သင့်လက်ရှိ အချစ်ရေးက သင့်အတွက်စစ်မှန်တဲ့ အချစ်မဟုတ်သေးဘူးဆိုတာသိနိုင်တဲ့အချက်များ
လောကကြီးမှာ အချစ်စစ်မှန်ရင် ပျော်ရွှင်မှုတွေချည်းပဲလည်း မဟုတ်ဘူး၊
အဆင်မပြေမှုတွေကိုလည်း မလွဲမသွေကြုံရတယ်လို့ ဆိုကြပါတယ်။
အရာအားလုံး ပြီးပြည့်စုံတာမျိုးတော့ မဖြစ်နိုင်ပေမယ့်
အချစ်ကြောင့် ဘဝကပျော်ရွှင်မှုတွေ ပိုများလာတာမျိုးပဲ ပိုဖြစ်သင့်ပါတယ်။
အချစ်ကြောင့် စိတ်ညစ်တာ၊ စိတ်ပင်ပန်းတာတွေပိုများနေရင် အဲ့ဒါက အချစ်စစ် မဟုတ်နိုင်ပါဘူးနော်။
(၁) အရာရာ တစ်ဖက်သတ်ဖြစ်နေတာအချစ်စစ်မဟုတ်ဘူး
ချစ်တယ်လို့ ပါးစပ်ကတဖွဖွပြောပေမယ့် လက်တွေ့မှာကိုယ့်အတွက်မစဉ်းစားပေးတာ၊
ကိုယ့်အတွက်မကြည့်တာ၊ တစ်ဖက်ကအမြဲသည်းခံပြီး၊ တစ်ဖက်ကအမြဲအနိုင်ယူနေတာမျိုးကို စစ်မှန်တဲ့အချစ်လို့ မဆိုနိုင်ပါဘူး။
အချစ်စစ်ဆိုတာက နှစ်ဖက်မျှတမှု ရှိပါတယ်။
(၂) အောက်ကျို့တောင်းပန်နေရတာ အချစ်စစ်မဟုတ်ဘူး
ကိုယ့်ကိုဂရုစိုက်ဖို့၊ ကိုယ့်အတွက်စဉ်းစားပေးဖို့၊ ကိုယ့်အတွက်ကြည့်ပေးဖို့အောက်ကျို့တောင်းပန်နေရတာမျိုး၊
မလုံခြုံတဲ့စိတ်ခံစားချက်ကိုဖြစ်စေတာမျိုးက အချစ်စစ် မဟုတ်ပါဘူး။
အချစ်စစ်က ဂရုစိုက်ဖို့တောင်းဆိုစရာမလို၊ အောက်ကျို့နေစရာမလိုဘဲ၊ လုံခြုံတဲ့ခံစားမှုကို ဖြစ်စေတာမျိုးပါ။
(၃) အမြဲတမ်းငိုကြွေးနေရတာအချစ်စစ်မဟုတ်ဘူး
အချစ်ကတခါတရံသင့်ကိုဝမ်းနည်းစေပေမယ့် အမြဲတမ်းတော့ ဝမ်းနည်းစေမှာမဟုတ်ပါဘူး။
ပျော်ရွှင်ရတာထက် ဝမ်းနည်းရတာကပိုများနေတာ အချစ်စစ်မဟုတ်ပါဘူး။
အမြဲတမ်းဝမ်းနည်းစေတဲ့သူမျိုးကို ချစ်မိနေတယ်ဆိုရင်တော့ လက်တွဲဖြုတ်နိုင်အောင် ကြိုးစားသင့်ပါတယ်။
(၄) သူကိုယ့်အနားနေထွက်မသွားဖို့ ဆွဲထားနေရတာအချစ်စစ်မဟုတ်ဘူး
ကိုယ့်ကိုထားမသွားဖို့၊ သူကိုယ့်အနားကထွက်မသွားဖို့ ဆွဲထားနေရတာမျိုး၊
ကိုယ့်အနားမှာနေဖို့ ချည်နှောင်နေရတာမျိုးက အချစ်စစ်မဟုတ်ပါဘူး။အချစ်စစ်မှန်ရင် ဆွဲထားစရာမလိုဘဲ ထွက်လည်းမသွားပါဘူးနော်။
(၅) သင့်ကိုအထီးကျန်စေရင် အချစ်စစ်မဟုတ်ဘူး
ချစ်သူရှိပေမယ့် အထီးကျန်နေတာမျိုး၊ အချစ်ခံရတဲ့ခံစားချက်မျိုးမရှိဘဲ အမြဲလိုလိုဝမ်းနည်းနေရတာမျိုး၊
ပြဿနာတွေကို တစ်ယောက်တည်းရင်ဆိုင်ဖြေရှင်းနေရတာမျိုး၊ ရင်ဖွင့်တာတွေကိုနားထောင်ပေးမယ့် သူမရှိတာမျိုး။
အဲ့လို ခံစားချက်တွေက လူတစ်ယောက်ကိုချစ်မိတဲ့နောက်ဖြစ်လာတာဆိုရင်တော့
ဒီအချစ်က အဲ့ဒီလူနဲ့မထိုက်တန်ပါဘူး။ သင်တို့နှစ်ယောက်ကြားက အချစ်က မစစ်မှန်ပါဘူးနော်။
Written by PP
============
Zawgyi Version
သင့္လက္႐ွိ အခ်စ္ေရးက သင့္အတြက္စစ္မွန္တဲ့ အခ်စ္မဟုတ္ေသးဘူးဆိုတာသိႏိုင္တဲ့အခ်က္မ်ား
ေလာကႀကီးမွာ အခ်စ္စစ္မွန္ရင္ ေပ်ာ္႐ႊင္မႈေတြခ်ည္းပဲလည္း မဟုတ္ဘူး၊
အဆင္မေျပမႈေတြကိုလည္း မလြဲမေသြၾကဳံရတယ္လို႔ ဆိုၾကပါတယ္။
အရာအားလုံး ၿပီးျပည့္စုံတာမ်ိဳးေတာ့ မျဖစ္ႏိုင္ေပမယ့္
အခ်စ္ေၾကာင့္ ဘဝကေပ်ာ္႐ႊင္မႈေတြ ပိုမ်ားလာတာမ်ိဳးပဲ ပိုျဖစ္သင့္ပါတယ္။
အခ်စ္ေၾကာင့္ စိတ္ညစ္တာ၊ စိတ္ပင္ပန္းတာေတြပိုမ်ားေနရင္ အဲ့ဒါက အခ်စ္စစ္ မဟုတ္ႏိုင္ပါဘူးေနာ္။
(၁) အရာရာ တစ္ဖက္သတ္ျဖစ္ေနတာအခ်စ္စစ္မဟုတ္ဘူး
ခ်စ္တယ္လို႔ ပါးစပ္ကတဖြဖြေျပာေပမယ့္ လက္ေတြ႕မွာကိုယ့္အတြက္မစဥ္းစားေပးတာ၊
ကိုယ့္အတြက္မၾကည့္တာ၊ တစ္ဖက္ကအၿမဲသည္းခံၿပီး၊ တစ္ဖက္ကအၿမဲအႏိုင္ယူေနတာမ်ိဳးကို စစ္မွန္တဲ့အခ်စ္လို႔ မဆိုႏိုင္ပါဘူး။
အခ်စ္စစ္ဆိုတာက ႏွစ္ဖက္မွ်တမႈ ႐ွိပါတယ္။
(၂) ေအာက္က်ိဳ႕ေတာင္းပန္ေနရတာ အခ်စ္စစ္မဟုတ္ဘူး
ကိုယ့္ကိုဂ႐ုစိုက္ဖို႔၊ ကိုယ့္အတြက္စဥ္းစားေပးဖို႔၊ ကိုယ့္အတြက္ၾကည့္ေပးဖို႔ေအာက္က်ိဳ႕ေတာင္းပန္ေနရတာမ်ိဳး၊
မလုံျခဳံတဲ့စိတ္ခံစားခ်က္ကိုျဖစ္ေစတာမ်ိဳးက အခ်စ္စစ္ မဟုတ္ပါဘူး။
အခ်စ္စစ္က ဂ႐ုစိုက္ဖို႔ေတာင္းဆိုစရာမလို၊ ေအာက္က်ိဳ႕ေနစရာမလိုဘဲ၊ လုံျခဳံတဲ့ခံစားမႈကို ျဖစ္ေစတာမ်ိဳးပါ။
(၃) အၿမဲတမ္းငိုေႂကြးေနရတာအခ်စ္စစ္မဟုတ္ဘူး
အခ်စ္ကတခါတရံသင့္ကိုဝမ္းနည္းေစေပမယ့္ အၿမဲတမ္းေတာ့ ဝမ္းနည္းေစမွာမဟုတ္ပါဘူး။
ေပ်ာ္႐ႊင္ရတာထက္ ဝမ္းနည္းရတာကပိုမ်ားေနတာ အခ်စ္စစ္မဟုတ္ပါဘူး။
အၿမဲတမ္းဝမ္းနည္းေစတဲ့သူမ်ိဳးကို ခ်စ္မိေနတယ္ဆိုရင္ေတာ့ လက္တြဲျဖဳတ္ႏိုင္ေအာင္ ႀကိဳးစားသင့္ပါတယ္။
(၄) သူကိုယ့္အနားေနထြက္မသြားဖို႔ ဆြဲထားေနရတာအခ်စ္စစ္မဟုတ္ဘူး
ကိုယ့္ကိုထားမသြားဖို႔၊ သူကိုယ့္အနားကထြက္မသြားဖို႔ ဆြဲထားေနရတာမ်ိဳး၊
ကိုယ့္အနားမွာေနဖို႔ ခ်ည္ေႏွာင္ေနရတာမ်ိဳးက အခ်စ္စစ္မဟုတ္ပါဘူး။အခ်စ္စစ္မွန္ရင္ ဆြဲထားစရာမလိုဘဲ ထြက္လည္းမသြားပါဘူးေနာ္။
(၅) သင့္ကိုအထီးက်န္ေစရင္ အခ်စ္စစ္မဟုတ္ဘူး
ခ်စ္သူ႐ွိေပမယ့္ အထီးက်န္ေနတာမ်ိဳး၊ အခ်စ္ခံရတဲ့ခံစားခ်က္မ်ိဳးမ႐ွိဘဲ အၿမဲလိုလိုဝမ္းနည္းေနရတာမ်ိဳး၊
ျပႆနာေတြကို တစ္ေယာက္တည္းရင္ဆိုင္ေျဖ႐ွင္းေနရတာမ်ိဳး၊ ရင္ဖြင့္တာေတြကိုနားေထာင္ေပးမယ့္ သူမ႐ွိတာမ်ိဳး။
အဲ့လို ခံစားခ်က္ေတြက လူတစ္ေယာက္ကိုခ်စ္မိတဲ့ေနာက္ျဖစ္လာတာဆိုရင္ေတာ့
ဒီအခ်စ္က အဲ့ဒီလူနဲ႔မထိုက္တန္ပါဘူး။ သင္တို႔ႏွစ္ေယာက္ၾကားက အခ်စ္က မစစ္မွန္ပါဘူးေနာ္။
Written by PP
============