ချစ်သူကို ဂရုစိုက်လွန်းလို့ စိုးရိမ်စိတ်လွန်နေတတ်တဲ့ ချစ်သူမိန်းကလေးတွေဆိုတာ ဒီလိုပါ
မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ်ကိုပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။
ဒါကြောင့် တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်ကို ချစ်မိသွားပြီဆိုရင် စိုးရိမ်စိတ်လေးတွေ၊
ပေးဆပ်ချင်စိတ်တွေနဲ့ အနစ်နာခံချင်စိတ်တွေက အလိုလိုဖြစ်ပေါ်လာပြီး
ဒါကိုတားလို့လည်း မရသလို၊ ထိန်းချုပ်ဖို့လည်း ခက်ခဲပါတယ်။
ချစ်သူကိုအရမ်းဂရုစိုက်ပြီး စိုးရိမ်စိတ်လွန်ကဲနေတတ်တဲ့ ချစ်သူမိန်းကလေးတွေရဲ့အကြောင်းလေးတွေကို ကိုယ်ချင်းစာ နားလည်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
(၁) အမြဲတမ်းဆက်သွယ်နေမယ်
ချစ်သူကို အရမ်းဂရုစိုက်ပြီး စိတ်ပူတတ်တဲ့သူတွေဆိုတာ အမြဲလိုလို ချစ်သူနဲ့ အတူရှိချင်တဲ့သူတွေပါ။
ဝေးနေတဲ့အခါမှာလည်း တစ်ချိန်လုံးစာတွေပို့၊ ဖုန်းတွေဆက်ပြီး ဆက်သွယ်နေတတ်တဲ့သူတွေဖြစ်ပါတယ်။
အကြောင်းကတော့ ချစ်သူအဆင်မှပြေရဲ့လား၊ နေလို့မှကောင်းရဲ့လားဆိုတာကို အမြဲတမ်းစိတ်ပူနေကြလို့ပါ။
(၂) မေးပြီးသားကို ထပ်တလဲလဲပြန်မေးတယ်
ချစ်သူကိုအရမ်းဂရုစိုက်ပြီး ချစ်တဲ့မိန်းကလေးတွေဆိုတာ မေးပြီးသားမေးခွန်းတွေကို ခဏခဏ ပြန်ပြန်မေးတတ်တဲ့သူတွေ ဖြစ်ပါတယ်။
မသိရင် အရစ်သန်တယ်လို့ ထင်တတ်ကြပေမယ့် အမှန်တကယ်က စိတ်ချချင်လို့၊ ယုံကြည်ချင်လို့
သိပြီးသားအကြောင်းအရာတွေကို ပြန်ပြန်မေးနေတာဖြစ်ပါတယ်။ အပန်းမကြီးရင် ပြန်ပြန်ပြီးရှင်းပြပေးလိုက်ပါနော်။
(၃) ချစ်တဲ့အကြောင်းလေးတွေ အမြဲကြားချင်တယ်
ချစ်သူကိုအရမ်းချစ်တဲ့မိန်းကလေးတိုင်း ချစ်သူဆီက ကြင်နာတဲ့ စကားလေးတွေကို အမြဲကြားချင်ကြပါတယ်။
နှစ်ကာလတွေဘယ်လောက်ပြောင်းပြောင်း၊ ချစ်သူသက်တမ်းဘယ်လောက်ကြာကြာ
ချစ်သူဆီက ကြင်နာမှု၊ နွေးထွေးမှုလေးတွေကို အမြဲတမ်း ရချင်နေလို့ပဲဖြစ်ပါတယ်။
(၄) အဆုံးစွန်အထိတွေးပူနေတတ်တယ်
ချစ်သူကို အရမ်းဂရုစိုက်ပြီး စိုးရိမ်စိတ်လွန်ကဲတတ်တဲ့ မိန်းကလေးတွေဆိုတာ မဖြစ်သေးတာတွေရော၊
ဖြစ်ပြီးသားတွေကိုရော တွေးတွေးပြီး ပူပန်နေတတ်တဲ့သူတွေပါ။
ချစ်သူနဲ့ နည်းနည်းဝေးသွားရင်ကို ဒီလိုစိတ်ခံစားချက်တွေကြောင့် အိပ်မရ၊ စားမရနဲ့ စိတ်မချဖြစ်နေတတ်တဲ့သူတွေဖြစ်ပါတယ်။
(၅) ဒေါသတွေကြီးနေတတ်တယ်
ချစ်သူကိုအရမ်းဂရုစိုက်တဲ့မိန်းကလေးတွေဟာ နည်းနည်းလေးမှအမှားအယွင်း မခံပါဘူး။
ချစ်သူကိုစိတ်ပူလွန်းရာကနေ ဒေါသအဖြစ်ပြောင်းသွားပြီး တစ်ချိန်လုံးစိတ်တိုနေတဲ့သူတွေလို့ အထင်ခံရတတ်ပါတယ်။
ဒါပေမယ့် တကယ်တော့ ချစ်သူကို စိတ်ပူလို့ စိတ်မထိန်းနိုင်တာသာဖြစ်ပါတယ်။
(၆) စိတ်ပြေမြန်တယ်
စိုးရိမ်စိတ်လွန်နေတဲ့မိန်းကလေးနေတွေဟာ ထစ်ခနဲရှိ စိတ်ကောက်တတ်ကြသလို၊ ခဏလေးနဲ့ စိတ်ပြန်ပြေတတ်ကြပါတယ်။
အဓိကကတော့ ဖြစ်ကြောင်းကုန်စင်ကို စိတ်အေးအေးထားပြီး ရှင်းပြဖို့ပဲ လိုပါတယ်။
(၇) ဝမ်းနည်းလွယ်တယ်
ချစ်သူကို အရမ်းဂရုစိုက်ပြီး စိုးရိမ်စိတ်လွန်နေတဲ့မိန်းကလေးတွေဟာ ဝမ်းနည်းလွယ်ကြပါတယ်။
တစ်ခုခုဆို မျက်ရည်တွေကျလာတတ်သလို၊ စိတ်ထဲမှာလည်း ဝမ်းနည်းနေတတ်ကြပါတယ်။
ဒီလိုမိန်းကလေးတွေကို ချစ်သူတော်ထားရတဲ့သူတွေအနေနဲ့ နားလည်မှုပေးပြီး စိတ်ရှည်ပေးလိုက်မယ်ဆိုရင်
သူတို့လောက် သစ္စာရှိပြီး ချစ်တတ်တဲ့သူမျိုးဆိုတာ နှစ်ယောက်မရှိနိုင်ပါဘူးနော်။
Credit
Zawgyi Version
ခ်စ္သူကို ဂ႐ုစိုက္လြန္းလို႔ စိုးရိမ္စိတ္လြန္ေနတတ္တဲ့ ခ်စ္သူမိန္းကေလးေတြဆိုတာ ဒီလိုပါ
မိန္းကေလးေတြဟာ ေမြးရာပါ မိခင္စိတ္ကိုပိုင္ဆိုင္ထားသူေတြ ျဖစ္ပါတယ္။
ဒါေၾကာင့္ တစ္စုံတစ္ခု၊ တစ္စုံတစ္ေယာက္ကို ခ်စ္မိသြားၿပီဆိုရင္ စိုးရိမ္စိတ္ေလးေတြ၊
ေပးဆပ္ခ်င္စိတ္ေတြနဲ႔ အနစ္နာခံခ်င္စိတ္ေတြက အလိုလိုျဖစ္ေပၚလာၿပီး
ဒါကိုတားလို႔လည္း မရသလို၊ ထိန္းခ်ဳပ္ဖို႔လည္း ခက္ခဲပါတယ္။
ခ်စ္သူကိုအရမ္းဂ႐ုစိုက္ၿပီး စိုးရိမ္စိတ္လြန္ကဲေနတတ္တဲ့ ခ်စ္သူမိန္းကေလးေတြရဲ႕အေၾကာင္းေလးေတြကို ကိုယ္ခ်င္းစာ နားလည္ႏိုင္ေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။
(၁) အၿမဲတမ္းဆက္သြယ္ေနမယ္
ခ်စ္သူကို အရမ္းဂ႐ုစိုက္ၿပီး စိတ္ပူတတ္တဲ့သူေတြဆိုတာ အၿမဲလိုလို ခ်စ္သူနဲ႔ အတူ႐ွိခ်င္တဲ့သူေတြပါ။
ေဝးေနတဲ့အခါမွာလည္း တစ္ခ်ိန္လုံးစာေတြပို႔၊ ဖုန္းေတြဆက္ၿပီး ဆက္သြယ္ေနတတ္တဲ့သူေတြျဖစ္ပါတယ္။
အေၾကာင္းကေတာ့ ခ်စ္သူအဆင္မွေျပရဲ႕လား၊ ေနလို႔မွေကာင္းရဲ႕လားဆိုတာကို အၿမဲတမ္းစိတ္ပူေနၾကလို႔ပါ။
(၂) ေမးၿပီးသားကို ထပ္တလဲလဲျပန္ေမးတယ္
ခ်စ္သူကိုအရမ္းဂ႐ုစိုက္ၿပီး ခ်စ္တဲ့မိန္းကေလးေတြဆိုတာ ေမးၿပီးသားေမးခြန္းေတြကို ခဏခဏ ျပန္ျပန္ေမးတတ္တဲ့သူေတြ ျဖစ္ပါတယ္။
မသိရင္ အရစ္သန္တယ္လို႔ ထင္တတ္ၾကေပမယ့္ အမွန္တကယ္က စိတ္ခ်ခ်င္လို႔၊ ယုံၾကည္ခ်င္လို႔
သိၿပီးသားအေၾကာင္းအရာေတြကို ျပန္ျပန္ေမးေနတာျဖစ္ပါတယ္။ အပန္းမႀကီးရင္ ျပန္ျပန္ၿပီး႐ွင္းျပေပးလိုက္ပါေနာ္။
(၃) ခ်စ္တဲ့အေၾကာင္းေလးေတြ အၿမဲၾကားခ်င္တယ္
ခ်စ္သူကိုအရမ္းခ်စ္တဲ့မိန္းကေလးတိုင္း ခ်စ္သူဆီက ၾကင္နာတဲ့ စကားေလးေတြကို အၿမဲၾကားခ်င္ၾကပါတယ္။
ႏွစ္ကာလေတြဘယ္ေလာက္ေျပာင္းေျပာင္း၊ ခ်စ္သူသက္တမ္းဘယ္ေလာက္ၾကာၾကာ
ခ်စ္သူဆီက ၾကင္နာမႈ၊ ေႏြးေထြးမႈေလးေတြကို အၿမဲတမ္း ရခ်င္ေနလို႔ပဲျဖစ္ပါတယ္။
(၄) အဆုံးစြန္အထိေတြးပူေနတတ္တယ္
ခ်စ္သူကို အရမ္းဂ႐ုစိုက္ၿပီး စိုးရိမ္စိတ္လြန္ကဲတတ္တဲ့ မိန္းကေလးေတြဆိုတာ မျဖစ္ေသးတာေတြေရာ၊
ျဖစ္ၿပီးသားေတြကိုေရာ ေတြးေတြးၿပီး ပူပန္ေနတတ္တဲ့သူေတြပါ။
ခ်စ္သူနဲ႔ နည္းနည္းေဝးသြားရင္ကို ဒီလိုစိတ္ခံစားခ်က္ေတြေၾကာင့္ အိပ္မရ၊ စားမရနဲ႔ စိတ္မခ်ျဖစ္ေနတတ္တဲ့သူေတြျဖစ္ပါတယ္။
(၅) ေဒါသေတြႀကီးေနတတ္တယ္
ခ်စ္သူကိုအရမ္းဂ႐ုစိုက္တဲ့မိန္းကေလးေတြဟာ နည္းနည္းေလးမွအမွားအယြင္း မခံပါဘူး။
ခ်စ္သူကိုစိတ္ပူလြန္းရာကေန ေဒါသအျဖစ္ေျပာင္းသြားၿပီး တစ္ခ်ိန္လုံးစိတ္တိုေနတဲ့သူေတြလို႔ အထင္ခံရတတ္ပါတယ္။
ဒါေပမယ့္ တကယ္ေတာ့ ခ်စ္သူကို စိတ္ပူလို႔ စိတ္မထိန္းႏိုင္တာသာျဖစ္ပါတယ္။
(၆) စိတ္ေျပျမန္တယ္
စိုးရိမ္စိတ္လြန္ေနတဲ့မိန္းကေလးေနေတြဟာ ထစ္ခနဲ႐ွိ စိတ္ေကာက္တတ္ၾကသလို၊ ခဏေလးနဲ႔ စိတ္ျပန္ေျပတတ္ၾကပါတယ္။
အဓိကကေတာ့ ျဖစ္ေၾကာင္းကုန္စင္ကို စိတ္ေအးေအးထားၿပီး ႐ွင္းျပဖို႔ပဲ လိုပါတယ္။
(၇) ဝမ္းနည္းလြယ္တယ္
ခ်စ္သူကို အရမ္းဂ႐ုစိုက္ၿပီး စိုးရိမ္စိတ္လြန္ေနတဲ့မိန္းကေလးေတြဟာ ဝမ္းနည္းလြယ္ၾကပါတယ္။
တစ္ခုခုဆို မ်က္ရည္ေတြက်လာတတ္သလို၊ စိတ္ထဲမွာလည္း ဝမ္းနည္းေနတတ္ၾကပါတယ္။
ဒီလိုမိန္းကေလးေတြကို ခ်စ္သူေတာ္ထားရတဲ့သူေတြအေနနဲ႔ နားလည္မႈေပးၿပီး စိတ္႐ွည္ေပးလိုက္မယ္ဆိုရင္
သူတို႔ေလာက္ သစၥာ႐ွိၿပီး ခ်စ္တတ္တဲ့သူမ်ိဳးဆိုတာ ႏွစ္ေယာက္မ႐ွိႏိုင္ပါဘူးေနာ္။
Credit