တစ်စုံတစ်ယောက်က သင့်အိပ်မက်ထဲ ဝင်ရောက်လာတဲ့ အကြောင်းအရင်း(၄)ခု…
တစ်ခါတစ်လေမှာ ကိုယ်သူ့အကြောင်းတွေးအိပ်တာလည်း မဟုတ်ပါပဲနဲ့
တစ်စုံတစ်ယောက်ကို အိပ်မက်မက်တာမျိုး ဖြစ်ဖူးကြတယ်ဟုတ်။
ဒီလိုမျိုး ကိုယ့်အိပ်မက်ထဲကို တစ်စုံတစ်ယောက် ဝင်ရောက်လာခြင်းမှာ
သင့်ကို အံ့သြသွားစေမယ့် အကြောင်းအရင်းတွေ ရှိလို့နေပါတယ်။
သင့်အိပ်မက်ထဲကို တစ်စုံတစ်ယောက် ဝင်ရောက်လာခြင်းဟာ
ဒီအချက်တွေကြောင့်ပဲ ဖြစ်ပါတယ်နော် ။
သူသင့်ကို သတိရနေလို့”
ကိုယ့်အိပ်မက်ထဲကို မဖိတ်ခေါ်ပဲ ရောက်လာတဲ့သူဟာ
ကိုယ့်ကို သတိတရရှိနေတဲ့ အတွက်ကြောင့် အိပ်မက်ထဲကို ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။
လူတွေရဲ့ စိတ်တွေဟာ တကယ့်ကို အစွမ်းထက်လှပြီးတော့ တစ်စုံတစ်ယောက်က ပြင်းပြစွာ
သတိရတဲ့အခါမှာ အဲဒီ့ လူရဲ့ အတွေးထဲ၊ အိပ်မက်ထဲ ထိတိုင်အောင် ဝင်ရောက်နိုင်စွမ်း ရှိပါတယ်။
ဒါကြောင့် တစ်စုံတစ်ယောက်က သင့်ကိုအရမ်း သတိရလွမ်းဆွတ်နေတဲ့ အတွက်ကြောင့်
သင်သူ့ကို အိပ်မက် မက်ခြင်း ဖြစ်ပါတယ် ။
သူသင့်အကြောင်း စဉ်းစားနေလို့”
တစ်စုံတစ်ယောက်ကို အိပ်မက်မက်တတ်တာဟာ အဲဒီ့လူက သင့်အကြောင်းကို တွေးတောနေတာ
ဒါမှမဟုတ် သင့်အကြောင်း အိပ်မက်မက်နေတဲ့ အတွက်ကြောင့်ပါတဲ့။
တူညီတဲ့ အိပ်မက်ကို မက်ဖို့ဆိုတာ တကယ့်ကို ထူးဆန်းတဲ့ အရာဖြစ်ပြီး တစ်စုံတစ်ယောက်ရဲ့ စိတ်ဆန္ဒတွေ၊
ခံစားချက်တွေ အရမ်းပြင်းထန်တဲ့အချိန်မှာ သင့်ရဲ့အိပ်မက်ကို တစ်စုံတစ်ယောက် ရောက်ရှိနေသလိုပဲ
သူ့အိပ်မက်ထဲကိုလည်း သင့်ကိုဖိတ်ခေါ်စေနိုင်ပါတယ်။
နောက်ပြီး သင့်အကြောင်းတွေပဲ တွေးနေတဲ့ သူတစ်ယောက်ဟာလည်း
သင့်အိပ်မက်ထဲကို ရောက်လာနိုင်စွမ်း ရှိပါတယ်တဲ့ …။
သူ့ကြောင့် သင်နာကျင်ခံစားဖူးလို့”
တစ်စုံတစ်ယောက်ကြောင့် နာကျင်ခံစားဖူးတဲ့အခါ အဲဒီ့နာကျင်မှုဟာ
သင့်ရဲ့ရင်ဘတ်တစ်နေရာမှာ ကိန်းအောင်းနေတတ်ပါတယ်။
ဒီလိုမျိုး သိမ်းဆည်းထားတဲ့ နာကျင်မှုတွေဟာ တစ်ခါတစ်လေမှာ
သင့်အိပ်မက်တွေအဖြစ် ရောက်ရှိလာတတ်ပြီး
ကိုယ့်ကိုယ်နာကျင်စေခဲ့တဲ့ တစ်စုံတစ်ယောက် ဒါမှမဟုတ် သင်မကျေနပ်တဲ့ တစ်ယောက်ယောက်က
သင့်အိပ်မက်ထဲ အထိအောင် လိုက်နှောင့်ယှက်တတ်တာပဲ ဖြစ်ပါတယ် …။
သင်သူ့ကို သဘောကျနေလို့”
ကိုယ့်က တစ်စုံတစ်ယောက်ကို သဘောကျနေတဲ့အခါမှာလည်း သူ့အကြောင်း အိပ်မက်မက်တတ်ပါသေးတယ်။
ဥပမာ- ကိုယ်သဘောကျတဲ့ ကောင်လေး၊ ကိုယ်လေးစား အားကျရတဲ့
သူတစ်ယောက်ယောက် စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
သင်သဘောကျတဲ့သူဟာ သင့်စိတ်ထဲမှာ နေရာယူထားတဲ့အတွက်ကြောင့်
အဲဒီ့တစ်စုံတစ်ယောက်ကို အိပ်မက်မက်တတ်တာ ဖြစ်ပါတယ်နော် ။
Khin
Credit
Zawgyi Version
တစ္စုံတစ္ေယာက္က သင့္အိပ္မက္ထဲ ဝင္ေရာက္လာတဲ့ အေၾကာင္းအရင္း(၄)ခု…
တစ္ခါတစ္ေလမွာ ကိုယ္သူ႕အေၾကာင္းေတြးအိပ္တာလည္း မဟုတ္ပါပဲနဲ႔
တစ္စုံတစ္ေယာက္ကို အိပ္မက္မက္တာမ်ိဳး ျဖစ္ဖူးၾကတယ္ဟုတ္။
ဒီလိုမ်ိဳး ကိုယ့္အိပ္မက္ထဲကို တစ္စုံတစ္ေယာက္ ဝင္ေရာက္လာျခင္းမွာ
သင့္ကို အံ့ၾသသြားေစမယ့္ အေၾကာင္းအရင္းေတြ ႐ွိလို႔ေနပါတယ္။
သင့္အိပ္မက္ထဲကို တစ္စုံတစ္ေယာက္ ဝင္ေရာက္လာျခင္းဟာ
ဒီအခ်က္ေတြေၾကာင့္ပဲ ျဖစ္ပါတယ္ေနာ္ ။
သူသင့္ကို သတိရေနလို႔”
ကိုယ့္အိပ္မက္ထဲကို မဖိတ္ေခၚပဲ ေရာက္လာတဲ့သူဟာ
ကိုယ့္ကို သတိတရ႐ွိေနတဲ့ အတြက္ေၾကာင့္ အိပ္မက္ထဲကို ဝင္ေရာက္လာတာပဲ ျဖစ္ပါတယ္။
လူေတြရဲ႕ စိတ္ေတြဟာ တကယ့္ကို အစြမ္းထက္လွၿပီးေတာ့ တစ္စုံတစ္ေယာက္က ျပင္းျပစြာ
သတိရတဲ့အခါမွာ အဲဒီ့ လူရဲ႕ အေတြးထဲ၊ အိပ္မက္ထဲ ထိတိုင္ေအာင္ ဝင္ေရာက္ႏိုင္စြမ္း ႐ွိပါတယ္။
ဒါေၾကာင့္ တစ္စုံတစ္ေယာက္က သင့္ကိုအရမ္း သတိရလြမ္းဆြတ္ေနတဲ့ အတြက္ေၾကာင့္
သင္သူ႕ကို အိပ္မက္ မက္ျခင္း ျဖစ္ပါတယ္ ။
သူသင့္အေၾကာင္း စဥ္းစားေနလို႔”
တစ္စုံတစ္ေယာက္ကို အိပ္မက္မက္တတ္တာဟာ အဲဒီ့လူက သင့္အေၾကာင္းကို ေတြးေတာေနတာ
ဒါမွမဟုတ္ သင့္အေၾကာင္း အိပ္မက္မက္ေနတဲ့ အတြက္ေၾကာင့္ပါတဲ့။
တူညီတဲ့ အိပ္မက္ကို မက္ဖို႔ဆိုတာ တကယ့္ကို ထူးဆန္းတဲ့ အရာျဖစ္ၿပီး တစ္စုံတစ္ေယာက္ရဲ႕ စိတ္ဆႏၵေတြ၊
ခံစားခ်က္ေတြ အရမ္းျပင္းထန္တဲ့အခ်ိန္မွာ သင့္ရဲ႕အိပ္မက္ကို တစ္စုံတစ္ေယာက္ ေရာက္႐ွိေနသလိုပဲ
သူ႕အိပ္မက္ထဲကိုလည္း သင့္ကိုဖိတ္ေခၚေစႏိုင္ပါတယ္။
ေနာက္ၿပီး သင့္အေၾကာင္းေတြပဲ ေတြးေနတဲ့ သူတစ္ေယာက္ဟာလည္း
သင့္အိပ္မက္ထဲကို ေရာက္လာႏိုင္စြမ္း ႐ွိပါတယ္တဲ့ …။
သူ႕ေၾကာင့္ သင္နာက်င္ခံစားဖူးလို႔”
တစ္စုံတစ္ေယာက္ေၾကာင့္ နာက်င္ခံစားဖူးတဲ့အခါ အဲဒီ့နာက်င္မႈဟာ
သင့္ရဲ႕ရင္ဘတ္တစ္ေနရာမွာ ကိန္းေအာင္းေနတတ္ပါတယ္။
ဒီလိုမ်ိဳး သိမ္းဆည္းထားတဲ့ နာက်င္မႈေတြဟာ တစ္ခါတစ္ေလမွာ
သင့္အိပ္မက္ေတြအျဖစ္ ေရာက္႐ွိလာတတ္ၿပီး
ကိုယ့္ကိုယ္နာက်င္ေစခဲ့တဲ့ တစ္စုံတစ္ေယာက္ ဒါမွမဟုတ္ သင္မေက်နပ္တဲ့ တစ္ေယာက္ေယာက္က
သင့္အိပ္မက္ထဲ အထိေအာင္ လိုက္ေႏွာင့္ယွက္တတ္တာပဲ ျဖစ္ပါတယ္ …။
သင္သူ႕ကို သေဘာက်ေနလို႔”
ကိုယ့္က တစ္စုံတစ္ေယာက္ကို သေဘာက်ေနတဲ့အခါမွာလည္း သူ႕အေၾကာင္း အိပ္မက္မက္တတ္ပါေသးတယ္။
ဥပမာ- ကိုယ္သေဘာက်တဲ့ ေကာင္ေလး၊ ကိုယ္ေလးစား အားက်ရတဲ့
သူတစ္ေယာက္ေယာက္ စသျဖင့္ အမ်ိဳးမ်ိဳး ျဖစ္ႏိုင္ပါတယ္။
သင္သေဘာက်တဲ့သူဟာ သင့္စိတ္ထဲမွာ ေနရာယူထားတဲ့အတြက္ေၾကာင့္
အဲဒီ့တစ္စုံတစ္ေယာက္ကို အိပ္မက္မက္တတ္တာ ျဖစ္ပါတယ္ေနာ္ ။
Khin
Credit