ကော်ဖီ တစ်နေ့တစ်ခွက်သောက်ခြင်းကြောင့် ရရှိလာနိုင်တဲ့ အံ့မခမ်းအကျိုးကျေးဇူးများ…
မနက်မိုးလင်းလို့ မျက်လုံးဖွင့်တာနဲ့ ကော်ဖီဆိုတာကတော့ ကိုယ့်အတွက်မပါမဖြစ်တဲ့ အရာပါပဲ။
အိပ်ချင်မူးတူးဖြစ်နေတဲ့ စိတ်တွေက ကော်ဖီနံ့လေးရလိုက်တာနဲ့ လန်းဆန်းသွားတတ်ကြတယ် ဟုတ်။
ဒီလို ကော်ဖီက လန်းဆန်းတက်ကြွမှုကို ပေးစွမ်းသလိုပဲ
တစ်နေ့ကို ကော်ဖီတစ်ခွက် ပုံမှန်သောက်သုံးမယ်ဆိုရင် ကျန်းမာရေးကိုလည်း အထောက်အကူ ဖြစ်စေပါတယ်နော်။
ကော်ဖီသောက်ခြင်းက ဘယ်လိုကျန်းမာရေး ကောင်းကျိုးတွေ ခံစားရစေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
များစွာသော ကင်ဆာတွေကို တိုက်ထုတ်ပေးနိုင်တယ်
အမေရိကန်နိုင်ငံရဲ့ သုတေပြုချက်တွေအရ ကော်ဖီမှာပါတဲ့ ဓာတ်တွေဟာ
ကင်ဆာရဲ့ ကြီးထွားမှုကို တားဆီးပြီး ကင်ဆာဖြစ်ပေါ်မှုကို ကာကွယ်ပေးပါတယ်။
အထူးသဖြင့် ခေါင်း၊ လည်ပင်း၊ သားမြတ်၊ အသည်း စတဲ့နေရာတွေမှာ ဖြစ်ပေါ်တတ်တဲ့
ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။
များစွာသောဓာတ်တွေဖြစ်တဲ့ caffeine, flavonoids, lignans, and polyphenols တွေပါဝင်တဲ့အတွက်ကြောင့်
စွမ်းအင်တိုးပွါးစေပြီး cellular တွေပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။
တစ်ခြားသော ထိခိုက်မှုတွေနဲ့ genes တွေကိုလည်း ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ်။
Suicide လုပ်ခြင်းကို လျော့ကျစေပါတယ်
ခုခေတ်မှာ အလုပ်အကိုင်တွေရဲ့ စိတ်ဖိစီးမှုတွေ၊ လူမှုရေးအဆင်မပြေတာတွေ များလာကြတဲ့အတွက်
အနောက်နိုင်ငံနဲ့ ဂျပန်တို့လိုနိုင်ငံမျိုးတွေမှာ ကိုယ့်ကိုယ်ကို suicide လုပ်တာတွေ မြင့်တက်လာပါတယ်။
တစ်နေ့ကို ကော်ဖီတစ်ခွက်ပုံမှန်သောက်ခြင်းက ကိုယ့်ရဲ့ suicide လုပ်ချင်စိတ်ကို လျော့ကျစေပါတယ်တဲ့။
စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်တဲ့ ကော်ဖီဟာ suicide လုပ်ချင်တဲ့ စိတ်တွေကိုလည်း တားဆီးပေးပါတယ်ဆိုပြီး Food Prevent မှာ ဖော်ပြထားပါတယ်။
Alzheimer နဲ့ dementia စတဲ့ရောဂါတွေကို တားဆီးပေးတယ်
Alzheimer လို့ခေါ်တဲ့ ဦးနှောက်အိုမင်းရင့်ရော်ခြင်းဖြစ်တဲ့
မှတ်မိနိုင်စွမ်းမရှိတဲ့ ရောဂါမျိုးနဲ့ dementia ရောဂါတွေကိုလည်း တားဆီးပေးပါတယ်။
အသက်အရွယ်ငယ်တဲ့အချိန်မှာ ကော်ဖီသောက်သုံးခြင်းက
အသက်အရွယ်ကြီးလာတဲ့အခါ ဖြစ်ပေါ်နိုင်ခြေရှိတဲ့ ဒီရောဂါတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။
Type 2 diabetes ကို လျော့ချပေးတယ်
တစ်နေ့ကို ကော်ဖီတစ်ခွက်ပုံမှန်သောက်သုံးခြင်းက ဆီးချိုဖြစ်ပေါ်စေတဲ့ နှုန်းကိုလျှော့ချပေးပါတယ်။
ကော်ဖီဟာ တခြားသော ရောဂါတော်တော်များများကိုလည်း တားဆီးပေးပြီး
ကော်ဖီတစ်ခွက် နေ့စဉ်ပုံမှန်သောက်ခြင်းက type 2 diabetes လို့ခေါ်တဲ့ ဆီးချိုဖြစ်နိုင်ခြေနှုန်းကို လျော့ကျစေပါတယ်။
CRD-AUNTY MAY
Zawgyi Version
ေကာ္ဖီ တစ္ေန႔တစ္ခြက္ေသာက္ျခင္းေၾကာင့္ ရ႐ွိလာႏိုင္တဲ့ အံ့မခမ္းအက်ိဳးေက်းဇူးမ်ား…
မနက္မိုးလင္းလို႔ မ်က္လုံးဖြင့္တာနဲ႔ ေကာ္ဖီဆိုတာကေတာ့ ကိုယ့္အတြက္မပါမျဖစ္တဲ့ အရာပါပဲ။
အိပ္ခ်င္မူးတူးျဖစ္ေနတဲ့ စိတ္ေတြက ေကာ္ဖီနံ႔ေလးရလိုက္တာနဲ႔ လန္းဆန္းသြားတတ္ၾကတယ္ ဟုတ္။
ဒီလို ေကာ္ဖီက လန္းဆန္းတက္ႂကြမႈကို ေပးစြမ္းသလိုပဲ
တစ္ေန႔ကို ေကာ္ဖီတစ္ခြက္ ပုံမွန္ေသာက္သုံးမယ္ဆိုရင္ က်န္းမာေရးကိုလည္း အေထာက္အကူ ျဖစ္ေစပါတယ္ေနာ္။
ေကာ္ဖီေသာက္ျခင္းက ဘယ္လိုက်န္းမာေရး ေကာင္းက်ိဳးေတြ ခံစားရေစလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။
မ်ားစြာေသာ ကင္ဆာေတြကို တိုက္ထုတ္ေပးႏိုင္တယ္
အေမရိကန္ႏိုင္ငံရဲ႕ သုေတျပဳခ်က္ေတြအရ ေကာ္ဖီမွာပါတဲ့ ဓာတ္ေတြဟာ
ကင္ဆာရဲ႕ ႀကီးထြားမႈကို တားဆီးၿပီး ကင္ဆာျဖစ္ေပၚမႈကို ကာကြယ္ေပးပါတယ္။
အထူးသျဖင့္ ေခါင္း၊ လည္ပင္း၊ သားျမတ္၊ အသည္း စတဲ့ေနရာေတြမွာ ျဖစ္ေပၚတတ္တဲ့
ကင္ဆာဆဲလ္ေတြကို တိုက္ထုတ္ေပးႏိုင္ပါတယ္။
မ်ားစြာေသာဓာတ္ေတြျဖစ္တဲ့ caffeine, flavonoids, lignans, and polyphenols ေတြပါဝင္တဲ့အတြက္ေၾကာင့္
စြမ္းအင္တိုးပြါးေစၿပီး cellular ေတြပ်က္စီးျခင္းကို ကာကြယ္ေပးပါတယ္။
တစ္ျခားေသာ ထိခိုက္မႈေတြနဲ႔ genes ေတြကိုလည္း ျပဳျပင္ေျပာင္းလဲေပးႏိုင္စြမ္း ႐ွိပါတယ္။
Suicide လုပ္ျခင္းကို ေလ်ာ့က်ေစပါတယ္
ခုေခတ္မွာ အလုပ္အကိုင္ေတြရဲ႕ စိတ္ဖိစီးမႈေတြ၊ လူမႈေရးအဆင္မေျပတာေတြ မ်ားလာၾကတဲ့အတြက္
အေနာက္ႏိုင္ငံနဲ႔ ဂ်ပန္တို႔လိုႏိုင္ငံမ်ိဳးေတြမွာ ကိုယ့္ကိုယ္ကို suicide လုပ္တာေတြ ျမင့္တက္လာပါတယ္။
တစ္ေန႔ကို ေကာ္ဖီတစ္ခြက္ပုံမွန္ေသာက္ျခင္းက ကိုယ့္ရဲ႕ suicide လုပ္ခ်င္စိတ္ကို ေလ်ာ့က်ေစပါတယ္တဲ့။
စိတ္ဖိစီးမႈေတြကို ေလ်ာ့ခ်ေပးႏိုင္တဲ့ ေကာ္ဖီဟာ suicide လုပ္ခ်င္တဲ့ စိတ္ေတြကိုလည္း တားဆီးေပးပါတယ္ဆိုၿပီး Food Prevent မွာ ေဖာ္ျပထားပါတယ္။
Alzheimer နဲ႔ dementia စတဲ့ေရာဂါေတြကို တားဆီးေပးတယ္
Alzheimer လို႔ေခၚတဲ့ ဦးေႏွာက္အိုမင္းရင့္ေရာ္ျခင္းျဖစ္တဲ့
မွတ္မိႏိုင္စြမ္းမ႐ွိတဲ့ ေရာဂါမ်ိဳးနဲ႔ dementia ေရာဂါေတြကိုလည္း တားဆီးေပးပါတယ္။
အသက္အ႐ြယ္ငယ္တဲ့အခ်ိန္မွာ ေကာ္ဖီေသာက္သုံးျခင္းက
အသက္အ႐ြယ္ႀကီးလာတဲ့အခါ ျဖစ္ေပၚႏိုင္ေျခ႐ွိတဲ့ ဒီေရာဂါေတြကို တိုက္ထုတ္ေပးႏိုင္ပါတယ္။
Type 2 diabetes ကို ေလ်ာ့ခ်ေပးတယ္
တစ္ေန႔ကို ေကာ္ဖီတစ္ခြက္ပုံမွန္ေသာက္သုံးျခင္းက ဆီးခ်ိဳျဖစ္ေပၚေစတဲ့ ႏႈန္းကိုေလွ်ာ့ခ်ေပးပါတယ္။
ေကာ္ဖီဟာ တျခားေသာ ေရာဂါေတာ္ေတာ္မ်ားမ်ားကိုလည္း တားဆီးေပးၿပီး
ေကာ္ဖီတစ္ခြက္ ေန႔စဥ္ပုံမွန္ေသာက္ျခင္းက type 2 diabetes လို႔ေခၚတဲ့ ဆီးခ်ိဳျဖစ္ႏိုင္ေျခႏႈန္းကို ေလ်ာ့က်ေစပါတယ္။
CRD-AUNTY MAY