ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းစေမယ့် ပေါင်းတင်နည်း…
သဘာဝအတိုင်း ဆံပင် ဖြောင့်စင်းစင်းလေးကို မကြိုက်တဲ့ မိန်းကလေး ဘယ်မှာရှိမှာလဲ၊
ဒါ့ကြောင့်လဲ အလှပြင်ဆိုင်တွေမှာ ဆံပင်ဖြောင့်တာ ခေတ်စားတာပေါ့နော်။
ဆံပင် ဖြောင့်ဖို့အတွက် ဓါတုပစ္စည်တွေ သုံးတာဟာ ဆံသားကို ပျက်ဆီးစေပါတယ်။
အဲ့ဒါကြောင့် သဘာဝနည်းလမ်း တစ်ခုကို မျှဝေ ပေးလိုက်ပါတယ်နော် ။
ပါဝင်ပစ္စည်း
ငှက်ပျောသီးမှည့် (၂) လုံး
ပျားရည် စားပွဲတင်ဇွန်း (၂) ဇွန်း
ဒိန်ချဉ် စားပွဲတင်ဇွန်း (၂) ဇွန်း
သံလွင်ဆီ စားပွဲတင်ဇွန်း (၂) ဇွန်း
ကြက်ဥအကာ (၁) လုံး
ပြင်ဆင်ခြင်း
ငှက်ပျောသီးကို အခွံနွှာပြီး ပြဲသွားအောင် ဖိလိုက်ပါ။ ကြိတ်လိုက်လို့လည်း ရပါတယ်။
ပြီးရင် ပျားရည် ဒိန်ချဉ်နဲ့ သံလွင်ဆီထည့်ပါ။
ပြီးရင် ကြက်ဥအကာ ထည့်ပါ။ သေချာ မွှေပေးပါ။ နှံ့သွားပြီဆိုရင် အသုံးပြုလို့ ရပါပြီ ။
ပြုလုပ်နည်း
ဆံပင်အဖျားကနေ အရင်းထိ သေချာလိမ်းပေးပြီး Shower Cap (သို့) သဘက် ဆောင်းပေးထားပါ။
ပြီးရင် ၁ နာရီလောက် ထားပါ။
အဲဒီနောက် ရေနွေးရယ် ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးရယ် သုံးပြီး ခေါင်းလျှော်ပေးပါ ။
တစ်ခါတည်း လုပ်တာနဲ့တော့ သိပ်သိသာမှာ မဟုတ်ပါဘူး။ တစ်ပတ်ကို ၂ ကြိမ် ၁ လပြည့်အောင် လုပ်ပေးပါ။
ဆံပင်တွေ ပျော့ပြောင်းပြီး ဖြောင့်စင်းလာမှာပဲ ဖြစ်ပါတယ် ။
နည်းလမ်း ၂
သံလွင်ဆီ စားပွဲတင်ဇွန်း (၂) ဇွန်း
Corn Flour ပြောင်းဖူးကော်မှုန့် စားပွဲတင်ဇွန်း (၃) ဇွန်း
အုန်းနို့ ၁ ခွက်
သံပုယိုသီး ၁ လုံး (သို့) သံပုရာသီး ၁ လုံး
ပြုလုပ်နည်း
သံပုယိုရည်နဲ့ ပြောင်းဖူးကော်မှုန့်ကို ရော လိုက်ပါ ။
ပြီးရင် အုန်းနို့နဲ့ သံလွင်ဆီကို ရောပါ။ ပြီးရင် စောစောက သံပုယိုရည်နဲ့ ပြောင်းဖူးကော်မှုန့် ထဲကို ထည့်လိုက်ပါ ။
ပြီးရင် အိုးတစ်လုံးထဲကိုထည့်ပြီး အပူချိန် အနေတော်နဲ့ ပျစ်ပျစ်လေး ဖြစ်တဲ့ထိ တည်ပါ။ ပျစ်သွားပြီဆိုရင် မီးဖိုပေါ်ကချပြီး အအေးခံလိုက်ပါ ။
ပြီးရင်တော့ ဆံဖျားကနေ အရင်းထိ သေချာ လိမ်းပေးပါ။
ပြီးရင် သဘက်ပူပူ (သို့) Shower Capဆောင်းပြီး ၂ နာရီလောက် ထားထားပါ။
ပြီးရင် ခေါင်းလျှော်ရည် ပေါင်းဆေးသုံးပြီး ခေါင်းလျှော်ချလိုက်ပါ ။ တစ်ပတ် ၂ ကြိမ်လုပ်ပါ။ ၁ လတိတိ ပြုလုပ်ပေးပါနော် ။ ။
Credit
Zawgyi Version
ဆံပင္ကို သဘာဝအတိုင္း ေျဖာင့္စင္းေစမယ့္ ေပါင္းတင္နည္း…
သဘာဝအတိုင္း ဆံပင္ ေျဖာင့္စင္းစင္းေလးကို မႀကိဳက္တဲ့ မိန္းကေလး ဘယ္မွာ႐ွိမွာလဲ၊
ဒါ့ေၾကာင့္လဲ အလွျပင္ဆိုင္ေတြမွာ ဆံပင္ေျဖာင့္တာ ေခတ္စားတာေပါ့ေနာ္။
ဆံပင္ ေျဖာင့္ဖို႔အတြက္ ဓါတုပစၥည္ေတြ သုံးတာဟာ ဆံသားကို ပ်က္ဆီးေစပါတယ္။
အဲ့ဒါေၾကာင့္ သဘာဝနည္းလမ္း တစ္ခုကို မွ်ေဝ ေပးလိုက္ပါတယ္ေနာ္ ။
ပါဝင္ပစၥည္း
ငွက္ေပ်ာသီးမွည့္ (၂) လုံး
ပ်ားရည္ စားပြဲတင္ဇြန္း (၂) ဇြန္း
ဒိန္ခ်ဥ္ စားပြဲတင္ဇြန္း (၂) ဇြန္း
သံလြင္ဆီ စားပြဲတင္ဇြန္း (၂) ဇြန္း
ၾကက္ဥအကာ (၁) လုံး
ျပင္ဆင္ျခင္း
ငွက္ေပ်ာသီးကို အခြံႏႊာၿပီး ၿပဲသြားေအာင္ ဖိလိုက္ပါ။ ႀကိတ္လိုက္လို႔လည္း ရပါတယ္။
ၿပီးရင္ ပ်ားရည္ ဒိန္ခ်ဥ္နဲ႔ သံလြင္ဆီထည့္ပါ။
ၿပီးရင္ ၾကက္ဥအကာ ထည့္ပါ။ ေသခ်ာ ေမႊေပးပါ။ ႏွံ႔သြားၿပီဆိုရင္ အသုံးျပဳလို႔ ရပါၿပီ ။
ျပဳလုပ္နည္း
ဆံပင္အဖ်ားကေန အရင္းထိ ေသခ်ာလိမ္းေပးၿပီး Shower Cap (သို႔) သဘက္ ေဆာင္းေပးထားပါ။
ၿပီးရင္ ၁ နာရီေလာက္ ထားပါ။
အဲဒီေနာက္ ေရေႏြးရယ္ ေခါင္းေလွ်ာ္ရည္နဲ႔ ေပါင္းေဆးရယ္ သုံးၿပီး ေခါင္းေလွ်ာ္ေပးပါ ။
တစ္ခါတည္း လုပ္တာနဲ႔ေတာ့ သိပ္သိသာမွာ မဟုတ္ပါဘူး။ တစ္ပတ္ကို ၂ ႀကိမ္ ၁ လျပည့္ေအာင္ လုပ္ေပးပါ။
ဆံပင္ေတြ ေပ်ာ့ေျပာင္းၿပီး ေျဖာင့္စင္းလာမွာပဲ ျဖစ္ပါတယ္ ။
နည္းလမ္း ၂
သံလြင္ဆီ စားပြဲတင္ဇြန္း (၂) ဇြန္း
Corn Flour ေျပာင္းဖူးေကာ္မႈန္႔ စားပြဲတင္ဇြန္း (၃) ဇြန္း
အုန္းႏို႔ ၁ ခြက္
သံပုယိုသီး ၁ လုံး (သို႔) သံပုရာသီး ၁ လုံး
ျပဳလုပ္နည္း
သံပုယိုရည္နဲ႔ ေျပာင္းဖူးေကာ္မႈန္႔ကို ေရာ လိုက္ပါ ။
ၿပီးရင္ အုန္းႏို႔နဲ႔ သံလြင္ဆီကို ေရာပါ။ ၿပီးရင္ ေစာေစာက သံပုယိုရည္နဲ႔ ေျပာင္းဖူးေကာ္မႈန္႔ ထဲကို ထည့္လိုက္ပါ ။
ၿပီးရင္ အိုးတစ္လုံးထဲကိုထည့္ၿပီး အပူခ်ိန္ အေနေတာ္နဲ႔ ပ်စ္ပ်စ္ေလး ျဖစ္တဲ့ထိ တည္ပါ။ ပ်စ္သြားၿပီဆိုရင္ မီးဖိုေပၚကခ်ၿပီး အေအးခံလိုက္ပါ ။
ၿပီးရင္ေတာ့ ဆံဖ်ားကေန အရင္းထိ ေသခ်ာ လိမ္းေပးပါ။
ၿပီးရင္ သဘက္ပူပူ (သို႔) Shower Capေဆာင္းၿပီး ၂ နာရီေလာက္ ထားထားပါ။
ၿပီးရင္ ေခါင္းေလွ်ာ္ရည္ ေပါင္းေဆးသုံးၿပီး ေခါင္းေလွ်ာ္ခ်လိုက္ပါ ။ တစ္ပတ္ ၂ ႀကိမ္လုပ္ပါ။ ၁ လတိတိ ျပဳလုပ္ေပးပါေနာ္ ။ ။
Credit