ပညာပေး

ကတိတွေပေးပြီး မတည်နိုင်တဲ့ ယောကျ်ားတွေရဲ့ ကတိစကား(၇)မျိုး…

ကတိတွေပေးပြီး မတည်နိုင်တဲ့ ယောကျ်ားတွေရဲ့ ကတိစကား(၇)မျိုး…

အချစ်ရေးမှာ မိန်းကလေးတွေက ယောကျာ်းလေးတွေဆီကနေ ကတိတွေအမျိုးမျိုးတောင်းတတ်ကြပြီး

ယောကျာ်းလေးတွေကလည်း ကတိတွေအများကြီးပေးကြပါတယ်။

သူတို့တွေ ကတိတွေဘယ်လောက်ပေးပေး တချို့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ကတိတွေကိုတော့

များသောအားဖြင့်မတည်နိုင်ကြတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သင့်ချစ်သူက သင့်ကိုပေးပေမယ့် တည်နိုင်ဖို့ခက်တဲ့ ကတိတွေကတော့ ဒီမှာပါ။

(၁) သဝန်မတိုပါဘူးဆိုတဲ့ ကတိ

စုံတွဲတွေမှာ အဖြစ်မာျးတဲ့ပြဿနာက တစ်ယောက်နဲ့တစ်ယောက် သဝန်တိုပြီးချုပ်ချယ်တာတွေကြောင့်ပါ။

သင်ကအဲ့ဒါတွေကိုစိတ်ကုန်လို့ သင့်ချစ်သူကိုသဝန်မတိုဖို့ဘယ်လောက်ပဲပြောပြော အဲ့ဒီကတိကိုတည်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။

ဘာလို့ဆို ကိုယ့်ချစ်သူက တခြားယောကျာ်းလေးတွေနဲ့ရောနေတာကို မြင်ရရင် မနာလိုဝန်တိုစိတ်မဖြစ်တဲ့ယောကျာ်းဆိုတာ မရှိပါဘူး။

သေချာပေါက် သဝန်တိုမှာပါ။ တကယ်လို့ သူ့ဘက်ကဘာမှမဖြစ်ဘူးဆိုရင် အဲ့ဒါသဘောထားကြီးလို့မဟုတ်ပါဘူး။ သင့်ကိုမချစ်လို့ပဲဖြစ်နိုင်ပါဘူး။

(၂) တခြားမိန်းကလေးတွေကို လုံးဝစိတ်မဝင်စားပါဘူးဆိုတဲ့ ကတိ

ဒါကလည်း တည်နိုင်ဖို့ သိပ်မဖြစ်နိုင်တဲ့ကတိပါ။ ယောကျာ်းလေးတစ်ယောက်က ချစ်သူရှိရက်နဲ့ဖြစ်စေ၊ ချစ်သူမရှိတဲ့အခါဖြစ်စေ၊

တခြားမိန်းကလေးတွေအပေါ်မှာ စိတ်ဝင်စားတတ်တဲ့စိတ် ရှိတတ်ကြပါတယ်။

စိတ်အလိုမလိုက်ဘဲ ချစ်သူအပေါ်သစ္စာစောင့်သိတဲ့သူနဲ့၊ သစ္စာဖောက်တဲ့သူပဲ ကွာသွားတာပါ။

တခြားမိန်းကလေးတွေနဲ့ မဖောက်ပြန်ဘူး၊သစ္စာစောင့်သိမယ်ဆိုတာကတော့ဖြစ်နိုင်ပေမယ့် မင်းကလွဲပြီး

တခြားမိန်းကလေးတွေကိုလုံးဝစိတ်မဝင်စားပါဘူးဆိုတာကတော့ ဖြစ်နိုင်ချေနည်းပါတယ်တဲ့။

(၃) မင်းဘာပဲဖြစ်ဖြစ် ချစ်မှာပါဆိုတဲ့ကတိ

သင့်ချစ်သူက သင့်ကို မင်းဘယ်လိုပုံစံပဲဖြစ်ပါစေ၊ ဘယ်လိုလူပဲဖြစ်ပါစေ၊ မင်းဖြစ်နေလို့ကိုချစ်တာဆိုပြီး ပြောကောင်းပြောနိုင်ပါတယ်။

အဲ့ဒီလိုပြောတာကိုမယုံနဲ့လို့မပြောပါဘူး၊ ယုံလို့ရပါတယ်။

ဒါပေမယ့် အဲ့ဒီစကားကိုယုံပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးမထားတော့ဘဲ ဖြစ်သလိုနေလိုက်တာမျိုး၊

မပြင်မဆင်နေတာမျိုးတွေမလုပ်မိပါစေနဲ့။ သင်မလှတော့တဲ့အခါ၊ သင်ကသူ့ကိုစိတ်ပျက်စေတဲ့အခါ

မင်းဘာပဲဖြစ်ဖြစ်ချစ်မှာပါဆိုတဲ့ ကတိက တည်နိုင်ဖို့သိပ်မဖြစ်နိုင်တော့ပါဘူး။

(၄) ရည်းစားဟောင်းနဲ့ပတ်သက်တဲ့ကတိ

သင့်ချစ်သူက ရည်းစားဟောင်းနဲ့ပြန်ဆက်ဖို့မပြောနဲ့ သူ့အကြောင်းကို စဉ်းတောင်မစဉ်းစားပါဘူးလို့ ပြောလာရင် ယုံမှာလား။

ဒါဖြစ်နိုင်လား ၊ မဖြစ်နိုင်လားဆိုတာ သင့်မှာလည်းရည်းစားဟောင်းရှိရင် ပိုသိနိုင်ပါတယ်။

အကြောင်းတစ်ခုခုတိုက်ဆိုင်လို့ ရည်းစားဟောင်းအကြောင်းတွေးမိတဲ့အခါမျိုး၊

သူနဲ့မက်ဆေ့ချ်ပို့တာမျိုး၊ စကားပြောတာမျိုးတောင် လုပ်မိနိုင်ပါတယ်။

ဒါကြောင့် ရည်းစားဟောင်းနဲ့ပတ်သက်ပြီး ယောင်လို့တောင်မတွေးပါဘူး ဆိုတဲ့ ကတိမျိုးဟာ တည်ဖို့ခက်တဲ့ကတိတစ်ခုပါ။

(၅) ပင်ကိုယ်အကျင့်စရိုက်တွေကို ပြုပြင်ပြောင်းလဲပါ့မယ်ဆိုတဲ့ကတိ

သင်မကြိုက်တဲ့အချက်တစ်ခုခုကြောင့် သင်တို့နှစ်ယောက်ရန်ဖြစ်ပြီးတိုင်းမှာ နောက်တစ်ခါဒါမျိုးမဖြစ်စေရပါဘူး ဆိုတဲ့ကတိကို သူအမြဲပေးခဲ့ဖူးပါသလား။

ပြီးတော့ အဲ့ဒီအကြောင်းကြောင့်ပဲ နောက်ထပ်ရန်တွေဖြစ်ခဲ့ဖူးပါသလား။ ဒီလို နောက်မဖြစ်စေရပါဘူး၊မင်းမကြိုက်တာမလုပ်တော့ပါဘူး၊

သူ့ကိုယ်သူပြုပြင်ပြောင်းလဲပါ့မယ် ဆိုတဲ့စကားတွေက သူပေးပြီးမတည်တဲ့ကတိထဲမှာအမြဲပါနေတတ်ပါတယ်။

(၆) ဘာကိုမှကွယ်ဝှက်မထားပါဘူးဆိုတဲ့ကတိ

လူတိုင်းက ဘယ်သူ့ကိုမှမသိစေချင်တဲ့ ကိစ္စတွေအနည်းနဲ့အများရှိတတ်ကြပါတယ်။ အဲ့ဒီလိုရှိတတ်ကြတဲ့အထဲမှာက

ယောကျာ်းလေးတွေက ကိုယ်ပိုင် boundaries လေးတွေနဲ့ပိုနေချင်တတ်ကြတာပါ။

အဲ့ဒါကြောင့် သူတို့ရဲ့အရာအားလုံးမချွင်းမချန်ပေးသိပါ့မယ်လို့ပြောတယ်ဆိုရင် အဲ့ဒီကတိကတည်နိုင်မှာမဟုတ်ပါဘူးတဲ့။

(၇) အမြဲတမ်းချစ်နေမှာပါဆိုတဲ့ကတိ

လူတစ်ယောက်ကို အမြဲတမ်းချစ်သွားတဲ့သူတွေ လုံးဝမရှိဘူးလို့ မပြောပါဘူး၊ ရှိပါတယ်။

ဒါပေမယ့် ယောကျာ်းလေးတော်တော်များများက အဲ့ဒီ အမြဲတမ်းချစ်သွားမှာပါ ဆိုတဲ့ကတိကို မတည်နိုင်တာများပါတယ်တဲ့။

Credit

Zawgyi Version

ကတိေတြေပးၿပီး မတည္ႏိုင္တဲ့ ေယာက်္ားေတြရဲ႕ ကတိစကား(၇)မ်ိဳး…

အခ်စ္ေရးမွာ မိန္းကေလးေတြက ေယာက်ာ္းေလးေတြဆီကေန ကတိေတြအမ်ိဳးမ်ိဳးေတာင္းတတ္ၾကၿပီး

ေယာက်ာ္းေလးေတြကလည္း ကတိေတြအမ်ားႀကီးေပးၾကပါတယ္။

သူတို႔ေတြ ကတိေတြဘယ္ေလာက္ေပးေပး တခ်ိဳ႕အေၾကာင္းအရာေတြနဲ႔ပတ္သက္တဲ့ကတိေတြကိုေတာ့

မ်ားေသာအားျဖင့္မတည္ႏိုင္ၾကတာကို ႐ွာေဖြေတြ႕႐ွိခဲ့ပါတယ္။

သင့္ခ်စ္သူက သင့္ကိုေပးေပမယ့္ တည္ႏိုင္ဖို႔ခက္တဲ့ ကတိေတြကေတာ့ ဒီမွာပါ။

(၁) သဝန္မတိုပါဘူးဆိုတဲ့ ကတိ

စုံတြဲေတြမွာ အျဖစ္မာ်းတဲ့ျပႆနာက တစ္ေယာက္နဲ႔တစ္ေယာက္ သဝန္တိုၿပီးခ်ဳပ္ခ်ယ္တာေတြေၾကာင့္ပါ။

သင္ကအဲ့ဒါေတြကိုစိတ္ကုန္လို႔ သင့္ခ်စ္သူကိုသဝန္မတိုဖို႔ဘယ္ေလာက္ပဲေျပာေျပာ အဲ့ဒီကတိကိုတည္ဖို႔ဆိုတာ သိပ္မျဖစ္ႏိုင္ပါဘူး။

ဘာလို႔ဆို ကိုယ့္ခ်စ္သူက တျခားေယာက်ာ္းေလးေတြနဲ႔ေရာေနတာကို ျမင္ရရင္ မနာလိုဝန္တိုစိတ္မျဖစ္တဲ့ေယာက်ာ္းဆိုတာ မ႐ွိပါဘူး။

ေသခ်ာေပါက္ သဝန္တိုမွာပါ။ တကယ္လို႔ သူ႕ဘက္ကဘာမွမျဖစ္ဘူးဆိုရင္ အဲ့ဒါသေဘာထားႀကီးလို႔မဟုတ္ပါဘူး။ သင့္ကိုမခ်စ္လို႔ပဲျဖစ္ႏိုင္ပါဘူး။

(၂) တျခားမိန္းကေလးေတြကို လုံးဝစိတ္မဝင္စားပါဘူးဆိုတဲ့ ကတိ

ဒါကလည္း တည္ႏိုင္ဖို႔ သိပ္မျဖစ္ႏိုင္တဲ့ကတိပါ။ ေယာက်ာ္းေလးတစ္ေယာက္က ခ်စ္သူ႐ွိရက္နဲ႔ျဖစ္ေစ၊ ခ်စ္သူမ႐ွိတဲ့အခါျဖစ္ေစ၊

တျခားမိန္းကေလးေတြအေပၚမွာ စိတ္ဝင္စားတတ္တဲ့စိတ္ ႐ွိတတ္ၾကပါတယ္။

စိတ္အလိုမလိုက္ဘဲ ခ်စ္သူအေပၚသစၥာေစာင့္သိတဲ့သူနဲ႔၊ သစၥာေဖာက္တဲ့သူပဲ ကြာသြားတာပါ။

တျခားမိန္းကေလးေတြနဲ႔ မေဖာက္ျပန္ဘူး၊သစၥာေစာင့္သိမယ္ဆိုတာကေတာ့ျဖစ္ႏိုင္ေပမယ့္ မင္းကလြဲၿပီး

တျခားမိန္းကေလးေတြကိုလုံးဝစိတ္မဝင္စားပါဘူးဆိုတာကေတာ့ ျဖစ္ႏိုင္ေခ်နည္းပါတယ္တဲ့။

(၃) မင္းဘာပဲျဖစ္ျဖစ္ ခ်စ္မွာပါဆိုတဲ့ကတိ

သင့္ခ်စ္သူက သင့္ကို မင္းဘယ္လိုပုံစံပဲျဖစ္ပါေစ၊ ဘယ္လိုလူပဲျဖစ္ပါေစ၊ မင္းျဖစ္ေနလို႔ကိုခ်စ္တာဆိုၿပီး ေျပာေကာင္းေျပာႏိုင္ပါတယ္။

အဲ့ဒီလိုေျပာတာကိုမယုံနဲ႔လို႔မေျပာပါဘူး၊ ယုံလို႔ရပါတယ္။

ဒါေပမယ့္ အဲ့ဒီစကားကိုယုံၿပီး ကိုယ့္ကိုယ္ကိုတန္ဖိုးမထားေတာ့ဘဲ ျဖစ္သလိုေနလိုက္တာမ်ိဳး၊

မျပင္မဆင္ေနတာမ်ိဳးေတြမလုပ္မိပါေစနဲ႔။ သင္မလွေတာ့တဲ့အခါ၊ သင္ကသူ႕ကိုစိတ္ပ်က္ေစတဲ့အခါ

မင္းဘာပဲျဖစ္ျဖစ္ခ်စ္မွာပါဆိုတဲ့ ကတိက တည္ႏိုင္ဖို႔သိပ္မျဖစ္ႏိုင္ေတာ့ပါဘူး။

(၄) ရည္းစားေဟာင္းနဲ႔ပတ္သက္တဲ့ကတိ

သင့္ခ်စ္သူက ရည္းစားေဟာင္းနဲ႔ျပန္ဆက္ဖို႔မေျပာနဲ႔ သူ႕အေၾကာင္းကို စဥ္းေတာင္မစဥ္းစားပါဘူးလို႔ ေျပာလာရင္ ယုံမွာလား။

ဒါျဖစ္ႏိုင္လား ၊ မျဖစ္ႏိုင္လားဆိုတာ သင့္မွာလည္းရည္းစားေဟာင္း႐ွိရင္ ပိုသိႏိုင္ပါတယ္။

အေၾကာင္းတစ္ခုခုတိုက္ဆိုင္လို႔ ရည္းစားေဟာင္းအေၾကာင္းေတြးမိတဲ့အခါမ်ိဳး၊

သူနဲ႔မက္ေဆ့ခ်္ပို႔တာမ်ိဳး၊ စကားေျပာတာမ်ိဳးေတာင္ လုပ္မိႏိုင္ပါတယ္။

ဒါေၾကာင့္ ရည္းစားေဟာင္းနဲ႔ပတ္သက္ၿပီး ေယာင္လို႔ေတာင္မေတြးပါဘူး ဆိုတဲ့ ကတိမ်ိဳးဟာ တည္ဖို႔ခက္တဲ့ကတိတစ္ခုပါ။

(၅) ပင္ကိုယ္အက်င့္စ႐ိုက္ေတြကို ျပဳျပင္ေျပာင္းလဲပါ့မယ္ဆိုတဲ့ကတိ

သင္မႀကိဳက္တဲ့အခ်က္တစ္ခုခုေၾကာင့္ သင္တို႔ႏွစ္ေယာက္ရန္ျဖစ္ၿပီးတိုင္းမွာ ေနာက္တစ္ခါဒါမ်ိဳးမျဖစ္ေစရပါဘူး ဆိုတဲ့ကတိကို သူအၿမဲေပးခဲ့ဖူးပါသလား။

ၿပီးေတာ့ အဲ့ဒီအေၾကာင္းေၾကာင့္ပဲ ေနာက္ထပ္ရန္ေတြျဖစ္ခဲ့ဖူးပါသလား။ ဒီလို ေနာက္မျဖစ္ေစရပါဘူး၊မင္းမႀကိဳက္တာမလုပ္ေတာ့ပါဘူး၊

သူ႕ကိုယ္သူျပဳျပင္ေျပာင္းလဲပါ့မယ္ ဆိုတဲ့စကားေတြက သူေပးၿပီးမတည္တဲ့ကတိထဲမွာအၿမဲပါေနတတ္ပါတယ္။

(၆) ဘာကိုမွကြယ္ဝွက္မထားပါဘူးဆိုတဲ့ကတိ

လူတိုင္းက ဘယ္သူ႕ကိုမွမသိေစခ်င္တဲ့ ကိစၥေတြအနည္းနဲ႔အမ်ား႐ွိတတ္ၾကပါတယ္။ အဲ့ဒီလို႐ွိတတ္ၾကတဲ့အထဲမွာက

ေယာက်ာ္းေလးေတြက ကိုယ္ပိုင္ boundaries ေလးေတြနဲ႔ပိုေနခ်င္တတ္ၾကတာပါ။

အဲ့ဒါေၾကာင့္ သူတို႔ရဲ႕အရာအားလုံးမခြၽင္းမခ်န္ေပးသိပါ့မယ္လို႔ေျပာတယ္ဆိုရင္ အဲ့ဒီကတိကတည္ႏိုင္မွာမဟုတ္ပါဘူးတဲ့။

(၇) အၿမဲတမ္းခ်စ္ေနမွာပါဆိုတဲ့ကတိ

လူတစ္ေယာက္ကို အၿမဲတမ္းခ်စ္သြားတဲ့သူေတြ လုံးဝမ႐ွိဘူးလို႔ မေျပာပါဘူး၊ ႐ွိပါတယ္။

ဒါေပမယ့္ ေယာက်ာ္းေလးေတာ္ေတာ္မ်ားမ်ားက အဲ့ဒီ အၿမဲတမ္းခ်စ္သြားမွာပါ ဆိုတဲ့ကတိကို မတည္ႏိုင္တာမ်ားပါတယ္တဲ့။

Credit