အရေးပေါ် ပေါင်းတင်နည်းအကြောင်း ဝေမျှပေးမယ်….
အလှပြင်ဖို့ အချိန်သီးသန့်လည်း မပေးဖြစ် အပျင်း ကလည်းထူ အစပ်လည်း လျော့မစားနိုင်
ဒါပေမဲ့ အချိန်တန် မှန်ကြည့်တဲ့အခါ မျက်နှာပေါ်က အရေးကြောင်း
အမဲစက် အဖုပိမ့်တွေ ထွက်လာရင် စိတ်အရမ်း ညစ်တတ်တဲ့
ကိုယ့်လို လူမျိုးတွေ အတွက် ရည်ရွယ်ပါတယ်…
ခရမ်းချဉ် – ဝက်ခြံလျော့ပါး
အာလူး – အဖုပိမ့် ချိုင့်ခွက် အသားပြန်ပြည့်
ရှားစောင်းလက်ပတ် – အသားချောမွေ့
ဆန်ဆေးရည် – အရေးကြောင်းလျော့နည်းစေ
သံပုရာ – အဆီပြန် သက်သာ
(ဆိုးကျိုး အသားပါးလာစေတတ် ဝက်ခြံပေါက်နေသူများ မပြုလုပ်သင့် အရမ်းစပ်စေလို့ပါ)
အောင်မဲညိုအရည် – အသားအေးစေ
သခွားသီး – အသားရေကြည်လင်
မန်ကျီးသီးအရည် – အမဲစက်လျော့ပါး
ကြက်ဥ/ဘဲဥ အကာအရည် – ဆဲလ်သေတွေကွာ အသားရေချောမွေ့
တကယ်ဆို ဆနွင်းလည်း ပါ ပါသေးတယ်
ဒါပေမဲ့ ခုခေတ် ဆနွင်းစစ်စစ်ဆိုတာ ရှာဝယ်ရခက်လို့
တွေ့ကရာ ဆနွင်းရေ ဖျော်လူးမိပြီး မျက်နှာမှိုစွဲ ခရုသင်း ဖြစ်တာတို့လည်း ကြားသိဖူးတော့
ဆနွင်းအကြောင်း ချန်ထား ပါရစေ ။
အရေးပေါ် ပေါင်းတင်နည်း
ပထမဆုံး အာလူး ကို ပါးပါးလှီးပြီး အာလူးနဲ့ မျက်နှာကိုပွတ်ပါ ၃ မိနစ်ခန့် ထားပြီး ရေဆေးချပါ
ဒု – သခွားသီး
တ – ခရမ်းချဉ်
စတု – ရှာစောင်းလက်ပတ်
နောက်ဆုံးမှ ကြက်ဥ အကာရည်လေး ပွတ်ပြီး ၅မိနစ်ခန့် ထားပြီး ရေဆေးချ မျက်နှာသစ်လိုက်ပါ
ဓာတ်စုံနေအောင် အာနိသင် ရထားတဲ့ မျက်နှာဖြူဖြူဖွေးဖွေးလေး ရပါလိမ့်မယ်
တစ်ခါလုပ်ရင် အာနိသင်စုံအောင် လေးခု ငါးခုလောက် လုပ်ပေးရင်ရပါပြီ
ခဏခဏ မလုပ်ရပါ တစ်ခါလုပ်ရင် ၂ပတ်လောက်ထိ မှန်ကြည့်တိုင်း စိတ်ချမ်းသာစေ မှာပါ
သဘာဝပစ္စည်းတွေနဲ့ မို့ ငွေကုန်ကြေးကျ သက်သာစေတယ်
ပြီးတော့ ရေများများသောက်ဖို့ ညအိပ်ချိန် မှန်ဖို့လည်း လိုအပ်ပါတယ်
နောက်လည်း ဗဟုသုတလေးတွေ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်…
Htun Thiri
#credit
Zawgyi Version
သံပုရာ – အဆီပြန် သက်သာ
ဒု – သခွားသီး
တ – ခရမ်းချဉ်
စတု – ရှာစောင်းလက်ပတ်
Htun Thiri
#credit