၁၉၈၈အာဏာသိမ်းချိန်က ကိုငှက်(ထူးအိမ်သင်)ရဲ့အဖြစ်နဲ့ ချွတ်စွတ်တူခဲ့တဲ့ ရေမွန်ရဲ့အဖြစ်
တချိန်က 1988 မာနယ်ပလောလွတ်မြောက်နယ်မြေ တဲစုတ်လေးတစ်ခုမှာ ပိန်သွယ်သွယ် ယိုင်လုလု
ကိုယ်ခန္ဓာနဲ့မမျှအောင် ငှက်ဖျားဒဏ်ကို အလူးအလဲခံရင်း
အိမ်ကိုအမေ့ကိုလွမ်းတဲ့စိတ်နဲ့မျက်ရည်ကြိတ်ကျခဲ့ဖူးရှာတဲ့အနုပညာ လူကြမ်းကြီးတစ်ယောက်ရှိခဲ့ဖူးတယ်။
လူနံမည် “ကိုငှက်”သာဆိုတယ် တောကြီးငှက်နဲ့တွေ့တော့သူမနေသာဘူး။အလူးအလဲခံရရှာတယ်။
တသက်လုံးစာ အဲ့ဒီငှက်ဖျားဒဏ်ကြောင့်နှားထင်ကြီးညိုကွက်လို့နေသွားရရှာတာ။
ငှက်ဖျားကနာလံလဲထူတော့ သူ့ခဗျာကျောင်းသားတပ်ဥကဌကိုထွန်းအောင်ကျော်ကို ကုန်းကန်တော့ရင်း
“ဥကဌ ကျွန်တော်အိမ်ကိုပြန်တော့မယ်။အမေ့ကိုလွမ်းတယ်”တဲ့။
ဟိုကလည်း..ပြန်ပေါ့..ဒါပေမဲ့ကျောင်းသားတပ်ကို အလေးမြတ်ထားတဲ့အနေနဲ့ အာဏာရှင်ရဲ့ဝါဒဖြန့်မူအတွက်
မင့်အနုပညာကိုဘယ်တော့မှအသုံးမချဘူးလို့ကတိပေးပါ။ လို့မှာလိုက်တယ်…။
ကိုငှက်တစ်ယောက် သေသည်ထိ ဝါဒဖြန့်သီချင်းတစ်ပုဒ် မရေးသွားဘူး၊မဆိုသွားဘူး။
ဘယ်လိုဝါဒဖြန့်ရာမှာမှသူ့အနုပညာနို့ရည်တစက်ချမသွားဘူး။
သေသည်ထိ သစ္စာ စောင့်သိသွားခဲ့တယ်။
အခု..အသက်လေးဆယ်ငါးဆယ်တန်းတွေ..ခဗျားတို့သိပ်ကံကောင်းတယ်။ကိုငှက်ရဲ့အနုပညာရေစင်ကို
နောက်ထပ် ဆယ့်ခြောက်နှစ်စာလောက်ကောင်းကောင်းကြီး တဝကြီး ဆက်ခံစားခွသ့်ရခဲ့ကြတယ်။
ကျုပ်တို့အသက်အရွယ် လူငယ် မျိုးဆက်တွေအလှည့်ကျ ကံမကောင်းဘူးဗျ။နောက်ထပ် ထပ်ကြားခွင့်မရှိတော့တဲ့
အပြင်းပြဆုံးအာသီသတွေကို ရင်ဘတ်နဲ့သွေးထားတဲ့ ခပ်ရှရှတေးသံတွေ ပြန်ကြာခွင့်မရှိတော့လို့ ကံမကောင်းကြီးမကောင်းတာ။
ကိုငှက်ရေ…..အဲ့ဒီအဖြစ်အပျက်နဲ့ နှစ်ပေါင်းသုံးဆယ်အကွာ2021.မိုးရေချိန်သိပ်ထူတဲ့လကြီးမှာ တောကြီးမျက်မဲထဲ…ပိန်သွယ်သွယ် ပါရမီရှင်လေးတစ်ယောက်ဟာ ယုံကြည်ရာအတွက်…
သူချစ်တဲ့နိုင်ငံအတွက်…လူးလိမ့်နေအောင်အဖျားဒဏ်တွေ၊အစာအိမ်သွေးကြောပေါက်တဲ့ဒဏ်တွေလူးလိမ့်ခံရင်း..ခင်ဗျားလိုပဲ..ညတချို့ကိုဖြတ်ကျော်ခဲ့ရတယ်။
ဒါပေမဲ့ခဗျားလောက်တော့သူကံမကောင်းခဲ့ရှာဘူး။သူ့အမေနဲ့လဲသူပြန်မတွေ့သွားလိုက်ရဘူး။
သူချစ်တဲ့ပရိတ်သတ်တွေကိုလဲလက်ပြခွင့်မရခဲ့ရှာဘူး။
သူလိုချင်တဲ့ ဖိနှိပ်သူအာဏာရှင်ကင်းစင်နိုင်ံတော်သစ်ကြီးကိုလည်း မခံစားသွားရပြန်ဘူး။
သူ့လောက်မအောင်မြင်တဲ့လူတွေ နှုတ်ဆိတ်ရေငုံပြီးနှမ်းစေ့လောက်အောင်မြင်မူ နေရားေပျောက်မဲ့အရေးနဲ့
မတရားတာကိုတွန်းလှန်ရဲတဲ့ သတ်တိမလှဲနိုင်ဖြစ်နေရတဲ့ကြားထဲ…တကယ့်လူဗျာ…
သူ့ ကိုယ်ခန္ဓာလေးမှသူအားမနာ တိုင်းပြည်အနာဂတ်အတွက်ဆိုပြီး ရွှေပုံပေါ်ကခုန်ဆင်းခဲ့သတဲ့။မိုက်ချက်ဗျာ……..
ကိုငှက်ရေ…ခဗျားတို့ ကောင်းကင်ဘုံမှာဆုံကြတဲ့အခါ…အဲ့ကောင်လေးပုခုံးကိုဖက်ရင်း..အကောင်းဆုံးစကားလုံးတွေနဲ့.. နှစ်သိမ့်အားပေးရင်း..
ကျုပ်တို့တနိုင်ငံလုံးကို…စိတ်ဖြောင့်ဖြောင့်နဲ့သာချန်ခဲ့လို့…..တစ်ချက်လောက်မှာပေးလိုက်စမ်းပါဗျာ။
ပြီးတော့ ခဗျားတို့နှစ်ယောက် သူသိပ်ကြိုက်တဲ့ Kurt Cobain ဆီစကားတပြောပြောနဲ့အလည်သွားကြပေါ့။
source မော်စီထူး
Zawgyi Version
၁၉၈၈အာဏာသိမ္းခ်ိန္က ကိုငွက္(ထူးအိမ္သင္)ရဲ႕အျဖစ္နဲ႔ ခြၽတ္စြတ္တူခဲ့တဲ့ ေရမြန္ရဲ႕အျဖစ္
တခ်ိန္က 1988 မာနယ္ပေလာလြတ္ေျမာက္နယ္ေျမ တဲစုတ္ေလးတစ္ခုမွာ ပိန္သြယ္သြယ္ ယိုင္လုလု
ကိုယ္ခႏၶာနဲ႔မမွ်ေအာင္ ငွက္ဖ်ားဒဏ္ကို အလူးအလဲခံရင္း
အိမ္ကိုအေမ့ကိုလြမ္းတဲ့စိတ္နဲ႔မ်က္ရည္ႀကိတ္က်ခဲ့ဖူး႐ွာတဲ့အႏုပညာ လူၾကမ္းႀကီးတစ္ေယာက္႐ွိခဲ့ဖူးတယ္။
လူနံမည္ “ကိုငွက္”သာဆိုတယ္ ေတာႀကီးငွက္နဲ႔ေတြ႕ေတာ့သူမေနသာဘူး။အလူးအလဲခံရ႐ွာတယ္။
တသက္လုံးစာ အဲ့ဒီငွက္ဖ်ားဒဏ္ေၾကာင့္ႏွားထင္ႀကီးညိဳကြက္လို႔ေနသြားရ႐ွာတာ။
ငွက္ဖ်ားကနာလံလဲထူေတာ့ သူ႕ခဗ်ာေက်ာင္းသားတပ္ဥကဌကိုထြန္းေအာင္ေက်ာ္ကို ကုန္းကန္ေတာ့ရင္း
“ဥကဌ ကြၽန္ေတာ္အိမ္ကိုျပန္ေတာ့မယ္။အေမ့ကိုလြမ္းတယ္”တဲ့။
ဟိုကလည္း..ျပန္ေပါ့..ဒါေပမဲ့ေက်ာင္းသားတပ္ကို အေလးျမတ္ထားတဲ့အေနနဲ႔ အာဏာ႐ွင္ရဲ႕ဝါဒျဖန္႔မူအတြက္
မင့္အႏုပညာကိုဘယ္ေတာ့မွအသုံးမခ်ဘူးလို႔ကတိေပးပါ။ လို႔မွာလိုက္တယ္…။
ကိုငွက္တစ္ေယာက္ ေသသည္ထိ ဝါဒျဖန္႔သီခ်င္းတစ္ပုဒ္ မေရးသြားဘူး၊မဆိုသြားဘူး။
ဘယ္လိုဝါဒျဖန္႔ရာမွာမွသူ႕အႏုပညာႏို႔ရည္တစက္ခ်မသြားဘူး။
ေသသည္ထိ သစၥာ ေစာင့္သိသြားခဲ့တယ္။
အခု..အသက္ေလးဆယ္ငါးဆယ္တန္းေတြ..ခဗ်ားတို႔သိပ္ကံေကာင္းတယ္။ကိုငွက္ရဲ႕အႏုပညာေရစင္ကို
ေနာက္ထပ္ ဆယ့္ေျခာက္ႏွစ္စာေလာက္ေကာင္းေကာင္းႀကီး တဝႀကီး ဆက္ခံစားခြသ့္ရခဲ့ၾကတယ္။
က်ဳပ္တို႔အသက္အ႐ြယ္ လူငယ္ မ်ိဳးဆက္ေတြအလွည့္က် ကံမေကာင္းဘူးဗ်။ေနာက္ထပ္ ထပ္ၾကားခြင့္မ႐ွိေတာ့တဲ့
အျပင္းျပဆုံးအာသီသေတြကို ရင္ဘတ္နဲ႔ေသြးထားတဲ့ ခပ္႐ွ႐ွေတးသံေတြ ျပန္ၾကာခြင့္မ႐ွိေတာ့လို႔ ကံမေကာင္းႀကီးမေကာင္းတာ။
ကိုငွက္ေရ…..အဲ့ဒီအျဖစ္အပ်က္နဲ႔ ႏွစ္ေပါင္းသုံးဆယ္အကြာ2021.မိုးေရခ်ိန္သိပ္ထူတဲ့လႀကီးမွာ ေတာႀကီးမ်က္မဲထဲ…ပိန္သြယ္သြယ္ ပါရမီ႐ွင္ေလးတစ္ေယာက္ဟာ ယုံၾကည္ရာအတြက္…
သူခ်စ္တဲ့ႏိုင္ငံအတြက္…လူးလိမ့္ေနေအာင္အဖ်ားဒဏ္ေတြ၊အစာအိမ္ေသြးေၾကာေပါက္တဲ့ဒဏ္ေတြလူးလိမ့္ခံရင္း..ခင္ဗ်ားလိုပဲ..ညတခ်ိဳ႕ကိုျဖတ္ေက်ာ္ခဲ့ရတယ္။
ဒါေပမဲ့ခဗ်ားေလာက္ေတာ့သူကံမေကာင္းခဲ့႐ွာဘူး။သူ႕အေမနဲ႔လဲသူျပန္မေတြ႕သြားလိုက္ရဘူး။
သူခ်စ္တဲ့ပရိတ္သတ္ေတြကိုလဲလက္ျပခြင့္မရခဲ့႐ွာဘူး။
သူလိုခ်င္တဲ့ ဖိႏွိပ္သူအာဏာ႐ွင္ကင္းစင္ႏိုင္ံေတာ္သစ္ႀကီးကိုလည္း မခံစားသြားရျပန္ဘူး။
သူ႕ေလာက္မေအာင္ျမင္တဲ့လူေတြ ႏႈတ္ဆိတ္ေရငုံၿပီးႏွမ္းေစ့ေလာက္ေအာင္ျမင္မူ ေနရားေေပ်ာက္မဲ့အေရးနဲ႔
မတရားတာကိုတြန္းလွန္ရဲတဲ့ သတ္တိမလွဲႏိုင္ျဖစ္ေနရတဲ့ၾကားထဲ…တကယ့္လူဗ်ာ…
သူ႕ ကိုယ္ခႏၶာေလးမွသူအားမနာ တိုင္းျပည္အနာဂတ္အတြက္ဆိုၿပီး ေ႐ႊပုံေပၚကခုန္ဆင္းခဲ့သတဲ့။မိုက္ခ်က္ဗ်ာ……..
ကိုငွက္ေရ…ခဗ်ားတို႔ ေကာင္းကင္ဘုံမွာဆုံၾကတဲ့အခါ…အဲ့ေကာင္ေလးပုခုံးကိုဖက္ရင္း..အေကာင္းဆုံးစကားလုံးေတြနဲ႔.. ႏွစ္သိမ့္အားေပးရင္း..
က်ဳပ္တို႔တႏိုင္ငံလုံးကို…စိတ္ေျဖာင့္ေျဖာင့္နဲ႔သာခ်န္ခဲ့လို႔…..တစ္ခ်က္ေလာက္မွာေပးလိုက္စမ္းပါဗ်ာ။
ၿပီးေတာ့ ခဗ်ားတို႔ႏွစ္ေယာက္ သူသိပ္ႀကိဳက္တဲ့ Kurt Cobain ဆီစကားတေျပာေျပာနဲ႔အလည္သြားၾကေပါ့။
source ေမာ္စီထူး