ကိုယ်ဟာ ဘယ်သူ့ဆီကမှ ဦးစားပေးမခံရဘူးလို့ ခံစားရတဲ့အခါ ဒါတွေကို သတိရပေးပါ
တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို အရေးမပါတဲ့ သူတစ်ယောက်လို ခံစားဖူးကြလား။
ဘယ်သူ့ကမှ ကိုယ့်ကို်ယ် ဂရုမစိုက်ဘူး၊
ဘယ်သူကမှ ကိုယ့်ကိုယ် ဦးစားမပေးဘူးလို့ တွေးမိတဲ့အခါမှာ အရမ်းကို နာကျင်ခံစားရပါတယ်နော်။
ဒါပေမယ့် ဒီလို တွေးထင်မိလာတဲ့အခါတိုင်း ကိုယ့်ကိုယ်ကို သတိပေးဖို့ လိုအပ်ပါတယ်။
ကိုယ်ဟာ ဘယ်သူ့ဆီကမှ ဦးစားပေးမခံရဘူးလို့ ထင်မိတဲ့အခါ ဒါလေးတွေကို သတိရပါနော်။
ကိုယ့်ကိုယ်ကို သူများတွေရဲ့ ဦးစားပေးမခံရဘူးလို့တွေးနေမိတဲ့ ဒီအတွေးကို
အခုချက်ချင်း ရပ်တန့််လိုက်ဖို့ လိုအပ်ပါတယ်။
လူတိုင်းက သင့်ကို သဘောမကျနိုင်၊ ဦးစားမပေးနိုင်ပေမယ့်
သင့်ကို ဂရုစိုက်ပေးတဲ့ သူတွေကတော့ သင်နဲ့အနီးဆုံးမှာ ရှိနေပါတယ်။
ဒါကို သင်မြင်အောင် ကြည့်တတ်ဖို့ပဲ လိုတာပါ။
ဒီတော့ ကိုယ့်ကိုယ်ကို ဇာတ်နာနေတာတွေ ရပ်လိုက်သင့်ပါပြီ။
တစ်စုံတစ်ယောက်ကြောင့် သင်စိတ်ထိခိုက် နာကျင်ကောင်း နာကျင်ရလိမ့်မယ်
ဒါပေမယ့် ဒါကို သင်အကြီးကြီး ခံစားနေစရာ မလိုပါဘူး။
လူတိုင်းက သင့်အပေါ် မကောင်းပေးနိုင်ဘူးဆိုတာကို မှတ်ထားပါ။
ဒါပေမယ့် သင့်အတွက် အမြဲတမ်း ကောင်းနေပေးမယ့် သူတွေလည်း ရှိနေပါသေးတယ်။
အရာရာတိုင်းအပေါ် လိုက်မခံစားပါနဲ့ ဘာမဟုတ်တဲ့ သေးသေးမွှားမွှားအရာလေးတွေနဲ့ သင့်စိတ်ကို ပင်ပန်းခံမနေပါနဲ့။
အရာအားလုံးကို လိုက်ခံစားမိနေမယ်ဆိုရင်
နောက်ဆုံးမှာ သင့်ရဲ့ ခံစားချက်တွေ ပျက်စီးသွားပါလိမ့်မယ်။
ဒီတော့ သိမ်းထားသင့်တာကို သိမ်းထားပြီး မေ့လိုက်သင့်တာကို မေ့ပစ်ပါ။
အရမ်းအတွေးများလွန်းရင် စိတ်ကျရောဂါတောင် ဖြစ်နိုင်ပါတယ်။
တစ်ခါတစ်လေ တစ်စုံတစ်ယောက်ကြောင့် စိတ်တိုဒေါသဖြစ်ရမယ်၊ နာကျင်ဝမ်းနည်းရမယ်
ဒါတွေက လူတိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေဖြစ်လို့
သင်တစ်ယောက်တည်းမှာပဲ ဒါတွေခံစားနေရတယ်လု့ိ မထင်စေချင်ပါဘူး။
လူတိုင်းက တစ်ခြားသူတွေဆီက ဂရုစိုက်မှုနဲ့ ချစ်ခြင်းတွေကိုပဲ
ပိုင်ဆိုင်ချင်ကြတဲ့ သူတွေဖြစ်လို့ ကိုယ်ကိုယ်ကို ဦးစားပေးခြင်းမခံရတဲ့အခါ
နာကျင်တတ်ကြတာ မဆန်းပါဘူး။
ကိုယ့်ကိုယ်ကို လိုအပ်ချက်တွေ များလွန်းတဲ့ သူတစ်ယောက်အဖြစ် ထင်မြင်နေတာတွေ ရပ်လိုက်ပါ။
လူတိုင်းမှာ အားသာချက်တွေ၊ အားနည်းချက်တွေနဲ့မို့ ကိုယ့်ကိုယ်ကို အပြစ်တင်နေတာတွေ၊
ကိုယ့်ကိုယ်ကို ဝေဖန်နေတာတွေက သင့်အတွက် မှန်ကန်တဲ့ လုပ်ရပ်တွေ မဟုတ်ပါဘူး။
လက်ရှိအချိန်မှာ ကိုယ့်ကိုယ်ကို အကောင်းဆုံး ဖြစ်အောင်နေပြီး
ပျော်ရွှင်မှုလေးကို ခံစားကြည့်ပါအုံး ဘဝက ပိုအဓိပ္ပါယ်ရှိလာပါလိမ့်မယ်။
ဘယ်သူမှ ကိုယ့်ဘက်ရှိမနေပေးဘူးလို့ ထင်ရင်တောင်
ကိုယ်ကိုယ်တိုင်က ကိုယ့်အတွက် ရှိနေပေးပါ။
သူများတွေက ကိုယ့်ကိုယ် ဦးစားမပေးဘူးလို့ ထင်မိရင်
ကိုယ့်ကိုယ်ကိုပဲ ဦးစားပေးလိုက်ပါ။
သူများတွေဆီက အများကြီး မျှော်လင့်နေမယ့်အစား
ကိုယ့်ကိုယ်တိုင် ဖြည့်ဆည်းလိုက်တာက သင့်ကို ပိုပျော်ရွှင်ရစေမှာပါ။
ဒီတော့ ဘယ်သူမှ မချစ်လည်း ကိုယ့်ကိုယ်ကို ချစ်နေရင် လုံလောက်ပါတယ်နော်။
Khin
Zawgyi Version
ကိုယ္ဟာ ဘယ္သူ႕ဆီကမွ ဦးစားေပးမခံရဘူးလို႔ ခံစားရတဲ့အခါ ဒါေတြကို သတိရေပးပါ
တစ္ခါတစ္ေလ ကိုယ့္ကိုယ္ကို အေရးမပါတဲ့ သူတစ္ေယာက္လို ခံစားဖူးၾကလား။
ဘယ္သူ႕ကမွ ကိုယ့္ကို္ယ္ ဂ႐ုမစိုက္ဘူး၊
ဘယ္သူကမွ ကိုယ့္ကိုယ္ ဦးစားမေပးဘူးလို႔ ေတြးမိတဲ့အခါမွာ အရမ္းကို နာက်င္ခံစားရပါတယ္ေနာ္။
ဒါေပမယ့္ ဒီလို ေတြးထင္မိလာတဲ့အခါတိုင္း ကိုယ့္ကိုယ္ကို သတိေပးဖို႔ လိုအပ္ပါတယ္။
ကိုယ္ဟာ ဘယ္သူ႕ဆီကမွ ဦးစားေပးမခံရဘူးလို႔ ထင္မိတဲ့အခါ ဒါေလးေတြကို သတိရပါေနာ္။
ကိုယ့္ကိုယ္ကို သူမ်ားေတြရဲ႕ ဦးစားေပးမခံရဘူးလို႔ေတြးေနမိတဲ့ ဒီအေတြးကို
အခုခ်က္ခ်င္း ရပ္တန္႔္လိုက္ဖို႔ လိုအပ္ပါတယ္။
လူတိုင္းက သင့္ကို သေဘာမက်ႏိုင္၊ ဦးစားမေပးႏိုင္ေပမယ့္
သင့္ကို ဂ႐ုစိုက္ေပးတဲ့ သူေတြကေတာ့ သင္နဲ႔အနီးဆုံးမွာ ႐ွိေနပါတယ္။
ဒါကို သင္ျမင္ေအာင္ ၾကည့္တတ္ဖို႔ပဲ လိုတာပါ။
ဒီေတာ့ ကိုယ့္ကိုယ္ကို ဇာတ္နာေနတာေတြ ရပ္လိုက္သင့္ပါၿပီ။
တစ္စုံတစ္ေယာက္ေၾကာင့္ သင္စိတ္ထိခိုက္ နာက်င္ေကာင္း နာက်င္ရလိမ့္မယ္
ဒါေပမယ့္ ဒါကို သင္အႀကီးႀကီး ခံစားေနစရာ မလိုပါဘူး။
လူတိုင္းက သင့္အေပၚ မေကာင္းေပးႏိုင္ဘူးဆိုတာကို မွတ္ထားပါ။
ဒါေပမယ့္ သင့္အတြက္ အၿမဲတမ္း ေကာင္းေနေပးမယ့္ သူေတြလည္း ႐ွိေနပါေသးတယ္။
အရာရာတိုင္းအေပၚ လိုက္မခံစားပါနဲ႔ ဘာမဟုတ္တဲ့ ေသးေသးမႊားမႊားအရာေလးေတြနဲ႔ သင့္စိတ္ကို ပင္ပန္းခံမေနပါနဲ႔။
အရာအားလုံးကို လိုက္ခံစားမိေနမယ္ဆိုရင္
ေနာက္ဆုံးမွာ သင့္ရဲ႕ ခံစားခ်က္ေတြ ပ်က္စီးသြားပါလိမ့္မယ္။
ဒီေတာ့ သိမ္းထားသင့္တာကို သိမ္းထားၿပီး ေမ့လိုက္သင့္တာကို ေမ့ပစ္ပါ။
အရမ္းအေတြးမ်ားလြန္းရင္ စိတ္က်ေရာဂါေတာင္ ျဖစ္ႏိုင္ပါတယ္။
တစ္ခါတစ္ေလ တစ္စုံတစ္ေယာက္ေၾကာင့္ စိတ္တိုေဒါသျဖစ္ရမယ္၊ နာက်င္ဝမ္းနည္းရမယ္
ဒါေတြက လူတိုင္းျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ အရာေတြျဖစ္လို႔
သင္တစ္ေယာက္တည္းမွာပဲ ဒါေတြခံစားေနရတယ္လု႔ိ မထင္ေစခ်င္ပါဘူး။
လူတိုင္းက တစ္ျခားသူေတြဆီက ဂ႐ုစိုက္မႈနဲ႔ ခ်စ္ျခင္းေတြကိုပဲ
ပိုင္ဆိုင္ခ်င္ၾကတဲ့ သူေတြျဖစ္လို႔ ကိုယ္ကိုယ္ကို ဦးစားေပးျခင္းမခံရတဲ့အခါ
နာက်င္တတ္ၾကတာ မဆန္းပါဘူး။
ကိုယ့္ကိုယ္ကို လိုအပ္ခ်က္ေတြ မ်ားလြန္းတဲ့ သူတစ္ေယာက္အျဖစ္ ထင္ျမင္ေနတာေတြ ရပ္လိုက္ပါ။
လူတိုင္းမွာ အားသာခ်က္ေတြ၊ အားနည္းခ်က္ေတြနဲ႔မို႔ ကိုယ့္ကိုယ္ကို အျပစ္တင္ေနတာေတြ၊
ကိုယ့္ကိုယ္ကို ေဝဖန္ေနတာေတြက သင့္အတြက္ မွန္ကန္တဲ့ လုပ္ရပ္ေတြ မဟုတ္ပါဘူး။
လက္႐ွိအခ်ိန္မွာ ကိုယ့္ကိုယ္ကို အေကာင္းဆုံး ျဖစ္ေအာင္ေနၿပီး
ေပ်ာ္႐ႊင္မႈေလးကို ခံစားၾကည့္ပါအုံး ဘဝက ပိုအဓိပၸါယ္႐ွိလာပါလိမ့္မယ္။
ဘယ္သူမွ ကိုယ့္ဘက္႐ွိမေနေပးဘူးလို႔ ထင္ရင္ေတာင္
ကိုယ္ကိုယ္တိုင္က ကိုယ့္အတြက္ ႐ွိေနေပးပါ။
သူမ်ားေတြက ကိုယ့္ကိုယ္ ဦးစားမေပးဘူးလို႔ ထင္မိရင္
ကိုယ့္ကိုယ္ကိုပဲ ဦးစားေပးလိုက္ပါ။
သူမ်ားေတြဆီက အမ်ားႀကီး ေမွ်ာ္လင့္ေနမယ့္အစား
ကိုယ့္ကိုယ္တိုင္ ျဖည့္ဆည္းလိုက္တာက သင့္ကို ပိုေပ်ာ္႐ႊင္ရေစမွာပါ။
ဒီေတာ့ ဘယ္သူမွ မခ်စ္လည္း ကိုယ့္ကိုယ္ကို ခ်စ္ေနရင္ လုံေလာက္ပါတယ္ေနာ္။
Khin