News

ထောင်ထဲမှာ ဦးတီ၊ ပိုင်တံခွန်၊ ပိုပိုတို့နဲ့အတူနေရတဲ့ ကလေးတွေဆီကနေ ပြန်ကြားသိရတဲ့သတင်း

ထောင်ထဲမှာ ဦးတီ၊ ပိုင်တံခွန်၊ ပိုပိုတို့နဲ့အတူနေရတဲ့ ကလေးတွေဆီကနေ ပြန်ကြားသိရတဲ့သတင်း

လက်ရှိကာလအတွင်းမှာတော့ အပြစ်မဲ့တဲ့ပြည်သူတွေရဲ့အသက်ပေါင်းများစွာ

ပေးဆပ်ခဲ့ရသလို တစ်ချို့ပြည်သူတွေရဲ့မိသားစုတွေလည်း တကွဲတပြား ဖြစ်ခဲ့ရပြီ ဖြစ်ပါတယ် ။

ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြည်သူ(၆၃၈၀)ခန့်ရှိခဲ့ပြီး လက်ရှိအချိန်အထိ

ချုပ်နှောင်ခံထားရသူဦးရေမှာ (၅၁၈၃)ခန့်ရှိကြောင်း AAPP က ထုတ်ပြန်ကြေညာထားပါတယ်။

အဖမ်းခံထားရတဲ့သူတွေထဲမှာ အနုပညာရှင်တွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။

အခုလည်း ရှေ့နေအမျိုးသမီးတစ်ယောက်က သူ့ရဲ့အမှုသည်ကလေးတွေဆီကနေ ကြားသိရတဲ့ သတင်းအချို့ကို ပြောပြထားတာ ဖြစ်ပါတယ် ။

ကလေးတွေက ထောင်ထဲမှာ သူတို့ချစ်တဲ့အနုပညာရှင်တွေနဲ့ တွေ့ဆုံပြီး ပျော်နေကြတဲ့အကြောင်း ရေးသားထားတာ ဖြစ်ပါတယ် ။

အနုပညာရှင်တွေနဲ့ အဆောင်တူတဲ့သူတွေက သူတို့ကြိုက်ခဲ့ရတဲ့ Idolတွေနဲ့ခင်နေရတော့ ပျော်နေကြသလို တစ်ချို့တွေကလည်း သူတို့အဆင်ပြေသလို ကြိုးစားနေထိုင်နေကြတာ ဖြစ်ပါတယ် ။

ဒီအကြောင်းကို “ငါ့အမှုသည်တွေများ ပိုင်တံခွန်နဲ့တွေ့ရလို့ ပျော်နေတဲ့သူနဲ့ ပိုပိုကသီချင်းတွေဆိုပြလို့ မပျင်းရဘူးဆိုသူနဲ့….

အစ်မဝင်းမင်းသန်းက အရမ်းရယ်ရတယ်ဆိုသူနဲ့ ဦးတီနဲ့စကားပြောရင် ပညာရတယ်ဆိုသူနဲ့ ဪ ခင်ရာဆွေမျိုးပါလား…

ဘယ်နေရာရောက်ရောက် စိတ်ချမ်းသာအောင်နေတတ်ကြတယ်….” ဆိုပြီး ကလေးတွေဆီကနေ ကြားရတဲ့သတင်းတွေကို ပြောပြထားတာ ဖြစ်ပါတယ် ။

အထဲမှာနေနေရပေမယ့်လည်း ရှိတာလေးပဲဝတ်၊ကျွေးတာလေးပဲစားပြီး စည်းစည်းလုံးလုံးနေကြတဲ့

ကလေးတွေရဲ့အကြောင်းကို အဲ့ဒီရှေ့နေအမျိုးသမီးက ပြန်ပြောပြခဲ့တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

ေထာင္ထဲမွာ ဦးတီ၊ ပိုင္တံခြန္၊ ပိုပိုတို႔နဲ႔အတူေနရတဲ့ ကေလးေတြဆီကေန ျပန္ၾကားသိရတဲ့သတင္း

လက္ရွိကာလအတြင္းမွာေတာ့ အျပစ္မဲ့တဲ့ျပည္သူေတြရဲ့အသက္ေပါင္းမ်ားစြာ

ေပးဆပ္ခဲ့ရသလို တစ္ခ်ိဳ႕ျပည္သူေတြရဲ့မိသားစုေတြလည္း တကြဲတျပား ျဖစ္ခဲ့ရၿပီ ျဖစ္ပါတယ္ ။

ဒါ့အျပင္ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ျပည္သူ(၆၃၈၀)ခန္႔ရွိခဲ့ၿပီး လက္ရွိအခ်ိန္အထိ

ခ်ဳပ္ေႏွာင္ခံထားရသူဦးေရမွာ (၅၁၈၃)ခန္႔ရွိေၾကာင္း AAPP က ထုတ္ျပန္ေၾကညာထားပါတယ္။

အဖမ္းခံထားရတဲ့သူေတြထဲမွာ အႏုပညာရွင္ေတြလည္း ပါဝင္ခဲ့တာ ျဖစ္ပါတယ္ ။

အခုလည္း ေရွ႕ေနအမ်ိဳးသမီးတစ္ေယာက္က သူ႔ရဲ့အမႈသည္ကေလးေတြဆီကေန ၾကားသိရတဲ့ သတင္းအခ်ိဳ႕ကို ေျပာျပထားတာ ျဖစ္ပါတယ္ ။

ကေလးေတြက ေထာင္ထဲမွာ သူတို႔ခ်စ္တဲ့အႏုပညာရွင္ေတြနဲ႔ ေတြ႕ဆုံၿပီး ေပ်ာ္ေနၾကတဲ့အေၾကာင္း ေရးသားထားတာ ျဖစ္ပါတယ္ ။

အႏုပညာရွင္ေတြနဲ႔ အေဆာင္တူတဲ့သူေတြက သူတို႔ႀကိဳက္ခဲ့ရတဲ့ Idolေတြနဲ႔ခင္ေနရေတာ့ ေပ်ာ္ေနၾကသလို တစ္ခ်ိဳ႕ေတြကလည္း သူတို႔အဆင္ေျပသလို ႀကိဳးစားေနထိုင္ေနၾကတာ ျဖစ္ပါတယ္ ။

ဒီအေၾကာင္းကို “ငါ့အမႈသည္ေတြမ်ား ပိုင္တံခြန္နဲ႔ေတြ႕ရလို႔ ေပ်ာ္ေနတဲ့သူနဲ႔ ပိုပိုကသီခ်င္းေတြဆိုျပလို႔ မပ်င္းရဘူးဆိုသူနဲ႔….

အစ္မ၀င္းမင္းသန္းက အရမ္းရယ္ရတယ္ဆိုသူနဲ႔ ဦးတီနဲ႔စကားေျပာရင္ ပညာရတယ္ဆိုသူနဲ႔ ဪ ခင္ရာေဆြမ်ိဳးပါလား…

ဘယ္ေနရာေရာက္ေရာက္ စိတ္ခ်မ္းသာေအာင္ေနတတ္ၾကတယ္….” ဆိုၿပီး ကေလးေတြဆီကေန ၾကားရတဲ့သတင္းေတြကို ေျပာျပထားတာ ျဖစ္ပါတယ္ ။

အထဲမွာေနေနရေပမယ့္လည္း ရွိတာေလးပဲဝတ္၊ေကၽြးတာေလးပဲစားၿပီး စည္းစည္းလုံးလုံးေနၾကတဲ့

ကေလးေတြရဲ့အေၾကာင္းကို အဲ့ဒီေရွ႕ေနအမ်ိဳးသမီးက ျပန္ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္ ။

Source & Photo Credit-Original Uploader