အဆိုတော်ရေမွန်၏နောက်ဆုံးခရီးကို ချစ်သူမှ လိုက်ပါ ပို့ဆောင်ခြင်းမရှိတာကြောင့် ဝေဖန်ခံနေရမှုအပေါ် မိခင်ဖြစ်သူတုန့်ပြန်
ကျမ သမီးလေးကို အပြစ်ပြောနေသူများရှင်..
သမီးကို ကျမက မလွှတ်တာပါ
သူအရမ်းသွားချင်ခဲ့ပါတယ်
သူအခု အရမ်းပင်ပန်းပြီး ဖျားနေပါတယ်
အဖျား ၁၀၂ F က ကျလိုက် တက်လိုက်နဲ့
အရမ်းလဲ အားနည်းနေပါတယ်
အချိန်တိုင်းလည်း ငိုနေရလို့ ပင်ပန်းလှပါပြီ
ကျမက သူ့ကို memory ကောင်းကောင်းလေးနဲ့ပဲ
ရှိနေစေချင်တာလည်း ပါပါတယ်..
ဟိုကိုလိုက်သွားဖို့ရာ လမ်းခရီး နေရာတို့ကိုလည်း ကျမ စိတ်မချတာပါ
ကျမလည်း လိုက်မပို့နိုင်.. သူ့ကိုလည်း လွှတ်လိုက်ရမှာ စိတ်မချနဲ့မို့
ကျမလဲ တော်တော်လေး စိတ်ပင်ပန်းရပါတယ်
ပြောချင်တာလေးကလေ..
ဆုံးဖြတ်ချက်တိုင်းက နှလုံးသားနဲ့ ဆုံးဖြတ်ရတာ ရှိသလို
ဦးနှောက်နဲ့ ဆုံးဖြတ်ရတာလဲ ရှိပါတယ်..
အရမ်းလဲ နာကျင်ရပါတယ်
နောက်တစ်ခုက
သမီးလေး တခါတလေ ပိုစ့်တွေ တင်ခဲ့ရင်လည်း နားလည်ပေးကြပါနော်
အပြစ်ပြောနေကြသူများကလည်း သားတို့ သမီးတို့ကို ချစ်လို့ ပြောကြတာပဲလို့
ကျမ မှတ်ယူနားလည်ပေးပါတယ်
သားတို့ သမီးတို့ကို ချစ်ပေးကြလို့ မေတ္တာ စေတနာထားပေးကြလို့လည်း
ကျေးဇူးအထူးတင်ပါတယ်
နားလည် ခွင့်လွှတ်ပေးကြပါရှင်
ကျမ သမီးလေး အမေပါ …
Source – Samm Mya Aye’FB
Zawgyi Version
ပြောချင်တာလေးကလေ..
အရမ်းလဲ နာကျင်ရပါတယ်
နောက်တစ်ခုက
ကျေးဇူးအထူးတင်ပါတယ်
ကျမ သမီးလေး အမေပါ …
Source – Samm Mya Aye’FB