Cele News
ရေမွန်ဝတ်ခဲ့တဲ့ အင်္ကျီလေးကို(၂၄)သိန်းနဲ့လေလံအောင်ကာ ကျန်ရစ်သူမိသားစုအတွက်
ရေမွန်ဝတ်ခဲ့တဲ့ အင်္ကျီလေးကို(၂၄)သိန်းနဲ့လေလံအောင်ကာ ကျန်ရစ်သူမိသားစုအတွက်
ကွယ်လွန်သွားပြီဖြစ်တဲ့ တေးသံရှင်ရေမွန်ဝတ်ခဲ့တဲ့ အင်္ကျီလေးကို (၂၄) သိန်းနဲ့ လေလံအောင်ကာ
ကျန်ရစ်သူမိသားစုအတွက်လှူဒါန်းသွားမယ့် ပရိတ်သတ်တစ်ဦး…
Idiots အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဆိုတော် ရေမွန် ကတော့ ဇွန်လ (၂၃) ရက်နေ့မှာ ရုတ်တရက် ကွန်လွန်ခဲ့တာဖြစ်ပါတယ် ။
အစာအိမ်သွေးကြောပေါက်ပြီး ရုတ်တရက် ကွယ်လွန်သွားတယ်လို့ လည်း
ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေက ဖေ့ဘွတ် စာမျက်နှာတွေထက်မှာ ရေးသားထားတာတွေ့ရပါတယ် ။
အရည်အချင်းရှိတဲ့ အဆိုတော်ကောင်းတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အပေါ်
အနုပညာရှင် အသိုင်းအဝိုင်းတစ်ခုလုံး စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။
ကွယ်လွန်သူ အနုပညာရှင်”ရေမွန်” ရဲ့ အင်္ကျီကို ငွေကျပ် (၂၄) သိန်းနဲ့ ဝယ်ယူသွားခဲ့ ကြောင်းသိရပါတယ် ။
မိသားစု အတွက် အလှူပြုလုပ်ဖို့ ရည်ရွယ်ပြီး ရေမွန်ကို ချစ်တဲ့ ပရိသတ်တစ်ဦးက ဝယ်ယူသွားခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ် ။
အဆိုပါ အမှတ်တရ အင်္ကျီကို ဇွန်လ ၂၅ ရက်နေ့မှာ လေလံတင် ရောင်းချခဲ့တာဖြစ်ပါတယ်။
“အင်္ကျီကို ငွေကျပ် ၃၂၀၀၀နဲ့ကြမ်းခင်းစျေးစတင်ခဲ့ပြီး တစ်နာရီကြာ လေလံဆွဲခဲ့တာပါ ။
သိန်း၃၀ပေး တဲ့သူတွေလည်းရှိပါတယ် ။
၉နာရီအတိမှာ ၂၄သိန်း နဲ့လေလံအောင်သွားတာပါ ” လို့လည်း ပရိသတ် တစ်ဦးက ပြောကြားခဲ့ပါတယ် ။
တွတ်ပီရဲ့ အကျီ လေးကို လေလံ ကြမ်းခင်းစျေး ၃၂၀၀၀ ကစခဲ့ပါတယ်။ ဒီအကျီလေးကို တွတ်ပီကဝတ်ထားရင်း
လူတစ်ယောက်ကိုပေးခဲ့တယ်တဲ့ အဲ့ဒီလူက ဒီအကျီလေးကိုလိုချင်တဲ့သူရှိရင် ရောင်းမယ်တဲ့
ရောင်းရပိုက်ဆံကို အမကိုပေးပြီး တွတ်ပီအလှူအတွက်ပေး ခိုင်းနေပါတယ်။
အဲ့အကျီကိုတွတ်ပီဝတ်ခဲ့တဲ့သက်သေလည်းရှိပါတယ် အခုတော့ ဒီအကျီလေးကို ၂၄သိန်းနဲ့လေလံအောင်ခဲ့ပါပြီ။
ကျမတို့idiotsမိသားစုမှ တွတ်ပီအမေဆီကိုလှူဒါန်းငွေပေးမှာပါနော်။
Idiotsကိုချစ်ကြသော သူများအားလုံးကိုချစ်ပါတယ်။
အကိုဝီကိုလည်းကျေးဇူးတင်ပါတယ်၊ ကိုရန်နောင်ဝင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်
ချစ်ခင်ခြင်းကို ခံစားမိပါတယ် အကိုရေ။ တန်ဖိုးထားပေးလိူ့ကျေးဇူးတင်ပါတယ်။ ကိုယ်မဝယ်နိုင်ပေမဲ့ ပီတီတကယ်ဖြစ်ရတယ်။
Credit ; Myo Mama kyaw
Zawgyi Version
“အင်္ကျီကို ငွေကျပ် ၃၂၀၀၀နဲ့ကြမ်းခင်းဈေးစတင်ခဲ့ပြီး တစ်နာရီကြာ လေလံဆွဲခဲ့တာပါ ။
Credit ; Myo Mama kyaw