နာရေးဆိုင်းဘုတ်တွေ လမ်းထိပ်တိုင်းမှာ တွေ့မြင်ရတဲ့အထိ ဆိုးရွားစွာကူးစက်သေဆုံးနေရတဲ့
ကလေးမြို့ရဲ့ လက်ရှိအခြေအနေကို ပြောပြလာတဲ့ ပြည်သူတစ်ဦး….
လတ်တလော ကလေးမြိုးမှာ ဆိုးဆိုးရွားရွား တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့တဲ့ ဗီဇပြောင်းကိုဗစ်ရောဂါကြောင့်
ကူးစက်မှုတွေတစ်နေ့တခြား များလာသလို သေဆုံးသူရာခိုင်နှုန်းလည်း မြင့်တက်လာခဲ့ပါတယ်။
ကိုဗစ်ရောဂါကြောင့် သေဆုံးသူတွေထဲမှာ အမျိုးသားတွေအများဆုံးဖြစ်ပြီး
ဆယ်ကျော်သက်လူငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဇူလိုင်လ(၃) ရက်နေ့တစ်ရက်ထဲမှာပဲ ကလေးမြို့မှာ ကိုဗစ်သံသယလူနာနဲ့ ဓာတ်ခွဲအတည်ပြုလူနာတွေထဲက
သေဆုံးသူ (၃၀)ကျော်အထိ ရှိခဲ့တယ်လို့ ဖော်ပြချက်တွေအရသိရပါတယ်။
ကလေးမြို့ကို Lock down မြို့အဖြစ် သတ်မှတ်ထားပေမယ့်
လမ်းမပေါ်တွေကဆေးဆိုင်တွေရှေ့မှာ လူတွေကြိတ်ကြိတ်တိုးဝယ်နေကြသလို
နေအိမ်တွေမှာ ကုသနေကြတဲ့ လူနာတွေအတွက် အောက်ဆီဂျင်ဘူးများကို
အရေးပေါ် လာရောက် သယ်ယူနေတဲ့သူတွေများစွာ ရှိတယ်လို့လည်း ကြားသိရပါတယ်။
စိတ်မကောင်းစရာကတော့ ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ စင်တာတွေလည်း နည်းပါးပြီး ကူညီလုပ်ကိုင်ပေးမယ့်
စေတနာ့ဝန်ထမ်းတွေ မလုံလောက်တာကြောင့် အနံပျောက်လူနာတွေကို အိမ်မှာပဲ ကုသခိုင်းထားပြီး
အရေးပေါ်ကိုဗစ်လူနာများကိုသာ ဆေးရုံကြီးတွေနဲ့ ကိုဗစ်စင်တာတွေမှာ ကုသပေးနေတာ ဖြစ်ပါတယ်။
ယခုမှာလည်း မြို့နေ ပြည်သူတစ်ဦးက ဒီလိုဆိုးရွားစွာ ကူးစက်သေဆုံးနေရတာနဲ့ပတ်သက်ပြီး တတိယလှိုင်း ကိုဗစ်ကူးစက်မှုကို
မယုံကြည်ကြသေးတဲ့ သူတချို့အား လက်ရှိကိုဗစ်ဒဏ်ကိုခံစားနေတဲ့
ကလေးမြို့ရဲ့ အခြေအနေလေးတွေကို ပြောပြလာခဲ့တာလည်း တွေ့ရပါတယ်။
သူရဲ့ ပြောပြချက်တွေအရ ကလေးမြို့မှာ ကိုဗစ်ကြောင့် သေဆုံးသူတွေရဲ့ နာရေးဆိုင်းဘုတ်တွေကို လမ်းထိပ်တိုင်းမှာ တွေ့ရတာကြောင့်
ဆိုးရွားလွန်းတဲ့ အခြေအနေကိုရောက်ရှိနေတယ်လို့လည်း ထင်မိပါတယ်။
ကလေးမြို့ရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ပြည်သူတစ်ဦးရဲ့ ပြောပြချက်တွေကိုတော့
အောက်မှာဖတ်ရှုလို့ရအောင် ဖော်ပြပေးထားပါတယ်။
သတင်းအရင်းမြစ်: Source – Original Upload
Zawgyi Version
နာေရးဆိုင္းဘုတ္ေတြ လမ္းထိပ္တိုင္းမွာ ေတြ႕ျမင္ရတဲ့အထိ ဆိုး႐ြားစြာကူးစက္ေသဆုံးေနရတဲ့
ကေလးၿမိဳ႕ရဲ႕ လက္႐ွိအေျခအေနကို ေျပာျပလာတဲ့ ျပည္သူတစ္ဦး….
လတ္တေလာ ကေလးၿမိဳးမွာ ဆိုးဆိုး႐ြား႐ြား တစ္ေက်ာ့ျပန္ ျဖစ္ပြားလာခဲ့တဲ့ ဗီဇေျပာင္းကိုဗစ္ေရာဂါေၾကာင့္
ကူးစက္မႈေတြတစ္ေန႔တျခား မ်ားလာသလို ေသဆုံးသူရာခိုင္ႏႈန္းလည္း ျမင့္တက္လာခဲ့ပါတယ္။
ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးသူေတြထဲမွာ အမ်ိဳးသားေတြအမ်ားဆုံးျဖစ္ၿပီး
ဆယ္ေက်ာ္သက္လူငယ္ေတြလည္း ပါဝင္တယ္လို႔ သိရပါတယ္။
ဇူလိုင္လ(၃) ရက္ေန႔တစ္ရက္ထဲမွာပဲ ကေလးၿမိဳ႕မွာ ကိုဗစ္သံသယလူနာနဲ႔ ဓာတ္ခြဲအတည္ျပဳလူနာေတြထဲက
ေသဆုံးသူ (၃၀)ေက်ာ္အထိ ႐ွိခဲ့တယ္လို႔ ေဖာ္ျပခ်က္ေတြအရသိရပါတယ္။
ကေလးၿမိဳ႕ကို Lock down ၿမိဳ႕အျဖစ္ သတ္မွတ္ထားေပမယ့္
လမ္းမေပၚေတြကေဆးဆိုင္ေတြေ႐ွ႕မွာ လူေတြႀကိတ္ႀကိတ္တိုးဝယ္ေနၾကသလို
ေနအိမ္ေတြမွာ ကုသေနၾကတဲ့ လူနာေတြအတြက္ ေအာက္ဆီဂ်င္ဘူးမ်ားကို
အေရးေပၚ လာေရာက္ သယ္ယူေနတဲ့သူေတြမ်ားစြာ ႐ွိတယ္လို႔လည္း ၾကားသိရပါတယ္။
စိတ္မေကာင္းစရာကေတာ့ က်န္းမာေရးေစာင့္ေ႐ွာက္ေပးတဲ့ စင္တာေတြလည္း နည္းပါးၿပီး ကူညီလုပ္ကိုင္ေပးမယ့္
ေစတနာ့ဝန္ထမ္းေတြ မလုံေလာက္တာေၾကာင့္ အနံေပ်ာက္လူနာေတြကို အိမ္မွာပဲ ကုသခိုင္းထားၿပီး
အေရးေပၚကိုဗစ္လူနာမ်ားကိုသာ ေဆး႐ုံႀကီးေတြနဲ႔ ကိုဗစ္စင္တာေတြမွာ ကုသေပးေနတာ ျဖစ္ပါတယ္။
ယခုမွာလည္း ၿမိဳ႕ေန ျပည္သူတစ္ဦးက ဒီလိုဆိုး႐ြားစြာ ကူးစက္ေသဆုံးေနရတာနဲ႔ပတ္သက္ၿပီး တတိယလိႈင္း ကိုဗစ္ကူးစက္မႈကို
မယုံၾကည္ၾကေသးတဲ့ သူတခ်ိဳ႕အား လက္႐ွိကိုဗစ္ဒဏ္ကိုခံစားေနတဲ့
ကေလးၿမိဳ႕ရဲ႕ အေျခအေနေလးေတြကို ေျပာျပလာခဲ့တာလည္း ေတြ႕ရပါတယ္။
သူရဲ႕ ေျပာျပခ်က္ေတြအရ ကေလးၿမိဳ႕မွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူေတြရဲ႕ နာေရးဆိုင္းဘုတ္ေတြကို လမ္းထိပ္တိုင္းမွာ ေတြ႕ရတာေၾကာင့္
ဆိုး႐ြားလြန္းတဲ့ အေျခအေနကိုေရာက္႐ွိေနတယ္လို႔လည္း ထင္မိပါတယ္။
ကေလးၿမိဳ႕ရဲ႕ လက္႐ွိအေျခအေနနဲ႔ပတ္သက္ၿပီး ျပည္သူတစ္ဦးရဲ႕ ေျပာျပခ်က္ေတြကိုေတာ့
ေအာက္မွာဖတ္႐ႈလို႔ရေအာင္ ေဖာ္ျပေပးထားပါတယ္။
သတင္းအရင္းျမစ္: Source – Original Upload