကာခဏျပဳလုပ္ေပးျခင္းက သင့္ရဲ႕လက္တြဲေဖာ္ဟာ သင္နဲ႔အနီးဆုံးမွာ ႐ွိေနသလိုခံစားရပါလိမ့္မယ္။

၇။ တစ္ေယာက္နဲ႔တစ္ေယာက္ ႐ိုးသားမႈ႐ွိိပါေစ

သင့္ရဲ႕စိုး႐ြံ႕မႈေတြ၊ မလုံျခဳံမႈေတြ၊ သဝန္တိုစိတ္ေတြ၊ စတဲ့ခံစားခ်က္ေတြကိာ ဘာေတြပဲျဖစ္ေနပါေစ ဖြင့္ဟေျပာဖို႔မေမ့ပါနဲ႔။

တကယ္လို႔တစ္ခုခုကို ဖုံးကြယ္ဖို႔သင္ႀကိဳးစားတဲ့အခါ ဒီလိႈ႕ဝွက္ခ်က္ေတြက သင့္ကိုအေႏွးနဲ႔အျမန္ဆိုသလို ၀ါးၿမိဳတတ္ပါတယ္။

ဒီလိုျပႆနာေတြနဲ႔ ခံစားခ်က္ေတြကို သင္တစ္ေယာက္တည္း ေျဖ႐ွင္းဖို႔မႀကိဳးစားသင့္ပါဘူး။ တစ္ေယာက္ကိုတစ္ေယာက္ ပြင့္လင္းမႈနဲ႔ ႐ိုးသားမႈ႐ွိပါေစ။

သင့္ခ်စ္သူကိုလည္း သင့္အတြက္စိုးရိမ္ပူပန္ခြင့္၊ သဝန္တိုခြင့္၊အားေပးခြင့္နဲ႔ အကူအညီေပးခြင့္ေတြ ေပးသင့္ပါတယ္။

၈။ ကိုယ့္ရဲ႕ personal space ကိုမွ်ေဝေပးပါ

personal space ဟာကိုယ္ပိုင္လြတ္လပ္ခြင့္ျဖစ္တာေၾကာင့္ အျခားသူကိုစြက္ဖက္ခြင့္ မျပဳသင့္ေသာ္လည္း

အေဝးေရာက္ေနတဲ့ ခ်စ္သူေတြအတြက္ကေတာ့ မွ်ေဝေပးျခင္းေၾကာင့္ ပိုၿပီး အက်ိဳး႐ွိေစမွာပါ။

သူကကိုယ္နဲ႔အေဝးႀကီးမွာ႐ွိေနတဲ့အတြက္ သင့္ရဲ႕တခ်ိဳ႕ကိစၥေတြ၊ ခရီးေတြ၊ ေရာက္႐ွိေနတဲ့ေနရာေတြကို သူ႕ဆီသတင္းပို႔ေပးပါ။

သူ႕ဖက္က တားျမစ္ျခင္းေတြကိုလည္း အေကာင္းဆုံးနဲ႔ အဆင္ေျပဆုံးျဖစ္ေအာင္ အျပဳသေဘာဆန္ဆန္ ေျဖ႐ွင္းခ်က္၊ နဲ႔အာမခံမႈေတြ ေပးႏိုင္ပါတယ္။

တကယ္လို႔ အထင္လြဲစရာတစ္ခုခု ၾကဳံခဲ့ရင္ေတာင္မွ သင္ကအရင္ဆုံးအသိေပးၿပီး ျဖစ္တဲ့အတြက္ ျပႆနာေတြက သိပ္ၿပီးႀကီးထြားမွာ မဟုတ္ေတာ့ပါဘူး။

၉။ သဝန္တိုမႈေတြကို ခြဲျခမ္းစိတ္ျဖာပါ

သင့္ရဲ႕လက္တြဲေဖာ္ဟာ သင့္အတြက္ယုံၾကည္စိတ္ခ်ရတဲ့အတြက္ သင္ကိုယ္တိုင္ေ႐ြးခ်ယ္ထားတာျဖစ္ပါတယ္။

သဝန္တိုမႈဟာ အေျခအေနအလိုက္ ေပၚေပါက္လာတတ္ေပမယ့္ ဒါဟာခံစားခ်က္သက္သက္ျဖစ္ၿပီး လက္ေတြ႕မဟုတ္ေသးေၾကာင္း သတိရေနပါေစ။

ဒီလိုသဝန္တိုမႈေတြကေန လက္ေတြ႕ဆိုးဝါးတဲ့အက်ိဳးဆက္ေတြ မျဖစ္ခင္မွာပဲ

သူ႕အေပၚဘာေၾကာင့္ယုံၾကည္မႈေပ်ာက္ဆုံးေနရလဲ ဆိုတဲ့အရာကို အေသအခ်ာစဥ္းစားသုံးသပ္ပါ။

တစ္ခါတစ္ေလမွာ ကိုယ္ထင္ထားတာေတြနဲ႔ လုံးဝလြဲေခ်ာ္တတ္တာေၾကာင့္ အရင္ဆုံးသင့္ကိုယ္သင္ယုံၾကည္မႈ႐ွိေအာင္ ႀကိဳးစားသင့္ပါတယ္။

LM_Naung_Naung

Lifestyle_Myanmar