ပါရာစီတမောလ် သောက်ရင် သတိထားရမည့်အချက်လေးများ
ပါရာစီတမောလ် သောက်ရင် လိုက်နာသင့်တဲ့ အချက်များ
ပါရာစီတမောလ်ကို အမြဲသောက်သုံးလေ့ရှိတဲ့သူတစ်ယောက်အနေနဲ့
သိထားသင့်တာကတော့ ညွှန်ကြားထားတဲ့ ပမာဏထက် ကျော်လွန်ပြီး မသောက်သုံးရဘူးဆိုတာပါပဲ။
သာမန်အားဖြင့် ဈေးကွက်ထဲမှာရှိတဲ့ ပါရာစီတမောလ်တစ်လုံးမှာ ၅ဝဝ မီလီဂရမ် ရှိပါတယ်။
အရွယ်ရောက်ပြီးသူတစ်ယောက်အတွက် အများဆုံး ပမာဏဟာ
တစ်ခါသောက်လျှင် ၁ဝဝဝ မီလီဂရမ် (၂ – လုံး)ဖြစ်ပြီး တစ်နေ့တာလုံးအတွက် အများဆုံးသောက်သုံးနိုင်တဲ့
ပမာဏကတော့ စုစုပေါင်း ၄၀၀၀ မီလီဂရမ် (၈လုံး) ဖြစ်ပါတယ်။
ပါရာစီတမောလ် လွန်ကဲစွာ သောက်သုံးမိပါက အသက်အန္တရာယ်ကို ပြင်းထန်စွာ ထိခိုက်နိုင်တတ်ပါတယ်။
ပါရာစီတမောလ် သောက်သုံးမှုများလေလေ အသည်းကိုထိခိုက်မှု များလေလေဖြစ်ပါတယ်။
သင်ဟာ တစ်နေ့ကို အရက်ပါဝင်တဲ့ ဘီယာ ၃ လုံးထက် ပိုသောက်နေပြီး
အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါရှိနေတဲ့သူဆိုရင် ပါရာစီတမောလ်မသောက်ခင်ဆရာဝန်နှင့် အရင်တိုင်ပင်သင့်ပါတယ်။
သင်ဟာ ပါရာစီတမောလ်သောက်လို့ မရတဲ့သူ ဖြစ်နေနိုင်ပါတယ်။
ပါရာစီတမောလ် သောက်ထားပြီးရင်လည်း အခြား နှာစေး၊ ချောင်းဆိုးပျောက်ဆေး၊
အဖျားပျောက်ဆေးတွေကို ထပ်မံပြီး မသောက်သင့်ပါဘူး။
ဘာလို့လဲဆိုတော့ အချို့ဆေးတွေမှာ ပါရာစီတမောလ် ပါဝင်နေတဲ့အတွက်
သတ်မှတ်ထားတဲ့ ပမာဏလွန်ကဲသွားမှာ စိုးလို့ဖြစ်ပါတယ်။
ပါရာစီတမောလ်သောက်ပြီးရင် အရက်သောက်ခြင်းကို ရှောင်ရှားပါ။
ကိုယ်ဝန်ဆောင်များ ပါရာစီတမောလ် သောက်သုံးမှုဟာ စိတ်ချလုံခြုံမှုရှိရဲ့ လားဆိုတာတော့
သေချာစွာ မသိရှိရသေးတဲ့အတွက် ဆရာဝန်နှင့် အရင်တိုင်ပင်သင့်ပါတယ်။
ပါရာစီတမောလ်ဟာ မိခင်နို့ထဲကနေဖြတ်သန်းသွားနိုင်တဲ့အတွက် ကလေးငယ်များကို ထိခိုက်နိုင်လို့ပါ။
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
ပါရာစီတေမာလ္ ေသာက္ရင္ သတိထားရမည့္အခ်က္ေလးမ်ား
ပါရာစီတေမာလ္ ေသာက္ရင္ လိုက္နာသင့္တဲ့ အခ်က္မ်ား
ပါရာစီတေမာလ္ကို အၿမဲေသာက္သုံးေလ့႐ွိတဲ့သူတစ္ေယာက္အေနနဲ႔
သိထားသင့္တာကေတာ့ ၫႊန္ၾကားထားတဲ့ ပမာဏထက္ ေက်ာ္လြန္ၿပီး မေသာက္သုံးရဘူးဆိုတာပါပဲ။
သာမန္အားျဖင့္ ေဈးကြက္ထဲမွာ႐ွိတဲ့ ပါရာစီတေမာလ္တစ္လုံးမွာ ၅ဝဝ မီလီဂရမ္ ႐ွိပါတယ္။
အ႐ြယ္ေရာက္ၿပီးသူတစ္ေယာက္အတြက္ အမ်ားဆုံး ပမာဏဟာ
တစ္ခါေသာက္လွ်င္ ၁ဝဝဝ မီလီဂရမ္ (၂ – လုံး)ျဖစ္ၿပီး တစ္ေန႔တာလုံးအတြက္ အမ်ားဆုံးေသာက္သုံးႏိုင္တဲ့
ပမာဏကေတာ့ စုစုေပါင္း ၄၀၀၀ မီလီဂရမ္ (၈လုံး) ျဖစ္ပါတယ္။
ပါရာစီတေမာလ္ လြန္ကဲစြာ ေသာက္သုံးမိပါက အသက္အႏၲရာယ္ကို ျပင္းထန္စြာ ထိခိုက္ႏိုင္တတ္ပါတယ္။
ပါရာစီတေမာလ္ ေသာက္သုံးမႈမ်ားေလေလ အသည္းကိုထိခိုက္မႈ မ်ားေလေလျဖစ္ပါတယ္။
သင္ဟာ တစ္ေန႔ကို အရက္ပါဝင္တဲ့ ဘီယာ ၃ လုံးထက္ ပိုေသာက္ေနၿပီး
အရက္ေၾကာင့္ျဖစ္တဲ့ အသည္းေရာဂါ႐ွိေနတဲ့သူဆိုရင္ ပါရာစီတေမာလ္မေသာက္ခင္ဆရာဝန္ႏွင့္ အရင္တိုင္ပင္သင့္ပါတယ္။
သင္ဟာ ပါရာစီတေမာလ္ေသာက္လို႔ မရတဲ့သူ ျဖစ္ေနႏိုင္ပါတယ္။
ပါရာစီတေမာလ္ ေသာက္ထားၿပီးရင္လည္း အျခား ႏွာေစး၊ ေခ်ာင္းဆိုးေပ်ာက္ေဆး၊
အဖ်ားေပ်ာက္ေဆးေတြကို ထပ္မံၿပီး မေသာက္သင့္ပါဘူး။
ဘာလို႔လဲဆိုေတာ့ အခ်ိဳ႕ေဆးေတြမွာ ပါရာစီတေမာလ္ ပါဝင္ေနတဲ့အတြက္
သတ္မွတ္ထားတဲ့ ပမာဏလြန္ကဲသြားမွာ စိုးလို႔ျဖစ္ပါတယ္။
ပါရာစီတေမာလ္ေသာက္ၿပီးရင္ အရက္ေသာက္ျခင္းကို ေ႐ွာင္႐ွားပါ။
ကိုယ္ဝန္ေဆာင္မ်ား ပါရာစီတေမာလ္ ေသာက္သုံးမႈဟာ စိတ္ခ်လုံျခဳံမႈ႐ွိရဲ႕ လားဆိုတာေတာ့
ေသခ်ာစြာ မသိ႐ွိရေသးတဲ့အတြက္ ဆရာဝန္ႏွင့္ အရင္တိုင္ပင္သင့္ပါတယ္။
ပါရာစီတေမာလ္ဟာ မိခင္ႏို႔ထဲကေနျဖတ္သန္းသြားႏိုင္တဲ့အတြက္ ကေလးငယ္မ်ားကို ထိခိုက္ႏိုင္လို႔ပါ။
(((( ဒီ Post ေလးက အသုံးဝင္တယ္ ဆိုရင္
Share တစ္ခ်က္ လုပ္ၿပီး မွ်ေဝေပးလိုက္ပါ ))))
မူရင္း ေရးသားသူအား ေလးစားစြာျဖင့္ Credit ေပးပါသည္။