Knowledge

မျက်မှန်တပ်သူတိုင်း မဖြစ်မနေသိထားသင့်တဲ့ နည်းလမ်းကောင်း ( ၇ ) မျိုး

မျက်မှန်တပ်သူတိုင်း မဖြစ်မနေသိထားသင့်တဲ့ နည်းလမ်းကောင်း ( ၇ ) မျိုး

မျက်မှန်တပ်သူတိုင်း မဖြစ်မနေသိထားသင့်တဲ့ နည်းလမ်းကောင်း ( ၇ ) မျိုး

မျက်မှန် ဘယ်လောက် အရေးကြီးသလဲ ဆိုတဲ့ အကြောင်းကို မျက်မှန် တပ်နေ ရသူတွေသာ သိမယ် ။

ကိုယ်နှင့် မခွာ အမြဲ ဆောင်ယူသွားနေ ရတဲ့ ပစ္စည်းထဲ မျက်မှန်က ထိပ်ဆုံးပါတယ် ။

မျက်မှန်ကိုင်းလေးကျိုး သွားလို့ ဆိုင်သွားပေး ထားရင်တောင် တစ်ရက်လောက်

မျက်ကန်း ဘဝထဲ ရောက် သွား သလို ခံစားရတာ မျိုးက စာရေးသူ ကိုယ်တွေ့ပါ ။

ဒါကြောင့် မျက်မှန်တပ် သူတွေ အတွက် မျက်မှန်နဲ့ ပတ်သတ်ပြီး ဗဟုသုတ လည်း ရပြီး

အကျိုးလည်း ရှိစေမယ့် နည်းလမ်းကောင်း လေးတွေ ကိုမျှဝေပေး လိုက်ပါတယ် ။

၁ ။ အမှောင်ထဲမှာ မျက်မှန် ရှာတဲ့ အခါ

ကိုယ် အပြင် ထွက်ခါနီးမှ မီးကပျက် ၊ မျက်မှန်ဘူး ကိုလည်း ဘယ်လို ရှာရမှန်း မသိတဲ့ အခါ ဒီနည်းလေးသုံးလို့ ရပါတယ် ။

အနုမြူ သော့ချိတ်ကို ကိုယ့်မျက်မှန် အိတ်ထဲ ချိတ်ထားပါ ။သို့မဟုတ်တွဲ ချည်ထားပါ ။

ဒါဆိုရင်တော့ ဘယ်လောက် ပဲမှောင်နေတဲ့ အခန်း ဖြစ်ပါစေ လွယ်လွယ်နဲ့ ရှာတွေ့ သွားမှာပါ ။

၂ ။ မျက်မှန်ကိုင်း ချောင်ကျ တဲ့အခါ

မျက်မှန်ကိုင်း ချောင်ကျ တာကတော့ မျက်မှန်ကိုင်း ထိပ်က ခပ်ပြေပြေ ဖြစ်ပြီး နားပေါ်က ချော်ကျ လို့ပါ ။

အဲ့ဒီ့အခါ မျက်မှန်ကိုင်းထိပ်ကို ရေနွေးပူပူထဲ စိမ်ပြီး ပျော့လာတဲ့ အခါ ဆွဲကွေးလိုက်ပါ ။

အဲ့ဒီအခါ နားပေါ်က ချော်ကျတဲ့ ပြသာနာ မရှိတော့ပါဘူး ။

နောက်ထပ်နည်းတစ်ခု ကတော့ ကိုင်းထိပ်နား လေးတွေကို ခေါင်းစည်းကြိုး ဗြောင်သေးသေးလေးနဲ့ ပတ်ထား လိုက်ပါ ။

အဲ့ဒါက လုပ်ရလည်း လွယ်ပါတယ် ။

၃ ။ မှန်မျက်နှာပြင် ရေငွေ့ဟပ်တဲ့အခါ

YBS ကားပေါ်က ဆင်းလာတဲ့ မျက်မှန် သမားတိုင်း ခံစားဖူးမှာပါ ။

မျက်မှန်ချွတ်ပြီး ဆင်းပြန်တော့လည်း ပတ်ဝန်းကျင် တစ်ခုလုံး ဝေဝါးနေတဲ့ အဖြစ် ။

ရေငွေ့ မဟပ်စေချင် ရင်တော့ နည်းတစ်ခု ရှိပါတယ် ။

ရေမစို သေးတဲ့ ဆပ်ပြာကို မှန်မျက်နှာပြင်ပေါ် နည်းနည်းပွတ်ပြီး မှန်သုတ်အဝတ်နုနဲ့ တစ်ပြင်လုံးပျံ့အောင်သုတ်ပေး လိုက်ပါ ။

ဒါမှမဟုတ် မုတ်ဆိတ်ရိတ် ခရင်မ်လေး ထည့်ပြီး အဝတ်နုနဲ့ သုတ်ပစ် လိုက်ပါ ။

ရေငွေ့လုံးဝ မဟပ်စေ ရပါဘူး ။

၄ ။ မျက်မှန်ပေါ်ခြစ်ရာထင်တဲ့အခါ

မျက်မှန်ပေါ်ခြစ်ရာ ထင်တဲ့ အခါမှာတော့ သိပ်မပြင်းလွန်းတဲ့ အပျော့စား သွားတိုက်ဆေးနည်းနည်းထည့်ပြီး ဂွမ်းလေးနဲ့ စက်ဝိုင်းပုံ သဏ္ဍာန် ၁၀စက္ကန့်လောက် ပွတ်ပေးပါ ။

ပြီးရင်ရေအေး နဲ့ဆေးချပြီး မျက်မှန်သုတ် အဝတ်ပါးစလေးနဲ့သေချာသုတ်ပေး လိုက်ပါ ။

၅ ။ မျက်မှန်ဆေးတဲ့အခါ

မျက်မှန်ကို သာမန် Dish Washing Liquid ( ပန်းကန်ဆေး ဆပ်ပြာရည် ) နဲ့ဆေးလို့ ရပါတယ် ။

ဒါပေမယ့် Alcohol, Vinegar, Ammonia နဲ့ ချေးချွတ်ဆေး မပါတဲ့ ဆပ်ပြာရည် ဖြစ်မှသာအဆင်ပြေမှာပါ ။

၆ ။ မျက်မှန်ကြာရှည် ခံစေချင်ရင်

မျက်မှန်ကြာရှည် ခံစေချင်ရင်တော့ တွေ့ကရာ အဝတ်နဲ့မသုတ်ပဲ မျက်မှန်သုတ် အဝတ်စလေးနဲ့ပဲ သုတ်ပေးသင့် ပါတယ် ။

တခြား အဝတ်တွေက မျက်မှန်သုတ် အဝတ်စလောက်

မနူးညံ့ တာကြောင့် မှန်သားတွေ အပေါ်ခြစ်ရာထင်စေ နိုင်ပြီး အမြင်ဝါးစေ ပါတယ် ။

အဝတ်နုစလေးတွေ ကိုလည်း ပုံမှန်သန့်ရှင်းပေးဖို့ လိုပါတယ် ။

၇ ။ အနီးမှုန်သမားများ ပစ္စည်းရှာချင်တဲ့အခါ

အကြောင်း တစ်စုံတစ်ခုကြောင့် မျက်မှန်အထားမှားလို့ရှာမယ် ဆိုပေမယ့် ကိုယ်က အနီးမှုန်သမားဖြစ်နေလို့ အခက်တွေ့နေ ပါလား ။

ဒါဆိုမပူပါနဲ့ ။ကိုယ်ဖုန်းထဲက ကင်မရာက တစ်ဆင့်ကြည့်ပြီး ရှာလို့ရပါတယ် ။

အဲ့ဒါက အမြင်ကိုရှင်းစေတဲ့အပြင် အနီးမှုန်သမားများ အတွက် အရမ်းအဆင်ပြေ မှာပါ ။

မျက်မှန်တပ်ကြရတဲ့ စာဖတ်ပရိသတ်တွေ အတွက် ဒီနည်းလမ်း ( ၇ ) မျိုးက အင်မတန်အကျိုးပေးမှာ မို့လို့ လိုအပ်တဲ့ အခါ လိုသလို သုံးလိုက် ကြပါ ။

Credit

မ်က္မွန္တပ္သူတိုင္း မျဖစ္မေနသိထားသင့္တဲ့ နည္းလမ္းေကာင္း ( ၇ ) မ်ိဳး

မ်က္မွန္တပ္သူတိုင္း မျဖစ္မေနသိထားသင့္တဲ့ နည္းလမ္းေကာင္း ( ၇ ) မ်ိဳး

မ်က္မွန္ ဘယ္ေလာက္ အေရးႀကီးသလဲ ဆိုတဲ့ အေၾကာင္းကို မ်က္မွန္ တပ္ေန ရသူေတြသာ သိမယ္ ။

ကိုယ္ႏွင့္ မခြာ အၿမဲ ေဆာင္ယူသြားေန ရတဲ့ ပစၥည္းထဲ မ်က္မွန္က ထိပ္ဆုံးပါတယ္ ။

မ်က္မွန္ကိုင္းေလးက်ိဳး သြားလို႔ ဆိုင္သြားေပး ထားရင္ေတာင္ တစ္ရက္ေလာက္

မ်က္ကန္း ဘဝထဲ ေရာက္ သြား သလို ခံစားရတာ မ်ိဳးက စာေရးသူ ကိုယ္ေတြ႕ပါ ။

ဒါေၾကာင့္ မ်က္မွန္တပ္ သူေတြ အတြက္ မ်က္မွန္နဲ႔ ပတ္သတ္ၿပီး ဗဟုသုတ လည္း ရၿပီး

အက်ိဳးလည္း ရွိေစမယ့္ နည္းလမ္းေကာင္း ေလးေတြ ကိုမွ်ေဝေပး လိုက္ပါတယ္ ။

၁ ။ အေမွာင္ထဲမွာ မ်က္မွန္ ရွာတဲ့ အခါ

ကိုယ္ အျပင္ ထြက္ခါနီးမွ မီးကပ်က္ ၊ မ်က္မွန္ဘူး ကိုလည္း ဘယ္လို ရွာရမွန္း မသိတဲ့ အခါ ဒီနည္းေလးသုံးလို႔ ရပါတယ္ ။

အႏုျမဴ ေသာ့ခ်ိတ္ကို ကိုယ့္မ်က္မွန္ အိတ္ထဲ ခ်ိတ္ထားပါ ။သို႔မဟုတ္တြဲ ခ်ည္ထားပါ ။

ဒါဆိုရင္ေတာ့ ဘယ္ေလာက္ ပဲေမွာင္ေနတဲ့ အခန္း ျဖစ္ပါေစ လြယ္လြယ္နဲ႔ ရွာေတြ႕ သြားမွာပါ ။

၂ ။ မ်က္မွန္ကိုင္း ေခ်ာင္က် တဲ့အခါ

မ်က္မွန္ကိုင္း ေခ်ာင္က် တာကေတာ့ မ်က္မွန္ကိုင္း ထိပ္က ခပ္ေျပေျပ ျဖစ္ၿပီး နားေပၚက ေခ်ာ္က် လို႔ပါ ။

အဲ့ဒီ့အခါ မ်က္မွန္ကိုင္းထိပ္ကို ေရေႏြးပူပူထဲ စိမ္ၿပီး ေပ်ာ့လာတဲ့ အခါ ဆြဲေကြးလိုက္ပါ ။

အဲ့ဒီအခါ နားေပၚက ေခ်ာ္က်တဲ့ ျပသာနာ မရွိေတာ့ပါဘူး ။

ေနာက္ထပ္နည္းတစ္ခု ကေတာ့ ကိုင္းထိပ္နား ေလးေတြကို ေခါင္းစည္းႀကိဳး ေျဗာင္ေသးေသးေလးနဲ႔ ပတ္ထား လိုက္ပါ ။

အဲ့ဒါက လုပ္ရလည္း လြယ္ပါတယ္ ။

၃ ။ မွန္မ်က္ႏွာျပင္ ေရေငြ႕ဟပ္တဲ့အခါ

YBS ကားေပၚက ဆင္းလာတဲ့ မ်က္မွန္ သမားတိုင္း ခံစားဖူးမွာပါ ။

မ်က္မွန္ခြၽတ္ၿပီး ဆင္းျပန္ေတာ့လည္း ပတ္ဝန္းက်င္ တစ္ခုလုံး ေဝဝါးေနတဲ့ အျဖစ္ ။

ေရေငြ႕ မဟပ္ေစခ်င္ ရင္ေတာ့ နည္းတစ္ခု ရွိပါတယ္ ။

ေရမစို ေသးတဲ့ ဆပ္ျပာကို မွန္မ်က္ႏွာျပင္ေပၚ နည္းနည္းပြတ္ၿပီး မွန္သုတ္အဝတ္ႏုနဲ႔ တစ္ျပင္လုံးပ်ံ႕ေအာင္သုတ္ေပး လိုက္ပါ ။

ဒါမွမဟုတ္ မုတ္ဆိတ္ရိတ္ ခရင္မ္ေလး ထည့္ၿပီး အဝတ္ႏုနဲ႔ သုတ္ပစ္ လိုက္ပါ ။

ေရေငြ႕လုံးဝ မဟပ္ေစ ရပါဘူး ။

၄ ။ မ်က္မွန္ေပၚျခစ္ရာထင္တဲ့အခါ

မ်က္မွန္ေပၚျခစ္ရာ ထင္တဲ့ အခါမွာေတာ့ သိပ္မျပင္းလြန္းတဲ့ အေပ်ာ့စား သြားတိုက္ေဆးနည္းနည္းထည့္ၿပီး ဂြမ္းေလးနဲ႔ စက္ဝိုင္းပုံ သ႑ာန္ ၁၀စကၠန႔္ေလာက္ ပြတ္ေပးပါ ။

ၿပီးရင္ေရေအး နဲ႔ေဆးခ်ၿပီး မ်က္မွန္သုတ္ အဝတ္ပါးစေလးနဲ႔ေသခ်ာသုတ္ေပး လိုက္ပါ ။

၅ ။ မ်က္မွန္ေဆးတဲ့အခါ

မ်က္မွန္ကို သာမန္ Dish Washing Liquid ( ပန္းကန္ေဆး ဆပ္ျပာရည္ ) နဲ႔ေဆးလို႔ ရပါတယ္ ။

ဒါေပမယ့္ Alcohol, Vinegar, Ammonia နဲ႔ ေခ်းခြၽတ္ေဆး မပါတဲ့ ဆပ္ျပာရည္ ျဖစ္မွသာအဆင္ေျပမွာပါ ။

၆ ။ မ်က္မွန္ၾကာရွည္ ခံေစခ်င္ရင္

မ်က္မွန္ၾကာရွည္ ခံေစခ်င္ရင္ေတာ့ ေတြ႕ကရာ အဝတ္နဲ႔မသုတ္ပဲ မ်က္မွန္သုတ္ အဝတ္စေလးနဲ႔ပဲ သုတ္ေပးသင့္ ပါတယ္ ။

တျခား အဝတ္ေတြက မ်က္မွန္သုတ္ အဝတ္စေလာက္

မႏူးညံ့ တာေၾကာင့္ မွန္သားေတြ အေပၚျခစ္ရာထင္ေစ ႏိုင္ၿပီး အျမင္ဝါးေစ ပါတယ္ ။

အဝတ္ႏုစေလးေတြ ကိုလည္း ပုံမွန္သန႔္ရွင္းေပးဖို႔ လိုပါတယ္ ။

၇ ။ အနီးမႈန္သမားမ်ား ပစၥည္းရွာခ်င္တဲ့အခါ

အေၾကာင္း တစ္စုံတစ္ခုေၾကာင့္ မ်က္မွန္အထားမွားလို႔ရွာမယ္ ဆိုေပမယ့္ ကိုယ္က အနီးမႈန္သမားျဖစ္ေနလို႔ အခက္ေတြ႕ေန ပါလား ။

ဒါဆိုမပူပါနဲ႔ ။ကိုယ္ဖုန္းထဲက ကင္မရာက တစ္ဆင့္ၾကည့္ၿပီး ရွာလို႔ရပါတယ္ ။

အဲ့ဒါက အျမင္ကိုရွင္းေစတဲ့အျပင္ အနီးမႈန္သမားမ်ား အတြက္ အရမ္းအဆင္ေျပ မွာပါ ။

မ်က္မွန္တပ္ၾကရတဲ့ စာဖတ္ပရိသတ္ေတြ အတြက္ ဒီနည္းလမ္း ( ၇ ) မ်ိဳးက အင္မတန္အက်ိဳးေပးမွာ မို႔လို႔ လိုအပ္တဲ့ အခါ လိုသလို သုံးလိုက္ ၾကပါ ။

Credit