ချစ်သူ နဲ့ တစ်သက်လုံးမခွဲရဘဲ ပေါင်းသင်းနိုင်မယ့် အဆောင်(၄)မျိုး
မိမိ ချစ်သူ နဲ့ တစ်သက်လုံးမခွဲရဘဲ အိုအောင် မင်းအောင် ပေါင်းသင်းရမှာ အမှန်ပါ
အဆောင် (၁) ကိုယ်ကျင့်တရား
ကိုယ်ကျင့်တရား ကောင်းမွန်ရပါမယ် ။ တစ်ယောက်မကြိုက်တာ တစ်ယောက်မလုပ်ပါနဲ့။
အတူတူ ဘုရားသွားကျောင်းတက် ကောင်းမှုတွေ အတူတူ ပြုခဲ့ဖူးရပါမယ် ။
အဆောင် (၂) ယုံကြည်မှု
တစ်ယောက်နဲ့ တစ်ယောက် ယုံကြည့်မှု တွေရှိရမယ် ။
မိမိချစ်သူအပေါ်မှာ သစ္စာရှိရမယ် ရိုးသားရမယ် ။ မလိုအပ်တဲ့ သံသယတွေ မရှိရဘူး ။
သံသယရှိလာရင် မေးမြန်းစုံစမ်း၊ ညှိနှိုင်းဆွေးနွေးပြီး သံသယတွေကို ဖြည်ဖျောက်ပါ ။
ဒီအဆောင်ကို နှစ်ဦးစလုံး ဆောင်ထားရမှာပါ ။
အဆောင် (၃) ပေးကမ်းခြင်း ရှိရမယ်
သွားအတူ၊ စားအတူ အခါမျိုးမှာ ကိုယ်ချည်းပဲ ကျွေးနေရတာမျိုး၊
သူချည်းပဲ ကျွေးနေရတာမျိုး တစ်ဖက်သက် မဟုတ်ဘဲ၊ မေတ္တာခေါင်းပါးတဲ့ လုပ်ရပ်မျိုးကို ရှောင်ရပါမယ်။
သူတစ်လှည့်ကျွေးလိုက် ကိုယ်တစ်လှည့်ကျွေးလိုက်နဲ့ မေတ္တာမျှပြီး ဝေစားမျှစားဖြစ်နေရမှာပါ။
သူနဲ့ပါတ်သက်တဲ့ ဆွေမျိုး၊ မိတ်ဆွေ အပေါင်းအသင်းတွေ အပေါ် ပေးကမ်းစောင့်ရှောက်ရပါမယ်။
ဒါတွေက ကွန်ယက်သဖွယ် ဆက်နွယ်နေပါတယ် ။
အဆောင် (၄) ပညာ
ပညာ ဆိုတဲ့ နေရာမှာ တစ်ယောက်နဲ့တစ်ယောက် အသိပညာ အတတ်ပညာ အမြင် အယူအဆ တွေတူမျှနိုင်ရင် ကောင်းပါတယ် ။
အမှားအမှန် အဆိုးအကောင်းကို အကျိုးသင့် အကြောင်းသင့် နားလည်နိုင်ရပါမယ် ။
ကောင်း၏ မကောင်း၏ ခွဲခြားသိပြီး တစ်ယောက်ကို တစ်ယောက် ထိန်းသိမ်းစောင့်ရှောက် ရပါမယ်။
ဒီအဆောင် လေးခုသာ ဆောင်နိုင်မယ်ဆိုရင်
ဒီ ဘဝ မှာလည်း ရွှေလက်တွဲ့လို့ မြဲမြံကြသလို ဖြစ်လေရာဘဝ အတူဆုံတွေ့နိုင်ကြပါလိမ့်မယ်..။
Credit
Zawgyi Version
အဆောင် (၂) ယုံကြည်မှု
အဆောင် (၄) ပညာ
Credit