တချိန်မှာ ပြန်ထွက်သွားဖို့ အစီအစဉ်ရှိခဲ့ရင်….
ကျမကမ္ဘာမှာ ခြေမချပါနဲ့ .. နာကျင်စရာတွေကို ကိုယ်မမွေးမြူထားတတ်လို့ပါ ။
ယာယီချစ်ဖို့ပဲ ဆန္ဒရှိရင်
ကိုယ့်နှလုံးသားကို မဖြားယောင်းပါနဲ့ .. ကိုယ့်စိတ်ကို ဒဏ်ရာရစေမယ့်အရာမျိုး ကိုယ်အလိုမရှိလို့ပါ ။
အတုအယောင်တွေပေးမယ်လို့ စဉ်းစားထားရင်
ကိုယ့်အနားရောက်မလာပါနဲ့ .. ကိုယ်ကိုယ်တိုင်ကလည်း
စစ်မှန်ခြင်းတွေပဲကျင့်သုံးလို့ အပေါ်ယံတွေဆို ကိုယ်ရွံတတ်လို့ပါ ။
နောက်တစ်ကြိမ်ပြန်စွန့်ပစ်ဖို့ အခြေအနေရှိသေးရင် တောင်းပန်ပါတယ်ဆိုပြီး ပြန်မလာပါနဲ့
နောက်တကြိမ်ထပ်နာကျင်မှာထက်စာရင် အလွမ်းတွေနဲ့နေရတာပဲ ကိုယ်ကြိုက်လို့ပါ ။
ရက်ရက်စက်စက် စွန့်ပစ်ပြီးမှတော့
ကိုယ်ချင်းမစာမနာ ဒဏ်ရာကို လာလာမဆွပါနဲ့
အဲ့ဒီလူဟာ မင်းစွန့်ခွာပြီးကတည်းက
နှလုံးသားမှာ သေရာပါဒဏ်ရာတွေနဲ့ ကျန်ခဲ့သူမို့ပါ ။
အသက်ရှင်ရတာကို တာဝန်တစ်ခုလိုပဲ သဘောထားပြီး ရှင်သန်နေရသူတစ်ဦးပါ
လူသားချင်းစာနာထောက်ထားသောအားဖြင့်
သူ့အနားမှာ ထာဝရမနေနိုင်ရင် အလွမ်းတွေနဲ့ပဲ အချိန်ကုန်ပါစေ ..
သွားပြီး မပတ်သက်ပါနဲ့တော့
သူ့ဘဝဟာ သေဆုံးပြီးသားပါ ။
သက္ထားခင္(THK)
Zawgyi Version
တခ်ိန္မွာ ျပန္ထြက္သြားဖို႔ အစီအစဥ္႐ွိခဲ့ရင္….
က်မကမ႓ာမွာ ေျခမခ်ပါနဲ႔ .. နာက်င္စရာေတြကို ကိုယ္မေမြးျမဴထားတတ္လို႔ပါ ။
ယာယီခ်စ္ဖို႔ပဲ ဆႏၵ႐ွိရင္
ကိုယ့္ႏွလုံးသားကို မျဖားေယာင္းပါနဲ႔ .. ကိုယ့္စိတ္ကို ဒဏ္ရာရေစမယ့္အရာမ်ိဳး ကိုယ္အလိုမ႐ွိလို႔ပါ ။
အတုအေယာင္ေတြေပးမယ္လို႔ စဥ္းစားထားရင္
ကိုယ့္အနားေရာက္မလာပါနဲ႔ .. ကိုယ္ကိုယ္တိုင္ကလည္း
စစ္မွန္ျခင္းေတြပဲက်င့္သုံးလို႔ အေပၚယံေတြဆို ကိုယ္႐ြံတတ္လို႔ပါ ။
ေနာက္တစ္ႀကိမ္ျပန္စြန္႔ပစ္ဖို႔ အေျခအေန႐ွိေသးရင္ ေတာင္းပန္ပါတယ္ဆိုၿပီး ျပန္မလာပါနဲ႔
ေနာက္တႀကိမ္ထပ္နာက်င္မွာထက္စာရင္ အလြမ္းေတြနဲ႔ေနရတာပဲ ကိုယ္ႀကိဳက္လို႔ပါ ။
ရက္ရက္စက္စက္ စြန္႔ပစ္ၿပီးမွေတာ့
ကိုယ္ခ်င္းမစာမနာ ဒဏ္ရာကို လာလာမဆြပါနဲ႔
အဲ့ဒီလူဟာ မင္းစြန္႔ခြာၿပီးကတည္းက
ႏွလုံးသားမွာ ေသရာပါဒဏ္ရာေတြနဲ႔ က်န္ခဲ့သူမို႔ပါ ။
အသက္႐ွင္ရတာကို တာဝန္တစ္ခုလိုပဲ သေဘာထားၿပီး ႐ွင္သန္ေနရသူတစ္ဦးပါ
လူသားခ်င္းစာနာေထာက္ထားေသာအားျဖင့္
သူ႕အနားမွာ ထာဝရမေနႏိုင္ရင္ အလြမ္းေတြနဲ႔ပဲ အခ်ိန္ကုန္ပါေစ ..
သြားၿပီး မပတ္သက္ပါနဲ႔ေတာ့
သူ႕ဘဝဟာ ေသဆုံးၿပီးသားပါ ။
သကၳားခင္(THK)