Astrology
ဆရာကြီးမင်းသိင်္ခ၏ (၂၇.၆.၂၀၂၁) မှ (၃.၇.၂၀၂၁) ရက်နေ့အထိ တစ်ပတ်စာဟောစာတမ်း
ဆရာကြီးမင်းသိင်္ခ၏ (၂၇.၆.၂၀၂၁) မှ (၃.၇.၂၀၂၁) ရက်နေ့အထိ တစ်ပတ်စာဟောစာတမ်း
၁။ တနင်္ဂနွေ သားသမီးများ အတွက်
နိုင်ငံခြား ခရီးအတွက် သတင်း ကောင်းကြားရနိုင်သည်….
ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ကံကောင်း လိမ့်မည်….
အနုပညာ လုပ်ငန်းအတွက် သတင်းကောင်းကြားရ နိုင်သည်…
အစိုးရဝန်ထမ်း ဖြစ်ပါက ရာထူးတိုး ရွှေ့ပြောင်း ရခြင်း နှင့်
အပြင်ဝန်ထမ်း ဖြစ်ပါက လစတိုးနိုင်သည်…
အနုပညာ လုပ်ငန်းလုပ်ပါက စိန်ခေါ်မှုကြီး ကြုံရနိုင်သည်….
ပညာရေး ကံကောင်း ပြီး စာမေးပွဲ ဖြေပါက အောင်မြင်နိုင်ည်…
ကျန်းမာရေး အနေဖြင့် ခေါင်းမှု ခေါင်းကို ဖြစ်တတ်သည်..
အချစ်ရေးမှာတော့ ကံမကောင်း ဖြစ်နေတတ်ပြီ ချစ်သူနှင့် လမ်းခွဲ ရကိန်း ရှိသည်…
အိမ်ထောင် ဖြစ်ပါက ဒီကာလမှာ အိမ်ထောင်ဘက်နှင့် စကားများတတ်သည်..
ကံကောင်းစေသော ဂဏန်းများမှာ ၂ ၃ ၉ ဖြစ်ပြီး ကံကောင်းစေသော အရောင်မှာ ငှက်ပျော်စိမ်းရောင် ဖြစ်သည်…
ယတြာ…တနင်္ဂနွေ နေ့တွင် ဘုရားစင်မှာ သပြေ ၂၅ ညွန့်ကပ်လှူပါ…
၂။ တနင်္လာ သားသမီးများအတွက်
ကုန်ရောင်း ကုန်ဝယ် ဈေးရောင်း ဈေးဝယ် အပြိုင် အဆိုင် များနိုင်သည်..ဆန်စပါး အရောင်းဝယ်ရေး ကောင်းသည်..
အိမ်နေရာ အရွှေ့အပြောင်း ပေါ်နိုင်သည်…
အလုပ်ရှာနေသူ အလုပ်လျောက် ထားသူများ ဒီကာလမှာ အလုပ်ရနိုင်သည်…
နိုင်ငံရေး လုပ်သူများ အခက်အခဲ ရင်ဆိုင်ဖြေရှင်း ရမည်..
အမွေ အတွက် သတင်းကောင်း ကြားရနိုင်ပြီး ပညာရေး အတွက် ရင်လေးနေရတတ်သည်..
အချစ်ရေးမှာ အေးစက်စက် ဖြစ်နေပြီး အိမ်ထောင်ရေးမှာလည်း သာယာမှုမရှိပါ…
ကံကောင်းတတ်တဲ့ ဂဏန်းမှာ ၄ ၇ ၈ နှင့် ကံကောင်းတတ်သော အရောင်မှာ အဝါရောင်ဖြစ်ပါသည်…
ယတြာ….တနင်္လာနေ့တွင် နေအိမ် ဘုရားစင်မှာ ဂန့်ဂေါ် ၂၂ ညွန့်ကပ်လှူပါ…
၃။ အင်္ဂါသားသမီးများအတွက်
အိမ် အိမ်ခန်း တိုက်ခန်း ကွန်ဒို များအရောင်း အဝယ်ဖြစ်မည်…
ဝင်ငွေကောင်းမည်..ဝန်ထမ်း ဖြစ်ပါက အလုပ်ဖိစီးမှုဒဏ် ခံရနိုင်သည်..
နိုင်ငံခြား ငွေ ဝင်မည် (သို့) နိုင်ငံ ခြားမှာ ငွေရနိုင်သည်..
လူမှုရေးလုပ်ငန်း ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲ ပေါ်မည်..
သူခိုး ခိုးခံရတတ်သည် သတိထားပါ…
ဆွေမျိုးများမှ အကူအညီရမည်…ပညာရေးမှာ လိုအပ်ချက်များ ရှိနေတတ်သည်..
ကျန်းမာရေးအနေဖြင့် နားရောဂါဖြစ်မည်…
အချစ်ရေးမှာ သာယာနေပြီး အိမ်ထောင်ရေးလဲ အဆင်ပြေပါသည်..
ကံကောင်းစေသော ဂဏန်းများမှာ ၅ ၆ ၉ နှင့် ကံကောင်းသော အရောင်မှာ မန်းကျည်းစေ့ အရောင် ဖြစ်ပါသည်…
အင်္ဂါနေ့တွင် နေအိမ်က ဘုရာစင်မှာ စပယ် ၅ ကုံး ကပ်လှူပါ..
၄။ ဗုဒ္ဒဟူးသားသမီးများအတွက်
လယ်ယာစိုက်ပျိုးရေးသုံး စက်ကရိယာ ပစ္စည်း ဝင်မည်….
ရွှေလုပ်ငန်း ရွှေအရောင်း အဝယ်လုပ်ငန်း လုပ်သူများ အရူံးပေါ်မည်..
အိမ်ဆောက်ရန် ပန္နရိုက်ရလိမ့်မည်…သူခိုး ခိုးခံရကိန်းရှိသည်..သတိထားပါ
ဆွေမျိုး ထဲမှာ နာရေးပေါ်မည်…အလုပ်အတွက် အင်တာဗျုး ဝင်ရမည်..
လူမှုရေးလုပ်ငန်း ပရဟိတလုပ်ငန်း လုပ်ကိုင်ရာ အတိုက်အခိုက်များကြောင့် စိတ်ညစ်ရတတ်သည်..
ပညာရေးမှာ အကူအညီ ရရှိနိုင်သည်..ကျန်းမာရေး အနေဖြင့် သွားကိုက် သွားနာ ဖြစ်မည်..
အချစ်ရေး ညံ့ပြီး ချစ်သူနှစ်ဦး အနှောက်အယှက် ပေါ်မည်….အိမ်ထောင်ရေးတွင်လည်း အိမ်ထောင်ဘက်နှင့် ရန်ပေါ်တတ်သည်..
ကံကောင်းသော ဂဏန်းမှာ ၆ ၇ ၉ နှင့် ကံကောင်းသောအရောင်မှာ ရွှေအိုရောင်ဖြစ်သည်….
ယတြာ….ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ ရေသန့်တစ်ဗူး ကပ်လှူပါ..
၅။ ကြာသပတေးသားသမီးများအတွက်
အိမ် အိမ်ခန်း တိုက်ခန်း အရောင်းအဝယ် သတင်းကောင်းကြားရမည်..
ရပ်ဝေးမှာ ငွေရောက်မည် (သို့) ရပ်ဝေးသို့ ငွေပို့ရတတ်သည်…
အကြွေး ကိစ္စအတွက် စိတ်ညစ်ရပြီး ဝန်ထမ်း အလုပ်လုပ်သူများ ဖိအားများနိုင်ပါသည်..
ပစ္စည်းပျောက်မည်…ထပ်တူလုပ်ငန်း ရှယ်ယာလုပ်သူများ အကျိုးအမြတ် ရရှိမည်..
ဆေးရုံသို့ လူနာမေးသွားရမည်….မေးခဲ့သော် ကောင်း၏..
ပညာရေးနှင့် ပတ်သတ်ပြီး အောင်မြင်မှုများ ရရှိမည်..
ကျန်းမာရေးအနေဖြင့် ဝမ်းပျက် ဝမ်းလျှောဖြစ်မည်..
အချစ်ရေးမှာ စန်းပွံနေပြီး ချစ်သူမရှိပါက ချစ်သူရနိုင်သည်….အိမ်ထောင်ရေးမှာလည်း သာယာသည်..
ကံကောင်းစေသော ဂဏန်းမှာ ၃ ၅ ၇ နှင့် ကံကောင်းစေသော အရောင်မှာ နီညှိရောင် ဖြစ်ပါသည်..
ယတြာ..ကြာသပတေးနေ့ နေအိမ်က ဘုရားစင်မှာ ထမင်းဖြူပေါ် သကြားထည့်ပြီး ဆွမ်းကပ်လှူပါ…
၆။ သောကြာသားသမီးများအတွက်
စီးပွားရေး အရောင်းအဝယ်လုပ်ငန်းနှင့် ကုန်သွယ် လုပ်ငန်းများမှာ အပြိုင်အဆိုင်များပြီး ဒုက္ခပေးမည်…
ဘာသာရေး ကိစ္စများကို ဆောက်ရွက် ရလိမ့်မည်…ဆွေမျိုးတစ်ဦး၏ အမှုကိစ္စ (သို့) ကျန်းမာရေး ကိစ္စကို ကူညီရလိမ့်မည်..
နေအိမ်၏ အရှေ့မြောက်ထောင့် အရပ်မှာ မီးလောင်မီးလန့်ဖြစ်မည်….
ဖြစ်ပါက ဖိနပ် အဟောင်းကို စွန့်ပစ်ပါ..
ငွေအနည်းငယ် အလဟဿဖြစ်မည်…ပညာရေးမှာ အခြေအနေကောင်းပြီး…. ကျန်းမာရေမှာတော့ ချောင်းဆိုး တတ်သည်….
အချစ်ရေးမှာ သာယာပြီး အိမ်ထောင်ရေးလည်း အဆင်ပြေပါသည်..
ကံကောင်းစေသော ဂဏန်းမှာ ၁ ၄ ၈ နှင့် ကံကောင်းစေသော အရောင်မှာ ဗေဒါပွင့် ရောင် ဖြစ်ပါသည်..
ယတြာ..သောကြာနေ့တွင် တန်ခိုးကြီးဘုရား သောကြာထောင့်မှာ ရွှက်လှ ၉ ညွန့် ဒန်း ၉ ညွန့် ဇီး ၉ ညွန့် ကပ်လှူပါ….
၇။ စနေသားသမီးအတွက်
နိုင်ငံခြား ခရီးအတွက် သတင်းကောင်း ဝင်မည်…ဆန် စပါး ရောင်းဝယ်ရေး ကောင်းမည်..
အာမခံသော ကိစ္စကြောင့် စိတ်ညစ်ရမည်…
မြေအရောင်း အဝယ်ဖြစ်မည်..
ဝန်ထမ်း ဖြစ်ပါက အလုပ်ပြောင်း အလုပ်နေရာ ပြောင်းကိန်းရှိသည်..
ဝင်ငွေ ကောင်းမည် ဆိုင်ကယ် အရောင်း အဝယ် ဖြစ်မည်..
အလှူဒါန ပြုလုပ်ရပြီး ပညာရေးမှာတော့ စမ်းတဝါးဝါး ဖြစ်နေတတ်သည်..
ကျန်းမာရေး အနေဖြင့် အာရုံကြောနှင့် ပတ်သတ်သော ရောဂါဖြစ်မည်..
အချစ်ရေးမှာ ကံကောင်းပြီး ချစ်ရသူနှင့် အလှူဒါန ပြုလုပ်ရ လိမ့်မည်..
အိမ်ထောင်ရေးလည်း သာယာပါသည်..
ကံကောင်းစေသော ဂဏန်းမှာ ၄ ၅ ၉ နှင့် ကံကောင်းစေသော အရောင်မှာ ချောကလက် အရောင် ဖြစ်ပါသည်…
ယတြာ…စနေနေ့တွင် နေအိမ်က ဘုရားစင်မှာ နဂါးမောက်သီး ၃ လုံးကပ်လှူပါ….
ဖုန်း ၀၉ ၇၉၆၀၀၄၇၉၅/၀၉ ၄၀၀ ၇၇၃ ၁၃၄
ခရက်ဒစ် ရေသားသူ
Zawgyi Version