မိသားစုအပေါ် သိတတ်လိမ္မာတဲ့ သမီးတွေသာ သိနားလည်တဲ့ အခက်အခဲလေးများ
မိဘဆိုတာ အပေးပဲ ရှိပြီး အယူ မရှိဘူးလို့ ပြောစမှတ်ရှိကြပါတယ်။
ဒါပေမယ့်လည်း မိသားစုအပေါ် သိတတ်တဲ့ သူအများစုကတော့ သမီးမိန်းကလေးတွေ ဖြစ်နေတတ်ပါတယ်..။
မိသားစုအပေါ် အဲ့လို သိတတ်တဲ့ သမီးတွေမှာ သူများတွေ ထက် ပိုတဲ့ အခက်အခဲတွေ ရှိလို့ နေတတ်ပါတယ်။ အဲ့ဒါတွေ ကတော့..၊
(၁) အနစ်နာခံရတယ်”
သိတတ်တယ်ဆိုတာရဲ့ နောက်မှာ အနစ်နာခံမှုကလည်း တွဲပါလာပါတယ်။ ကိုယ့်အတွက် လိုချင်တာတွေကို
ဖြည့်ဆည်းကြတဲ့သူတွေ များပေမယ့် မိသားစုကို သိတတ်သူတွေကတော့ မိသားစုကို အရင် စဉ်းစားကြပါတယ်.။
မိသားစု လိုအပ်တာကို အရင် ဖြည့်ဆည်းပြီး ကိုယ့်ကိုယ်ကို အနစ်နာ ခံကြတာကတော့ သိတတ်သူလေးတွေရဲ့ စိတ်ထားပါပဲ.၊
(၂) နားလည်ပေးမယ့်သူ မရှိသလိုပဲ”
မိသားစုကို သိတတ်နေရတဲ့ အခြေအနေက သူတို့ရဲ့ မိသားစုကို ပစ်မထားနိုင်တဲ့ စိတ်ကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်..။
ဒီလိုမျိုး အခြေအနေကို ရင်ဆိုင်နေတဲ့ သူတို့အတွက် အသိအမှတ်ပြု နားလည်ပေးမယ့်သူမျိုးကို သူတို့က လိုချင်တတ်ကြပါတယ်..။
သမီးလေး တော်လိုက်တာ၊ သားသမီးကောင်းကို ရထားတာပဲ စတဲ့ စကားတွေထက် သမီးလေး ပင်ပန်းနေပြီလား ကျန်တဲ့သူတွေလည်း
အခုလို သိနားလည်ရင်ကောင်းမှာပဲ ဆိုတဲ့ စကားတွေကို ပိုပြီး လိချင်ကြပါတယ် ။
ချီးမွမ်းတဲ့စကားထက် နားလည်မှုပေးတဲ့ စကားမျိုးကို သူတို့က လိုချင်ကြတာ ဖြစ်ပါတယ် ။
(၃) ကိုယ့်ဖို့ကို နောက်မှာ ထားနေရတယ်”
မိသားစုမှာ လိုအပ်တာက အရင် ဖြစ်ပြီး ကိုယ့်ရဲ့ တစ်ကိုယ်ရေ ဆန္ဒက ဒုတိယဆိုတာကို သူတို့က လက်ခံထားကြပါတယ် ။
မိသားစုကို ကိုယ်မှ မသိတတ်ရင် ဘယ်လို လည်ပတ်မလဲ တွေးတတ်ပြီး ကိုယ်ပဲ အဆင်ပြေပြီး အခက်အခဲကို ကြည့်နေတာမျိုး မနေနိုင်ဘူး ။
ဆိုတဲ့ စိတ်နဲ့ ဦးစားပေးနေပေမယ့် သူတို့စိတ်ထဲမှာလည်း ကိုယ့်အတွက် ကိုယ် အဆင်ပြေတဲ့ ဘဝကို ရောက်ချင် မိတတ်ပါတယ်..။
(၄) အချစ်ခံချင်ပေမယ့် မျိုသိပ်ရတယ်”
သိတတ်တဲ့သူတွေက ကိုယ့်ရဲ့ ပင်ကိုစိတ်ကြောင့် သိတတ်ရပေမယ့်လည်း
သူတို့လည်း တခြားသူတွေကို လူလို ငါလို နေတတ်ချင်ကြပါတယ်..။ ဆိုးချင်တယ်။
ကိုယ့်အသုံးစရိတ်အတိုင်း သုံးပြီး မပူမပန်နေရချင်ပေမယ့်လည်း
သူတို့ကတော့ ဒီခံစားချက်တွေကို မြိုသိပ်ပြီး ဘာမှမဖြစ်သလို ဖြတ်သန်းနေ ကြရပါတယ်..။
(၅) ဝမ်းနည်းတာတွေ ရှိလည်း သည်းခံရတယ်”
သူတို့လည်း ဝမ်းနည်းတတ်ပါတယ်။ ကိုယ် တစ်ယောက်တည်းကပဲ မိသားစုအပေါ် သိတတ်ရတဲ့ အခြေအနေမျိုးမှာ
ကိုယ်လည်း ဘယ်တော့မှ အေးဆေးနေရမလဲလို့ တွေးပြီး။
ဝမ်းနည်းမိသလို တခြားသော ဝမ်းနည်းစရာ ကိစ္စရပ်တွေကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ အခါမျိုးမှာလည်း
အိမ်က ကိုယ့်အတွက် စိတ်ပူရမှာစိုးပြီး စိတ်ထဲပဲ သိမ်းထားပြီး တစ်ယောက်တည်း ခံစားတတ်တာလည်း သူတို့ပါပဲ ၊
အိမ်မှာ ဒီလိုမျိုး သိတတ်တဲ့သူ ရှိရင် ကိုယ့်ဘက်က ပိုပြီး ဂရုစိုက် ပေးလိုက်ပါနော်။
Credit – Original
Zawgyi Version
မိသားစုအေပၚ သိတတ္လိမၼာတဲ့ သမီးေတြသာ သိနားလည္တဲ့ အခက္အခဲေလးမ်ား
မိဘဆိုတာ အေပးပဲ ႐ွိၿပီး အယူ မ႐ွိဘူးလို႔ ေျပာစမွတ္႐ွိၾကပါတယ္။
ဒါေပမယ့္လည္း မိသားစုအေပၚ သိတတ္တဲ့ သူအမ်ားစုကေတာ့ သမီးမိန္းကေလးေတြ ျဖစ္ေနတတ္ပါတယ္..။
မိသားစုအေပၚ အဲ့လို သိတတ္တဲ့ သမီးေတြမွာ သူမ်ားေတြ ထက္ ပိုတဲ့ အခက္အခဲေတြ ႐ွိလို႔ ေနတတ္ပါတယ္။ အဲ့ဒါေတြ ကေတာ့..၊
(၁) အနစ္နာခံရတယ္”
သိတတ္တယ္ဆိုတာရဲ႕ ေနာက္မွာ အနစ္နာခံမႈကလည္း တြဲပါလာပါတယ္။ ကိုယ့္အတြက္ လိုခ်င္တာေတြကို
ျဖည့္ဆည္းၾကတဲ့သူေတြ မ်ားေပမယ့္ မိသားစုကို သိတတ္သူေတြကေတာ့ မိသားစုကို အရင္ စဥ္းစားၾကပါတယ္.။
မိသားစု လိုအပ္တာကို အရင္ ျဖည့္ဆည္းၿပီး ကိုယ့္ကိုယ္ကို အနစ္နာ ခံၾကတာကေတာ့ သိတတ္သူေလးေတြရဲ႕ စိတ္ထားပါပဲ.၊
(၂) နားလည္ေပးမယ့္သူ မ႐ွိသလိုပဲ”
မိသားစုကို သိတတ္ေနရတဲ့ အေျခအေနက သူတို႔ရဲ႕ မိသားစုကို ပစ္မထားႏိုင္တဲ့ စိတ္ေၾကာင့္ ျဖစ္လာတာ ျဖစ္ပါတယ္..။
ဒီလိုမ်ိဳး အေျခအေနကို ရင္ဆိုင္ေနတဲ့ သူတို႔အတြက္ အသိအမွတ္ျပဳ နားလည္ေပးမယ့္သူမ်ိဳးကို သူတို႔က လိုခ်င္တတ္ၾကပါတယ္..။
သမီးေလး ေတာ္လိုက္တာ၊ သားသမီးေကာင္းကို ရထားတာပဲ စတဲ့ စကားေတြထက္ သမီးေလး ပင္ပန္းေနၿပီလား က်န္တဲ့သူေတြလည္း
အခုလို သိနားလည္ရင္ေကာင္းမွာပဲ ဆိုတဲ့ စကားေတြကို ပိုၿပီး လိခ်င္ၾကပါတယ္ ။
ခ်ီးမြမ္းတဲ့စကားထက္ နားလည္မႈေပးတဲ့ စကားမ်ိဳးကို သူတို႔က လိုခ်င္ၾကတာ ျဖစ္ပါတယ္ ။
(၃) ကိုယ့္ဖို႔ကို ေနာက္မွာ ထားေနရတယ္”
မိသားစုမွာ လိုအပ္တာက အရင္ ျဖစ္ၿပီး ကိုယ့္ရဲ႕ တစ္ကိုယ္ေရ ဆႏၵက ဒုတိယဆိုတာကို သူတို႔က လက္ခံထားၾကပါတယ္ ။
မိသားစုကို ကိုယ္မွ မသိတတ္ရင္ ဘယ္လို လည္ပတ္မလဲ ေတြးတတ္ၿပီး ကိုယ္ပဲ အဆင္ေျပၿပီး အခက္အခဲကို ၾကည့္ေနတာမ်ိဳး မေနႏိုင္ဘူး ။
ဆိုတဲ့ စိတ္နဲ႔ ဦးစားေပးေနေပမယ့္ သူတို႔စိတ္ထဲမွာလည္း ကိုယ့္အတြက္ ကိုယ္ အဆင္ေျပတဲ့ ဘဝကို ေရာက္ခ်င္ မိတတ္ပါတယ္..။
(၄) အခ်စ္ခံခ်င္ေပမယ့္ မ်ိဳသိပ္ရတယ္”
သိတတ္တဲ့သူေတြက ကိုယ့္ရဲ႕ ပင္ကိုစိတ္ေၾကာင့္ သိတတ္ရေပမယ့္လည္း
သူတို႔လည္း တျခားသူေတြကို လူလို ငါလို ေနတတ္ခ်င္ၾကပါတယ္..။ ဆိုးခ်င္တယ္။
ကိုယ့္အသုံးစရိတ္အတိုင္း သုံးၿပီး မပူမပန္ေနရခ်င္ေပမယ့္လည္း
သူတို႔ကေတာ့ ဒီခံစားခ်က္ေတြကို ၿမိဳသိပ္ၿပီး ဘာမွမျဖစ္သလို ျဖတ္သန္းေန ၾကရပါတယ္..။
(၅) ဝမ္းနည္းတာေတြ ႐ွိလည္း သည္းခံရတယ္”
သူတို႔လည္း ဝမ္းနည္းတတ္ပါတယ္။ ကိုယ္ တစ္ေယာက္တည္းကပဲ မိသားစုအေပၚ သိတတ္ရတဲ့ အေျခအေနမ်ိဳးမွာ
ကိုယ္လည္း ဘယ္ေတာ့မွ ေအးေဆးေနရမလဲလို႔ ေတြးၿပီး။
ဝမ္းနည္းမိသလို တျခားေသာ ဝမ္းနည္းစရာ ကိစၥရပ္ေတြေၾကာင့္ စိတ္မေကာင္းျဖစ္ေနရတဲ့ အခါမ်ိဳးမွာလည္း
အိမ္က ကိုယ့္အတြက္ စိတ္ပူရမွာစိုးၿပီး စိတ္ထဲပဲ သိမ္းထားၿပီး တစ္ေယာက္တည္း ခံစားတတ္တာလည္း သူတို႔ပါပဲ ၊
အိမ္မွာ ဒီလိုမ်ိဳး သိတတ္တဲ့သူ ႐ွိရင္ ကိုယ့္ဘက္က ပိုၿပီး ဂ႐ုစိုက္ ေပးလိုက္ပါေနာ္။
Credit – Original