အနေဝေးနေတဲ့ ချစ်သူတွေ အဆင်ပြေစေဖို့အတွက်…
ဝေးမြေရပ်ခြား တိုင်းတစ်ပါးကို ရောက်နေလို့ပဲဖြစ်ဖြစ်၊
တိုင်းပြည်တစ်ခုအတွင်း နေထိုင်တာချင်းတူပေမယ့်
သူ့နယ်ကိုယ်နယ် အလှမ်းကွာလွန်းတဲ့ နယ်ပယ်တွေမှာ နေထိုင်ရလို့ပဲဖြစ်ဖြစ်
ကိုယ့်ချစ်သူနဲ့ တစ်နှစ်တစ်ခါ တွေ့ဖို့မသေချာ ဖုန်းလေးဆက်လိုက်၊
မက်ဆေ့လေးပို့လိုက်နဲ့သာ ကျေနပ်နေရတဲ့ LDRS တွေအတွက်
အချစ်ရေးအဆင်ပြေစေဖို့ လုပ်ဆောင်ရန်နည်းလမ်းတွေ ရှိပါတယ်။
အများကြီးမဟုတ်ပါဘူး။ ခက်လည်း မခက်ပါဘူး။ စကားတွေ မဖောင်းပွပါစေနဲ့၊
အပြစ်ဖြစ်စေမယ့် စကားတွေ၊ မယုံသင်္ကာဖြစ်တဲ့ စကားတွေ မပြောပါနဲ့။
အခွင့်အရေးလို့ သတ်မှတ်ပါ။
(သူနဲ့ အတူတူနေချင်တယ်ဆိုရင် သူနဲ့ ဘယ်လောက်ကြာကြာ ခွဲနေနိုင်လည်းဆိုတာ သင်ယူပါ။)
အမြဲမပြတ် ဆက်သွယ်ပါ၊
တစ်ခါအဆက်အသွယ်ရတိုင်း သူ့အတွက် ရယ်မောစရာလေးတွေ အရွှန်းဖောက်ပေးပါ။ တိုင်ပင်ဆွေးနွေးပါ။
အတ္တကို ရှေ့တန်းမတင်ပါနဲ့။ သူ့အတ္တ ကိုယ့်အတ္တချင့်ချိန်ပြီး ညှိညှိနှိုင်းနှိုင်း နေထိုင်ပါ။
နှစ်ယောက်စလုံးအတွက် ကျဉ်းထဲကြပ်ထဲဖြစ်မယ့်ကိစ္စတွေနဲ့ အကြပ်ကိုင်ခြင်းမျိုးလုံးဝမလုပ်ပါနဲ့ ။
ဟိုကိစ္စ ဒီကိစ္စအကြောင်းလေးတွေကို (အရွှန်းဖောက်တဲ့သဘောနဲ့ပြောပေးပါ)။
သီချင်းဆိုပြခြင်း၊ မွေးနေ့ Surprise လုပ်ခြင်းတွေ မလစ်ဟင်းပါစေနဲ့။
တူညီသော အနာဂတ်မျှော်မှန်းချက်တွေအကြောင်း အာဘောင်အာရင်းသန်သန်နဲ့ ပြောပါ။
တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းရိုသားပါစေ။ မရိုးသားခြင်းဟာ ချစ်ခြင်းမေတ္တာရဲ့ ရန်သူပါ။
လက်ဆောင်လေးတွေ မကြာခဏ ပို့ပေးပါ။အပြုသဘောဆောင်တဲ့ စိတ်ထား အမြဲရှိပါစေ။
သူ့မိဘ ကိုယ့်မိဘတွေနဲ့ အပြန်အလှန် ရင်းနီးနေပါစေ။
ဒါလေးတွေသာ ပုံမှန်လုပ်ပေးပါက သင်တို့ရဲ့ အချစ်ရေးဟာ
ဘယ်လောက်ပဲ အခြေအနေတွေကနေ ဝေးနေပါစေ
နှစ်ယောက်သား စိတ်ချင်းနီးစပ်နေမှာ အမှန်ပါဘဲ။
Zawgyi Version
အေနေဝးေနတဲ့ ခ်စ္သူေတြ အဆင္ေျပေစဖို႔အတြက္…
ေဝးေျမရပ္ျခား တိုင္းတစ္ပါးကို ေရာက္ေနလို႔ပဲျဖစ္ျဖစ္၊
တိုင္းျပည္တစ္ခုအတြင္း ေနထိုင္တာခ်င္းတူေပမယ့္
သူ႕နယ္ကိုယ္နယ္ အလွမ္းကြာလြန္းတဲ့ နယ္ပယ္ေတြမွာ ေနထိုင္ရလို႔ပဲျဖစ္ျဖစ္
ကိုယ့္ခ်စ္သူနဲ႔ တစ္ႏွစ္တစ္ခါ ေတြ႕ဖို႔မေသခ်ာ ဖုန္းေလးဆက္လိုက္၊
မက္ေဆ့ေလးပို႔လိုက္နဲ႔သာ ေက်နပ္ေနရတဲ့ LDRS ေတြအတြက္
အခ်စ္ေရးအဆင္ေျပေစဖို႔ လုပ္ေဆာင္ရန္နည္းလမ္းေတြ ႐ွိပါတယ္။
အမ်ားႀကီးမဟုတ္ပါဘူး။ ခက္လည္း မခက္ပါဘူး။စကားေတြ မေဖာင္းပြပါေစနဲ႔၊
အျပစ္ျဖစ္ေစမယ့္ စကားေတြ၊ မယုံသကၤာျဖစ္တဲ့ စကားေတြ မေျပာပါနဲ႔။
အခြင့္အေရးလို႔ သတ္မွတ္ပါ။
(သူနဲ႔ အတူတူေနခ်င္တယ္ဆိုရင္ သူနဲ႔ ဘယ္ေလာက္ၾကာၾကာ ခြဲေနႏိုင္လည္းဆိုတာ သင္ယူပါ။)
အၿမဲမျပတ္ ဆက္သြယ္ပါ၊
တစ္ခါအဆက္အသြယ္ရတိုင္း သူ႕အတြက္ ရယ္ေမာစရာေလးေတြ အ႐ႊန္းေဖာက္ေပးပါ။တိုင္ပင္ေဆြးေႏြးပါ။
အတၱကို ေ႐ွ႕တန္းမတင္ပါနဲ႔။ သူ႕အတၱ ကိုယ့္အတၱခ်င့္ခ်ိန္ၿပီး ညႇိညႇိႏိႈင္းႏိႈင္း ေနထိုင္ပါ။
ႏွစ္ေယာက္စလုံးအတြက္ က်ဥ္းထဲၾကပ္ထဲျဖစ္မယ့္ကိစၥေတြနဲ႔ အၾကပ္ကိုင္ျခင္းမ်ိဳးလုံးဝမလုပ္ပါနဲ႔ ။
ဟိုကိစၥ ဒီကိစၥအေၾကာင္းေလးေတြကို (အ႐ႊန္းေဖာက္တဲ့သေဘာနဲ႔ေျပာေပးပါ)။
သီခ်င္းဆိုျပျခင္း၊ ေမြးေန႔ Surprise လုပ္ျခင္းေတြ မလစ္ဟင္းပါေစနဲ႔။
တူညီေသာ အနာဂတ္ေမွ်ာ္မွန္းခ်က္ေတြအေၾကာင္း အာေဘာင္အာရင္းသန္သန္နဲ႔ ေျပာပါ။
တစ္ေယာက္နဲ႔တစ္ေယာက္ ပြင့္လင္း႐ိုသားပါေစ။ မ႐ိုးသားျခင္းဟာ ခ်စ္ျခင္းေမတၱာရဲ႕ ရန္သူပါ။
လက္ေဆာင္ေလးေတြ မၾကာခဏ ပို႔ေပးပါ။အျပဳသေဘာေဆာင္တဲ့ စိတ္ထား အၿမဲ႐ွိပါေစ။
သူ႕မိဘ ကိုယ့္မိဘေတြနဲ႔ အျပန္အလွန္ ရင္းနီးေနပါေစ။
ဒါေလးေတြသာ ပုံမွန္လုပ္ေပးပါက သင္တို႔ရဲ႕ အခ်စ္ေရးဟာ
ဘယ္ေလာက္ပဲ အေျခအေနေတြကေန ေဝးေနပါေစ
ႏွစ္ေယာက္သား စိတ္ခ်င္းနီးစပ္ေနမွာ အမွန္ပါဘဲ။