ယောကျာ်းတစ်ယောက်ရဲ့ ကစားတာကိုမခံရဖို့ မိန်းကလေးတိုင်းသိထားသင့်တဲ့ အချက်များ…
မိန်းကလေးတွေအနေနဲ့ ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုချဉ်းကပ်လာတဲ့အခါ သူဟာ ကိုယ့်ကိုချစ်လို့ချဉ်းကပ်လာတာလား၊
ကိုယ့်ကိုအပျော်တွဲချင်တာလား၊ ဘာရည်ရွယ်ချက်နဲ့ကိုယ့်အနားရောက်လာလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိနားလည်ဖို့လိုပါတယ်။
ဒါတွေကို သေချာနားမလည်ဘူးဆိုရင်တော့ ယောကျာ်းတစ်ယောက်ရဲ့ကစားတာကိုခံရနိုင်ပြီး ကိုယ့်ဘဝမှာကမောက်ကမတွေ ဖြစ်တတ်ပါတယ်။
ဒီတော့ ယောကျာ်းတစ်ယောက်ရဲ့ ကစားတာမခံရအောင် သူကိုယ့်အနားရောက်လာတာဟာ
ဘာရည်ရွယ်ချက်နဲ့ချဉ်းကပ်လာသလဲဆိုတာကို သိအောင်လုပ်ပါ။
(၁) လက်ရှိအချိန်ကိုပဲအာရုံစိုက်တာလား၊ အနာဂတ်အတွက်အစီအစဉ်ရှိသူလား
ယောကျာ်းတစ်ယောက်က ကိုယ့်ကိုချဉ်းကပ်လာပြီဆိုရင် သူဟာ ကိုယ့်အပေါ်ဘယ်လိုသဘောထားလဲဆိုတာ ရှင်းရှင်းလင်းလင်းသိနားလည်ဖို့လိုပါတယ်။
ချစ်သူရည်းစားတွေအဆင့်ရောက်ဖို့ ကြိုးစားလာပြီဆိုရင်တော့ သူရဲ့အပြုအမူတချို့ကို လေ့လာဖို့လိုပါတယ်။
သူဟာ သင်နဲ့အတူရှိတဲ့အချိန်တွေမှာပျော်ရွှင်နေတယ်၊ သူနဲ့တွေ့တဲ့အချိန်တွေမှာ သင့်ကိုပျော်အောင်ထားတယ်
ဒါပေမယ့် အနာဂတ်အတွက်တော့ ဘာမှစဉ်းစားထားခြင်းမရှိဘူး၊ သူ့ရဲ့အနာဂတ်အစီအစဉ်တွေနဲ့ ပတ်သက်လို့
သင်နဲ့မဆွေးနွေးဘူးဆိုရင်တော့ သင့်ကိုအပျော်သဘောနဲ့ပတ်သက်တာဖြစ်ဖို့များပါတယ်။
(၂) ကိုယ်အဆင်ပြေတဲ့အချိန်မှကိုယ့်အနားရှိတာလား၊ အချိန်တိုင်းကိုယ့်အတွက်ရှိနေတာလား
သူဟာ ဘယ်လိုအချိန်တွေမှာသင့်အနားရှိတတ်သလဲဆိုတာကြည့်ပါ။ သင်အဆင်ပြေနေတဲ့အချိန်၊ ဘာပြဿနာမှမရှိတဲ့အချိန်တွေမှာ
သင့်အနားရှိနေတတ်ပြီး အခက်အခဲတွေဖြစ်နေတဲ့အချိန်၊ ပြိုလဲနေတဲ့အချိန်မှာ ပေါ်မလာဘူးဆိုရင်တော့
အဲ့ဒီလိုလူမျိုးအတွက် အချိန်ပေးပြီး စဉ်းစားနေစရာမလိုပါဘူး။
သင်ပျော်ရွှင်တဲ့အချိန်၊ ဝမ်းနည်းတဲ့အချိန် ၊ အချိန်တွေတိုင်းသင့်အနားရှိတဲ့သူမျိုးကိုသာ ရွေးချယ်ဖို့စဉ်းစားသင့်ပါတယ်။
(၃) ကိုယ့်ကိုပြောင်းလဲချင်သလား၊ ကိုယ့်ရဲ့အရှိအတိုင်းလက်ခံသလား
သင့်ရဲ့နဂိုပုံစံကိုလက်ခံပြီးချစ်တဲ့သူက သင့်ကိုတကယ်ချစ်တဲ့သူဖြစ်ပြီး သင့်ရဲ့နဂိုပုံစံကိုပြောင်းလဲဖို့ကြိုးစားတတ်တဲ့သူက သင့်ကိုထိန်းချုပ်ချင်သူ၊
သင့်ဘဝကိုကြိုးကိုင်ချင်တဲ့သူဖြစ်ပါတယ်။ သင့်ရဲ့အမှားကိုထောက်ပြတာကိုလက်ခံသင့်ပေမယ့် သင့်ရဲ့နဂိုပုံစံကိုပြောင်းလဲဖို့ ကြိုးစားလာရင်တော့ လက်မခံသင့်ပါဘူး။
(၄) ကိုယ့်ခန္ဓာကိုယ်ကိုချစ်တာလား၊ ကိုယ့်ရဲ့အရာအားလုံးကိုချစ်တာလား
ခန္ဓာကိုယ်နဲ့အချစ်ကိုသက်သေပြခိုင်းတဲ့သူဟာ သင့်ကိုချစ်တာထက်၊ အပျော်တွဲတဲ့သူပဲဖြစ်ဖို့များပါတယ်။ လက်မထပ်ရသေးခင်မှာ နှစ်ဦးသဘောတူအတူတူနေတာ
အပြစ်လို့မဆိုနိုင်ပေမယ့် ဒီလိုနည်းနဲ့သက်သေပြဖို့ မဖြစ်မနေတွန်းအားပေးလာပြီဆိုရင်တော့ ဒီလိုလူကိုဆက်ပြီးလက်မခံသင့်ပါဘူး။
ကိုယ့်ရဲ့အရာအားလုံးကိုခက်ခံနိုင်တဲ့သူကမှ ကိုယ့်ရဲ့တစ်ဘဝစာအတွက်သင့်တော်တဲ့သူပါ။
written by PP
Zawgyi Version
ေယာက်ာ္းတစ္ေယာက္ရဲ႕ ကစားတာကိုမခံရဖို႔ မိန္းကေလးတိုင္းသိထားသင့္တဲ့ အခ်က္မ်ား…
မိန္းကေလးေတြအေနနဲ႔ ေယာက်ာ္းေလးတစ္ေယာက္က ကိုယ့္ကိုခ်ဥ္းကပ္လာတဲ့အခါ သူဟာ ကိုယ့္ကိုခ်စ္လို႔ခ်ဥ္းကပ္လာတာလား၊
ကိုယ့္ကိုအေပ်ာ္တြဲခ်င္တာလား၊ ဘာရည္႐ြယ္ခ်က္နဲ႔ကိုယ့္အနားေရာက္လာလဲဆိုတာကို ႐ွင္း႐ွင္းလင္းလင္းသိနားလည္ဖို႔လိုပါတယ္။
ဒါေတြကို ေသခ်ာနားမလည္ဘူးဆိုရင္ေတာ့ ေယာက်ာ္းတစ္ေယာက္ရဲ႕ကစားတာကိုခံရႏိုင္ၿပီး ကိုယ့္ဘဝမွာကေမာက္ကမေတြ ျဖစ္တတ္ပါတယ္။
ဒီေတာ့ ေယာက်ာ္းတစ္ေယာက္ရဲ႕ ကစားတာမခံရေအာင္ သူကိုယ့္အနားေရာက္လာတာဟာ
ဘာရည္႐ြယ္ခ်က္နဲ႔ခ်ဥ္းကပ္လာသလဲဆိုတာကို သိေအာင္လုပ္ပါ။
(၁) လက္႐ွိအခ်ိန္ကိုပဲအာ႐ုံစိုက္တာလား၊ အနာဂတ္အတြက္အစီအစဥ္႐ွိသူလား
ေယာက်ာ္းတစ္ေယာက္က ကိုယ့္ကိုခ်ဥ္းကပ္လာၿပီဆိုရင္ သူဟာ ကိုယ့္အေပၚဘယ္လိုသေဘာထားလဲဆိုတာ ႐ွင္း႐ွင္းလင္းလင္းသိနားလည္ဖို႔လိုပါတယ္။
ခ်စ္သူရည္းစားေတြအဆင့္ေရာက္ဖို႔ ႀကိဳးစားလာၿပီဆိုရင္ေတာ့ သူရဲ႕အျပဳအမူတခ်ိဳ႕ကို ေလ့လာဖို႔လိုပါတယ္။
သူဟာ သင္နဲ႔အတူ႐ွိတဲ့အခ်ိန္ေတြမွာေပ်ာ္႐ႊင္ေနတယ္၊ သူနဲ႔ေတြ႕တဲ့အခ်ိန္ေတြမွာ သင့္ကိုေပ်ာ္ေအာင္ထားတယ္
ဒါေပမယ့္ အနာဂတ္အတြက္ေတာ့ ဘာမွစဥ္းစားထားျခင္းမ႐ွိဘူး၊ သူ႕ရဲ႕အနာဂတ္အစီအစဥ္ေတြနဲ႔ ပတ္သက္လို႔
သင္နဲ႔မေဆြးေႏြးဘူးဆိုရင္ေတာ့ သင့္ကိုအေပ်ာ္သေဘာနဲ႔ပတ္သက္တာျဖစ္ဖို႔မ်ားပါတယ္။
(၂) ကိုယ္အဆင္ေျပတဲ့အခ်ိန္မွကိုယ့္အနား႐ွိတာလား၊ အခ်ိန္တိုင္းကိုယ့္အတြက္႐ွိေနတာလား
သူဟာ ဘယ္လိုအခ်ိန္ေတြမွာသင့္အနား႐ွိတတ္သလဲဆိုတာၾကည့္ပါ။ သင္အဆင္ေျပေနတဲ့အခ်ိန္၊ ဘာျပႆနာမွမ႐ွိတဲ့အခ်ိန္ေတြမွာ
သင့္အနား႐ွိေနတတ္ၿပီး အခက္အခဲေတြျဖစ္ေနတဲ့အခ်ိန္၊ ၿပိဳလဲေနတဲ့အခ်ိန္မွာ ေပၚမလာဘူးဆိုရင္ေတာ့
အဲ့ဒီလိုလူမ်ိဳးအတြက္ အခ်ိန္ေပးၿပီး စဥ္းစားေနစရာမလိုပါဘူး။
သင္ေပ်ာ္႐ႊင္တဲ့အခ်ိန္၊ ဝမ္းနည္းတဲ့အခ်ိန္ ၊ အခ်ိန္ေတြတိုင္းသင့္အနား႐ွိတဲ့သူမ်ိဳးကိုသာ ေ႐ြးခ်ယ္ဖို႔စဥ္းစားသင့္ပါတယ္။
(၃) ကိုယ့္ကိုေျပာင္းလဲခ်င္သလား၊ ကိုယ့္ရဲ႕အ႐ွိအတိုင္းလက္ခံသလား
သင့္ရဲ႕နဂိုပုံစံကိုလက္ခံၿပီးခ်စ္တဲ့သူက သင့္ကိုတကယ္ခ်စ္တဲ့သူျဖစ္ၿပီး သင့္ရဲ႕နဂိုပုံစံကိုေျပာင္းလဲဖို႔ႀကိဳးစားတတ္တဲ့သူက သင့္ကိုထိန္းခ်ဳပ္ခ်င္သူ၊
သင့္ဘဝကိုႀကိဳးကိုင္ခ်င္တဲ့သူျဖစ္ပါတယ္။ သင့္ရဲ႕အမွားကိုေထာက္ျပတာကိုလက္ခံသင့္ေပမယ့္ သင့္ရဲ႕နဂိုပုံစံကိုေျပာင္းလဲဖို႔ ႀကိဳးစားလာရင္ေတာ့ လက္မခံသင့္ပါဘူး။
(၄) ကိုယ့္ခႏၶာကိုယ္ကိုခ်စ္တာလား၊ ကိုယ့္ရဲ႕အရာအားလုံးကိုခ်စ္တာလား
ခႏၶာကိုယ္နဲ႔အခ်စ္ကိုသက္ေသျပခိုင္းတဲ့သူဟာ သင့္ကိုခ်စ္တာထက္၊ အေပ်ာ္တြဲတဲ့သူပဲျဖစ္ဖို႔မ်ားပါတယ္။ လက္မထပ္ရေသးခင္မွာ ႏွစ္ဦးသေဘာတူအတူတူေနတာ
အျပစ္လို႔မဆိုႏိုင္ေပမယ့္ ဒီလိုနည္းနဲ႔သက္ေသျပဖို႔ မျဖစ္မေနတြန္းအားေပးလာၿပီဆိုရင္ေတာ့ ဒီလိုလူကိုဆက္ၿပီးလက္မခံသင့္ပါဘူး။
ကိုယ့္ရဲ႕အရာအားလုံးကိုခက္ခံႏိုင္တဲ့သူကမွ ကိုယ့္ရဲ႕တစ္ဘဝစာအတြက္သင့္ေတာ္တဲ့သူပါ။
written by PP