Knowledge

ရည်းစားမဖြစ်ခင် သူကဘယ်လိုလူဖြစ်မလဲဆိုတာ ဒီအချက်(၇)ချက်ကိုကြည့်ပီး သိနိုင်ပါတယ်

ရည်းစားမဖြစ်ခင် သူကဘယ်လိုလူဖြစ်မလဲဆိုတာ ဒီအချက်(၇)ချက်ကိုကြည့်ပီး သိနိုင်ပါတယ်

တရားဝင် ချစ်သူတွေမဖြစ်ခင် စောင့်ကြည့်ကာလတွေမှာ သူကဘယ်လိုလူဖြစ်မလဲဆိုတာကို ဒီအချက်လေးတွေမှတစ်ဆင့် လေ့လာ ခန့်မှန်းနိုင်ပါတယ်။

(၁) မိမိကိုယ်ကိုယုံကြည်မှုရှိ/မရှိ

သူ့ရဲ့နေပုံထိုင်ပုံကို သတိထားကြည့်ကြည့်ပါ။

ထိုင်တဲ့အခါမှာ မတ်မတ်လေးဖြစ်နေလား၊ ငိုက်စိုက်ပြီးထိုင်းမှိုင်းနေသလား?

စကားပြောတဲ့အခါ သူ့မျက်လုံးတွေက သင်နဲ့မျက်လုံးချင်းမဆိုင်ရဲပဲ

အဝေးတစ်နေရာကိုပဲငေးကြည့်နေတတ်တယ်ဆိုရင် သူဟာယုံကြည်မှုနည်းပါးတဲ့သူ။

(၂) လူပျင်းတစ်ယောက်ဟုတ်/မဟုတ်

သင်နဲ့လာတွေ့တဲ့အချိန်တွေမှာ ဖြစ်သလိုပုံစံနဲ့ မှန်မကြည့်ပဲလာသလိုဖြစ်နေသလား?

ဆံပင်ရှုတ်ပွနေတာကို လက်နဲ့ပွတ်သပ်ပြီး ခေါင်းမဖြီးထားဘူးလား?

အချိန်မရှိတော့လို့ ရေမချိုးထားပဲ သင့်ဆီအပြေးလာတဲ့ပုံစံဖြစ်နေသလား?

ဒါဆို သူဟာလူပျင်းတစ်ယောက်ပါ။

(၃) ပါးနပ်မှုရှိ/မရှိ(မိန်းကလေးများအတွက်သာ)

ကားပေါ်တက်တော့မယ်ဆိုရင် တံခါးဖွင့်ပေးပြီး သင့်ကိုဦးစားပေးသလား?

ဆိုင်မှာထိုင်တဲ့အခါ သင့်အတွက်တစ်ရှူးယူပေးသလား၊ ရေတစ်ခွက်ထည့်ပေးဖူးသလား?

အစရှိတဲ့အသေးအမွှားအရာလေးတွေကအစ သင့်ကိုဂရုစိုက်ပေးနေရင်တော့ သူဟာပါးနပ်တဲ့လူပါပဲ။

(၄) အရက်သမားဟုတ်/မဟုတ်(မိန်းကလေးများအတွက်သာ)

သူ့မျက်လုံးကိုသေချာကြည့်ကြည့်ပါ။ မျက်လုံးအိတ်အောက်ဘက်က အရေပြားတွေတွဲကျနေသလား?

တစ်ခါတရံ စကားပြောတဲ့အခါ၊ အသက်ရှူတဲ့အခါ အရက်အနံ့အသက်အနည်းငယ်ရနေသလား?

ညညဆို သူငယ်ချင်းတွေနဲ့ နိုက်ကလပ်၊ ပါတီပွဲတွေသွားရတာ ကြိုက်နှစ်သက်တဲ့သူမျိုးလား?

ဒါဆိုရင်တော့ သူဟာ အရက်ကြိုက်တဲ့သူတစ်ယောက်။

(၅) နမော်နမဲ့နိုင်လွန်းတဲ့သူဟုတ်/မဟုတ်

ကော်ဖီသောက်တဲ့အခါမှာ အင်္ကျီပေါ်အမြဲစွန်းထင်းနေသလား? အစားစားတဲ့အခါမှာ အမြဲလိုလိုစားပွဲပေါ်မှာဖိတ်ကျတတ်သလား?

ဇွန်းခက်ရင်း အောက်ကိုလွှတ်ကျနေတတ်သလား? ဒီလိုဆိုရင် သူဟာတော်တော်ကို ကို့ယို့ကားယားနိုင်လွန်းလှတဲ့သူပါ။

(၆) စမတ်ကျတဲ့သူဟုတ်/မဟုတ်

သင်သိသလောက် ဖက်ရှင်အကြောင်းဆွေးနွေးကြည့်ပါ။ သင်ကဘယ်လိုဖက်ရှင်စတိုင်မျိုးကြိုက်တယ်ဘာညာပေါ့။

အရင်ခေတ်က ဖက်ရှင်အကြောင်းကိုတီထွင်ဆန်းသစ်ပြီး သိတတ်သလောက် ပြောကြည့်ကြည့်ပါ။

သူ့ရဲ့တုံ့ပြန်ချက်ကကောင်းမွန်နေရင် သူဟာဖက်ရှင်ကျကျနေတတ်တဲ့ သူတစ်ယောက်ပါ။

(၇)ဆွဲဆောင်မှုရှိတဲ့သူဟုတ်/မဟုတ်

သင်နဲ့မျက်နှာချင်းဆိုင်ထိုင်ပြီးစကားပြောရာမှာ

သင်ပြောသမျှစကားကို ခေါင်းတညိတ်ညိတ်နဲ့နားထောင်နေတတ်သူလား?

အမြဲပြုံးပြီးအကြည့်စူးရှသူလား?

သင်နဲ့တွေ့သည့်အခါတိုင်း ပုံစံအချိုးမပြောင်းလဲပဲ ဖော်ရွေတဲ့သူတစ်ယောက်လား?

ဒါဆိုရင်တော့ သူဟာ ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်ပါပဲ။

Credit : shweinlay

=============

Zawgyi Version

ရည္းစားမျဖစ္ခင္ သူကဘယ္လိုလူျဖစ္မလဲဆိုတာ ဒီအခ်က္(၇)ခ်က္ကိုၾကည့္ပီး သိႏိုင္ပါတယ္

တရားဝင္ ခ်စ္သူေတြမျဖစ္ခင္ ေစာင့္ၾကည့္ကာလေတြမွာ သူကဘယ္လိုလူျဖစ္မလဲဆိုတာကို ဒီအခ်က္ေလးေတြမွတစ္ဆင့္ ေလ့လာ ခန္႔မွန္းႏိုင္ပါတယ္။

(၁)မိမိကိုယ္ကိုယုံၾကည္မႈ႐ွိ/မ႐ွိ

သူ႕ရဲ႕ေနပုံထိုင္ပုံကို သတိထားၾကည့္ၾကည့္ပါ။

ထိုင္တဲ့အခါမွာ မတ္မတ္ေလးျဖစ္ေနလား၊ ငိုက္စိုက္ၿပီးထိုင္းမိႈင္းေနသလား?

စကားေျပာတဲ့အခါ သူ႕မ်က္လုံးေတြက သင္နဲ႔မ်က္လုံးခ်င္းမဆိုင္ရဲပဲ

အေဝးတစ္ေနရာကိုပဲေငးၾကည့္ေနတတ္တယ္ဆိုရင္ သူဟာယုံၾကည္မႈနည္းပါးတဲ့သူ။

(၂) လူပ်င္းတစ္ေယာက္ဟုတ္/မဟုတ္

သင္နဲ႔လာေတြ႕တဲ့အခ်ိန္ေတြမွာ ျဖစ္သလိုပုံစံနဲ႔ မွန္မၾကည့္ပဲလာသလိုျဖစ္ေနသလား?

ဆံပင္႐ႈတ္ပြေနတာကို လက္နဲ႔ပြတ္သပ္ၿပီး ေခါင္းမၿဖီးထားဘူးလား?

အခ်ိန္မ႐ွိေတာ့လို႔ ေရမခ်ိဳးထားပဲ သင့္ဆီအေျပးလာတဲ့ပုံစံျဖစ္ေနသလား?

ဒါဆို သူဟာလူပ်င္းတစ္ေယာက္ပါ။

(၃) ပါးနပ္မႈ႐ွိ/မ႐ွိ(မိန္းကေလးမ်ားအတြက္သာ)

ကားေပၚတက္ေတာ့မယ္ဆိုရင္ တံခါးဖြင့္ေပးၿပီး သင့္ကိုဦးစားေပးသလား?

ဆိုင္မွာထိုင္တဲ့အခါ သင့္အတြက္တစ္႐ွဴးယူေပးသလား၊ ေရတစ္ခြက္ထည့္ေပးဖူးသလား?

အစ႐ွိတဲ့အေသးအမႊားအရာေလးေတြကအစ သင့္ကိုဂ႐ုစိုက္ေပးေနရင္ေတာ့ သူဟာပါးနပ္တဲ့လူပါပဲ။

(၄) အရက္သမားဟုတ္/မဟုတ္(မိန္းကေလးမ်ားအတြက္သာ)

သူ႕မ်က္လုံးကိုေသခ်ာၾကည့္ၾကည့္ပါ။ မ်က္လုံးအိတ္ေအာက္ဘက္က အေရျပားေတြတြဲက်ေနသလား?

တစ္ခါတရံ စကားေျပာတဲ့အခါ၊ အသက္႐ွဴတဲ့အခါ အရက္အနံ႔အသက္အနည္းငယ္ရေနသလား?

ညညဆို သူငယ္ခ်င္းေတြနဲ႔ ႏိုက္ကလပ္၊ ပါတီပြဲေတြသြားရတာ ႀကိဳက္ႏွစ္သက္တဲ့သူမ်ိဳးလား?

ဒါဆိုရင္ေတာ့ သူဟာ အရက္ႀကိဳက္တဲ့သူတစ္ေယာက္။

(၅) နေမာ္နမဲ့ႏိုင္လြန္းတဲ့သူဟုတ္/မဟုတ္

ေကာ္ဖီေသာက္တဲ့အခါမွာ အက်ႌေပၚအၿမဲစြန္းထင္းေနသလား? အစားစားတဲ့အခါမွာ အၿမဲလိုလိုစားပြဲေပၚမွာဖိတ္က်တတ္သလား?

ဇြန္းခက္ရင္း ေအာက္ကိုလႊတ္က်ေနတတ္သလား? ဒီလိုဆိုရင္ သူဟာေတာ္ေတာ္ကို ကို႔ယို႔ကားယားႏိုင္လြန္းလွတဲ့သူပါ။

(၆) စမတ္က်တဲ့သူဟုတ္/မဟုတ္

သင္သိသေလာက္ ဖက္႐ွင္အေၾကာင္းေဆြးေႏြးၾကည့္ပါ။ သင္ကဘယ္လိုဖက္႐ွင္စတိုင္မ်ိဳးႀကိဳက္တယ္ဘာညာေပါ့။

အရင္ေခတ္က ဖက္႐ွင္အေၾကာင္းကိုတီထြင္ဆန္းသစ္ၿပီး သိတတ္သေလာက္ ေျပာၾကည့္ၾကည့္ပါ။

သူ႕ရဲ႕တုံ႔ျပန္ခ်က္ကေကာင္းမြန္ေနရင္ သူဟာဖက္႐ွင္က်က်ေနတတ္တဲ့ သူတစ္ေယာက္ပါ။

(၇)ဆြဲေဆာင္မႈ႐ွိတဲ့သူဟုတ္/မဟုတ္

သင္နဲ႔မ်က္ႏွာခ်င္းဆိုင္ထိုင္ၿပီးစကားေျပာရာမွာ

သင္ေျပာသမွ်စကားကို ေခါင္းတညိတ္ညိတ္နဲ႔နားေထာင္ေနတတ္သူလား?

အၿမဲျပဳံးၿပီးအၾကည့္စူး႐ွသူလား?

သင္နဲ႔ေတြ႕သည့္အခါတိုင္း ပုံစံအခ်ိဳးမေျပာင္းလဲပဲ ေဖာ္ေ႐ြတဲ့သူတစ္ေယာက္လား?

ဒါဆိုရင္ေတာ့ သူဟာ ဆြဲေဆာင္မႈ႐ွိတဲ့သူတစ္ေယာက္ပါပဲ။

Credit : shweinlay

=============