အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းဖြစ်စေနိုင်တဲ့ အချက် ၇ ချက်
ပရိသတ်တွေ ကို ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတလေး တစ်ခု ဖော်ပြပေး သွားမှာဖြစ်ပါတယ်။
အရွယ်မတိုင်ခင် အိုမင်း စေတဲ့ အချက်လေးတွေ ပဲဖြစ် ပါတယ်။
ဒီအချက်တွေကို ရှောင်ရှား လိုက်နာမယ် ဆိုရင် နုပျိုပြီး အရွယ်တင်စေ မှာဖြစ်လို့ လိုက်နာကျင့်သုံးကြဖို့လည်း တိုက်တွန်းချင် ပါတယ်။
(၁) အိပ်ချိန်မမှန်ခြင်း
အိပ်ချိန်မမှန်ခြင်းက အိပ်ရေးမဝခြင်း ကိုဖြစ်စေ ပါတယ်။
အိပ်ရေးမဝခြင်းက အာရုံစူးစိုက်နိုင်စွမ်းနဲ့ ကိုယ်ခံစွမ်း အားကို ကျဆင်းစေနို င်ပါတယ်။
အိပ်ရေးမဝရင် ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ် စနစ်ကို ကျဆင်းစေတဲ့ အတွက် အရေပြားရဲ့
ကျန်းမာရေး ကိုလည်း အထူး ထိခိုက်စေ ပါတယ်။ ဒီတော့ အိပ်ချိန် မမှန်ပဲ အမြဲတမ်းဖြစ်နေမယ်ဆို ရင်တော့
သင်ဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော် သူတစ်ယောက်ဖြစ် လာမှာ အသေအချာ ပါပဲ။
ဒီနေ့ခေတ် လိုအီလက်ထရောနစ် ပစ္စည်းတွေ ပေါများလာတဲ့ခေတ်မှာ
ကွန်ပျူတာက ထွက်လာတဲ့ အလင်းတွေ၊ တီဗီက ထွက်နေတဲ့ အလင်းတွေနဲ့ ဖုန်းစခရင် မျက်နှာပြင်က ထွက်တဲ့အလင်းတွေ ကလည်း
သင့်အိပ်ချိန်ကိုနှောင့်ယှက် တတ်ပြန် တာကြောင့် အိပ်ရာမဝင်ခင် နာရီဝက် အလိုလောက်မှာတင် ဒီအလင်းတွေနဲ့ ဝေးဝေးနေ သင့်ပါ တယ်။
အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ဟာ တစ်နေ့ကို အိပ်ချိန်၇နာရီမှ ၈နာရီခန့်ထိ အိပ်ရေး၀၀ အိပ်စက်ပေးဖို့ လိုပါ တယ်။
ဒါကြောင့် သင့်အိပ်ချိန်တွေကို တန်ဖိုးရှိစွာအသုံးချပြီး အရွယ်မတိုင်ခင် အိုမင်းမှုမှ လွတ်မြောက် အောင်တိုက်တွန်း လိုက်ပါတယ်
(၂) စိတ်ဖိစီးမှုများပြားလွန်ကဲခြင်း
စိတ်သာရှင်စော၊ဘုရားဟောဆိုတဲ့ ဆိုရိုးစကား အတိုင်းပါပဲ။ ရုပ်ကို စိတ်ကဆောင် ပါတယ်။
စိတ်ဖိစီးမှု လွန်ကဲနေ မယ်ဆိုရင်တော့ သင်ဟာရုပ် ကျပြီးအရွယ်မတိုင်ခင် အိုမင်းလာမှာအသေချာ ပါပဲ။
စိတ်ဖိစီးနေချိန်မှာ ခန္ဓာကိုယ် ကနေ ဟော်မုန်းတွေ များများစားစား ထွက်ရှိတတ်ပါတယ်။
ဟိုမုန်းထွက်ရှိမှု အဆမတန် များပြားလာ တာနဲ့ အမျှ အရေပြားမှာ အောက်ဆီဂျင်လျော့နည်းပြတ်လပ် တတ်တာမို့ ဝက်ခြံတွေတောင် ထွက်လာစေ ပါတယ်။
ဒီတော့ အရေပြား ကျန်းမာရေး ထိခိုက်ပြီး အသားအရေကို လည်းညိုညစ်ကြမ်းတမ်းစေပါတယ်။
အရေးအကြောင်းတွေ လည်းဖြစ်ပေါ် လာတတ် တာမို့ အရွယ်နဲ့ မလိုက်တဲ့ နုပျိုမှုတွေကို ဆုံးရှုံး ရပြီး
ပိုပြီး အိုမင်းလာ သယောင်ထင်မှတ် သွားတတ် ပါတယ်။
ဒါကြောင့် သင့်မှာ စိတ်ဖိစီးမှုများ လာတဲ့ အခါမျိုးမှာ သက်ဆိုင်ရာ ဘာသာတရား အလိုက်
ဘာသာရေးလေ့လာ လိုက်စားတာက စိတ်ဖိစီးမှုကို အကောင်းဆုံးဖြေလျော့ နည်းတစ်ခုဖြစ်ပါတယ်။
တရားထိုင် တာ၊ ကိုယ်လက် လှုပ်ရှားမှုလေ့ကျင့်ခန်း လုပ်တာ၊
ယောဂကျင့်တာနဲ့ လမ်းလျှောက်ခြင်းတို့ကလည်း စိတ်ဖိစီး မှုကိုလျော့ကျစေ ပါတယ်။
သီချင်းနားထောင်ခြင်း၊ အတွေးများခြင်းကို သတိ ကပ်ပြီးလျော့ချခြင်း တို့ကလည်း
သင့်ကို သွယ်ဝိုက်ပြီးနုပျိုခြင်းတွေ ပေးနေတယ် ဆိုတာကို မမေ့လျော့သင့် ပါဘူးလို့ အကြံပြုချင် ပါတယ်။
(၃) လည်ပင်းနှင့်လက်များကို လျစ်လျူရှုထားခြင်း
မျက်နှာအလှ ကိုသာ ဂရုစိုက်ထားပြီး လည်ပင်းနဲ့ လက်အလှကို လျစ်လျူရှု ထားမယ် ဆိုရင်လည်း
လူတစ် ယောက် အတွက် ပြီးပြည့်စုံတဲ့ အလှ ဖြစ်စေမှာမ ဟုတ်ပါဘူး။ မိန်းကလေးအများစုက မျက်နှာအလှအပ ကိုသာ ဦးစားပေးလေ့ ရှိကြပြီး
လည်ပင်းနဲ့ လက်အတွက် ပြင်ဆင်ဖို့၊ အားဖြည့်ပေးဖို့ မေ့လျော့နေကြလေ့ ရှိပါတယ်။
မျက် နှာအလှကို ဂရုတစိုက်ပြုပြင် ကြသလို နေရောင်ဒဏ် ကိုထိတွေ့လေ့ရှိ တဲ့ လက်ကိုလည်းဂရုတစိုက် ပြင်ဆင်ဖို့ လို ပါတယ်။
မျက်နှာလှပဖြူဖွေးပြီး လည်ပင်း အသားမည်းနေ တာ၊ လက်တွေညှိုမည်းနေ တာဟာ လတ်တလော ကြည့်ရဆိုးစေ သလို နုပျိုခြင်းက မျှတဖို လိုပါ တယ်။
ဒါကြောင့် မျက်နှာလိမ်းခရင်မ်ကို လည်ပင်းကို လိမ်းပေး တာ၊
အသားအရည်အားဖြင့် ခရင်မ်တွေကို လည်ပင်းနဲ့ လက်တွေကို လိမ်းပေး တာမျိုးတွေနဲ့
အသားအရေ မညီ တဲ့ အိုမင်းရင့်ရော်ခြင်းကို ကာကွယ် တားဆီးနိုင်မှာပဲ ဖြစ်ပါတယ်။
(၄) နေကာမျက်မှန်ရဲ့ အသုံးဝင်ခြင်းကို မေ့လျော့မိခြင်း
ဒီအချက်က တွေးကြည့်ရင် ရယ်စရာ လည်းကောင်းပါ တယ်။
ဘယ်လိုဖြစ်ဖြစ်သွယ်ဝိုက်တဲ့အချက်ပင် ဆိုသော်ငြားလဲ သင်မေ့မထားသင့်တဲ့ အချက် တစ်ချက်ဖြစ် ပါတယ်။ အခုချိန်မှာ ရာသီဥတုပြောင်းလဲ လာခြင်းကြောင့်
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေ သိသာစွာမြင့်မား လွန်ကဲ လာတာ အားလုံးအသိပဲဖြစ် မှာပါ။
ခရမ်း လွန်ရောင်ခြည်တွေက မျက်နှာရဲ့ အနူးညံ့ဆုံး အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ မျက်ဝန်းတဝိုက်က အရေ ပြားတွေကို ဆိုးရွားစွာ ဒုက္ခပေးနိုင် ပါတယ်။
လူတွေအိုမင်း လာပြီ ဆိုတဲ့ ပြယုဂ်တစ်ခု အနေနဲ့ လက္ခဏာပြ တဲ့အခါ မျိုးမှာ
မျက်ဝန်းဘေးမှာ ကြက်ခြေတွေ လိုဖြစ်တဲ့ အရေးအကြောင်းတွေက စပြီး လက္ခဏာပြ တတ်ကြ ပါတယ်။
ဒီတော့ အပြင်ထွက်မယ် ဆိုရင် မျက်ဝန်း တစ်ဝိုက်ကို လုံခြုံမှု အပေးနိုင် ဆုံးဖြစ်တဲ့ နေကာမျက်မှန် တစ်လက်က တော့ လိုကိုလို လာနေပြီဖြစ် ပါတယ်။
နေကာမျက်မှန်မတပ်ပဲ နေပူထဲသွားရတဲ့ အခါမျိုးကို သင်မြင်ယောင်ကြည့် လိုက်ပါ။
နေရောင်ခြည်ရဲ့ စူးရှတဲ့အရှိန်ကြောင့် မျက်မှောင် အကြာကြီးကြုတ် ထားရတာ မျိုးက သင့်မျက်လုံးအ ရေပြား တစ်ဝိုက်ဖြစ်တဲ့ မျက်ဝန်း ပတ်လည်နဲ့ နဖူးမှာ
အရေးအကြောင်းတွေ ဖြစ်လာစေနိုင်တာ မို့လို သင်အရွယ်မ တိုင်ခင် မအိုမင်း ချင်ဘူး ဆိုရင်တော့
အပြင်ထွက်တိုင်း နေကာမျက်မှန်ဆောင် ထားလိုက်ဖို့ တိုက်တွန်း လိုက်ပါရစေ။
(၅) မျက်လုံးကို လက်ဖြင့်ပွတ်ခြင်း
မျက်လုံးနားကို ခဏခဏပြော ရတာ ကလည်း ဇရာရဲ့ လက္ခဏာကိုပြတာ မျက်ဝန်းတစ်ဝိုက်က အရင်စပြလေ့ ရှိလို့ပဲ ဖြစ်ပါ တယ်။
မျက်ဝန်းတစ်ဝိုက်အရေပြားက အင်မတန်နူးညံ့ တာကို အပေါ်အချက်မှာလည်းပြောပြီး သားဖြစ်ပါတယ်။
ဒါကြောင့် မျက်လုံးကို လက်ဖြင့် ခဏခဏ ပွတ်တတ်တဲ့ သူတွေ၊ မျက်လုံးအားနည်းလို့ မကြာခဏ မှုန်ဝါး သွားမှုကြောင့်
လက်ဖြင့် ခဏခဏ ပွတ်တတ်တဲ့ သူတွေ အနေနဲ့ ကြုံတွေ့ရနိုင်တာ ကတော့ မျက်ကွင်း ညိုခြင်းကို ဖြစ်စေနိုင် တာပဲဖြစ် ပါတယ်။
မျက်ကွင်းညိုတဲ့လူတွေရဲ့ ဒုက္ခကို မျက်ကွင်းညို သူတွေပဲ သိတယ်ဆိုတဲ့အတိုင်းပဲ မျက်ကွင်းညိုခြင်းဟာ
မိတ်ကပ် လိမ်းတဲ့ အခါမှာလည်း အသားအရည်ညီအောင် ညှိရ တာမလွယ်လှပါဘူး။
မျက်ကွင်းညိုခြင်းကို သက်သာစေတဲ့ ခရင်မ်တွေကလည်း ဈေးကြီးလွန်းလှပါတယ်။
ဒါကြောင့် သင့်မျက်နှာလေး နုပျိုနေစေချင်တယ်ဆိုရင်တော့ မျက်လုံးကိုလက်နဲ့ ခဏခဏပွတ်ခြင်းမှ ရှောင် ရမှာပဲ ဖြစ်ပါတယ်။
(၆) မှောက်အိပ်ခြင်း
မှောက်အိပ်ရင် မျက်နှာပြည့်ပြည့်လေး ဖြစ်တယ်။ မှောက်အိပ်လို့ပြောကြလေ့ ရှိပေမယ့်
တကယ်တမ်းသင်တို့ သိထားရမှာက မှောက်အိပ်တဲ့ လူတွေဟာ သာမန်လူတွေထက်ပိုပြီး အိုမင်းရင့်ရော်စေ တဲ့ အချက်တစ်ခုပဲ ဖြစ် ပါတယ်။
ညစဉ်ညတိုင်းမှောက် အိပ်တယ် ဆိုတဲ့လူတွေမှာ ရက်ပေါင်း၃၀ အတွင်းမှာပင် မျက်နှာပေါ်က အသား အရေတွေကို
သိသိသာသာ ထိခိုက် ပျက်စီးစေနို င်ပါတယ် လို့ နိုင်ငံခြားကသုတေသနလုပ်ထားတဲ့ ကျန်းမာရေး စစ်တမ်းတွေမှာ ဖော်ပြ ထားပါ တယ်။
ဒါကြောင့် မှောက်အိပ် တတ်တဲ့ ပျိုမေလေးတွေ အနေနဲ့ အခုပဲ အဲဒီအလေ့ အကျင့်ကိုပြင်လိုက်ကြဖို့ တိုက်တွန်းလို ပါတယ်။
(၇) အရည်တွေကို ပိုက်ဖြင့်စုပ်သောက်ခြင်း
ဘယ်လိုများ သက်ဆိုင် ပါလိမ့်လို့ ထင်သွားကြတယ် မဟုတ်လား။
အမှန်ပါပဲ..ပိုက်ဖြင့်စုပ်သောက်တဲ့ အလေ့ အကျင့်က ကြာလာတဲ့ အခါမှာ နှုတ်ခမ်း တစ်ဝိုက်က အရေပြားတွေကို
အကျိုး သက်ရောက်မှုဖြစ်စေပြီး အရေး အကြောင်းတွေ ထင်လာ တတ်ပါတယ်။
စီးကရက်ကို ရှိုက်ပြီးသောက် တတ်ခြင်း ကလည်း ဒီနည်းအတိုင်းအ ကျိုးသက်ရောက်မှုဖြစ်စေပါတယ်။
အချိုရည်ကို ပိုက်နဲ့ သောက်ပြီးငုံ ထားတတ်တဲ့ သူတွေမှာ ဆိုရင်လည်း ခံ တွင်းကျန်းမာရေးကို ထိခိုက်ပြီး သွားများကို အဝါရောင်သမ်း စေ ပါတယ်။
ဒါကြောင့် အရွယ်မတိုင်ခင် အိုမင်း ရင့်ရော်ခြင်း ကင်းဝေးရအောင် ပိုက်ဖြင့် စုပ်သောက်တဲ့ အလေ့အထကိုအခုပဲ ရှောင်လိုက် ကြဖို့ ပြောချင်ပါတယ်။
Zawgyi Version
အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းျဖစ္ေစႏိုင္တဲ့ အခ်က္ ၇ ခ်က္
ပရိသတ္ေတြ ကို က်န္းမာေရးနဲ႔ ပတ္သက္တဲ့ ဗဟုသုတေလး တစ္ခု ေဖာ္ျပေပး သြားမွာျဖစ္ပါတယ္။
အ႐ြယ္မတိုင္ခင္ အိုမင္း ေစတဲ့ အခ်က္ေလးေတြ ပဲျဖစ္ ပါတယ္။
ဒီအခ်က္ေတြကို ေ႐ွာင္႐ွား လိုက္နာမယ္ ဆိုရင္ ႏုပ်ိဳၿပီး အ႐ြယ္တင္ေစ မွာျဖစ္လို႔ လိုက္နာက်င့္သုံးၾကဖို႔လည္း တိုက္တြန္းခ်င္ ပါတယ္။
(၁) အိပ္ခ်ိန္မမွန္ျခင္း
အိပ္ခ်ိန္မမွန္ျခင္းက အိပ္ေရးမဝျခင္း ကိုျဖစ္ေစ ပါတယ္။
အိပ္ေရးမဝျခင္းက အာ႐ုံစူးစိုက္ႏိုင္စြမ္းနဲ႔ ကိုယ္ခံစြမ္း အားကို က်ဆင္းေစႏို င္ပါတယ္။
အိပ္ေရးမဝရင္ ခႏၶာကိုယ္ရဲ႕ ေသြးလည္ပတ္ စနစ္ကို က်ဆင္းေစတဲ့ အတြက္ အေရျပားရဲ႕
က်န္းမာေရး ကိုလည္း အထူး ထိခိုက္ေစ ပါတယ္။ ဒီေတာ့ အိပ္ခ်ိန္ မမွန္ပဲ အၿမဲတမ္းျဖစ္ေနမယ္ဆို ရင္ေတာ့
သင္ဟာ အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ သူတစ္ေယာက္ျဖစ္ လာမွာ အေသအခ်ာ ပါပဲ။
ဒီေန႔ေခတ္ လိုအီလက္ထေရာနစ္ ပစၥည္းေတြ ေပါမ်ားလာတဲ့ေခတ္မွာ
ကြန္ပ်ဴတာက ထြက္လာတဲ့ အလင္းေတြ၊ တီဗီက ထြက္ေနတဲ့ အလင္းေတြနဲ႔ ဖုန္းစခရင္ မ်က္ႏွာျပင္က ထြက္တဲ့အလင္းေတြ ကလည္း
သင့္အိပ္ခ်ိန္ကိုေႏွာင့္ယွက္ တတ္ျပန္ တာေၾကာင့္ အိပ္ရာမဝင္ခင္ နာရီဝက္ အလိုေလာက္မွာတင္ ဒီအလင္းေတြနဲ႔ ေဝးေဝးေန သင့္ပါ တယ္။
အ႐ြယ္ေရာက္ၿပီးတဲ့ လူတစ္ေယာက္ဟာ တစ္ေန႔ကို အိပ္ခ်ိန္၇နာရီမွ ၈နာရီခန္႔ထိ အိပ္ေရး၀၀ အိပ္စက္ေပးဖို႔ လိုပါ တယ္။
ဒါေၾကာင့္ သင့္အိပ္ခ်ိန္ေတြကို တန္ဖိုး႐ွိစြာအသုံးခ်ၿပီး အ႐ြယ္မတိုင္ခင္ အိုမင္းမႈမွ လြတ္ေျမာက္ ေအာင္တိုက္တြန္း လိုက္ပါတယ္
(၂) စိတ္ဖိစီးမႈမ်ားျပားလြန္ကဲျခင္း
စိတ္သာ႐ွင္ေစာ၊ဘုရားေဟာဆိုတဲ့ ဆို႐ိုးစကား အတိုင္းပါပဲ။ ႐ုပ္ကို စိတ္ကေဆာင္ ပါတယ္။
စိတ္ဖိစီးမႈ လြန္ကဲေန မယ္ဆိုရင္ေတာ့ သင္ဟာ႐ုပ္ က်ၿပီးအ႐ြယ္မတိုင္ခင္ အိုမင္းလာမွာအေသခ်ာ ပါပဲ။
စိတ္ဖိစီးေနခ်ိန္မွာ ခႏၶာကိုယ္ ကေန ေဟာ္မုန္းေတြ မ်ားမ်ားစားစား ထြက္႐ွိတတ္ပါတယ္။
ဟိုမုန္းထြက္႐ွိမႈ အဆမတန္ မ်ားျပားလာ တာနဲ႔ အမွ် အေရျပားမွာ ေအာက္ဆီဂ်င္ေလ်ာ့နည္းျပတ္လပ္ တတ္တာမို႔ ဝက္ျခံေတြေတာင္ ထြက္လာေစ ပါတယ္။
ဒီေတာ့ အေရျပား က်န္းမာေရး ထိခိုက္ၿပီး အသားအေရကို လည္းညိဳညစ္ၾကမ္းတမ္းေစပါတယ္။
အေရးအေၾကာင္းေတြ လည္းျဖစ္ေပၚ လာတတ္ တာမို႔ အ႐ြယ္နဲ႔ မလိုက္တဲ့ ႏုပ်ိဳမႈေတြကို ဆုံး႐ႈံး ရၿပီး
ပိုၿပီး အိုမင္းလာ သေယာင္ထင္မွတ္ သြားတတ္ ပါတယ္။
ဒါေၾကာင့္ သင့္မွာ စိတ္ဖိစီးမႈမ်ား လာတဲ့ အခါမ်ိဳးမွာ သက္ဆိုင္ရာ ဘာသာတရား အလိုက္
ဘာသာေရးေလ့လာ လိုက္စားတာက စိတ္ဖိစီးမႈကို အေကာင္းဆုံးေျဖေလ်ာ့ နည္းတစ္ခုျဖစ္ပါတယ္။
တရားထိုင္ တာ၊ ကိုယ္လက္ လႈပ္႐ွားမႈေလ့က်င့္ခန္း လုပ္တာ၊
ေယာဂက်င့္တာနဲ႔ လမ္းေလွ်ာက္ျခင္းတို႔ကလည္း စိတ္ဖိစီး မႈကိုေလ်ာ့က်ေစ ပါတယ္။
သီခ်င္းနားေထာင္ျခင္း၊ အေတြးမ်ားျခင္းကို သတိ ကပ္ၿပီးေလ်ာ့ခ်ျခင္း တို႔ကလည္း
သင့္ကို သြယ္ဝိုက္ၿပီးႏုပ်ိဳျခင္းေတြ ေပးေနတယ္ ဆိုတာကို မေမ့ေလ်ာ့သင့္ ပါဘူးလို႔ အၾကံျပဳခ်င္ ပါတယ္။
(၃) လည္ပင္းႏွင့္လက္မ်ားကို လ်စ္လ်ဴ႐ႈထားျခင္း
မ်က္ႏွာအလွ ကိုသာ ဂ႐ုစိုက္ထားၿပီး လည္ပင္းနဲ႔ လက္အလွကို လ်စ္လ်ဴ႐ႈ ထားမယ္ ဆိုရင္လည္း
လူတစ္ ေယာက္ အတြက္ ၿပီးျပည့္စုံတဲ့ အလွ ျဖစ္ေစမွာမ ဟုတ္ပါဘူး။ မိန္းကေလးအမ်ားစုက မ်က္ႏွာအလွအပ ကိုသာ ဦးစားေပးေလ့ ႐ွိၾကၿပီး
လည္ပင္းနဲ႔ လက္အတြက္ ျပင္ဆင္ဖို႔၊ အားျဖည့္ေပးဖို႔ ေမ့ေလ်ာ့ေနၾကေလ့ ႐ွိပါတယ္။
မ်က္ ႏွာအလွကို ဂ႐ုတစိုက္ျပဳျပင္ ၾကသလို ေနေရာင္ဒဏ္ ကိုထိေတြ႕ေလ့႐ွိ တဲ့ လက္ကိုလည္းဂ႐ုတစိုက္ ျပင္ဆင္ဖို႔ လို ပါတယ္။
မ်က္ႏွာလွပျဖဴေဖြးၿပီး လည္ပင္း အသားမည္းေန တာ၊ လက္ေတြညိႇဳမည္းေန တာဟာ လတ္တေလာ ၾကည့္ရဆိုးေစ သလို ႏုပ်ိဳျခင္းက မွ်တဖို လိုပါ တယ္။
ဒါေၾကာင့္ မ်က္ႏွာလိမ္းခရင္မ္ကို လည္ပင္းကို လိမ္းေပး တာ၊
အသားအရည္အားျဖင့္ ခရင္မ္ေတြကို လည္ပင္းနဲ႔ လက္ေတြကို လိမ္းေပး တာမ်ိဳးေတြနဲ႔
အသားအေရ မညီ တဲ့ အိုမင္းရင့္ေရာ္ျခင္းကို ကာကြယ္ တားဆီးႏိုင္မွာပဲ ျဖစ္ပါတယ္။
(၄) ေနကာမ်က္မွန္ရဲ႕ အသုံးဝင္ျခင္းကို ေမ့ေလ်ာ့မိျခင္း
ဒီအခ်က္က ေတြးၾကည့္ရင္ ရယ္စရာ လည္းေကာင္းပါ တယ္။
ဘယ္လိုျဖစ္ျဖစ္သြယ္ဝိုက္တဲ့အခ်က္ပင္ ဆိုေသာ္ျငားလဲ သင္ေမ့မထားသင့္တဲ့ အခ်က္ တစ္ခ်က္ျဖစ္ ပါတယ္။ အခုခ်ိန္မွာ ရာသီဥတုေျပာင္းလဲ လာျခင္းေၾကာင့္
ခရမ္းလြန္ေရာင္ျခည္ အၫႊန္းကိန္းေတြ သိသာစြာျမင့္မား လြန္ကဲ လာတာ အားလုံးအသိပဲျဖစ္ မွာပါ။
ခရမ္း လြန္ေရာင္ျခည္ေတြက မ်က္ႏွာရဲ႕ အႏူးညံ့ဆုံး အစိတ္အပိုင္း တစ္ခုျဖစ္တဲ့ မ်က္ဝန္းတဝိုက္က အေရ ျပားေတြကို ဆိုး႐ြားစြာ ဒုကၡေပးႏိုင္ ပါတယ္။
လူေတြအိုမင္း လာၿပီ ဆိုတဲ့ ျပယုဂ္တစ္ခု အေနနဲ႔ လကၡဏာျပ တဲ့အခါ မ်ိဳးမွာ
မ်က္ဝန္းေဘးမွာ ၾကက္ေျခေတြ လိုျဖစ္တဲ့ အေရးအေၾကာင္းေတြက စၿပီး လကၡဏာျပ တတ္ၾက ပါတယ္။
ဒီေတာ့ အျပင္ထြက္မယ္ ဆိုရင္ မ်က္ဝန္း တစ္ဝိုက္ကို လုံျခဳံမႈ အေပးႏိုင္ ဆုံးျဖစ္တဲ့ ေနကာမ်က္မွန္ တစ္လက္က ေတာ့ လိုကိုလို လာေနၿပီျဖစ္ ပါတယ္။
ေနကာမ်က္မွန္မတပ္ပဲ ေနပူထဲသြားရတဲ့ အခါမ်ိဳးကို သင္ျမင္ေယာင္ၾကည့္ လိုက္ပါ။
ေနေရာင္ျခည္ရဲ႕ စူး႐ွတဲ့အ႐ွိန္ေၾကာင့္ မ်က္ေမွာင္ အၾကာႀကီးၾကဳတ္ ထားရတာ မ်ိဳးက သင့္မ်က္လုံးအ ေရျပား တစ္ဝိုက္ျဖစ္တဲ့ မ်က္ဝန္း ပတ္လည္နဲ႔ နဖူးမွာ
အေရးအေၾကာင္းေတြ ျဖစ္လာေစႏိုင္တာ မို႔လို သင္အ႐ြယ္မ တိုင္ခင္ မအိုမင္း ခ်င္ဘူး ဆိုရင္ေတာ့
အျပင္ထြက္တိုင္း ေနကာမ်က္မွန္ေဆာင္ ထားလိုက္ဖို႔ တိုက္တြန္း လိုက္ပါရေစ။
(၅) မ်က္လုံးကို လက္ျဖင့္ပြတ္ျခင္း
မ်က္လုံးနားကို ခဏခဏေျပာ ရတာ ကလည္း ဇရာရဲ႕ လကၡဏာကိုျပတာ မ်က္ဝန္းတစ္ဝိုက္က အရင္စျပေလ့ ႐ွိလို႔ပဲ ျဖစ္ပါ တယ္။
မ်က္ဝန္းတစ္ဝိုက္အေရျပားက အင္မတန္ႏူးညံ့ တာကို အေပၚအခ်က္မွာလည္းေျပာၿပီး သားျဖစ္ပါတယ္။
ဒါေၾကာင့္ မ်က္လုံးကို လက္ျဖင့္ ခဏခဏ ပြတ္တတ္တဲ့ သူေတြ၊ မ်က္လုံးအားနည္းလို႔ မၾကာခဏ မႈန္ဝါး သြားမႈေၾကာင့္
လက္ျဖင့္ ခဏခဏ ပြတ္တတ္တဲ့ သူေတြ အေနနဲ႔ ၾကဳံေတြ႕ရႏိုင္တာ ကေတာ့ မ်က္ကြင္း ညိဳျခင္းကို ျဖစ္ေစႏိုင္ တာပဲျဖစ္ ပါတယ္။
မ်က္ကြင္းညိဳတဲ့လူေတြရဲ႕ ဒုကၡကို မ်က္ကြင္းညိဳ သူေတြပဲ သိတယ္ဆိုတဲ့အတိုင္းပဲ မ်က္ကြင္းညိဳျခင္းဟာ
မိတ္ကပ္ လိမ္းတဲ့ အခါမွာလည္း အသားအရည္ညီေအာင္ ညႇိရ တာမလြယ္လွပါဘူး။
မ်က္ကြင္းညိဳျခင္းကို သက္သာေစတဲ့ ခရင္မ္ေတြကလည္း ေဈးႀကီးလြန္းလွပါတယ္။
ဒါေၾကာင့္ သင့္မ်က္ႏွာေလး ႏုပ်ိဳေနေစခ်င္တယ္ဆိုရင္ေတာ့ မ်က္လုံးကိုလက္နဲ႔ ခဏခဏပြတ္ျခင္းမွ ေ႐ွာင္ ရမွာပဲ ျဖစ္ပါတယ္။
(၆) ေမွာက္အိပ္ျခင္း
ေမွာက္အိပ္ရင္ မ်က္ႏွာျပည့္ျပည့္ေလး ျဖစ္တယ္။ ေမွာက္အိပ္လို႔ေျပာၾကေလ့ ႐ွိေပမယ့္
တကယ္တမ္းသင္တို႔ သိထားရမွာက ေမွာက္အိပ္တဲ့ လူေတြဟာ သာမန္လူေတြထက္ပိုၿပီး အိုမင္းရင့္ေရာ္ေစ တဲ့ အခ်က္တစ္ခုပဲ ျဖစ္ ပါတယ္။
ညစဥ္ညတိုင္းေမွာက္ အိပ္တယ္ ဆိုတဲ့လူေတြမွာ ရက္ေပါင္း၃၀ အတြင္းမွာပင္ မ်က္ႏွာေပၚက အသား အေရေတြကို
သိသိသာသာ ထိခိုက္ ပ်က္စီးေစႏို င္ပါတယ္ လို႔ ႏိုင္ငံျခားကသုေတသနလုပ္ထားတဲ့ က်န္းမာေရး စစ္တမ္းေတြမွာ ေဖာ္ျပ ထားပါ တယ္။
ဒါေၾကာင့္ ေမွာက္အိပ္ တတ္တဲ့ ပ်ိဳေမေလးေတြ အေနနဲ႔ အခုပဲ အဲဒီအေလ့ အက်င့္ကိုျပင္လိုက္ၾကဖို႔ တိုက္တြန္းလို ပါတယ္။
(၇) အရည္ေတြကို ပိုက္ျဖင့္စုပ္ေသာက္ျခင္း
ဘယ္လိုမ်ား သက္ဆိုင္ ပါလိမ့္လို႔ ထင္သြားၾကတယ္ မဟုတ္လား။
အမွန္ပါပဲ..ပိုက္ျဖင့္စုပ္ေသာက္တဲ့ အေလ့ အက်င့္က ၾကာလာတဲ့ အခါမွာ ႏႈတ္ခမ္း တစ္ဝိုက္က အေရျပားေတြကို
အက်ိဳး သက္ေရာက္မႈျဖစ္ေစၿပီး အေရး အေၾကာင္းေတြ ထင္လာ တတ္ပါတယ္။
စီးကရက္ကို ႐ိႈက္ၿပီးေသာက္ တတ္ျခင္း ကလည္း ဒီနည္းအတိုင္းအ က်ိဳးသက္ေရာက္မႈျဖစ္ေစပါတယ္။
အခ်ိဳရည္ကို ပိုက္နဲ႔ ေသာက္ၿပီးငုံ ထားတတ္တဲ့ သူေတြမွာ ဆိုရင္လည္း ခံ တြင္းက်န္းမာေရးကို ထိခိုက္ၿပီး သြားမ်ားကို အဝါေရာင္သမ္း ေစ ပါတယ္။
ဒါေၾကာင့္ အ႐ြယ္မတိုင္ခင္ အိုမင္း ရင့္ေရာ္ျခင္း ကင္းေဝးရေအာင္ ပိုက္ျဖင့္ စုပ္ေသာက္တဲ့ အေလ့အထကိုအခုပဲ ေ႐ွာင္လိုက္ ၾကဖို႔ ေျပာခ်င္ပါတယ္။