အကျဉ်းထောင်ထဲမှာ နေထိုင်ခဲ့ရတဲ့ အခြေအနေတွေကို ဖခင်ဖြစ်သူအား ပြန်လည်ပြောပြလာတဲ့ အသက် (၅) နှစ်အရွယ် သမီးလေး စုထက်ဝိုင်း
မနေ့ကတော့ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံရသူများထဲမှ အချို့တစ်ဝက်ကို ပြန်လည်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီထဲတွင်တော့ အသက် ၅ နှစ်အရွယ်သာ ရှိသေးတဲ့ မိုးကုတ်မြို့မှ သမီးလေး စုထက်ဝိုင်းလည်း ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။
ဒီသတင်းကို ကြားကြားချင်း ပြည်သူတွေအားလုံးကသမီးလေးအတွက် ဝမ်းသာခဲ့ကြတာ ဖြစ်ပါတယ်
သမီးငယ်လေး လွတ်မြောက်လာခဲ့ပေမယ့်လည်း သမီးကြီးနဲ့ ဇနီးဖြစ်သူမှာ အကျဉ်းထောင်ထဲမှာသာ ရှိသေးကြောင်း
ဖခင်ဖြစ်သူမှ ပြောပြထားတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း အသက်အငယ်ဆုံးသမီးလေး ပြန်လွတ်မြောက်လာပြီး
ကလေးပြောပြလာတဲ့ အကျဉ်းထောင်ထဲတွင် နေထိုင်ခဲ့ရတာတွေကို ပြန်လည်ဝေမျှလာတာ ဖြစ်ပါတယ်
နှစ်ပတ်ကျော်ကြာ သမီးလေး ဖမ်းဆီးထားခံရစဉ် ထမင်းဝအောင် မစားရဘဲ ရေချိုးရင်လည်း အိမ်သာရေနဲ့သာ ချိုးရကြောင်း ပြောပြလာပါတယ်။
သမီးလေး အစ်မနဲ့ အမေ အထဲတွင် ဘယ်လိုနေထိုင်ရလဲမေးတော့လည်း မျက်နှာလေးအရောင်ပြောင်းသွားပြီး ဘာမှပြန်မဖြေတော့ကြောင်း ဖခင်ဖြစ်သူမှရေးသားထားပါတယ်
စိတ်ဒဏ်ရာအချို့နဲ့ ဘဝကို ဖြတ်သန်းရတော့မယ့် သမီးဖြစ်သူကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေကြောင်းကိုလည်းအခုလို ရေးသားပြောပြထားပါတယ်။
သမီးငယ် စုထက်ဝိုင်း မနေ့က ဖမ်းဆီးခံထားရခြင်းမှပြန် လွတ်လာပါတယ် .သမီးကြီးနဲ့ သူ့အမေကိုတော့ ဖမ်းဆီးထားဆဲပါ။
စုထက်ဝိုင်းလွတ်မြောက်ရေးအတွက် ကြိုးစားပေးကြပါသော နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းတော်လှန်ရေးအင်အားစုများအားအထူးကျေးဇူးတင်ရှိပါတယ်ဗျာ
သမီးလေး လွတ်လာကြောင်း အဆက်အသွယ်ရရခြင်းဘေးကင်းရာ သို့ ပြန်လည်ခေါ်ထုတ်နိုင်ရန်ကြိုးစားပေးကြသော GZလူငယ်များ.
လမ်းခရီးတလျှောက်စောင့်ရှောက်ပေးကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်။
နှစ်ပတ်ကျော်ကြာဖမ်းဆီးချုပ်နှောင်ထားစဉ်. ထမင်းဝအောင်မစားရဘူး.
ရေချိုးရင်အိမ်သာရေနဲ့ချိုးရတာ.လို့ ပြန်ပြောပြပါတယ်. ဖွားဖွားစု ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီလားလို့လည်းမေးပါတယ်.
မလွတ်သေးဘူးသမီးရေဆိုတော့
ခပ်ငေးငေးလေးဖြစ်သွားပုံက ရင်ထဲထိရှရပါတယ်ဗျာ .သူ့အမေနဲ့အမ အထဲမှာ ဘယ်လိုနေထိုင်နေလည်း စသဖြင့်
အထဲကအကြောင်းတွေကိုမေးတာ မျက်နှာလေးအရောင်ပြောင်းသွားပြီး ဘာမှပြန်မပြောပြဘူး.
စိတ်ဒဏ်ရာ အချို့နဲ့ဘဝကို ဖြတ်သန်းပေဦးတော့ သမီးရေ. ဆိုပြီး သမီးလေးဖြစ်ပျက်ခဲ့တာတွေကို ကြားသိရသလောက် ပြန်လည်ရေးသားဝေမျှထားတာ ဖြစ်ပါတယ်
သမီးလေးခံစားနေရတဲ့ စိတ်ဒဏ်ရာတွေ အမြန်ဆုံးပျောက်ကင်းပြီး ခွဲခွာနေရတဲ့ မိသားစုဝင်များနဲ့
မကြာခင်မှာ ပြန်ဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်
credit- MM load
အက်ဥ္းေထာင္ထဲမွာ ေနထိုင္ခဲ့ရတဲ့ အေျခအေနေတြကို ဖခင္ျဖစ္သူအား ျပန္လည္ေျပာျပလာတဲ့ အသက္ (၅) ႏွစ္အရြယ္ သမီးေလး စုထက္ဝိုင္း
မေန႔ကေတာ့ အက်ဥ္းေထာင္အသီးသီးတြင္ ဖမ္းဆီးထိန္းသိမ္းခံရသူမ်ားထဲမွ အခ်ိဳ႕တစ္ဝက္ကို ျပန္လည္လႊတ္ေပးခဲ့တာ ျဖစ္ပါတယ္။
ဒီထဲတြင္ေတာ့ အသက္ ၅ ႏွစ္အရြယ္သာ ရွိေသးတဲ့ မိုးကုတ္ၿမိဳ႕မွ သမီးေလး စုထက္ဝိုင္းလည္း ျပန္လည္လြတ္ေျမာက္လာခဲ့တာ ျဖစ္ပါတယ္။
ဒီသတင္းကို ၾကားၾကားခ်င္း ျပည္သူေတြအားလုံးကသမီးေလးအတြက္ ဝမ္းသာခဲ့ၾကတာ ျဖစ္ပါတယ္
သမီးငယ္ေလး လြတ္ေျမာက္လာခဲ့ေပမယ့္လည္း သမီးႀကီးနဲ႔ ဇနီးျဖစ္သူမွာ အက်ဥ္းေထာင္ထဲမွာသာ ရွိေသးေၾကာင္း
ဖခင္ျဖစ္သူမွ ေျပာျပထားတာ ျဖစ္ပါတယ္။ မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း အသက္အငယ္ဆုံးသမီးေလး ျပန္လြတ္ေျမာက္လာၿပီး
ကေလးေျပာျပလာတဲ့ အက်ဥ္းေထာင္ထဲတြင္ ေနထိုင္ခဲ့ရတာေတြကို ျပန္လည္ေဝမၽွလာတာ ျဖစ္ပါတယ္
ႏွစ္ပတ္ေက်ာ္ၾကာ သမီးေလး ဖမ္းဆီးထားခံရစဥ္ ထမင္းဝေအာင္ မစားရဘဲ ေရခ်ိဳးရင္လည္း အိမ္သာေရနဲ႔သာ ခ်ိဳးရေၾကာင္း ေျပာျပလာပါတယ္။
သမီးေလး အစ္မနဲ႔ အေမ အထဲတြင္ ဘယ္လိုေနထိုင္ရလဲေမးေတာ့လည္း မ်က္ႏွာေလးအေရာင္ေျပာင္းသြားၿပီး ဘာမွျပန္မေျဖေတာ့ေၾကာင္း ဖခင္ျဖစ္သူမွေရးသားထားပါတယ္
စိတ္ဒဏ္ရာအခ်ိဳ႕နဲ႔ ဘဝကို ျဖတ္သန္းရေတာ့မယ့္ သမီးျဖစ္သူကို ၾကည့္ၿပီး စိတ္မေကာင္းျဖစ္ေနေၾကာင္းကိုလည္းအခုလို ေရးသားေျပာျပထားပါတယ္။
သမီးငယ္ စုထက္ဝိုင္း မေန႔က ဖမ္းဆီးခံထားရျခင္းမွျပန္ လြတ္လာပါတယ္ .သမီးႀကီးနဲ႔ သူ႔အေမကိုေတာ့ ဖမ္းဆီးထားဆဲပါ။
စုထက္ဝိုင္းလြတ္ေျမာက္ေရးအတြက္ ႀကိဳးစားေပးၾကပါေသာ နိုင္ငံတကာ အဖြဲ႕အစည္းမ်ား၊ ျပည္တြင္းေတာ္လွန္ေရးအင္အားစုမ်ားအားအထူးေက်းဇူးတင္ရွိပါတယ္ဗ်ာ
သမီးေလး လြတ္လာေၾကာင္း အဆက္အသြယ္ရရျခင္းေဘးကင္းရာ သို႔ ျပန္လည္ေခၚထုတ္နိုင္ရန္ႀကိဳးစားေပးၾကေသာ GZလူငယ္မ်ား.
လမ္းခရီးတေလၽွာက္ေစာင့္ေရွာက္ေပးၾကသူမ်ားအားလုံးကို ေက်းဇူးတင္ပါတယ္။
ႏွစ္ပတ္ေက်ာ္ၾကာဖမ္းဆီးခ်ဳပ္ေႏွာင္ထားစဥ္. ထမင္းဝေအာင္မစားရဘူး.
ေရခ်ိဳးရင္အိမ္သာေရနဲ႔ခ်ိဳးရတာ.လို႔ ျပန္ေျပာျပပါတယ္. ဖြားဖြားစု ေဒၚေအာင္ဆန္းစုၾကည္ လြတ္ၿပီလားလို႔လည္းေမးပါတယ္.
မလြတ္ေသးဘူးသမီးေရဆိုေတာ့
ခပ္ေငးေငးေလးျဖစ္သြားပုံက ရင္ထဲထိရွရပါတယ္ဗ်ာ .သူ႔အေမနဲ႔အမ အထဲမွာ ဘယ္လိုေနထိုင္ေနလည္း စသျဖင့္
အထဲကအေၾကာင္းေတြကိုေမးတာ မ်က္ႏွာေလးအေရာင္ေျပာင္းသြားၿပီး ဘာမွျပန္မေျပာျပဘူး.
စိတ္ဒဏ္ရာ အခ်ိဳ႕နဲ႔ဘဝကို ျဖတ္သန္းေပဦးေတာ့ သမီးေရ. ဆိုၿပီး သမီးေလးျဖစ္ပ်က္ခဲ့တာေတြကို ၾကားသိရသေလာက္ ျပန္လည္ေရးသားေဝမၽွထားတာ ျဖစ္ပါတယ္
သမီးေလးခံစားေနရတဲ့ စိတ္ဒဏ္ရာေတြ အျမန္ဆုံးေပ်ာက္ကင္းၿပီး ခြဲခြာေနရတဲ့ မိသားစုဝင္မ်ားနဲ႔
မၾကာခင္မွာ ျပန္ဆုံေတြ႕နိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္
credit- MM load