Love

မိန်းကလေးတိုင်း အချစ်ခံ ချင်ကြတဲ့ (ရာဂတဏှာမပါသော) အချစ်

မိန်းကလေးတိုင်း အချစ်ခံ ချင်ကြတဲ့ (ရာဂတဏှာမပါသော) အချစ်

တဏှာလား…အချစ်လား…

သူငါ့ကို ဘာလို့ချစ်တာ လဲလို့ တစ်ခါတစ်လေမှာ စဉ်းစားဖူး ပါလိမ့်မယ် ။

ဘာကြောင့် ချစ်တယ် ဆိုတာကိုလည်း ကိုယ့်ချစ်သူ ကိုလည်း မကြာခဏ မေးလေ့ ရှိကြ ပါလိမ့်မယ် ။

ရုပ်ချောလို့ ချစ်တာလား ၊ ချစ်စရာကောင်းလို့ ချစ်တာလား ၊ ပိုက်ဆံရှိလို့ ချစ်တာလား ၊ ဂုဏ်ရှိလို့ ချစ်တာလား ၊

ကိုယ်လုံးလှလို့ ၊မိုက်လို့ ချစ်တာလား ၊ စကားပြောကောင်းလို့ ချစ်တာလား ၊

အနေအေးလို့ ချစ်တာလား ၊ ယဉ်ကျေးလို့ ချစ်တာလား စသဖြင့်ပေါ့ ။

ဒီနေရာမှာ တဏှာနဲ့ ချစ်တာလား ၊ အချစ်နဲ့ ချစ်တာလား ဆိုတာကို ပြောချင် ပါတယ်။

တဏှာဆိုတာ Sex ကိစ္စ တစ်ခုတည်းကို မဆိုလို ပါဘူး ။

တဏှာ ဆိုတာကို တပ်မက်ခြင်း လို့ပဲ အဓိပ္ပါယ် ဖွင့်ဆိုပါရစေ ။

မိမိဆီက တစ်စုံတစ်ရာကို တပ်မက်ပြီး ချစ်တာဟာ တဏှာကို ဦးစားပေးပြီး ချစ်တာ ပါပဲ ။

အဲ့ဒိတပ်မက်တဲ့ အရာတစ်ခုခု မရှိတော့ရင် အဲ့အချစ် ကလည်း ပျောက်ကွယ် သွားပါပြီ ။

သို့သော်လည်း တကယ့် အချစ်စစ် မှာတော့ ဘာလို့ ချစ်တာလဲ ဆိုတဲ့ မေးခွန်းအတွက် တိကျတဲ့ အဖြေမရှိပါဘူး ။

ကိုယ်တိုင်စိတ် ထဲက အမှန်တကယ် ချစ်နေလို့သာ သူနဲ့ပတ်သတ် သမျှက လှပနေတာပါ ။

အပြုအမူတိုင်းက သဘောကျစရာ ၊ချစ်စရာ ဖြစ်နေတာပါ ။

ယောကျာ်းလေးတော်တော်များများ ချောမောလှပတဲ့ မိန်းကလေးတွေကို သဘောကျ တတ်ကြ ပါတယ် ။

သို့သော် စိတ်နှလုံးပိုလှတဲ့ သူကိုသာ ရွေးချယ်ကြတာပါ။

စိတ်လှတဲ့အလှက အပေါ်ယံရုပ်အလှကို ဖုံးသွားပါတယ် ။

ဒါကတော့ ကြားဖြတ်ပြော တာပါ ။

အပေါ်ယံ အလှထက် စိတ်အလှက ပိုပေါ်လွင်ပြီး ပိုကြာရှည်ခံတာကို ပြောချင် တာပါ ။

တဏှာကို အခြေခံတဲ့ ချစ်တဲ့ အချစ်က မီးတောက်နဲ့ တူပါတယ် ။

မြန်မြန်လောင်ကျွမ်းပြီး မြန်မြန်သေဆုံးသွား တတ်ပါ တယ် ။

တဏှာကို အခြေခံပြီး ဆောက်တည် ထားတဲ့ အချစ်ကတော့ အနှေးနဲ့အမြန် ပြိုကွဲတတ်ကြတာ ချည်းပါပဲ ။

ဥပမာ ခန္ဓာကိုယ်ကို လိုချင်လို့ ချစ်တဲ့သူ အတွက် သူလိုချင်တဲ့ ခန္ဓာ ရပြီးသွားရင် ပြီးပါပြီ ။

မျှော်လင့်စရာ မရှိတော့ပါဘူး ။ ငွေကို လိုချင်လို့ ချစ်တဲ့သူ အတွက် ငွေမရှိတဲ့အချိန် အချစ်လည်း မရှိတော့ပါဘူး ။

အချစ်လို့သာ ပြောနေတာပါ ။ အဲ့ဒါကလည်း အချစ်အတု အယောင် တွေပါပဲ ။

ဘာကိုမှ မတပ်မက်ဘဲ အရိုးရှင်းဆုံး အချစ်နဲ့ ချစ်တဲ့အချစ်ကတော့ အချိန်အကြာကြီးအထိ ရှင်သန်နေမှာပါ ။

ဂုဏ်၊ငွေ ၊ လှပမှုတွေ မရှိတော့လည်း အချစ်က ပျက်စီးသွားမှာမဟုတ်ပါဘူး ။ ခံနိုင်ရည်အားကောင်းတဲ့ အချစ်မျိုးပါပဲ ။

ဒီလိုအချစ်မျိုးကို ပိုင်ဆိုင်ထားရတဲ့သူဆိုရင်တော့ လုံးဝလက်လွှတ်မခံသင့်ပါဘူး ။

တဏှာမပါတဲ့ အချစ်ဆိုတာ မရှိဘူးလို့ ပြန်ပြောစရာ ရှိပါလိမ့်မယ် ။ ဟုတ်ပါတယ် ။

ကိုယ့်ချစ်သူကို အစ်မလို ၊ ညီမလို ၊ အစ်ကိုလို ၊ မောင်လို ၊ သူငယ်ချင်းလိုတော့ ဘယ်သူမှ မချစ်ကြပါဘူး။

အနည်းငယ်တော့ ရှိကြတာပါပဲ ။ ကွာသွားတာက တဏှာကို အရင်းခံ တာလား ၊ မေတ္တာကို အရင်းခံတာလား ဆိုတာပါပဲ ။

Credit – CHAN

Zawgyi Version

မိန္းကေလးတိုင္း အခ်စ္ခံခ်င္ၾကတဲ့ (ရာဂတဏွာမပါေသာ) အခ်စ္

တဏွာလား…အခ်စ္လား…

သူငါ့ကို ဘာလို႔ခ်စ္တာ လဲလို႔ တစ္ခါတစ္ေလမွာ စဥ္းစားဖူး ပါလိမ့္မယ္ ။

ဘာေၾကာင့္ ခ်စ္တယ္ ဆိုတာကိုလည္း ကိုယ့္ခ်စ္သူ ကိုလည္း မၾကာခဏ ေမးေလ့ ႐ွိၾက ပါလိမ့္မယ္ ။

႐ုပ္ေခ်ာလို႔ ခ်စ္တာလား ၊ ခ်စ္စရာေကာင္းလို႔ ခ်စ္တာလား ၊ ပိုက္ဆံ႐ွိလို႔ ခ်စ္တာလား ၊ ဂုဏ္႐ွိလို႔ ခ်စ္တာလား ၊

ကိုယ္လုံးလွလို႔ ၊မိုက္လို႔ ခ်စ္တာလား ၊ စကားေျပာေကာင္းလို႔ ခ်စ္တာလား ၊

အေနေအးလို႔ ခ်စ္တာလား ၊ ယဥ္ေက်းလို႔ ခ်စ္တာလား စသျဖင့္ေပါ့ ။

ဒီေနရာမွာ တဏွာနဲ႔ ခ်စ္တာလား ၊ အခ်စ္နဲ႔ ခ်စ္တာလား ဆိုတာကို ေျပာခ်င္ ပါတယ္။

တဏွာဆိုတာ Sex ကိစၥ တစ္ခုတည္းကို မဆိုလို ပါဘူး ။

တဏွာ ဆိုတာကို တပ္မက္ျခင္း လို႔ပဲ အဓိပၸါယ္ ဖြင့္ဆိုပါရေစ ။

မိမိဆီက တစ္စုံတစ္ရာကို တပ္မက္ၿပီး ခ်စ္တာဟာ တဏွာကို ဦးစားေပးၿပီး ခ်စ္တာ ပါပဲ ။

အဲ့ဒိတပ္မက္တဲ့ အရာတစ္ခုခု မ႐ွိေတာ့ရင္ အဲ့အခ်စ္ ကလည္း ေပ်ာက္ကြယ္ သြားပါၿပီ ။

သို႔ေသာ္လည္း တကယ့္ အခ်စ္စစ္ မွာေတာ့ ဘာလို႔ ခ်စ္တာလဲ ဆိုတဲ့ ေမးခြန္းအတြက္ တိက်တဲ့ အေျဖမ႐ွိပါဘူး ။

ကိုယ္တိုင္စိတ္ ထဲက အမွန္တကယ္ ခ်စ္ေနလို႔သာ သူနဲ႔ပတ္သတ္ သမွ်က လွပေနတာပါ ။

အျပဳအမူတိုင္းက သေဘာက်စရာ ၊ခ်စ္စရာ ျဖစ္ေနတာပါ ။

ေယာက်ာ္းေလးေတာ္ေတာ္မ်ားမ်ား ေခ်ာေမာလွပတဲ့ မိန္းကေလးေတြကို သေဘာက် တတ္ၾက ပါတယ္ ။

သို႔ေသာ္ စိတ္ႏွလုံးပိုလွတဲ့ သူကိုသာ ေ႐ြးခ်ယ္ၾကတာပါ။

စိတ္လွတဲ့အလွက အေပၚယံ႐ုပ္အလွကို ဖုံးသြားပါတယ္ ။

ဒါကေတာ့ ၾကားျဖတ္ေျပာ တာပါ ။

အေပၚယံ အလွထက္ စိတ္အလွက ပိုေပၚလြင္ၿပီး ပိုၾကာ႐ွည္ခံတာကို ေျပာခ်င္ တာပါ ။

တဏွာကို အေျခခံတဲ့ ခ်စ္တဲ့ အခ်စ္က မီးေတာက္နဲ႔ တူပါတယ္ ။

ျမန္ျမန္ေလာင္ကြၽမ္းၿပီး ျမန္ျမန္ေသဆုံးသြား တတ္ပါ တယ္ ။

တဏွာကို အေျခခံၿပီး ေဆာက္တည္ ထားတဲ့ အခ်စ္ကေတာ့ အေႏွးနဲ႔အျမန္ ၿပိဳကြဲတတ္ၾကတာ ခ်ည္းပါပဲ ။

ဥပမာ ခႏၶာကိုယ္ကို လိုခ်င္လို႔ ခ်စ္တဲ့သူ အတြက္ သူလိုခ်င္တဲ့ ခႏၶာ ရၿပီးသြားရင္ ၿပီးပါၿပီ ။

ေမွ်ာ္လင့္စရာ မ႐ွိေတာ့ပါဘူး ။ ေငြကို လိုခ်င္လို႔ ခ်စ္တဲ့သူ အတြက္ ေငြမ႐ွိတဲ့အခ်ိန္ အခ်စ္လည္း မ႐ွိေတာ့ပါဘူး ။

အခ်စ္လို႔သာ ေျပာေနတာပါ ။ အဲ့ဒါကလည္း အခ်စ္အတု အေယာင္ ေတြပါပဲ ။

ဘာကိုမွ မတပ္မက္ဘဲ အ႐ိုး႐ွင္းဆုံး အခ်စ္နဲ႔ ခ်စ္တဲ့အခ်စ္ကေတာ့ အခ်ိန္အၾကာႀကီးအထိ ႐ွင္သန္ေနမွာပါ ။

ဂုဏ္၊ေငြ ၊ လွပမႈေတြ မ႐ွိေတာ့လည္း အခ်စ္က ပ်က္စီးသြားမွာမဟုတ္ပါဘူး ။ ခံႏိုင္ရည္အားေကာင္းတဲ့ အခ်စ္မ်ိဳးပါပဲ ။

ဒီလိုအခ်စ္မ်ိဳးကို ပိုင္ဆိုင္ထားရတဲ့သူဆိုရင္ေတာ့ လုံးဝလက္လႊတ္မခံသင့္ပါဘူး ။

တဏွာမပါတဲ့ အခ်စ္ဆိုတာ မ႐ွိဘူးလို႔ ျပန္ေျပာစရာ ႐ွိပါလိမ့္မယ္ ။ ဟုတ္ပါတယ္ ။

ကိုယ့္ခ်စ္သူကို အစ္မလို ၊ ညီမလို ၊ အစ္ကိုလို ၊ ေမာင္လို ၊ သူငယ္ခ်င္းလိုေတာ့ ဘယ္သူမွ မခ်စ္ၾကပါဘူး။

အနည္းငယ္ေတာ့ ႐ွိၾကတာပါပဲ ။ ကြာသြားတာက တဏွာကို အရင္းခံ တာလား ၊ ေမတၱာကို အရင္းခံတာလား ဆိုတာပါပဲ ။

Credit – CHAN