မမကိုချစ်မယ်ဆို မောင်လေးသိထားဖို့လိုမယ့် အချက်(၅)ချက်…
လူငယ်တွေရဲ့သဘောကိုလည်း နားလည်တာမို့ ဘော်ဒါတွေနဲ့ လျှောက်သွားတာကို အပြစ်မြင်မှာမဟုတ်ပါဘူး။
ဘီယာသောက်လို့ ဆူမှမဟုတ်တဲ့အပြင် ကိုယ်ကသာချွဲလိုက်ရင် အမြည်းတောင်လုပ်ပေးဦးမယ့်သူတွေပါ။
အချစ်ဆိုတာ ချစ်နေဖို့ပဲလေ။ တကယ်တမ်း ချစ်မိပြီသာဆို
အသားအရောင်၊ အသက်အရွယ်၊ အဆင့်အတန်းတွေလည်း ထည့်မတွေးမိကြတော့ပါဘူး။
ယောကျ်ားလေးနဲ့မိန်းကလေးမှာ ယောက်ျားလေးက မိန်းကလေးထက်ပိုအသက်ကြီးတဲ့ စုံတွဲတွေက ပုံမှန်ပါပဲ။
အဆင်လည်း ပြေကြပါတယ်။ မိန်းကလေးက ယောက်ျားလေးထက် နည်းနည်းအသက်ပိုကြီးတဲ့
မမနဲ့မောင်လေး အချစ်ရေးဆိုရင်တော့ ဒါလေးတွေကို သိထားဖို့လိုတာပေါ့။
၁။ မညာပါနဲ့
ဘယ်လိုဆက်ဆံရေးမျိုးမဆို လိမ်ညာပေါင်းသင်းတာ မကောင်းဘူးမဟုတ်လား။
ချစ်ရတဲ့လူကိုဆိုလည်း လုံးဝ မညာသင့်ပါဘူး။ မမကို ညာမယ်ဆိုရင်တော့ မောင်လေး သိပ်မှားသွားပါလိမ့်မယ်။
ဘာလို့လဲဆိုတော့ မမတို့က လူ့လောကကို အရင်ရောက်လာပြီးဖြစ်သလို ကိုယ့်ထက်ငယ်သူကို ချစ်သူတော်ထားရတာနဲ့အမျှ
အားလုံးစုံစမ်းထားပြီးသားဆိုတာ သဘောပေါက်လိုက်ပါ။
၂။ ခွင့်လွှတ်တတ်တယ်
အမှားတွေရှိလာရင်လည်း မကြောက်ပါနဲ့။ ဖေးမ ကူညီဖို့ အသင့်ပါပဲ။ အပြစ်ရှိရင်သာ မညာဘဲဝန်ခံလိုက်ပါ။
နားလည်ခွင့်လွှတ်ပေးဖို့ အသင့်ရှိပါတယ်။ လူငယ်တွေရဲ့သဘောကိုလည်း နားလည်တာမို့ ဘော်ဒါတွေနဲ့ လျှောက်သွားတာကို အပြစ်မြင်မှာမဟုတ်ပါဘူး။
ဘီယာသောက်လို့ ဆူမှမဟုတ်တဲ့အပြင် ကိုယ်ကသာချွဲလိုက်ရင် အမြည်းတောင်လုပ်ပေးဦးမယ့်သူတွေပါ။
၃။ ပြတ်သားတယ်
မိန်းကလေးတွေဟာ ငယ်တုန်းက ဘယ်လောက်ပဲ ကလေးဆန်တယ်ဆိုဆို အသက် ၂၅ နှစ် ကျော်လာတာနဲ့ ရင့်ကျက်လာကြပါပြီ။
လုပ်ငန်းခွင်မှာလည်း အထိုက်အလျောက် နေရာရလာမို့ ကိုယ်ပိုင်ရပ်တည်နိုင်သူတွေပေါ့။
စိတ်ဓာတ်လည်း ပိုမိုမာကြောလာပါတယ်။ တားမြစ်ထားတဲ့အရာတွေကို ချိုးဖောက်လိုက်တာနဲ့အမျှ ပြစ်ဒဏ်တစ်ခုခုရဖို့သာ ပြင်ထားလိုက်ပါ။
ပြတ်သားသူတွေပီပီ ကျောခိုင်းသွားတာနဲ့ ပြန်လှည့်ကြည့်တော့မှာလည်း မဟုတ်ပါဘူး။
၄။ စိတ်ချမ်းသာရမယ်
စိတ်ချမ်းသာစရာတွေကတော့ အများကြီးပါပဲ။
ကိုယ့်အကြိုက်တွေကိုလည်း ကောင်းကောင်းသိနေသူဆိုတော့ နားလည်မှုလွဲတာတွေလည်း နည်းပါတယ်။
ကိုယ့်အကြိုက်ကိုသိသူပီပီ အခြေအနေပေါ် မူတည်ကာ လိုက်လျောဖြည့်စွမ်းပေးကြပါတယ်။
ချစ်ရတဲ့မမဟာ တခါတရံမှာ အမေတစ်ယောက်လို အေးမြရဲ့မေတ္တာကိုလည်း ပေးတတ်ပါတယ်။
ချစ်ရေးချစ်ရာမှာဆိုလည်း ကိုယ့်စိတ်ကိုကျေနပ်စေမယ့်သူမျိုးပါ။
၅။ အာရုံမနောက်ရဘူး
ဖုန်းမကိုင်လို့ စိတ်ကောက်မှာ၊ လက်ဆောင်ဝယ်ပေးဖို့ ပူဆာတာတွေ မရှိပါဘူး။
အလုပ်များနေတယ်လို့သာ အကြောင်းပြချက် လုံလုံလောက်လောက် ပေးနိုင်မယ်ဆို
စိတ်ကောက်မှာမဟုတ်ဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ သင့်ကိုလွမ်းနေမယ့်သူမျိုးပါ။
Credit – Duwun
မမကိုခ်စ္မယ္ဆို ေမာင္ေလးသိထားဖို႔လိုမယ့္ အခ်က္(၅)ခ်က္…
လူငယ္ေတြရဲ႕သေဘာကိုလည္း နားလည္တာမို႔ ေဘာ္ဒါေတြနဲ႔ ေလွ်ာက္သြားတာကို အျပစ္ျမင္မွာမဟုတ္ပါဘူး။
ဘီယာေသာက္လို႔ ဆူမွမဟုတ္တဲ့အျပင္ ကိုယ္ကသာခြၽဲလိုက္ရင္ အျမည္းေတာင္လုပ္ေပးဦးမယ့္သူေတြပါ။
အခ်စ္ဆိုတာ ခ်စ္ေနဖို႔ပဲေလ။ တကယ္တမ္း ခ်စ္မိၿပီသာဆို
အသားအေရာင္၊ အသက္အ႐ြယ္၊ အဆင့္အတန္းေတြလည္း ထည့္မေတြးမိၾကေတာ့ပါဘူး။
ေယာက်္ားေလးနဲ႔မိန္းကေလးမွာ ေယာက်္ားေလးက မိန္းကေလးထက္ပိုအသက္ႀကီးတဲ့ စုံတြဲေတြက ပုံမွန္ပါပဲ။
အဆင္လည္း ေျပၾကပါတယ္။ မိန္းကေလးက ေယာက်္ားေလးထက္ နည္းနည္းအသက္ပိုႀကီးတဲ့
မမနဲ႔ေမာင္ေလး အခ်စ္ေရးဆိုရင္ေတာ့ ဒါေလးေတြကို သိထားဖို႔လိုတာေပါ့။
၁။ မညာပါနဲ႔
ဘယ္လိုဆက္ဆံေရးမ်ိဳးမဆို လိမ္ညာေပါင္းသင္းတာ မေကာင္းဘူးမဟုတ္လား။
ခ်စ္ရတဲ့လူကိုဆိုလည္း လုံးဝ မညာသင့္ပါဘူး။ မမကို ညာမယ္ဆိုရင္ေတာ့ ေမာင္ေလး သိပ္မွားသြားပါလိမ့္မယ္။
ဘာလို႔လဲဆိုေတာ့ မမတို႔က လူ႕ေလာကကို အရင္ေရာက္လာၿပီးျဖစ္သလို ကိုယ့္ထက္ငယ္သူကို ခ်စ္သူေတာ္ထားရတာနဲ႔အမွ်
အားလုံးစုံစမ္းထားၿပီးသားဆိုတာ သေဘာေပါက္လိုက္ပါ။
၂။ ခြင့္လႊတ္တတ္တယ္
အမွားေတြ႐ွိလာရင္လည္း မေၾကာက္ပါနဲ႔။ ေဖးမ ကူညီဖို႔ အသင့္ပါပဲ။ အျပစ္႐ွိရင္သာ မညာဘဲဝန္ခံလိုက္ပါ။
နားလည္ခြင့္လႊတ္ေပးဖို႔ အသင့္႐ွိပါတယ္။ လူငယ္ေတြရဲ႕သေဘာကိုလည္း နားလည္တာမို႔ ေဘာ္ဒါေတြနဲ႔ ေလွ်ာက္သြားတာကို အျပစ္ျမင္မွာမဟုတ္ပါဘူး။
ဘီယာေသာက္လို႔ ဆူမွမဟုတ္တဲ့အျပင္ ကိုယ္ကသာခြၽဲလိုက္ရင္ အျမည္းေတာင္လုပ္ေပးဦးမယ့္သူေတြပါ။
၃။ ျပတ္သားတယ္
မိန္းကေလးေတြဟာ ငယ္တုန္းက ဘယ္ေလာက္ပဲ ကေလးဆန္တယ္ဆိုဆို အသက္ ၂၅ ႏွစ္ ေက်ာ္လာတာနဲ႔ ရင့္က်က္လာၾကပါၿပီ။
လုပ္ငန္းခြင္မွာလည္း အထိုက္အေလ်ာက္ ေနရာရလာမို႔ ကိုယ္ပိုင္ရပ္တည္ႏိုင္သူေတြေပါ့။
စိတ္ဓာတ္လည္း ပိုမိုမာေၾကာလာပါတယ္။ တားျမစ္ထားတဲ့အရာေတြကို ခ်ိဳးေဖာက္လိုက္တာနဲ႔အမွ် ျပစ္ဒဏ္တစ္ခုခုရဖို႔သာ ျပင္ထားလိုက္ပါ။
ျပတ္သားသူေတြပီပီ ေက်ာခိုင္းသြားတာနဲ႔ ျပန္လွည့္ၾကည့္ေတာ့မွာလည္း မဟုတ္ပါဘူး။
၄။ စိတ္ခ်မ္းသာရမယ္
စိတ္ခ်မ္းသာစရာေတြကေတာ့ အမ်ားႀကီးပါပဲ။
ကိုယ့္အႀကိဳက္ေတြကိုလည္း ေကာင္းေကာင္းသိေနသူဆိုေတာ့ နားလည္မႈလြဲတာေတြလည္း နည္းပါတယ္။
ကိုယ့္အႀကိဳက္ကိုသိသူပီပီ အေျခအေနေပၚ မူတည္ကာ လိုက္ေလ်ာျဖည့္စြမ္းေပးၾကပါတယ္။
ခ်စ္ရတဲ့မမဟာ တခါတရံမွာ အေမတစ္ေယာက္လို ေအးျမရဲ႕ေမတၱာကိုလည္း ေပးတတ္ပါတယ္။
ခ်စ္ေရးခ်စ္ရာမွာဆိုလည္း ကိုယ့္စိတ္ကိုေက်နပ္ေစမယ့္သူမ်ိဳးပါ။
၅။ အာ႐ုံမေနာက္ရဘူး
ဖုန္းမကိုင္လို႔ စိတ္ေကာက္မွာ၊ လက္ေဆာင္ဝယ္ေပးဖို႔ ပူဆာတာေတြ မ႐ွိပါဘူး။
အလုပ္မ်ားေနတယ္လို႔သာ အေၾကာင္းျပခ်က္ လုံလုံေလာက္ေလာက္ ေပးႏိုင္မယ္ဆို
စိတ္ေကာက္မွာမဟုတ္ဘဲ တိတ္တိတ္ဆိတ္ဆိတ္နဲ႔ သင့္ကိုလြမ္းေနမယ့္သူမ်ိဳးပါ။