Beauty

အရွယ်တင်နုပျိုချင်တဲ့မိန်းကလေးတိုင်း သိကိုသိထားရမယ့် အလှအပလျှို့ဝှက်ချက်(၃)ခု

အရွယ်တင်နုပျိုချင်တဲ့မိန်းကလေးတိုင်း သိကိုသိထားရမယ့် အလှအပလျှို့ဝှက်ချက်(၃)ခု

မိန်းကလေးတိုင်း မလှချင်တဲ့သူ၊ မနုပျျိုချင်တဲ့သူမရှိပါဘူး။

မိန်းကလေးဆိုတာ အသက်အရွယ်ကြီးရင့်လာလည်း အရေးအကြောင်းကင်းစင်ပြီး

အရွယ်တင်နုပျိုလှပတဲ့သူ၊ အမြဲတမ်းလှပနေတဲ့သူဖြစ်ချင်ကြပါတယ်။

အသက်ကြီးလာတဲ့အထိ နုပျိုလှပဖို့အတွက် မိန်းကလေးတိုင်းမဖြစ်မနေသိထားရမယ့်

အလှအပဆိုင်ရာလျှို့ဝှက်ချက်တွေကို ပြောပြပေးလိုက်ပါတယ်။

(၁) ကိုယ်တိုင်လုပ် အရေးအကြောင်းကင်းခရင်မ်

vaselline စားပွဲတင်ဇွန်းနှစ်ဇွန်းကိုအပူပေးပြီး သံလွင်ဆီတစ်ဇွန်း၊

ကြက်ဥအနှစ်တစ်လုံး၊ ပျားရည်တစ်ဇွန်း၊ ထောပတ်သီးအမှည့်တစ်လုံးတို့ကိုအနှစ်ဖြစ်အောင် ရောမွှေပါ။

မျက်နှာကိုပြောင်စင်အောင်သစ်ပြီး ရလာတဲ့အနှစ်ကိုမျက်နှာအနှံ့ခပ်ထူထူလေးလိမ်းကာ မိနစ်၂၀ လောက်ထားပေးပါ။

ပြီးရင် ရေကြက်သီးနွေးလေးနဲ့မျက်နှာသစ်လိုက်ပါ။

တစ်ပတ်နှစ်ကြိမ်လောက်လုပ်ပေးရင် မျက်နှာပေါ်မှာဖြစ်လေ့ရှိတဲ့ အရေးအကြောင်းတွေမဖြစ်လာအောင်တားဆီးပေးနိုင်တာကြောင့်

အသက်ကြီးလာလည်း ရွယ်တူတွေထက် နုပျိုနေပါလိမ့်မယ်။

(၂) ကိုယ်တိုင်လုပ် အမည်းစက်ပျောက်ပေါင်းတင်ဆေး

ဂျုံမှုန့်နှစ်ဇွန်း၊ နနွင်းအနည်းငယ်၊ နွားနို့အစိမ်းလေးဇွန်း၊ သံပရိုရည်တစ်ဇွန်း၊

အုန်းဆီတစ်ဇွန်း တို့ကိုရောမွှေပြီး မျက်နှာအနှံ့ထူထူလေးလိမ်းပေးပါ။

၁၀ မိနစ်ကြာရင် မျက်နှာအနှံ့ဖွဖွလေးနှိပ်နယ်ပေးပြီး ရေကြက်သီးနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။

သုံးရက်တစ်ကြိမ်လောက် လုပ်ပေးရင်အမည်းစက်တွေသိသိသာသာလျော့ပါးလာတာကိုတွေ့ရပါလိမ့်မယ်။

 

(၃) ဆားဝက်ခြံပျောက်ပေါင်းတင်ဆေး

ဂျုံမှုန့်နှစ်ဇွန်း၊ မုန့်ဖုတ်ဆိုဒါတစ်ဇွန်း၊ပျားရည်တစ်ဇွန်းတို့ကိုရောမွှေပြီး မျက်နှာအနှံ့လိမ်းပေးပါ။

မိနစ်နှစ်ဆယ်လောက်ထားပြီးရင် ရေနွေးလေးနဲ့မျက်နှာသစ်ပေးကာ

တစ်သျှူးစက္ကူလေးနဲ့ ဆားဝက်ခြံတွေကို ညှစ်ထုတ်ပေးပြီး ရေအေးနဲ့မျက်နှာပြန်သစ်ပေးပါ။ ဒါပြီးရင်တော့ တိုနာလိမ်းပေးပါ။

တစ်ပတ်တစ်ကြိမ်လုပ်ပေးရင် မျက်နှာပေါ်ကဆားဝက်ခြံတွေကို

တဖြည်းဖြည်းသက်သာပျောက်ကင်းလာစေပါလိမ့်မယ်။

written by PP

Zawgyi Version

အ႐ြယ္တင္ႏုပ်ိဳခ်င္တဲ့မိန္းကေလးတိုင္း သိကိုသိထားရမယ့္ အလွအပလွ်ိဳ႕ဝွက္ခ်က္(၃)ခု

မိန္းကေလးတိုင္း မလွခ်င္တဲ့သူ၊ မႏုပ််ိဳခ်င္တဲ့သူမ႐ွိပါဘူး။

မိန္းကေလးဆိုတာ အသက္အ႐ြယ္ႀကီးရင့္လာလည္း အေရးအေၾကာင္းကင္းစင္ၿပီး

အ႐ြယ္တင္ႏုပ်ိဳလွပတဲ့သူ၊ အၿမဲတမ္းလွပေနတဲ့သူျဖစ္ခ်င္ၾကပါတယ္။

အသက္ႀကီးလာတဲ့အထိ ႏုပ်ိဳလွပဖို႔အတြက္ မိန္းကေလးတိုင္းမျဖစ္မေနသိထားရမယ့္

အလွအပဆိုင္ရာလွ်ိဳ႕ဝွက္ခ်က္ေတြကို ေျပာျပေပးလိုက္ပါတယ္။

(၁) ကိုယ္တိုင္လုပ္ အေရးအေၾကာင္းကင္းခရင္မ္

vaselline စားပြဲတင္ဇြန္းႏွစ္ဇြန္းကိုအပူေပးၿပီး သံလြင္ဆီတစ္ဇြန္း၊

ၾကက္ဥအႏွစ္တစ္လုံး၊ ပ်ားရည္တစ္ဇြန္း၊ ေထာပတ္သီးအမွည့္တစ္လုံးတို႔ကိုအႏွစ္ျဖစ္ေအာင္ ေရာေမႊပါ။

မ်က္ႏွာကိုေျပာင္စင္ေအာင္သစ္ၿပီး ရလာတဲ့အႏွစ္ကိုမ်က္ႏွာအႏွံ႔ခပ္ထူထူေလးလိမ္းကာ မိနစ္၂၀ ေလာက္ထားေပးပါ။

ၿပီးရင္ ေရၾကက္သီးေႏြးေလးနဲ႔မ်က္ႏွာသစ္လိုက္ပါ။

တစ္ပတ္ႏွစ္ႀကိမ္ေလာက္လုပ္ေပးရင္ မ်က္ႏွာေပၚမွာျဖစ္ေလ့႐ွိတဲ့ အေရးအေၾကာင္းေတြမျဖစ္လာေအာင္တားဆီးေပးႏိုင္တာေၾကာင့္

အသက္ႀကီးလာလည္း ႐ြယ္တူေတြထက္ ႏုပ်ိဳေနပါလိမ့္မယ္။

(၂) ကိုယ္တိုင္လုပ္ အမည္းစက္ေပ်ာက္ေပါင္းတင္ေဆး

ဂ်ံဳမႈန္႔ႏွစ္ဇြန္း၊ နႏြင္းအနည္းငယ္၊ ႏြားႏို႔အစိမ္းေလးဇြန္း၊ သံပ႐ိုရည္တစ္ဇြန္း၊

အုန္းဆီတစ္ဇြန္း တို႔ကိုေရာေမႊၿပီး မ်က္ႏွာအႏွံ႔ထူထူေလးလိမ္းေပးပါ။

၁၀ မိနစ္ၾကာရင္ မ်က္ႏွာအႏွံ႔ဖြဖြေလးႏွိပ္နယ္ေပးၿပီး ေရၾကက္သီးေႏြးေလးနဲ႔ ေဆးခ်ေပးလိုက္ပါ။

သုံးရက္တစ္ႀကိမ္ေလာက္ လုပ္ေပးရင္အမည္းစက္ေတြသိသိသာသာေလ်ာ့ပါးလာတာကိုေတြ႕ရပါလိမ့္မယ္။

(၃) ဆားဝက္ျခံေပ်ာက္ေပါင္းတင္ေဆး

ဂ်ံဳမႈန္႔ႏွစ္ဇြန္း၊ မုန္႔ဖုတ္ဆိုဒါတစ္ဇြန္း၊ပ်ားရည္တစ္ဇြန္းတို႔ကိုေရာေမႊၿပီး မ်က္ႏွာအႏွံ႔လိမ္းေပးပါ။

မိနစ္ႏွစ္ဆယ္ေလာက္ထားၿပီးရင္ ေရေႏြးေလးနဲ႔မ်က္ႏွာသစ္ေပးကာ

တစ္သွ်ဴးစကၠဴေလးနဲ႔ ဆားဝက္ျခံေတြကို ညႇစ္ထုတ္ေပးၿပီး ေရေအးနဲ႔မ်က္ႏွာျပန္သစ္ေပးပါ။ ဒါၿပီးရင္ေတာ့ တိုနာလိမ္းေပးပါ။

တစ္ပတ္တစ္ႀကိမ္လုပ္ေပးရင္ မ်က္ႏွာေပၚကဆားဝက္ျခံေတြကို

တျဖည္းျဖည္းသက္သာေပ်ာက္ကင္းလာေစပါလိမ့္မယ္။

written by PP