ပညာပေး

ဘဝကို ပျော်ရွှင်စွာခံစားရစေဖို့ အသက် ၂၀,၃၀အရွယ်မှာ လုပ်ရမယ့်အချက်များ

ဘဝကို ပျော်ရွှင်စွာခံစားရစေဖို့ အသက် ၂၀,၃၀အရွယ်မှာ လုပ်ရမယ့်အချက်များ

အသက် ၂၀၊ ၃၀အရွယ်ဟာ မလွယ်ကူပါဘူး။

အသက် ၂၀အရွယ်ဆိုတာ လူကြီးတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေ ယူပြီး အမှီအခိုကင်းကင်းနှင့် စတင်ရတော့မယ့်၊

အနာဂတ်လမ်းကြောင်း တစ်ခုအပေါ် အားအင်အပြည့်နဲ့ စလျှောက်လှမ်းရတော့မယ့် အရွယ်ဖြစ်ပါတယ်။

အသက် ၂၀ကျော်အရွယ်မှာ လူငယ်တိုင်းက ကိုယ့်နည်းကိုယ်ဟန်နဲ့ မတူညီစွာ ဖြတ်သန်းကြပါတယ်။

အဲ့ဒီနှစ်တွေက ကျွန်မတို့အတွက် ဘာမှမဟုတ်သလို ခံစားရစေပေမယ့် ခက်ခဲခဲ့ကြပါတယ်။

လူကြီးတစ်ယောက် ဖြစ်လာတဲ့အတွက် တာဝန်တွေ ပိုလာပြီး ခက်ခဲလာတာကြောင့် ကျွန်မတို့ဟာ အဲ့ဒီနှစ်တွေကို မြန်မြန် ကျော်သွားချင်မိကြတယ်။

ဒါပေမယ့် အသက်ကြီးသူ တစ်ယောက်ယောက်က သူတို့ရဲ့အသက် ၂၀၊ ၃၀အရွယ်ကို

အပြည့်အဝ မခံစားခဲ့ရတဲ့အတွက် နောင်တရတယ်လို့ ပြောတာ ဘယ်နှစ်ခါ ကြားဖူးပါသလဲ? ကျွန်မတော့ အများကြီး ကြားခဲ့ဖူးပါတယ်။

အရင်အချိန်တွေကို ပြန်သွားလို့ရရင် သွားချင်ကြတဲ့ ၊ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ပျော်မွေ့ချင်ကြတဲ့

အသက် ၆၀ကျော် အမျိုးသမီးတွေ ပါဝင်တဲ့ ဖေ့ဘွတ်ခ်ပေါ်က ဗီဒီယိုလေးကို ကျွန်မကြည့်ခဲ့ရတယ်။

ဒါ့ကြောင့် သတိပေးမှုတစ်ခုအနေနဲ့ သင့်ရဲ့အသက် ၂၀အရွယ်မှာ ဘယ်လိုပျော်အောင် နေထိုင်မလဲ?

အသက်၃၀အရွယ်မှာ ဘဝကို ဘယ်လိုခံစားမလဲ? ဆိုတဲ့ အသက် ၂၀၊ ၃၀အရွယ်မှာ လုပ်ရမယ့် အချက်လေးတွေကို ဒီနေ့မှာ ပြောပြပေးချင်ပါတယ်။

“ဘဝကို ပျော်ရွှင်စွာ ခံစားရစေဖို့ အသက် ၂၀, ၃၀အရွယ်မှာ လုပ်ရမယ့်အချက်များ”

၁။ သင့်ရဲ့ အားနည်းချက်တွေနှင့် အကောင်းဆုံးစရိုက်တွေ အားလုံးနှင့်အတူ ကိုယ့်ကိုယ်ကို အပြည့်အဝလက်ခံဖို့ သင်ယူပါ။

၂။ ကိုယ့်ကိုယ်ကို ခြွင်းချက်မရှိ ချစ်ပါ…

၃။ သင့်ရဲ့အားနည်းချက်တွေကို ရင်ဆိုင်ပြီး အားသာချက်အဖြစ် ပြောင်းလဲပါ…

၄။ ခရီးအများကြီး သွားပါ၊ လူအမျိုးမျိုးနဲ့ တွေ့ဆုံပါ။ ကွဲပြားခြားနားသော ယဉ်ကျေးမှုတွေ,

ယုံကြည်မှုတွေ, ဘဝလမ်းစဉ်တွေ နှင့်အတူ ယှဉ်တွဲနေထိုင်ပါ။

၅။ တောင်တတ်ခြင်း၊ ရေငုပ်ခြင်း၊ ခြေလျင်ခရီးစတဲ့ adventures တစ်ချို့ကို စမ်းကြည့်ပါ။

၆။ တစ်နေ့ မိနစ် ၂၀ လမ်းလျှောက်တာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းကို ဦးစားပေးပါ။

၇။ ဘဏ္ဍာရေး တည်ငြိမ်မှုကို ရှာနိုင်တာကြောင့် ကိုယ့်အတွက်ကိုယ် ငွေရေးကြေးရေး အစီအစဉ်တစ်ရပ် ချမှတ်ပါ။

၈။ အသားအရေကို အထူးဂရုစိုက်ပါ။ ဒီနေ့ ကိုယ်လုပ်တဲ့အရာက နောက်ပိုင်းမှာ သိသာပါလိမ့်မယ်။

၉။ ကိုယ့်အတွက်ကိုယ် အရည်အသွေးကောင်းတဲ့ အဝတ်အစားတွေ ဝယ်ယူပါ။

ကိုယ့်ရဲ့ self-esteem ကိုလည်း တိုးစေသလို တခြားသူတွေဆီက impression ကောင်းရစေပါလိမ့်မယ်။

၁၀။ နေ့စဉ် ရေများများ သောက်ပါ။ ဒါက သင့်အနာဂတ်ကျန်းမာရေးအတွက် အကျိုးရှိပါလိမ့်မယ်။

၁၁။ ကိုယ်ကာယနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အကူအညီဖြစ်စေဖို့ တစ်နေ့ ၈နာရီ အိပ်ပါ။

၁၂။ သင့်အတွက် အကျိုးရှိမယ့် အစားအစာ၊ အာဟာရ မျှတတဲ့ အစားအသောက် အလေ့အထကို ရှာပါ။

၁၃။ သူများတွေလို ဘော်ဒီအမိုက်စား ဖြစ်ချင်သလား လေ့ကျင့်ခန်း စလုပ်ပါ။

၁၄။ ချက်ပြုတ်ဖို့ သင်ယူပါ။ ဒါက မိမိကိုယ်ကို ချစ်ခြင်းနှင့် မိမိကိုယ်ကို အားကိုးခြင်းရဲ့နောက်ထပ် ပုံစံတစ်ခု ဖြစ်ပါတယ်။

၁၅။ စာများများ ဖတ်ပါ။ ဇာတ်ကားကြည့်တာ ၊ဖုန်းကြည့်တာ လျှော့ပါ။ ဗဟုသုတက စာဖတ်ခြင်းကနေ လာပါတယ်။

၁၆။ သင့်ဝါသနာကို လေ့ကျင့်ပါ။ ဝါသနာဘာမှ မရှိဘူးလား? ကောင်းပါပြီ၊ တစ်ခုလောက် ရှာကြည့်ပါ။

၁၇။ သင့်ကို စိတ်ဓါတ်ကျစေသူ (သို့) သင့်ကို တန်ဖိုးမထားသူ တစ်ယောက်နဲ့ အချိန်မဖြုန်းပါနဲ့။

၁၈။ သင့်ရဲ့ အကျိုးရှိတဲ့ အချိန်တွေအားလုံးကို မဖြုန်းပါနဲ့။ ဘဝကို ပျော်မွေ့ဖို့ သင်ယူပါ။

၁၉။ သူငယ်ချင်း အပေါင်းအသင်းကောင်းကို ဖက်တွယ်ထားပါ။

သူတို့က အဖိုးမဖြတ်နိုင်သလို တစ်သက်တာလုံး တည်မြဲနိုင်ပါတယ်။

၂၀။ သင်လိုချင်တာကို ရဖို့ ညှိနှိုင်းဆွေးနွေးပါ။

၂၁။ အမှားတွေ လုပ်မိတာက အဆင်ပြေပါတယ်။ ဒါပေမယ့် အမှားတွေကို အသိအမှတ်ပြုပြီး ကိုယ့်ကိုယ်ကို ခွင့်လွတ်ပါ။

၂၂။ ကိုယ့်ကို အနှောက်အယှက် ဖြစ်စေမယ့်၊ အဆင်မပြေ ဖြစ်စေမယ့်အရာ (သို့)

ငါလုပ်နေတာ မှန်တယ်လို့ မခံစားရတဲ့ အရာမှန်သမျှဆိုရင် “No” လို့ ငြင်းနိုင်အောင် သင်ယူပါ။

၂၃။ မိသားစုနဲ့ နီးနီးကပ်ကပ်နေဖို့ ကြိုးစားပါ။

၂၄။ အနာဂတ်ကို စဉ်းစားတာမျိုး ၊ သင် ဘယ်နေရာကို ဦးတည်နေပြီလဲ ဆိုတာ စိုးရိမ်တာမျိုးကို ရပ်တန့်ပါ။

ယခုကိုသာ စဉ်းစားပြီး လက်ရှိဖြစ်ဖို့ ကြိုးစားပါ။

Credit – original writer

Zawgyi Version

ဘဝကို ေပ်ာ္႐ႊင္စြာခံစားရေစဖို႔ အသက္ ၂၀,၃၀အ႐ြယ္မွာ လုပ္ရမယ့္အခ်က္မ်ား

အသက္ ၂၀၊ ၃၀အ႐ြယ္ဟာ မလြယ္ကူပါဘူး။

အသက္ ၂၀အ႐ြယ္ဆိုတာ လူႀကီးတစ္ေယာက္ရဲ႕ တာဝန္ဝတၱရားေတြ ယူၿပီး အမွီအခိုကင္းကင္းႏွင့္ စတင္ရေတာ့မယ့္၊

အနာဂတ္လမ္းေၾကာင္း တစ္ခုအေပၚ အားအင္အျပည့္နဲ႔ စေလွ်ာက္လွမ္းရေတာ့မယ့္ အ႐ြယ္ျဖစ္ပါတယ္။

အသက္ ၂၀ေက်ာ္အ႐ြယ္မွာ လူငယ္တိုင္းက ကိုယ့္နည္းကိုယ္ဟန္နဲ႔ မတူညီစြာ ျဖတ္သန္းၾကပါတယ္။

အဲ့ဒီႏွစ္ေတြက ကြၽန္မတို႔အတြက္ ဘာမွမဟုတ္သလို ခံစားရေစေပမယ့္ ခက္ခဲခဲ့ၾကပါတယ္။

လူႀကီးတစ္ေယာက္ ျဖစ္လာတဲ့အတြက္ တာဝန္ေတြ ပိုလာၿပီး ခက္ခဲလာတာေၾကာင့္ ကြၽန္မတို႔ဟာ အဲ့ဒီႏွစ္ေတြကို ျမန္ျမန္ ေက်ာ္သြားခ်င္မိၾကတယ္။

ဒါေပမယ့္ အသက္ႀကီးသူ တစ္ေယာက္ေယာက္က သူတို႔ရဲ႕အသက္ ၂၀၊ ၃၀အ႐ြယ္ကို

အျပည့္အဝ မခံစားခဲ့ရတဲ့အတြက္ ေနာင္တရတယ္လို႔ ေျပာတာ ဘယ္ႏွစ္ခါ ၾကားဖူးပါသလဲ? ကြၽန္မေတာ့ အမ်ားႀကီး ၾကားခဲ့ဖူးပါတယ္။

အရင္အခ်ိန္ေတြကို ျပန္သြားလို႔ရရင္ သြားခ်င္ၾကတဲ့ ၊ဘဝကို ႐ိုး႐ိုး႐ွင္း႐ွင္းနဲ႔ ေပ်ာ္ေမြ႕ခ်င္ၾကတဲ့

အသက္ ၆၀ေက်ာ္ အမ်ိဳးသမီးေတြ ပါဝင္တဲ့ ေဖ့ဘြတ္ခ္ေပၚက ဗီဒီယိုေလးကို ကြၽန္မၾကည့္ခဲ့ရတယ္။

ဒါ့ေၾကာင့္ သတိေပးမႈတစ္ခုအေနနဲ႔ သင့္ရဲ႕အသက္ ၂၀အ႐ြယ္မွာ ဘယ္လိုေပ်ာ္ေအာင္ ေနထိုင္မလဲ?

အသက္၃၀အ႐ြယ္မွာ ဘဝကို ဘယ္လိုခံစားမလဲ? ဆိုတဲ့ အသက္ ၂၀၊ ၃၀အ႐ြယ္မွာ လုပ္ရမယ့္ အခ်က္ေလးေတြကို ဒီေန႔မွာ ေျပာျပေပးခ်င္ပါတယ္။

“ဘဝကို ေပ်ာ္႐ႊင္စြာ ခံစားရေစဖို႔ အသက္ ၂၀, ၃၀အ႐ြယ္မွာ လုပ္ရမယ့္အခ်က္မ်ား”

၁။ သင့္ရဲ႕ အားနည္းခ်က္ေတြႏွင့္ အေကာင္းဆုံးစ႐ိုက္ေတြ အားလုံးႏွင့္အတူ ကိုယ့္ကိုယ္ကို အျပည့္အဝလက္ခံဖို႔ သင္ယူပါ။

၂။ ကိုယ့္ကိုယ္ကို ႁခြင္းခ်က္မ႐ွိ ခ်စ္ပါ…

၃။ သင့္ရဲ႕အားနည္းခ်က္ေတြကို ရင္ဆိုင္ၿပီး အားသာခ်က္အျဖစ္ ေျပာင္းလဲပါ…

၄။ ခရီးအမ်ားႀကီး သြားပါ၊ လူအမ်ိဳးမ်ိဳးနဲ႔ ေတြ႕ဆုံပါ။ ကြဲျပားျခားနားေသာ ယဥ္ေက်းမႈေတြ,

ယုံၾကည္မႈေတြ, ဘဝလမ္းစဥ္ေတြ ႏွင့္အတူ ယွဥ္တြဲေနထိုင္ပါ။

၅။ ေတာင္တတ္ျခင္း၊ ေရငုပ္ျခင္း၊ ေျခလ်င္ခရီးစတဲ့ adventures တစ္ခ်ိဳ႕ကို စမ္းၾကည့္ပါ။

၆။ တစ္ေန႔ မိနစ္ ၂၀ လမ္းေလွ်ာက္တာပဲျဖစ္ျဖစ္ ေလ့က်င့္ခန္းကို ဦးစားေပးပါ။

၇။ ဘ႑ာေရး တည္ၿငိမ္မႈကို ႐ွာႏိုင္တာေၾကာင့္ ကိုယ့္အတြက္ကိုယ္ ေငြေရးေၾကးေရး အစီအစဥ္တစ္ရပ္ ခ်မွတ္ပါ။

၈။ အသားအေရကို အထူးဂ႐ုစိုက္ပါ။ ဒီေန႔ ကိုယ္လုပ္တဲ့အရာက ေနာက္ပိုင္းမွာ သိသာပါလိမ့္မယ္။

၉။ ကိုယ့္အတြက္ကိုယ္ အရည္အေသြးေကာင္းတဲ့ အဝတ္အစားေတြ ဝယ္ယူပါ။

ကိုယ့္ရဲ႕ self-esteem ကိုလည္း တိုးေစသလို တျခားသူေတြဆီက impression ေကာင္းရေစပါလိမ့္မယ္။

၁၀။ ေန႔စဥ္ ေရမ်ားမ်ား ေသာက္ပါ။ ဒါက သင့္အနာဂတ္က်န္းမာေရးအတြက္ အက်ိဳး႐ွိပါလိမ့္မယ္။

၁၁။ ကိုယ္ကာယႏွင့္ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးကို အကူအညီျဖစ္ေစဖို႔ တစ္ေန႔ ၈နာရီ အိပ္ပါ။

၁၂။ သင့္အတြက္ အက်ိဳး႐ွိမယ့္ အစားအစာ၊ အာဟာရ မွ်တတဲ့ အစားအေသာက္ အေလ့အထကို ႐ွာပါ။

၁၃။ သူမ်ားေတြလို ေဘာ္ဒီအမိုက္စား ျဖစ္ခ်င္သလား ေလ့က်င့္ခန္း စလုပ္ပါ။

၁၄။ ခ်က္ျပဳတ္ဖို႔ သင္ယူပါ။ ဒါက မိမိကိုယ္ကို ခ်စ္ျခင္းႏွင့္ မိမိကိုယ္ကို အားကိုးျခင္းရဲ႕ေနာက္ထပ္ ပုံစံတစ္ခု ျဖစ္ပါတယ္။

၁၅။ စာမ်ားမ်ား ဖတ္ပါ။ ဇာတ္ကားၾကည့္တာ ၊ဖုန္းၾကည့္တာ ေလွ်ာ့ပါ။ ဗဟုသုတက စာဖတ္ျခင္းကေန လာပါတယ္။

၁၆။ သင့္ဝါသနာကို ေလ့က်င့္ပါ။ ဝါသနာဘာမွ မ႐ွိဘူးလား? ေကာင္းပါၿပီ၊ တစ္ခုေလာက္ ႐ွာၾကည့္ပါ။

၁၇။ သင့္ကို စိတ္ဓါတ္က်ေစသူ (သို႔) သင့္ကို တန္ဖိုးမထားသူ တစ္ေယာက္နဲ႔ အခ်ိန္မျဖဳန္းပါနဲ႔။

၁၈။ သင့္ရဲ႕ အက်ိဳး႐ွိတဲ့ အခ်ိန္ေတြအားလုံးကို မျဖဳန္းပါနဲ႔။ ဘဝကို ေပ်ာ္ေမြ႕ဖို႔ သင္ယူပါ။

၁၉။ သူငယ္ခ်င္း အေပါင္းအသင္းေကာင္းကို ဖက္တြယ္ထားပါ။

သူတို႔က အဖိုးမျဖတ္ႏိုင္သလို တစ္သက္တာလုံး တည္ၿမဲႏိုင္ပါတယ္။

၂၀။ သင္လိုခ်င္တာကို ရဖို႔ ညႇိႏိႈင္းေဆြးေႏြးပါ။

၂၁။ အမွားေတြ လုပ္မိတာက အဆင္ေျပပါတယ္။ ဒါေပမယ့္ အမွားေတြကို အသိအမွတ္ျပဳၿပီး ကိုယ့္ကိုယ္ကို ခြင့္လြတ္ပါ။

၂၂။ ကိုယ့္ကို အေႏွာက္အယွက္ ျဖစ္ေစမယ့္၊ အဆင္မေျပ ျဖစ္ေစမယ့္အရာ (သို႔)

ငါလုပ္ေနတာ မွန္တယ္လို႔ မခံစားရတဲ့ အရာမွန္သမွ်ဆိုရင္ “No” လို႔ ျငင္းႏိုင္ေအာင္ သင္ယူပါ။

၂၃။ မိသားစုနဲ႔ နီးနီးကပ္ကပ္ေနဖို႔ ႀကိဳးစားပါ။

၂၄။ အနာဂတ္ကို စဥ္းစားတာမ်ိဳး ၊ သင္ ဘယ္ေနရာကို ဦးတည္ေနၿပီလဲ ဆိုတာ စိုးရိမ္တာမ်ိဳးကို ရပ္တန္႔ပါ။

ယခုကိုသာ စဥ္းစားၿပီး လက္႐ွိျဖစ္ဖို႔ ႀကိဳးစားပါ။

Credit – original writer