တွတ်ပီရဲ့အရိုးပြာသွားကောက်တဲ့နေ့..တုံတုံရယ်သင်းချိုင်းမြေဘယ်နားက ခူးလာလဲမသိ. မေကြီးပန်းလေးပန်လိုက်. ဘပီ နဲ့ဆင်တူဖြစ်အောင်တဲ့ !!!
တွတ်ပီရဲ့အရိုးပြာသွားကောက်တဲ့နေ့ 26th မနက်မှာတောင် ထင်းတုံးတွေ
မီးမငြိမ်းသေးလို့ ရေကား ခေါ်ရတယ်
ရေကားအလာ စောင့်နေတုန်း
အမှတ်တယလေး သားအပူကြောင့် မစားနိုင်မအိပ်နိုင်မို့
ကမဌာန်းရုပ်ကိုပေါက်လို့ တစ်သက်လုံး ကိုယ့်ကိုကိုယ် ရုပ်ဆိုးလှပြီထင်ခဲ့တာ
ဒီအချိန် ရုပ်အဆိုးဆုံးဘဲ
ဒါပေမဲ့ နားမှာ ကပ်ပန်ထားတဲ့ သပြေပန်းနီရဲရဲ လေးက လှလို့
တုံတုံရယ်သင်းချိုင်းမြေဘယ်နားက ခူးလာလဲမသိ.
မေကြီးပန်းလေးပန်လိုက် ဘပီ နဲ့ဆင်တူဖြစ်အောင်တဲ့ !!!
Credit
Credit