ဒီအချက်တွေကို သင့်ချစ်သူက လုပ်နေပြီဆိုရင်တော့ သင့်ကိုမချစ်တော့ပါဘူး…
မိန်းကလေးတွေက သူတို့ရည်းစားတွေ ပြောင်းလဲသွားရင် ခံစားရပါတယ် …
သူတို့ကို မချစ်တော့ဘူးလို့ သိလိုက်ရတဲ့အခါ အတော်ကို ထိခိုက်ခံစားရပါတယ်။
မိန်းကလေးတွေက သူတို့ကို ပျော်ရွှင်စေမယ့်သူ၊ အမြဲ ဂရုစိုက်ပေးမယ့် သူကို လိုချင်ကြတာပဲဖြစ်ပါတယ်။
အလုပ်တွေ ဘယ်လိုပဲများများ၊ ဘယ်လိုပဲ အရေးကြီးကြီး ယောကျ်ားလေးတွေဘက်က ဂရုစိုက်ရမယ်၊
ဦးစားပေးရမယ်လို့ ယူဆကြပါတယ် …
ဒါပေမယ့် သင့်ချစ်သူက ဒီအချက်တွေထဲက တစ်ချက်ကို လုပ်နေပြီဆိုရင်တော့
သင့်ကိုမချစ်တော့ဘူးလို့ ပြောလို့ရပါတယ်။
ပြောင်းလဲတယ်ဆိုတာ သဘာဝ နိယာမပါပဲ။
ဒါပေမယ့် အရာရာပြောင်းလဲသွားတာကို လူတွေ မကြိုက်ကြပါဘူး။
ချစ်သူရည်းစားတွေဆိုရင် ပြောင်းလဲတာကို ပိုတောင်မကြိုက်ကြပါဘူး။
မိန်းကလေးတွေမှာ ဆဌမအာရုံရှိတယ်လို့ ယုံကြည်ကြပါတယ်။
အဲဒါကြောင့် သူတိူ့ချစ်ရသူရဲ့ အပြုအမူပြောင်းလဲတာတွေကို ချက်ချင်းပဲ အဖြေရှာကြပါတယ်။
ဒီလိုပြောင်းလဲမှုတွေ ရှိလာရင်တော့ မချစ်ဘူးလို့ ယူဆလို့ရပါတယ်။
ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်မလဲ။ ကြည့်လိုက်ကြရအောင်။
1. ပိုချစ်ပြတယ်
သကြားများရင် အရသာပျက်ပါတယ်။ Relationship မှာလည်း အဲဒီလိုပါပဲ။
သင့်ချစ်သူက သင့်ကို ပိုဂရုစိုက်ပြမယ်၊ ပိုချစ်ပြမယ် …
ပိုပြီး သည်းသည်းလှုပ်ပြမယ် ဆိုရင်တော့ ပုံမှန်မဟုတ်တဲ့ လက္ခဏာဆိုတာ သေချာပါပြီ။
2. သင်ဖုန်းခေါ်ရင် ဂရုမစိုက်ဘူး။
သင့်ချစ်သူက သင်ဖုန်းစခေါ်တာကိုပဲ နာရီပေါင်းများစွာ စောင့်နေတတ်သူလား။
သင်ဖုန်းခေါ်လာတာကို စပြီး ရှောင်နေပြီလား။ ဒီအချက်တွေ စလုပ်ပြီဆိုရင်တော့ သင့်ချစ်သူကို စစ်ဆေးဖို့လိုလာပါပြီ။
သင့်ကိုလျစ်လျူးရှုတယ်ဆိုတာ သူ့မှာ ပိုအရေးကြီးတဲ့သူရှိနေပြီဆိုတဲ့ လက္ခဏာပါပဲ။
3. ဖုံးကွယ် ထားတယ်။
တချို့အရာတွေကို သင့်ကို မပြောပြဘဲ ဖုံးကွယ်ထားပါလိမ့်မယ်။
ဖုံးကွယ်ထားတဲ့ အရာတွေကို သင်သိသွားပြီး လုံးဝခွင့်လွှတ်လို့မရတဲ့အခါမှ ပြောပြပါလိမ့်မယ်။
သင့်ကို ဖုံးကွယ်ထားတာတွေ ရှိပြီဆိုကတည်းက မချစ်တော့တာပါ။
Relationship ဆိုတာ ယုံကြည်မှုနဲ့ တည်ဆောက်ရတာပါ။
သင့်ချစ်သူက ဖုံးကွယ်တတ်လာရင်တော့ မယုံပါနဲ့တော့။
ဒီအချက်တွေနဲ့ ကိုက်ညီနေရင်တော့ သင်တို့အချစ်တွေက
တစ်နေ့ထက် တစ်နေ့ မှေးမှိန်ပျောက်ကွယ်သွားပါပြီ။
Zombie(LoveMedia)
Zawgyi Version
အလုပ်တွေ ဘယ်လိုပဲများများ၊ ဘယ်လိုပဲ အရေးကြီးကြီး ယောက်ျားလေးတွေဘက်က ဂရုစိုက်ရမယ်၊
အဲဒါကြောင့် သူတို့ချစ်ရသူရဲ့ အပြုအမူပြောင်းလဲတာတွေကို ချက်ချင်းပဲ အဖြေရှာကြပါတယ်။
1. ပိုချစ်ပြတယ်
3. ဖုံးကွယ် ထားတယ်။
Zombie(LoveMedia)