(10)မိနစ် အချိန်ပေးရုံနဲ့ လက်ကလေးတွေဖေယောင်းသားလေးလို နူးညံ့လာစေမယ့်နည်းလမ်း
အသက် အရွယ်ရ လာတာနဲ့အမျှ သင့်မျက်နှာပေါ်က အသား အရေသာမက
လက်ချောင်းလေးတွေကလည်း ပြောင်းလဲ လာပါ တယ် ။
သင်ကသာ သတိမထား မိတာပါ ။ လက်ဆိုတော့လည်း မျက်နှာအသားအရေလို
ပုံမှန် ဂရုမစိုက် နိုင်တော့လည်း ဘယ်သတိ ထားမိမ လဲနော် ။
တကယ်တော့ မျက်နှာလိုပဲ သင့်ရဲ့ လက် ကလေးတွေ ကိုလည်း ဂရုစိုက်ပေး သင့်ပါတယ် ။
သင်ဓာတ်ပုံရိုက်တဲ့အချိန် သင့်ကောင်လေးက သင့်လက် ကလေးကို ကိုင်တဲ့ အချိန်တွေ မှာလည်း
နူးညံ့တဲ့ လက်ကလေးတွေက သင့်ကို ဆွဲဆောင်မှုပိုရှိစေ ပါတယ် ။
ဒါကြောင့် ၁၀ မိနစ်အချိန်ပေး လိုက်တာနဲ့ လက်ကလေးတွေ ချောမွေ့နူးညံ့လာစေမယ့်
နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
ကြက်ဥ
ကျွမ်းကျင် ပညာရှင်တွေ က ကြက်ဥက အသား အရေရဲ့ တင်းရင်းမှု ကို
ပြန်သိုလှောင်ပေး ပါတယ်လို့ ပြော ထားပါ တယ် ။
ကြက်ဥအကာကို ပျားရည်တစ်ဇွန်းနဲ့ ရောပေးပါ။
ဒီအရောကို သင့်လက်ပေါ်မှာလိမ်းပေးပြီး ခြောက်သွေ့တဲ့အထိထားပါ။ ပြီးတာနဲ့ ဆပ်ပြာကို သုံးပြီး ရေဆေးချပေးပါ။
အာလူး
အာလူးက သင့်လက် ကလေးတွေကို နူးညံ့စေ ပါတယ်။
အလယ်အလတ် အရွယ်အစားရှိတဲ့ အာလူး အနည်းငယ်ကို ပြုတ်ပေးပါ။
ပြုတ်ထားတဲ့ အာလူးတွေကို ချေပေးပါ။ အာလူးချေထားတဲ့အထဲကို သံလွင်ဆီ ၂ ဇွန်း၊
ပျားရည်နဲ့ နွားနို့ ထည့်ပေးပါ။ ဒီအရောကို ရေခဲသေတ္တ ာထဲထည့်ထားလို့ရပါတယ်။
ဒါကို တစ်ပတ်မှာ ၂ ကြိမ်ကနေ ၃ ကြိမ် လက်မှ ာလိမ်းပေးပါ။
၁၅ မိနစ်ကြာ ထားပါ။ ပြီးတာနဲ့ ရေဆေးချပေးပါ။
Rosehip Oil
Rosehip oil က သင့်လက်ကို တင်းရင်းစေတဲ့ အံ့မခန်း ဆီတစ်မျိုးပါ ။
အာဟာရ ဓာတ်များစွ ာပါဝင်ပါတယ် ။
သင့်လက်ကို ဒီဆီနဲ့ နေ့စဉ်နှိပ် နယ်ပေးပါ ။
လက်လေးတွေ ကို အနားပေး လိုက်ပါ ။
သံပယိုသီးနဲ့ သကြား
သံပယိုသီး တစ်ဝက်ကို အရည် ညှစ်ပါ ။
သကြား ၂ ဇွန်းနဲ့ ရောပေးပါ ။ ဒါကို သင့်လက်ပေါ်မှာ ပွတ်ပေးပါ။
သွေးလည်ပတ် မှုကောင်းမွန်စေ ပါတယ် ။ ပြီးတာနဲ့ ရေဆေး ချပါ ။
ဗာဒံစေ့အဆီ
လက်ကို ဗာဒံဆေ့အဆီထဲ စိမ်ထားပါ။
ပြီးတာနဲ့ ရေအေးမှာ ၅ မိနစ်ကြာစိမ်ပေးပါ။
ပြီးတာနဲ့ Cream တစ်မျိုးမျိုးကို လိမ်းလိုက်ပါ။
လက်အိတ်စွပ်ပြီး တစ်ညအိပ်လိုက်ပါ။ မနက်ရောက်တဲ့အချိန်မှာတော့
သင့်လက် ကလေးဟာ ရေဓာတ်အပြည့် အဝရနေ ပါပြီ။
သင့်လက်ပေါ်မှာ Vaseline လိမ်း လိုက်ပါ။
လက်အိတ် ဝတ်ပြီး ညအိပ်ပေးပါ။
ပျိုမေအားလုံး နူးညံ့ချောမွေ့ တဲ့ လက်ကလေးတွေ ကို ပိုင်ဆိုင်ကြ ပါစေနော် ။
Credit
Zawgyi Version
(10)မိနစ္ အခ်ိန္ေပး႐ုံနဲ႔ လက္ကေလးေတြေဖေယာင္းသားေလးလို ႏူးညံ့လာေစမယ့္နည္းလမ္း
အသက္ အ႐ြယ္ရ လာတာနဲ႔အမွ် သင့္မ်က္ႏွာေပၚက အသား အေရသာမက
လက္ေခ်ာင္းေလးေတြကလည္း ေျပာင္းလဲ လာပါ တယ္ ။
သင္ကသာ သတိမထား မိတာပါ ။ လက္ဆိုေတာ့လည္း မ်က္ႏွာအသားအေရလို
ပုံမွန္ ဂ႐ုမစိုက္ ႏိုင္ေတာ့လည္း ဘယ္သတိ ထားမိမ လဲေနာ္ ။
တကယ္ေတာ့ မ်က္ႏွာလိုပဲ သင့္ရဲ႕ လက္ ကေလးေတြ ကိုလည္း ဂ႐ုစိုက္ေပး သင့္ပါတယ္ ။
သင္ဓာတ္ပုံ႐ိုက္တဲ့အခ်ိန္ သင့္ေကာင္ေလးက သင့္လက္ ကေလးကို ကိုင္တဲ့ အခ်ိန္ေတြ မွာလည္း
ႏူးညံ့တဲ့ လက္ကေလးေတြက သင့္ကို ဆြဲေဆာင္မႈပို႐ွိေစ ပါတယ္ ။
ဒါေၾကာင့္ ၁၀ မိနစ္အခ်ိန္ေပး လိုက္တာနဲ႔ လက္ကေလးေတြ ေခ်ာေမြ႕ႏူးညံ့လာေစမယ့္
နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
ၾကက္ဥ
ကြၽမ္းက်င္ ပညာ႐ွင္ေတြ က ၾကက္ဥက အသား အေရရဲ႕ တင္းရင္းမႈ ကို
ျပန္သိုေလွာင္ေပး ပါတယ္လို႔ ေျပာ ထားပါ တယ္ ။
ၾကက္ဥအကာကို ပ်ားရည္တစ္ဇြန္းနဲ႔ ေရာေပးပါ။
ဒီအေရာကို သင့္လက္ေပၚမွာလိမ္းေပးၿပီး ေျခာက္ေသြ႕တဲ့အထိထားပါ။ ၿပီးတာနဲ႔ ဆပ္ျပာကို သုံးၿပီး ေရေဆးခ်ေပးပါ။
အာလူး
အာလူးက သင့္လက္ ကေလးေတြကို ႏူးညံ့ေစ ပါတယ္။
အလယ္အလတ္ အ႐ြယ္အစား႐ွိတဲ့ အာလူး အနည္းငယ္ကို ျပဳတ္ေပးပါ။
ျပဳတ္ထားတဲ့ အာလူးေတြကို ေခ်ေပးပါ။ အာလူးေခ်ထားတဲ့အထဲကို သံလြင္ဆီ ၂ ဇြန္း၊
ပ်ားရည္နဲ႔ ႏြားႏို႔ ထည့္ေပးပါ။ ဒီအေရာကို ေရခဲေသတၱ ာထဲထည့္ထားလို႔ရပါတယ္။
ဒါကို တစ္ပတ္မွာ ၂ ႀကိမ္ကေန ၃ ႀကိမ္ လက္မွ ာလိမ္းေပးပါ။
၁၅ မိနစ္ၾကာ ထားပါ။ ၿပီးတာနဲ႔ ေရေဆးခ်ေပးပါ။
Rosehip Oil
Rosehip oil က သင့္လက္ကို တင္းရင္းေစတဲ့ အံ့မခန္း ဆီတစ္မ်ိဳးပါ ။
အာဟာရ ဓာတ္မ်ားစြ ာပါဝင္ပါတယ္ ။
သင့္လက္ကို ဒီဆီနဲ႔ ေန႔စဥ္ႏွိပ္ နယ္ေပးပါ ။
လက္ေလးေတြ ကို အနားေပး လိုက္ပါ ။
သံပယိုသီးနဲ႔ သၾကား
သံပယိုသီး တစ္ဝက္ကို အရည္ ညႇစ္ပါ ။
သၾကား ၂ ဇြန္းနဲ႔ ေရာေပးပါ ။ ဒါကို သင့္လက္ေပၚမွာ ပြတ္ေပးပါ။
ေသြးလည္ပတ္ မႈေကာင္းမြန္ေစ ပါတယ္ ။ ၿပီးတာနဲ႔ ေရေဆး ခ်ပါ ။
ဗာဒံေစ့အဆီ
လက္ကို ဗာဒံေဆ့အဆီထဲ စိမ္ထားပါ။
ၿပီးတာနဲ႔ ေရေအးမွာ ၅ မိနစ္ၾကာစိမ္ေပးပါ။
ၿပီးတာနဲ႔ Cream တစ္မ်ိဳးမ်ိဳးကို လိမ္းလိုက္ပါ။
လက္အိတ္စြပ္ၿပီး တစ္ညအိပ္လိုက္ပါ။ မနက္ေရာက္တဲ့အခ်ိန္မွာေတာ့
သင့္လက္ ကေလးဟာ ေရဓာတ္အျပည့္ အဝရေန ပါၿပီ။
သင့္လက္ေပၚမွာ Vaseline လိမ္း လိုက္ပါ။
လက္အိတ္ ဝတ္ၿပီး ညအိပ္ေပးပါ။
ပ်ိဳေမအားလုံး ႏူးညံ့ေခ်ာေမြ႕ တဲ့ လက္ကေလးေတြ ကို ပိုင္ဆိုင္ၾက ပါေစေနာ္ ။
Credit