Knowledge

ယောင်္ကျားလေးတွေကို ယုံကြည်မှုအပြည့်အ၀မပေးသင့်တဲ့ အကြောင်းအရင်းများ…

ယောင်္ကျားလေးတွေကို ယုံကြည်မှုအပြည့်အ၀မပေးသင့်တဲ့ အကြောင်းအရင်းများ…

ဘယ်လိုပဲ ခေတ်မီ တိုးတက်တဲ့ ခေတ်ကြီး ဖြစ်ပါစေ၊

မိန်းကလေးတွေထက် ယောင်္ကျားလေးတွေက ပိုပြီး အခွင့်အရေးတွေ ရနေတာမျိုးနဲ့ အားသာမှု ရှိနေတာမျိုး ရှိနေဆဲပါပဲ။

ချစ်သူထားတဲ့ မိန်းကလေးတွေအဖို့ ကောင်လေးတွေကို ချစ်တဲ့စိတ်နဲ့ ယုံကြည်မှုကို အပြည့်အဝ မပေးသင့်တဲ့ အကြောင်းအရင်းတွေ ရှိနေပြီး

ကိုယ်က မိန်းကလေးဆိုတဲ့ အသိကို ဒီအချက်တွေကြောင့် အမြဲ တွေးထားဖို့ လိုအပ်ပါတယ်။

၁။ လူကောင်းချည်းပဲ ရှိမနေဘူး။

ကိုယ်က ချစ်မိသွားလို့ ကိုယ် ချစ်တဲ့သူက လူကောင်းပါလို့ လွယ်လွယ် ပြောလို့ မရပါဘူး။

ငယ်ငယ်တည်းက သိလာတဲ့ သူတွေဆိုရင် ပြောလို့

ရပေမယ့် သူစိမ်းနှစ်ယောက်က ရင်းနှီးရာကနေ ခံစားမှုတွေဖြစ် ချစ်မိသွားတာမျိုးကိုတော့

ကိုယ့်ဘက်ကပဲ ချစ်တယ်လို့ အာမခံလို့ ရပါလိမ့်မယ်။

သူက ကိုယ့်ကို ချစ်ပါတယ် ဆိုပြီး အပြုအမူတွေနဲ့ အပြောကိုပဲ ကြည့်ပြီး ယုံလို့ မဖြစ်ပါဘူး။

အပြောကောင်း သူတွေ ရှိနေသလို သင့်ဆီကို ခဏတာ ပျော်ရွှင်ဖို့နဲ့ လိင်ကိစ္စသက်သက်အတွက် ချဉ်းကပ်လာသူတွေ ရှိနေတတ်လို့ အပြည့် မယုံတာ ပိုကောင်းပါတယ်။

၂။ စိတ်ဆိုတာ တသမတ်တည်း မရှိဘူး ။

စိတ်ဆိုတာ အင်မတန် ဆန်းကြယ်ပါတယ်။

ကိုယ့်ကို ချစ်နေတယ် ဆိုပေမယ့် နောက်တစ်ပတ်လောက်မှာ သူ တကယ်ချစ်တဲ့သူကို တွေ့လိုက်ရတာမျိုးလည်း ရှိနေတတ်ပါတယ်။

သစ္စာဖောက်တယ်လို့ လူမှုစည်းမျဉ်းအရ ပြောကြမှာ ဆိုပေမယ့်

သူ့အတွက်တော့ သင့်ကို ချစ်ပြီးမှ နောက်ထပ် ထပ်ပြီး ချစ်မိသွား တဲ့သူ ထပ်ပေါ် လာတာ မျိုးပါပဲ။

ဒါကြောင့် လုံးဝ ယုံကြည်မှု မပေး တာက မျှော်လင့်သလို ဖြစ်မလာတဲ့ အခါ နာကျင်မှုတွေကို သက်သာစေပါလိမ့်မယ်။

၃။ အရင်ဆုံး ရင်ဆိုင်ရမှာ ကိုယ်ပဲ ။

ဒီနေ့ခေတ် ချစ်သူရည်းစားတွေ မှာတော့ အတူနေတဲ့ ကိစ္စတွေပါ ပြောဆိုလာကြ တာ ရှိပါတယ်။

ကောင်လေးတွေ ကတော့ တောင်းဆိုတာ လွယ်ပေမယ့် ကိုယ့်ဘက် စဉ်းစားဖို့ လိုပါလိမ့်မယ်။

ဘယ်လောက်ပဲ အပြောကောင်းကောင်း အတူနေပြီးသွားရင် ဘယ်လို ပုံစံ ပြောင်းလဲသွားမလဲဆိုတာ မသိနိုင်ပါဘူး။

ဒါ့အပြင် မတော်တဆ ကိုယ်ဝန်ရှိသွားပြီဆိုရင်

လူမှုရေးအရရော၊ ကျန်းမာရေးအရပါ ကိုယ်ပဲ အရင်ဆုံး ထိခိုက် ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ယုံကြည်မှုနဲ့ အတူနေတာမျိုးကို မလိုက်လျောလိုက်ဖို့လည်း လိုအပ်နေပါတယ်။

၄။ နောင်တတွေနဲ့ မရှင်သန်ချင်ပါနဲ့ ။

ကိုယ့်ရဲ့ လုပ်ရပ်တွေ၊ ဆုံးဖြတ်မှုတွေကို နောင်အချိန်မှာ ပြန်တွေးမိပြီး

နောင်တရနေစေမှာမျိုးထက် အခုတည်းက နောင်ကျ နောင်တရနိုင်တယ်လို့

တွေးမိရင် အဲ့အလုပ်ကို မလုပ်တာ အကောင်းဆုံးပါပဲ။

ကိုယ့်အပေါ် ဆိုးလွန်းတဲ့သူကိုမှ အတင်းဖက်တွယ်တာကလည်း ကိုယ်ပဲ ပျက်စီးမှာပါ၊

မယုံကြည်ဘူးလို့ ထင်မှာစိုးလို့ အတူနေဖို့ လိုက်လျောတာကလည်း

ကိုယ်က ကိုယ်ဝန်မရှိသွားရင်တောင် ကိုယ့်ကိုယ်ကို ငါက ဒီလိုကောင်မျိုးကို လိုက်လျောမိတယ်ဆိုတဲ့

မကျေနပ်စိတ်နဲ့ ပူလောင်မှု ခံစားရတတ်ပါတယ်။ ဒါကြောင့် ချစ်သူ ဖြစ်တိုင်း လုံးဝ ယတိပြတ် မယုံလိုက်ဖို့က သိပ်ကို အရေးကြီးတာပါ။

၅။ အချိန်တွေက သက်သေပဲ ။

ကိုယ့်ချစ်သူကို ကိုယ်က မယုံလို့ သူ့ဘက်က စိတ်မကောင်းဖြစ်ပြီး ပြတ်စဲသွားရင် ဘယ်လို လုပ်မလဲလို့ တစ်ချို့ တွေးကြပါလိမ့်မယ်။

ယုံကြည်မှုမှာ နှစ်မျိုး ရှိပါတယ်။ ကိုယ့်ခံစားချက်သက်သက်နဲ့ ယုံမိတာမျိုးနဲ့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ထားပြီး အသွေးအသားထဲက ယုံကြတာမျိုးပါ။

ဒီလို ဖြစ်ဖို့ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အလိုလို ယုံကြည်မှု ပေးကို ပေးရမယ်ဆိုတာမျိုးထက်

အချိန်တွေအများကြီး အတူ ဖြတ်သန်းကြရင်း တစ်ယောက်နဲ့ တစ်ယောက်

ဘယ်လိုလူမျိုးဆိုတာကို နားလည်လာပြီး ယုံကြည်မှု ရှိလာကြတဲ့ အချိန်တွေက အကောင်းဆုံးပါပဲ။

အဲ့မတိုင်ခင် ပြတ်စဲသွားရင်တော့ ကိုယ့်လက်တွဲဖော် အစစ် မဟုတ်ဘူးလို့ပဲ ယူဆ လိုက်သင့် ပါတယ်။

Source – Kham

Zawgyi Version

ေယာက်ၤားေလးေတြကို ယုံၾကည္မႈအျပည့္အ၀မေပးသင့္တဲ့ အေၾကာင္းအရင္းမ်ား…

ဘယ္လိုပဲ ေခတ္မီ တိုးတက္တဲ့ ေခတ္ႀကီး ျဖစ္ပါေစ၊

မိန္းကေလးေတြထက္ ေယာက်ၤားေလးေတြက ပိုၿပီး အခြင့္အေရးေတြ ရေနတာမ်ိဳးနဲ႔ အားသာမႈ ႐ွိေနတာမ်ိဳး ႐ွိေနဆဲပါပဲ။

ခ်စ္သူထားတဲ့ မိန္းကေလးေတြအဖို႔ ေကာင္ေလးေတြကို ခ်စ္တဲ့စိတ္နဲ႔ ယုံၾကည္မႈကို အျပည့္အဝ မေပးသင့္တဲ့ အေၾကာင္းအရင္းေတြ ႐ွိေနၿပီး

ကိုယ္က မိန္းကေလးဆိုတဲ့ အသိကို ဒီအခ်က္ေတြေၾကာင့္ အၿမဲ ေတြးထားဖို႔ လိုအပ္ပါတယ္။

၁။ လူေကာင္းခ်ည္းပဲ ႐ွိမေနဘူး။

ကိုယ္က ခ်စ္မိသြားလို႔ ကိုယ္ ခ်စ္တဲ့သူက လူေကာင္းပါလို႔ လြယ္လြယ္ ေျပာလို႔ မရပါဘူး။

ငယ္ငယ္တည္းက သိလာတဲ့ သူေတြဆိုရင္ ေျပာလို႔

ရေပမယ့္ သူစိမ္းႏွစ္ေယာက္က ရင္းႏွီးရာကေန ခံစားမႈေတြျဖစ္ ခ်စ္မိသြားတာမ်ိဳးကိုေတာ့

ကိုယ့္ဘက္ကပဲ ခ်စ္တယ္လို႔ အာမခံလို႔ ရပါလိမ့္မယ္။

သူက ကိုယ့္ကို ခ်စ္ပါတယ္ ဆိုၿပီး အျပဳအမူေတြနဲ႔ အေျပာကိုပဲ ၾကည့္ၿပီး ယုံလို႔ မျဖစ္ပါဘူး။

အေျပာေကာင္း သူေတြ ႐ွိေနသလို သင့္ဆီကို ခဏတာ ေပ်ာ္႐ႊင္ဖို႔နဲ႔ လိင္ကိစၥသက္သက္အတြက္ ခ်ဥ္းကပ္လာသူေတြ ႐ွိေနတတ္လို႔ အျပည့္ မယုံတာ ပိုေကာင္းပါတယ္။

၂။ စိတ္ဆိုတာ တသမတ္တည္း မ႐ွိဘူး ။

စိတ္ဆိုတာ အင္မတန္ ဆန္းၾကယ္ပါတယ္။

ကိုယ့္ကို ခ်စ္ေနတယ္ ဆိုေပမယ့္ ေနာက္တစ္ပတ္ေလာက္မွာ သူ တကယ္ခ်စ္တဲ့သူကို ေတြ႕လိုက္ရတာမ်ိဳးလည္း ႐ွိေနတတ္ပါတယ္။

သစၥာေဖာက္တယ္လို႔ လူမႈစည္းမ်ဥ္းအရ ေျပာၾကမွာ ဆိုေပမယ့္

သူ႕အတြက္ေတာ့ သင့္ကို ခ်စ္ၿပီးမွ ေနာက္ထပ္ ထပ္ၿပီး ခ်စ္မိသြား တဲ့သူ ထပ္ေပၚ လာတာ မ်ိဳးပါပဲ။

ဒါေၾကာင့္ လုံးဝ ယုံၾကည္မႈ မေပး တာက ေမွ်ာ္လင့္သလို ျဖစ္မလာတဲ့ အခါ နာက်င္မႈေတြကို သက္သာေစပါလိမ့္မယ္။

၃။ အရင္ဆုံး ရင္ဆိုင္ရမွာ ကိုယ္ပဲ ။

ဒီေန႔ေခတ္ ခ်စ္သူရည္းစားေတြ မွာေတာ့ အတူေနတဲ့ ကိစၥေတြပါ ေျပာဆိုလာၾက တာ ႐ွိပါတယ္။

ေကာင္ေလးေတြ ကေတာ့ ေတာင္းဆိုတာ လြယ္ေပမယ့္ ကိုယ့္ဘက္ စဥ္းစားဖို႔ လိုပါလိမ့္မယ္။

ဘယ္ေလာက္ပဲ အေျပာေကာင္းေကာင္း အတူေနၿပီးသြားရင္ ဘယ္လို ပုံစံ ေျပာင္းလဲသြားမလဲဆိုတာ မသိႏိုင္ပါဘူး။

ဒါ့အျပင္ မေတာ္တဆ ကိုယ္ဝန္႐ွိသြားၿပီဆိုရင္

လူမႈေရးအရေရာ၊ က်န္းမာေရးအရပါ ကိုယ္ပဲ အရင္ဆုံး ထိခိုက္ ရင္ဆိုင္ ရမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ယုံၾကည္မႈနဲ႔ အတူေနတာမ်ိဳးကို မလိုက္ေလ်ာလိုက္ဖို႔လည္း လိုအပ္ေနပါတယ္။

၄။ ေနာင္တေတြနဲ႔ မ႐ွင္သန္ခ်င္ပါနဲ႔ ။

ကိုယ့္ရဲ႕ လုပ္ရပ္ေတြ၊ ဆုံးျဖတ္မႈေတြကို ေနာင္အခ်ိန္မွာ ျပန္ေတြးမိၿပီး

ေနာင္တရေနေစမွာမ်ိဳးထက္ အခုတည္းက ေနာင္က် ေနာင္တရႏိုင္တယ္လို႔

ေတြးမိရင္ အဲ့အလုပ္ကို မလုပ္တာ အေကာင္းဆုံးပါပဲ။

ကိုယ့္အေပၚ ဆိုးလြန္းတဲ့သူကိုမွ အတင္းဖက္တြယ္တာကလည္း ကိုယ္ပဲ ပ်က္စီးမွာပါ၊

မယုံၾကည္ဘူးလို႔ ထင္မွာစိုးလို႔ အတူေနဖို႔ လိုက္ေလ်ာတာကလည္း

ကိုယ္က ကိုယ္ဝန္မ႐ွိသြားရင္ေတာင္ ကိုယ့္ကိုယ္ကို ငါက ဒီလိုေကာင္မ်ိဳးကို လိုက္ေလ်ာမိတယ္ဆိုတဲ့

မေက်နပ္စိတ္နဲ႔ ပူေလာင္မႈ ခံစားရတတ္ပါတယ္။ ဒါေၾကာင့္ ခ်စ္သူ ျဖစ္တိုင္း လုံးဝ ယတိျပတ္ မယုံလိုက္ဖို႔က သိပ္ကို အေရးႀကီးတာပါ။

၅။ အခ်ိန္ေတြက သက္ေသပဲ ။

ကိုယ့္ခ်စ္သူကို ကိုယ္က မယုံလို႔ သူ႕ဘက္က စိတ္မေကာင္းျဖစ္ၿပီး ျပတ္စဲသြားရင္ ဘယ္လို လုပ္မလဲလို႔ တစ္ခ်ိဳ႕ ေတြးၾကပါလိမ့္မယ္။

ယုံၾကည္မႈမွာ ႏွစ္မ်ိဳး ႐ွိပါတယ္။ ကိုယ့္ခံစားခ်က္သက္သက္နဲ႔ ယုံမိတာမ်ိဳးနဲ႔ အျပန္အလွန္ ယုံၾကည္မႈ တည္ေဆာက္ထားၿပီး အေသြးအသားထဲက ယုံၾကတာမ်ိဳးပါ။

ဒီလို ျဖစ္ဖို႔ဆိုရင္ တစ္ေယာက္နဲ႔ တစ္ေယာက္ အလိုလို ယုံၾကည္မႈ ေပးကို ေပးရမယ္ဆိုတာမ်ိဳးထက္

အခ်ိန္ေတြအမ်ားႀကီး အတူ ျဖတ္သန္းၾကရင္း တစ္ေယာက္နဲ႔ တစ္ေယာက္

ဘယ္လိုလူမ်ိဳးဆိုတာကို နားလည္လာၿပီး ယုံၾကည္မႈ ႐ွိလာၾကတဲ့ အခ်ိန္ေတြက အေကာင္းဆုံးပါပဲ။

အဲ့မတိုင္ခင္ ျပတ္စဲသြားရင္ေတာ့ ကိုယ့္လက္တြဲေဖာ္ အစစ္ မဟုတ္ဘူးလို႔ပဲ ယူဆ လိုက္သင့္ ပါတယ္။

Source – Kham