ပညာပေး

ဘာမှမဖြစ်သလိုနေတတ်ပေမယ့် ရင်ထဲမှာ အမြဲတမ်းနာကျင်နေတဲ့ လူတွေရဲ့အကျင့်(၅)မျိုး

ဘာမှမဖြစ်သလိုနေတတ်ပေမယ့် ရင်ထဲမှာ အမြဲတမ်းနာကျင်နေတဲ့ လူတွေရဲ့အကျင့်(၅)မျိုး

လူတိုင်းဟာ အနည်းနဲ့အများတော့ နာကျင်စရာတွေ ရှိတတ်ကြပါတယ်။

ဒါကို တစ်ချို့က ပွင့်ပွင့်လင်းလင်း ဖော်ပြတဲ့ သူတွေလည်း ရှိတယ်။

တစ်ချို့ကျပြန်တော့လည်း ရင်ထဲမှာပဲ သိမ်းထားပြီး အပြင်ပန်းမှာ ဘာမှမဖြစ်သလို နေကြတယ်…

ဒါပေမယ့် အပြင်ပန်းက ဘာမှမဖြစ်သလိုနေလည်း အထဲမှာ နာကျင်နေလားဆိုတာ

ဒီအချက်တွေကို ကြည့်ရင်သိနိုင်ပါတယ်…

(1) အားနာလွန်းတယ်…

အားနာတတ်လွန်းတာလည်း နာကျင်မှုရဲ့ လက္ခဏာတစ်ခု ဖြစ်တယ်။

ရင်ထဲမှာ နာကျင်စရာများတဲ့သူ တော်တော်များများဟာ သူများကို ငြင်းရမှာ အရမ်းအားနာတတ်ပါတယ်။

သူတို့ကိုယ်တိုင် နာကျင်ဖူးတဲ့ သူတွေဖြစ်တော့ သူတို့ကို တောင်းဆိုတာတွေ၊

အကူအညီတောင်းတာတွေကို ငြင်းလိုက်ရင်

တစ်ဖက်သား စိတ်ထိခိုက်မှာ အရမ်း စိုးရိမ်တတ်ကြတဲ့သူတွေပါ။

ဒီလိုနဲ့ပဲ သူတို့ ဘယ်လောက်ပင်ပန်းပင်ပန်း အားနာလွန်းတဲ့ အကျင့်ကြောင့် မနိုင်ဝန် ထမ်းကြပါတယ်။

(2) ညဖက် အိပ်မပျော်ဘူး…

စိတ်ဒဏ်ရာရှိတဲ့သူတွေဟာ ညဖက် အိပ်မပျော်ကြပါဘူး။

သူတို့ကို စိတ်ထိခိုက်စေမယ့် အရာတွေကို ကြိုးစားပြီး မေ့ထားရင်တောင်

မသိစိတ်က အမြဲစွဲလန်းနေတာဖြစ်တယ်

သူတို့ရဲ့ ဝမ်းနည်းမှု၊ နာကျင်မှုတွေက သူတို့ကို အိပ်မပျော်စေတာပါ။

ဒါကြောင့် သန်းခေါင်ကျော်အထိ တစ်ယောက်တည်း ကိုယ့်ကိုယ်ကို အိပ်ပျော်အောင် ချော့သိပ်ကြရတယ်။

(3) စိတ်မြန်တယ်…

သူတို့ဟာ စိတ်အရမ်းမြန်ပါတယ်။ တစ်ခုခုလုပ်မယ်ဆို ချက်ချင်းထလုပ်တယ်၊ ဘာအစီအစဉ်မှ မရှိပဲ

ရုတ်တရက် အထုပ်ဆွဲပြီး လျှောက်လည်တာမျိုး၊ မုန့်သွား စားတာမျိုးတွေ လုပ်တတ်ပါတယ်။

သူတို့စိတ်ကို မှီတဲ့ သူငယ်ချင်းမျိုးလည်း တော်တော်လေးကို ရှားပါတယ်။

တကယ်တော့ သူတို့ စိတ်မြန်တယ် ဆိုတာကလည်း

သူတို့စိတ်ထဲမှာ နာကျင်နေတဲ့ အခါကျတော့ လုပ်ချင်တာကို ထလုပ်လိုက်ရမှ စိတ်သက်သာကြလို့ပါ။

(4) စိတ်ကူးယဉ်ရတာကို ကြိုက်တယ်…

နာကျင်စရာများတဲ့ သူတွေဟာ စိတ်ကူးယဉ်ရတာကို အရမ်းကြိုက်ပါတယ်။ သူတို့ဘဝရဲ့ မဖြစ်ခဲ့တဲ့ အရာတွေ၊

မပြည့်စုံခဲ့တဲ့ အရာတွေကို စိတ်ကူးထဲမှာ တည်ဆောက်တတ်ကြတယ်။

အနာဂတ်မှာ သူတို့လိုချင်တဲ့ အရာလေးတွေ၊ ရည်မှန်းချက်လေးတွေ၊ ဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို

စိတ်ကူးထဲမှာ ပုံဖော်ပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်တတ်တဲ့ သူမျိုးပါ။

ဒါကြောင့် ဒီလိုလူတွေဟာ တစ်ခါတလေ တစ်ယောက်တည်း သီးသန့်အချိန်ယူရတာကို နှစ်သက်ပြီး

အဲဒီ့အချိန်မှာ သူ့ကို နှောက်ယှက်တာ မကြိုက်ပါဘူး။

(5) သူငယ်ချင်းမက်တယ်…

သူတို့ဟာ အပေါင်းအသင်း၊ သူငယ်ချင်းတွေကို အထူးတွယ်တာတဲ့ သူတွေပါ။

သူတို့အတွက်ဆို ဘာမဆို လုပ်ပေးချင်ကြတဲ့ သူမျိုးတွေပါ။

ဒါပေမယ့် သူတို့တကယ်ခင်တဲ့ သူငယ်ချင်း အများကြီး မရှိပါဘူး။

ရှိတဲ့ အနည်းငယ်ကိုလည်း အရမ်းချစ်ပြီး အရမ်း အနစ်နာခံတတ်ကြပါတယ်

credit – Thoo

Zawgyi Version

ဘာမွမျဖစ္သလိုေနတတ္ေပမယ့္ ရင္ထဲမွာ အၿမဲတမ္းနာက်င္ေနတဲ့ လူေတြရဲ႕အက်င့္(၅)မ်ိဳး

လူတိုင္းဟာ အနည္းနဲ႔အမ်ားေတာ့ နာက်င္စရာေတြ ႐ွိတတ္ၾကပါတယ္။

ဒါကို တစ္ခ်ိဳ႕က ပြင့္ပြင့္လင္းလင္း ေဖာ္ျပတဲ့ သူေတြလည္း ႐ွိတယ္။

တစ္ခ်ိဳ႕က်ျပန္ေတာ့လည္း ရင္ထဲမွာပဲ သိမ္းထားၿပီး အျပင္ပန္းမွာ ဘာမွမျဖစ္သလို ေနၾကတယ္…

ဒါေပမယ့္ အျပင္ပန္းက ဘာမွမျဖစ္သလိုေနလည္း အထဲမွာ နာက်င္ေနလားဆိုတာ

ဒီအခ်က္ေတြကို ၾကည့္ရင္သိႏိုင္ပါတယ္…

(1) အားနာလြန္းတယ္…

အားနာတတ္လြန္းတာလည္း နာက်င္မႈရဲ႕ လကၡဏာတစ္ခု ျဖစ္တယ္။

ရင္ထဲမွာ နာက်င္စရာမ်ားတဲ့သူ ေတာ္ေတာ္မ်ားမ်ားဟာ သူမ်ားကို ျငင္းရမွာ အရမ္းအားနာတတ္ပါတယ္။

သူတို႔ကိုယ္တိုင္ နာက်င္ဖူးတဲ့ သူေတြျဖစ္ေတာ့ သူတို႔ကို ေတာင္းဆိုတာေတြ၊

အကူအညီေတာင္းတာေတြကို ျငင္းလိုက္ရင္

တစ္ဖက္သား စိတ္ထိခိုက္မွာ အရမ္း စိုးရိမ္တတ္ၾကတဲ့သူေတြပါ။

ဒီလိုနဲ႔ပဲ သူတို႔ ဘယ္ေလာက္ပင္ပန္းပင္ပန္း အားနာလြန္းတဲ့ အက်င့္ေၾကာင့္ မႏိုင္ဝန္ ထမ္းၾကပါတယ္။

(2) ညဖက္ အိပ္မေပ်ာ္ဘူး…

စိတ္ဒဏ္ရာ႐ွိတဲ့သူေတြဟာ ညဖက္ အိပ္မေပ်ာ္ၾကပါဘူး။

သူတို႔ကို စိတ္ထိခိုက္ေစမယ့္ အရာေတြကို ႀကိဳးစားၿပီး ေမ့ထားရင္ေတာင္

မသိစိတ္က အၿမဲစြဲလန္းေနတာျဖစ္တယ္

သူတို႔ရဲ႕ ဝမ္းနည္းမႈ၊ နာက်င္မႈေတြက သူတို႔ကို အိပ္မေပ်ာ္ေစတာပါ။

ဒါေၾကာင့္ သန္းေခါင္ေက်ာ္အထိ တစ္ေယာက္တည္း ကိုယ့္ကိုယ္ကို အိပ္ေပ်ာ္ေအာင္ ေခ်ာ့သိပ္ၾကရတယ္။

(3) စိတ္ျမန္တယ္…

သူတို႔ဟာ စိတ္အရမ္းျမန္ပါတယ္။ တစ္ခုခုလုပ္မယ္ဆို ခ်က္ခ်င္းထလုပ္တယ္၊ ဘာအစီအစဥ္မွ မ႐ွိပဲ

႐ုတ္တရက္ အထုပ္ဆြဲၿပီး ေလွ်ာက္လည္တာမ်ိဳး၊ မုန္႔သြား စားတာမ်ိဳးေတြ လုပ္တတ္ပါတယ္။

သူတို႔စိတ္ကို မွီတဲ့ သူငယ္ခ်င္းမ်ိဳးလည္း ေတာ္ေတာ္ေလးကို ႐ွားပါတယ္။

တကယ္ေတာ့ သူတို႔ စိတ္ျမန္တယ္ ဆိုတာကလည္း

သူတို႔စိတ္ထဲမွာ နာက်င္ေနတဲ့ အခါက်ေတာ့ လုပ္ခ်င္တာကို ထလုပ္လိုက္ရမွ စိတ္သက္သာၾကလို႔ပါ။

(4) စိတ္ကူးယဥ္ရတာကို ႀကိဳက္တယ္…

နာက်င္စရာမ်ားတဲ့ သူေတြဟာ စိတ္ကူးယဥ္ရတာကို အရမ္းႀကိဳက္ပါတယ္။ သူတို႔ဘဝရဲ႕ မျဖစ္ခဲ့တဲ့ အရာေတြ၊

မျပည့္စုံခဲ့တဲ့ အရာေတြကို စိတ္ကူးထဲမွာ တည္ေဆာက္တတ္ၾကတယ္။

အနာဂတ္မွာ သူတို႔လိုခ်င္တဲ့ အရာေလးေတြ၊ ရည္မွန္းခ်က္ေလးေတြ၊ ျဖစ္ခ်င္တဲ့ ဆႏၵေလးေတြကို

စိတ္ကူးထဲမွာ ပုံေဖာ္ၿပီး ကိုယ့္ကိုယ္ကို ေျဖသိမ့္တတ္တဲ့ သူမ်ိဳးပါ။

ဒါေၾကာင့္ ဒီလိုလူေတြဟာ တစ္ခါတေလ တစ္ေယာက္တည္း သီးသန္႔အခ်ိန္ယူရတာကို ႏွစ္သက္ၿပီး

အဲဒီ့အခ်ိန္မွာ သူ႕ကို ေႏွာက္ယွက္တာ မႀကိဳက္ပါဘူး။

(5) သူငယ္ခ်င္းမက္တယ္…

သူတို႔ဟာ အေပါင္းအသင္း၊ သူငယ္ခ်င္းေတြကို အထူးတြယ္တာတဲ့ သူေတြပါ။

သူတို႔အတြက္ဆို ဘာမဆို လုပ္ေပးခ်င္ၾကတဲ့ သူမ်ိဳးေတြပါ။

ဒါေပမယ့္ သူတို႔တကယ္ခင္တဲ့ သူငယ္ခ်င္း အမ်ားႀကီး မ႐ွိပါဘူး။

႐ွိတဲ့ အနည္းငယ္ကိုလည္း အရမ္းခ်စ္ၿပီး အရမ္း အနစ္နာခံတတ္ၾကပါတယ္

credit – Thoo