Knowledge

ကံကောင်းခြင်းတွေ ကိုယ့်ဆီရောက်လာဖို့ နေ့တိုင်းလုပ်ပေးရမယ့် အချက်(၇)ချက်…

ကံကောင်းခြင်းတွေ ကိုယ့်ဆီရောက်လာဖို့ နေ့တိုင်းလုပ်ပေးရမယ့် အချက်(၇)ချက်…

ကံကောင်းခြင်းဆိုတာ သူ့အလိုလိုဖြစ်လာတဲ့ အရာလား၊ လုပ်ယူလို့ရတဲ့အရာလားလို့မေးရင် ဘယ်လိုဖြေမှာပါလဲ။

တကယ်တော့ ကံကောင်းတယ်ဆိုတာကို လုပ်ယူလို့ရပါတယ်။

ကံကောင်းအောင် လုပ်ယူလို့ရမယ့် နည်းလမ်းလေးတွေကိုတော့

အခုပဲဖတ်ပြီး တကယ်ဖြစ်မဖြစ် လိုက်လုပ်ကြည့်လိုက်နော်။

(1) စိတ်ရှင်းအောင်နေပါ

စိတ်ထဲမှာမရှင်းတာမျိုး၊ စိတ်ဖိစီးမှု များနေတာမျိုး၊ စိတ်ခံစားချက်တွေ များနေတာမျိုး ဖြစ်နေတဲ့အခါ

ကိုယ့်ရဲ့စိတ်ကညစ်နွမ်းနေပြီး ကောင်းမွန်တဲ့ အတွေးတွေကို မတွေးနိုင်တော့ပါဘူး။

မကောင်းတဲ့ အတွေးတွေက ကံကောင်းခြင်းတွေ ကိုယ့်ဆီ ရောက်မလာအောင်

တားဆီးနိုင်တာကြောင့် တတ်နိုင်သလောက် စိတ်ကိုရှင်းအောင်နေပါ။

(2)- အမြဲ သပ်သပ်ရပ်ရပ် ဝတ်စားပါ

အဝတ်အစား အပြင်အဆင်တွေက အပေါ်ယံတွေလို့ ထင်ကြပါလိမ့်မယ်။ အဲ့ဒါထက်ပိုပါတယ်။

အဝတ်အစား သပ်သပ်ရပ်ရပ်ဝတ်တာက စိတ်ကိုကြည်လင်စေပြီး

ကိုယ့်ရဲ့အလုပ်လုပ်နိုင်တဲ့စွမ်းရည်ကိုပါ တိုးတက်စေပါတယ်။

စိတ်ကြည်လင်နေတော့ မကောင်းတဲ့အတွေးတွေ မတွေးမိအောင် တားပေးနိုင်ပါတယ်။

(3) ကောင်းတာတွေဖြစ်လာမယ်လို့တွေးပါ

စိတ်အတွေးတွေက တကယ့်အဖြစ်အပျက်တွေကို လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့် ကံကောင်းခြင်းရင် ကောင်းတာတွေဖြစ်လာမယ်လို့ တွေးပါ။

(4) အဆောင်ပစ္စည်းလေးတွေဆောင်ထားပါ

အဆောင်ပစ္စည်းတွေက ကံကောင်းစေနိုင်တယ်လို့ သေချာပေါက်မပြောနိုင်ပါဘူး။ ဒါပေမယ့် အဲ့ဒီပစ္စည်းလေးတွေအပေါ်ထားတဲ့

ယုံကြည်မှုနဲ့ စိတ်ခံစားချက်က ကံကောင်းခြင်းတွေဖြစ်လာအောင် အထောက်အကူဖြစ်စေပါတယ်။

(5) သူများဘက်ကတွေးပေးပါ

သူများဘက်က တွေးပေးတတ်မှ ကိုယ်ချင်းစာစိတ်ရှိမှာပါ။ ကိုယ်ချင်းစာစိတ်ရှိတာက ကြင်နာတတ်တဲ့စိတ်ကိုဖြစ်စေပြီး

မကောင်းတာတွေ မလုပ်မိအောင် တားဆီးနိုင်ပါတယ်။ ဒီတော့ ကံကောင်းတာတွေပေဲဖြစ်လာပါလိမ့်မယ်။

(6) တစ်နေ့တာကိုကိုယ့်အတွက်အကျိုးရှိအောင်သုံးပါ

ကံဆိုတာ အလုပ်ဆိုတဲ့ စကားကို ကြားဖူးမှာပါ။ ဒါကြောင့် ကံကောင်းချင်ရင် အလုပ်တော့ကောင်းကောင်းလုပ်ဖို့လိုပါတယ်။

အလုပ်လုပ်ရာမှာလည်း ကြီးကြီးကျယ်ကျယ်တွေ လုပ်နေမှ မဟုတ်ပါဘူး၊ တစ်နေ့တာကို အကျိုးရှိရှိအသုံးချပြီး နေနိုင်ရင်ပဲလုံလောက်ပါပြီ။

(7) ခွင့်လွှတ်ပေးပါ

သူ များ တွေ ကိုယ့် အ ပေါ် ကျူး လွန် ထား တဲ့ အ ပြစ် တွေ ပဲ ဖြစ် ဖြစ်၊

ကိုယ် က ကျူး လွန် ထား တာ တွေ ပဲ ဖြစ် ဖြစ် အား လုံး ကိုလွှတ် ချ တတ် ဖို့ လို ပါ တယ်။

အဲ့ ဒါ တွေ ကို သယ် ဆောင် သွား မယ် ဆို ရင် ကိုယ့် အ တွက်တော က် လျှောက် ဖိ စီး နေ နိုင် ပြီး

စိတ် ရှင် းရှင်း နေ နိုင် မှာ မ ဟုတ် ပါ ဘူး။ ဒီ လို ဆို ကံ ကောင်း ခြင်း တွေလည်း လွယ် လွယ် နဲ့ ရောက် လာ တော့ မှာ မ ဟုတ် ပါ ဘူး။

လေးစားစွာဖြင့် – MAY THAZINHTOO

Credit

Zawgyi

ကံေကာင္းျခင္းေတြ ကိုယ့္ဆီေရာက္လာဖို႔ ေန႔တိုင္းလုပ္ေပးရမယ့္ အခ်က္(၇)ခ်က္…

ကံေကာင္းျခင္းဆိုတာ သူ႕အလိုလိုျဖစ္လာတဲ့ အရာလား၊ လုပ္ယူလို႔ရတဲ့အရာလားလို႔ေမးရင္ ဘယ္လိုေျဖမွာပါလဲ။

တကယ္ေတာ့ ကံေကာင္းတယ္ဆိုတာကို လုပ္ယူလို႔ရပါတယ္။

ကံေကာင္းေအာင္ လုပ္ယူလို႔ရမယ့္ နည္းလမ္းေလးေတြကိုေတာ့

အခုပဲဖတ္ၿပီး တကယ္ျဖစ္မျဖစ္ လိုက္လုပ္ၾကည့္လိုက္ေနာ္။

(1) စိတ္႐ွင္းေအာင္ေနပါ

စိတ္ထဲမွာမ႐ွင္းတာမ်ိဳး၊ စိတ္ဖိစီးမႈ မ်ားေနတာမ်ိဳး၊ စိတ္ခံစားခ်က္ေတြ မ်ားေနတာမ်ိဳး ျဖစ္ေနတဲ့အခါ

ကိုယ့္ရဲ႕စိတ္ကညစ္ႏြမ္းေနၿပီး ေကာင္းမြန္တဲ့ အေတြးေတြကို မေတြးႏိုင္ေတာ့ပါဘူး။

မေကာင္းတဲ့ အေတြးေတြက ကံေကာင္းျခင္းေတြ ကိုယ့္ဆီ ေရာက္မလာေအာင္

တားဆီးႏိုင္တာေၾကာင့္ တတ္ႏိုင္သေလာက္ စိတ္ကို႐ွင္းေအာင္ေနပါ။

(2)- အၿမဲ သပ္သပ္ရပ္ရပ္ ဝတ္စားပါ

အဝတ္အစား အျပင္အဆင္ေတြက အေပၚယံေတြလို႔ ထင္ၾကပါလိမ့္မယ္။ အဲ့ဒါထက္ပိုပါတယ္။

အဝတ္အစား သပ္သပ္ရပ္ရပ္ဝတ္တာက စိတ္ကိုၾကည္လင္ေစၿပီး

ကိုယ့္ရဲ႕အလုပ္လုပ္ႏိုင္တဲ့စြမ္းရည္ကိုပါ တိုးတက္ေစပါတယ္။

စိတ္ၾကည္လင္ေနေတာ့ မေကာင္းတဲ့အေတြးေတြ မေတြးမိေအာင္ တားေပးႏိုင္ပါတယ္။

(3) ေကာင္းတာေတြျဖစ္လာမယ္လို႔ေတြးပါ

စိတ္အေတြးေတြက တကယ့္အျဖစ္အပ်က္ေတြကို လႊမ္းမိုးႏိုင္ပါတယ္။ ဒါေၾကာင့္ ကံေကာင္းျခင္းရင္ ေကာင္းတာေတြျဖစ္လာမယ္လို႔ ေတြးပါ။

(4) အေဆာင္ပစၥည္းေလးေတြေဆာင္ထားပါ

အေဆာင္ပစၥည္းေတြက ကံေကာင္းေစႏိုင္တယ္လို႔ ေသခ်ာေပါက္မေျပာႏိုင္ပါဘူး။ ဒါေပမယ့္ အဲ့ဒီပစၥည္းေလးေတြအေပၚထားတဲ့

ယုံၾကည္မႈနဲ႔ စိတ္ခံစားခ်က္က ကံေကာင္းျခင္းေတြျဖစ္လာေအာင္ အေထာက္အကူျဖစ္ေစပါတယ္။

(5) သူမ်ားဘက္ကေတြးေပးပါ

သူမ်ားဘက္က ေတြးေပးတတ္မွ ကိုယ္ခ်င္းစာစိတ္႐ွိမွာပါ။ ကိုယ္ခ်င္းစာစိတ္႐ွိတာက ၾကင္နာတတ္တဲ့စိတ္ကိုျဖစ္ေစၿပီး

မေကာင္းတာေတြ မလုပ္မိေအာင္ တားဆီးႏိုင္ပါတယ္။ ဒီေတာ့ ကံေကာင္းတာေတြေပဲျဖစ္လာပါလိမ့္မယ္။

(6) တစ္ေန႔တာကိုကိုယ့္အတြက္အက်ိဳး႐ွိေအာင္သုံးပါ

ကံဆိုတာ အလုပ္ဆိုတဲ့ စကားကို ၾကားဖူးမွာပါ။ ဒါေၾကာင့္ ကံေကာင္းခ်င္ရင္ အလုပ္ေတာ့ေကာင္းေကာင္းလုပ္ဖို႔လိုပါတယ္။

အလုပ္လုပ္ရာမွာလည္း ႀကီးႀကီးက်ယ္က်ယ္ေတြ လုပ္ေနမွ မဟုတ္ပါဘူး၊ တစ္ေန႔တာကို အက်ိဳး႐ွိ႐ွိအသုံးခ်ၿပီး ေနႏိုင္ရင္ပဲလုံေလာက္ပါၿပီ။

(7) ခြင့္လႊတ္ေပးပါ

သူ မ်ား ေတြ ကိုယ့္ အ ေပၚ က်ဴး လြန္ ထား တဲ့ အ ျပစ္ ေတြ ပဲ ျဖစ္ ျဖစ္၊

ကိုယ္ က က်ဴး လြန္ ထား တာ ေတြ ပဲ ျဖစ္ ျဖစ္ အား လုံး ကိုလႊတ္ ခ် တတ္ ဖို႔ လို ပါ တယ္။

အဲ့ ဒါ ေတြ ကို သယ္ ေဆာင္ သြား မယ္ ဆို ရင္ ကိုယ့္ အ တြက္ေတာ က္ ေလွ်ာက္ ဖိ စီး ေန ႏိုင္ ၿပီး

စိတ္ ႐ွင္ း႐ွင္း ေန ႏိုင္ မွာ မ ဟုတ္ ပါ ဘူး။ ဒီ လို ဆို ကံ ေကာင္း ျခင္း ေတြလည္း လြယ္ လြယ္ နဲ႔ ေရာက္ လာ ေတာ့ မွာ မ ဟုတ္ ပါ ဘူး။

ေလးစားစြာျဖင့္ – MAY THAZINHTOO

Credit