Lifestyle

မိန်းကလေးတွေက စိတ်ညစ်လာတိုင်း ဘာလို့ဆံပင်ညှပ်တတ်ကြတာလဲ

မိန်းကလေးတွေက စိတ်ညစ်လာတိုင်း ဘာလို့ဆံပင်ညှပ်တတ်ကြတာလဲ

မိန်းကလေးတွေက စိတ်ညစ်လာတိုင်း ဘာလို့ဆံပင်ညှပ်တတ်ကြတာလဲ

မိန်းကလေးတွေ အသည်းကွဲလို့ပဲ ဖြစ်ဖြစ်၊ ကျရှုံးမှု တစ်ခုခု စိတ်ညစ်စရာ

တစ်ခုခုနဲ့ ကြုံတွေ့လာရတဲ့အခါမှာ သူတို့ကို သူတို့ပြောင်းလဲဖို့ ကြိုးစားလာတတ်ကြပါတယ်။

အရင်ဆုံး သူတို့ကို သူတို့ ရုပ်ရည်သွင်ပြင်ကနေပြီးတော့ ပြောင်းလဲလိုက်ပြီး

ဒီလိုပြောင်းလဲမှုက စိတ်ဓာတ်ပိုင်းကိုပါ ထိရောက်မှု ရှိတဲ့အတွက်ကြောင့်ပါ။

များသောအားဖြင့် မ်ိန်းကလေးတွေဟာ စိတ်ညစ်စရာကြုံလာခဲ့ရင် ဆံပင်ညှပ်တတ်ကြပါတယ်။

ဆံပင်ညှပ်တာက သူတို့ကို ဘာတွေပြောင်းလဲသွားစေနိုင်လို့လဲ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ ပုံစံပေါ်လို့

ဆံပင်တိုလေး ညှပ်လိုက်တာဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာစေတဲ့ အတွက်ကြောင့်ပါ။

ကိုယ့်ရဲ့ဆံပင်ပုံစံပြောင်းလဲသွားသလိုပဲ ကိုယ့်ရဲ့ စိတ်တွေဟာလည်း ပြန်လည် အသစ်ဖြစ်လာစေပါတယ်။

လူတစ်ယောက်ရဲ့ စိတ်ဟာ သူ့ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ တိုက်ရိုက်အချိုးကျတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် မိန်းကလေး တော်တော်များများက စိတ်ညစ်စရာကြုံလာတဲ့အချိန်မှာ ဆံပင်ညှပ်ဖို့ကို ဆုံးဖြတ်တတ်ကြပါတယ်။

စိတ်ရှုပ်ထွေးမှုကို သက်သာစေလို့

ကိုယ့်ရဲ့ စိတ်ကိုအကောင်းဆုံး ကုစားတတ်ဖို့ဆိုတာက ကိုယ်ကိုယ်တိုင် လုပ်ယူရတဲ့ အရာပါ။

က်ိုယ်ပြိုလဲကျသွားတဲ့အခါ ကိုယ့်ကိုယ်ကိုပဲ ပြန်ထနိုင်ဖို့ ကြိုးစားကြရတတ်ပါတယ်။

ဒီလို စိတ်ပင်ပန်းမှုတွေကို ဖြေလျော့ဖို့ တစ်ခုခု လုပ်လိုက်မှ အဆင်ပြေမယ်ဆိုရင် ဒါဟာ ကိုယ့်ကိုယ်ကို ပြောင်းလဲခြင်းပါပဲ။

ဒါကြောင့် ကိုယ့်ရဲ့ ရှုပ်ထွေးနေတဲ့ စိတ်တွေကို ပြန်လည်ရှင်းဖို့အတွက်

ပထမဆုံးအနေနဲ့ ဆံပင်တိုတိုလေး ညှပ်ခြင်းက စိတ်ကို အပြောင်းအလဲဖြစ်စေတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

စိတ်ဓာတ်ပိုကြံ့ခိုင်လာတယ်လို့ ခံစားရလို့

ဆံပင်တိုတိုုလေးညှပ်လိုက်တဲ့အခါ ဘယ်လိုမျိုး ခံစားမှုကို ဖြစ်ပေါ်စေလဲ။

ကိုယ့်ရဲ့ ဆံပင်တွေကို နှမြောတွန့်တိုတဲ့စိတ်လား နိုး လုံးဝမဟုတ်ဘူးနော်

ဒီခံစားမှုက အပေါ်ယံသာဖြစ်ပြီး တကယ့်ခံစားမှု အစစ်က ယုံကြည်မှုနဲ့ စိတ်ဓာတ်ခိုင်မာမှုတွေပါ။

မှန်ရှေ့မှာ ကိုယ့်ကိုယ်ကို ပြန်မြင်နေရတဲ့ ခံစားချက်တွေထဲမှာ စိတ်ဓာတ်ပိုကြံခိုင်လာမှုတွေကို မြင်ရတတ်ပါတယ်။

ဆံပင်တိုတိုလေးနဲ့ ကိုယ်ဟာ အရင်က ကိုယ်နဲ့ကွဲလွဲပြီး ရဲရင့်ခိုင်မာမှုကို ဖြစ်ပေါ်စေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို အရင်ကထက် ပိုဂရုစိုက်ချင်လို့

ကျရှုံးမှုတွေ၊ စိတ်ညစ်စရာတွေထဲကနေ ပြန်လည်ရုန်းကန်ရှင်သန်လာတဲ့အခါ

ကိုယ့်ကိုယ်ကို အရင်ကထက် လှအောင်နေချင်တဲ့ စိတ်ကို မွေးမြူဖြစ်လာပါတယ်။

ဒါကြောင့် အရင်က ဖြစ်သလို ပစ်ထားခဲ့တဲ့ ဂရုစိုက်ရမှာ မေ့လျော့နေတဲ့ ကိုယ့်ကိုယ့်ကို

ပိုဂရုစိုက်ချင်လာလို့ ဆံပင်တိုတိုလေး ညှပ်လိုက်တာ ဖြစ်ပါတယ်။

အသစ်ကနေ ပြန်စတင်တဲ့အနေနဲ့ ကိုယ့်ရဲ့ဆံပင်တွေကို ပုံပြောင်းလိုက်တာဟာ

ကိုယ့်ရဲ့ ယုံကြည်မှုနဲ့ ဆုံးရှုံးခြင်းတွေကို ပြန်ရယူဖို့ အစပြုလိုက်တာပါပဲ။

Credit

မိန္းကေလးေတြက စိတ္ညစ္လာတုိင္း ဘာလို႔ဆံပင္ညွပ္တတ္ၾကတာလဲ

မိန္းကေလးေတြက စိတ္ညစ္လာတုိင္း ဘာလို႔ဆံပင္ညွပ္တတ္ၾကတာလဲ

မိန္းကေလးေတြ အသည္းကြဲလုိ႔ပဲ ျဖစ္ျဖစ္၊ က်႐ံႈးမႈ တစ္ခုခု စိတ္ညစ္စရာ

တစ္ခုခုနဲ႔ ၾကံဳေတြ႔လာရတဲ့အခါမွာ သူတုိ႔ကို သူတုိ႔ေျပာင္းလဲဖို႔ ႀကိဳးစားလာတတ္ၾကပါတယ္။

အရင္ဆံုး သူတို႔ကို သူတို႔ ႐ုပ္ရည္သြင္ျပင္ကေနၿပီးေတာ့ ေျပာင္းလဲလုိက္ၿပီး

ဒီလိုေျပာင္းလဲမႈက စိတ္ဓာတ္ပိုင္းကိုပါ ထိေရာက္မႈ ႐ွိတဲ့အတြက္ေၾကာင့္ပါ။

မ်ားေသာအားျဖင့္ မိ္န္းကေလးေတြဟာ စိတ္ညစ္စရာၾကံဳလာခဲ့ရင္ ဆံပင္ညွပ္တတ္ၾကပါတယ္။

ဆံပင္ညွပ္္တာက သူတုိ႔ကို ဘာေတြေျပာင္းလဲသြားေစႏုိင္္လုိ႔လဲ။

ကိုယ့္ကိုယ္ကို ယံုၾကည္မႈ႐ွိတဲ့ ပံုစံေပၚလုိ႔

ဆံပင္တိုေလး ညွပ္လုိက္တာဟာ ကိုယ့္ကိုယ္ကို ယံုၾကည္မႈတုိးလာေစတဲ့ အတြက္ေၾကာင့္ပါ။

ကိုယ့္ရဲ႕ဆံပင္ပံုစံေျပာင္းလဲသြားသလိုပဲ ကိုယ့့္ရဲ႕ စိတ္ေတြဟာလည္း ျပန္လည္ အသစ္ျဖစ္လာေစပါတယ္။

လူတစ္ေယာက္ရဲ႕ စိတ္ဟာ သူ႔ရဲ႕ ႐ုပ္ရည္သြင္ျပင္နဲ႔ တုိက္႐ိုက္အခ်ိဳးက်တဲ့ အတြက္ေၾကာင့္ ျဖစ္ပါတယ္။

ဒါေၾကာင့္ မိန္းကေလး ေတာ္ေတာ္မ်ားမ်ားက စိတ္ညစ္စရာၾကံဳလာတဲ့အခ်ိန္မွာ ဆံပင္ညွပ္ဖုိ႔ကို ဆံုးျဖတ္တတ္ၾကပါတယ္။

စိတ္႐ႈပ္ေထြးမႈကို သက္သာေစလုိ႔

ကိုယ့္ရဲ႕ စိတ္ကိုအေကာင္းဆံုး ကုစားတတ္ဖို႔ဆိုတာက ကိုယ္ကိုယ္တိုင္ လုပ္ယူရတဲ့ အရာပါ။

ကို္္ယ္ၿပိဳလဲက်သြားတဲ့အခါ ကိုယ့္ကိုယ္ကိုပဲ ျပန္ထႏုိင္ဖုိ႔ ႀကိဳးစားၾကရတတ္ပါတယ္။

ဒီလို စိတ္ပင္ပန္းမႈေတြကို ေျဖေလ်ာ့ဖို႔ တစ္ခုခု လုပ္လိုက္မွ အဆင္ေျပမယ္ဆိုရင္ ဒါဟာ ကိုယ့္ကိုယ္ကို ေျပာင္းလဲျခင္းပါပဲ။

ဒါေၾကာင့္ ကိုယ့္ရဲ႕ ႐ႈပ္ေထြးေနတဲ့ စိတ္ေတြကို ျပန္လည္႐ွင္းဖို႔အတြက္

ပထမဆံုးအေနနဲ႔ ဆံပင္တုိတုိေလး ညွပ္ျခင္းက စိတ္ကို အေျပာင္းအလဲျဖစ္ေစတဲ့ အတြက္ေၾကာင္ ့ျဖစ္ပါတယ္။

စိတ္ဓာတ္ပိုၾကံ႕ခုိင္လာတယ္လို႔ ခံစားရလုိ႔

ဆံပင္တုိတုိုေလးညွပ္လိုက္တဲ့အခါ ဘယ္လိုမ်ိဳး ခံစားမႈကို ျဖစ္ေပၚေစလဲ။

ကိုယ့္ရဲ႕ ဆံပင္ေတြကို ႏွေျမာတြန္႔တိုတဲ့စိတ္လား ႏိုး လံုးဝမဟုတ္ဘူးေနာ္

ဒီခံစားမႈက အေပၚယံသာျဖစ္ၿပီး တကယ့္ခံစားမႈ အစစ္က ယံုၾကည္မႈနဲဲ႔ စိတ္ဓာတ္ခုိင္မာမႈေတြပါ။

မွန္ေ႐ွ႕မွာ ကိုယ့္ကိုယ္ကို ျပန္ျမင္ေနရတဲ့ ခံစားခ်က္ေတြထဲမွာ စိတ္ဓာတ္ပိုၾကံခုိင္လာမႈေတြကို ျမင္ရတတ္ပါတယ္။

ဆံပင္တိုတိုေလးနဲ႔ ကိုယ္ဟာ အရင္က ကိုယ္နဲ႔ကြဲလြဲၿပီး ရဲရင့္ခုိင္္မာမႈကို ျဖစ္ေပၚေစတဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။

ကိုယ့္ကိုယ္ကို အရင္ကထက္ ပိုဂ႐ုစိုက္ခ်င္လုိ႔

က်႐ံႈးမႈေတြ၊ စိတ္ညစ္စရာေတြထဲကေန ျပန္လည္႐ုန္းကန္္႐ွင္သန္လာတဲ့အခါ

ကိုယ့္ကိုယ္ကို အရင္ကထက္ လွေအာင္ေနခ်င္တဲ့ စိတ္ကို ေမြးျမဴျဖစ္လာပါတယ္။

ဒါေၾကာင့္ အရင္က ျဖစ္သလုိ ပစ္ထားခဲ့တဲ့ ဂ႐ုစိုက္ရမွာ ေမ့ေလ်ာ့ေနတဲ့ ကိုယ့္ကိုယ့္ကို

ပိုဂ႐ုစိုက္ခ်င္လာလုိ႔ ဆံပင္တုိတုိေလး ညွပ္လုိက္တာ ျဖစ္ပါတယ္။

အသစ္ကေန ျပန္စတင္တဲ့အေနနဲဲ႔ ကိုယ့္ရဲ႕ဆံပင္ေတြကို ပံုေျပာင္းလုိက္တာဟာ

ကိုယ့္ရဲ႕ ယံုၾကည္မႈနဲ႔ ဆံုး႐ံႈးျခင္းေတြကို ျပန္ရယူဖုိ႔ အစျပဳလုိက္တာပါပဲ။

Credit