လက်ရှိချစ်သူကို ဘယ်လိုမှ အဆုံးရှုံးမခံနိုင်ဘူးဆိုရင် ဒီ(၅)ခုကို ပြုလုပ်ပါ…
လူတိုင်းက ကိုယ်အရမ်းချစ်ရတဲ့ ချစ်သူကို ဆုံးရှုံးရမှာ ကြောက်ပါတယ်။
သိပ်ချစ်ရတဲ့ ချစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင်
လက်တွဲသွားချင်တယ်ဆိုရင် ဒီအရာ ( ၅ ) ခုကို ပြုလုပ်ဖို့ လိုပါလိမ့်မယ်။
၁။ ကျေးဇူးတင်စကား ဆိုပါ ။
ကိုယ့်ချစ်သူကို ကျေးဇူးတင်စကားဆိုဖို့ တွန့်ဆုတ်မနေပါနဲ့။
” ကိုယ့်ကို ချစ်ပေးနေတဲ့ အတွက် မင်းကို ကျေးဇူးတင်ပါတယ် “ ဆိုတဲ့
စကားလေးကြောင့် သင်တို့ အချစ်တွေ ပိုမို ခိုင်မြဲသွားပါလိမ့်မယ်။
ချစ်သူနှစ်ဦးကြားမှာ အခုလို ကြင်ကြင်နာနာ စကားလေးတွေ ပြောပေးနေတဲ့အတွက်
ခဏခဏ ပြသနာတက်ခြင်းတွေကိုလည်း ကာကွယ်ပေးရာ ရောက်ပါလိမ့်မယ်။
၂။ အမြဲ ဆက်သွယ်မှုရှိပါစေ ။
ချစ်သူနဲ့ အနေဝေးနေချိန်မှာ အမြဲထိတွေ့ဆက်သွယ်နေဖို့ လိုပါတယ်။
ဖုန်းပုံမှန်ခေါ်ပြီး ဖုန်းပြောပါ။ စာတို မက်ဆေ့ချ်လေးတွေ ပို့ပါ။
အင်တာနက်ကတဆင့် ဆက်သွယ်ပါ။
ဖြစ်နိုင်ရင် ပြောချင်တဲ့ စကားလေးတွေကို စာရွက်ပေါ်မှာ ချရေးပါ။
ပြီးရင် စာတိုက်ကဖြစ်စေ၊ ဓာတ်ပုံရိုက်ပြီး အင်တာနက်ကဖြစ်စေ ၊ ချစ်သူဆီကို ပို့ပါ။
ချစ်သူအတွက် အချိန်ပေးပြီး စာရေးတဲ့ သင့်ကို
သင့်ချစ်သူက အရမ်းချစ်သွားမှာ သေချာပါတယ်။
၃။ ခံစားချက်တွေကို ထုတ်ပြောပါ ။
သူ့ကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာ ပါးစပ်ကနေ ဖွင့်ပြောပါ။
ခံစားချက်တွေကို ထုတ်ပြောခြင်းက အချစ်ရေးမှာ ကောင်းမွန်တဲ့ အကျင့်တစ်ခု ဖြစ်ပါတယ်။
ဒီစကားလေးတွေ စမ်းသပ်ပြောဆိုကြည့်ပါ …
– ” ကိုယ် မင်းကို အရာရာတိုင်းထက် ပိုချစ်ပါတယ်”
– ” ကိုယ့်ရင်ခွင်ထဲ မင်းရှိနေရင် အရမ်းစိတ်ချမ်းသာတယ် “
– ” မင်းမျက်နှာလေး မြင်လိုက်ရမှ အမောပြေတော့တယ် ” ။
၄။ မေးခွန်းလေးတွေ မေးပါ ။
ကိုယ့်ချစ်သူကို မေးခွန်းလေးတွေ မေးဖူးပါသလား ။
” မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား “ ၊ “နေ့လည်စာ စားကောင်းရဲ့လား” အစရှိတဲ့ စကားလေးတွေပေါ့။
ချစ်သူ ဘာတွေ အဆင်မပြေဖြစ်နေလဲ ဆိုတာ သိရအောင် မေးမြန်းပါ ။
ပြီးရင် အားပေးစကားလေးတွေ ပြောဆိုပေးပါ ။
မေးခွန်းလေးတွေ မေးခြင်းက ချစ်သူကို တန်ဖိုးထားရာ ရောက်ပါတယ်
၅။ လေးစားမှု ရှိပါ ။
ချစ်သူနှစ်ဦး စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ရန်ဖြစ်ကြရင်တောင် လေးစားမှုရှိနေဖို့လိုပါတယ်။
ခံစားချက်တွေကို လေးစားပါ။
သူဘာပြောချင်နေတာလဲ ဆိုတာ သေချာနားထောင်ပါ။
လေးစားမှု မရှိရင် ပြသနာက ပိုကြီးသွားနိုင်ပါတယ်။
လက်ရှိ ချစ်သူကို အရင်ရည်းစားဟောင်းနဲ့ နှိုင်းယှဉ်ကြည့်တာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
ဆောင်းပါးရေးသားသူ – နင်ဂျာ(Love Shop)
==============
ZAWGYI VERSION
လက္႐ွိခ်စ္သူကို ဘယ္လိုမွ အဆုံး႐ႈံးမခံႏိုင္ဘူးဆိုရင္ ဒီ(၅)ခုကို ျပဳလုပ္ပါ…
လူတိုင္းက ကိုယ္အရမ္းခ်စ္ရတဲ့ ခ်စ္သူကို ဆုံး႐ႈံးရမွာ ေၾကာက္ပါတယ္။
သိပ္ခ်စ္ရတဲ့ ခ်စ္သူနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္
လက္တြဲသြားခ်င္တယ္ဆိုရင္ ဒီအရာ ( ၅ ) ခုကို ျပဳလုပ္ဖို႔ လိုပါလိမ့္မယ္။
၁။ ေက်းဇူးတင္စကား ဆိုပါ ။
ကိုယ့္ခ်စ္သူကို ေက်းဇူးတင္စကားဆိုဖို႔ တြန္႔ဆုတ္မေနပါနဲ႔။
” ကိုယ့္ကို ခ်စ္ေပးေနတဲ့ အတြက္ မင္းကို ေက်းဇူးတင္ပါတယ္ “ ဆိုတဲ့
စကားေလးေၾကာင့္ သင္တို႔ အခ်စ္ေတြ ပိုမို ခိုင္ၿမဲသြားပါလိမ့္မယ္။
ခ်စ္သူႏွစ္ဦးၾကားမွာ အခုလို ၾကင္ၾကင္နာနာ စကားေလးေတြ ေျပာေပးေနတဲ့အတြက္
ခဏခဏ ျပသနာတက္ျခင္းေတြကိုလည္း ကာကြယ္ေပးရာ ေရာက္ပါလိမ့္မယ္။
၂။ အၿမဲ ဆက္သြယ္မႈ႐ွိပါေစ ။
ခ်စ္သူနဲ႔ အေနေဝးေနခ်ိန္မွာ အၿမဲထိေတြ႕ဆက္သြယ္ေနဖို႔ လိုပါတယ္။
ဖုန္းပုံမွန္ေခၚၿပီး ဖုန္းေျပာပါ။ စာတို မက္ေဆ့ခ်္ေလးေတြ ပို႔ပါ။
အင္တာနက္ကတဆင့္ ဆက္သြယ္ပါ။
ျဖစ္ႏိုင္ရင္ ေျပာခ်င္တဲ့ စကားေလးေတြကို စာ႐ြက္ေပၚမွာ ခ်ေရးပါ။
ၿပီးရင္ စာတိုက္ကျဖစ္ေစ၊ ဓာတ္ပုံ႐ိုက္ၿပီး အင္တာနက္ကျဖစ္ေစ ၊ ခ်စ္သူဆီကို ပို႔ပါ။
ခ်စ္သူအတြက္ အခ်ိန္ေပးၿပီး စာေရးတဲ့ သင့္ကို
သင့္ခ်စ္သူက အရမ္းခ်စ္သြားမွာ ေသခ်ာပါတယ္။
၃။ ခံစားခ်က္ေတြကို ထုတ္ေျပာပါ ။
သူ႕ကို ဘယ္ေလာက္ထိ ခ်စ္တယ္ဆိုတာ ပါးစပ္ကေန ဖြင့္ေျပာပါ။
ခံစားခ်က္ေတြကို ထုတ္ေျပာျခင္းက အခ်စ္ေရးမွာ ေကာင္းမြန္တဲ့ အက်င့္တစ္ခု ျဖစ္ပါတယ္။
ဒီစကားေလးေတြ စမ္းသပ္ေျပာဆိုၾကည့္ပါ …
– ” ကိုယ္ မင္းကို အရာရာတိုင္းထက္ ပိုခ်စ္ပါတယ္”
– ” ကိုယ့္ရင္ခြင္ထဲ မင္း႐ွိေနရင္ အရမ္းစိတ္ခ်မ္းသာတယ္ “
– ” မင္းမ်က္ႏွာေလး ျမင္လိုက္ရမွ အေမာေျပေတာ့တယ္ ” ။
၄။ ေမးခြန္းေလးေတြ ေမးပါ ။
ကိုယ့္ခ်စ္သူကို ေမးခြန္းေလးေတြ ေမးဖူးပါသလား ။
” မေန႔ညက ေကာင္းေကာင္း အိပ္ေပ်ာ္ရဲ႕လား “ ၊ “ေန႔လည္စာ စားေကာင္းရဲ႕လား” အစ႐ွိတဲ့ စကားေလးေတြေပါ့။
ခ်စ္သူ ဘာေတြ အဆင္မေျပျဖစ္ေနလဲ ဆိုတာ သိရေအာင္ ေမးျမန္းပါ ။
ၿပီးရင္ အားေပးစကားေလးေတြ ေျပာဆိုေပးပါ ။
ေမးခြန္းေလးေတြ ေမးျခင္းက ခ်စ္သူကို တန္ဖိုးထားရာ ေရာက္ပါတယ္
၅။ ေလးစားမႈ ႐ွိပါ ။
ခ်စ္သူႏွစ္ဦး စိတ္သေဘာထားခ်င္း မတိုက္ဆိုင္လို႔ ရန္ျဖစ္ၾကရင္ေတာင္ ေလးစားမႈ႐ွိေနဖို႔လိုပါတယ္။
ခံစားခ်က္ေတြကို ေလးစားပါ။
သူဘာေျပာခ်င္ေနတာလဲ ဆိုတာ ေသခ်ာနားေထာင္ပါ။
ေလးစားမႈ မ႐ွိရင္ ျပသနာက ပိုႀကီးသြားႏိုင္ပါတယ္။
လက္႐ွိ ခ်စ္သူကို အရင္ရည္းစားေဟာင္းနဲ႔ ႏိႈင္းယွဥ္ၾကည့္တာမ်ိဳးကိုလည္း ေ႐ွာင္ၾကဥ္သင့္ပါတယ္။
ေဆာင္းပါးေရးသားသူ – နင္ဂ်ာ(Love Shop)
=============