Knowledge

အဖြူရောင်ကိုကြိုက်တဲ့ ကောင်မလေးတွေမှာရှိနေတဲ့ စိတ်နေစိတ်ထားများ

အဖြူရောင်ကိုကြိုက်တဲ့ ကောင်မလေးတွေမှာရှိနေတဲ့ စိတ်နေစိတ်ထားများ

အင်းကျီကိုဝယ်မယ် စိတ်ကူးလိုက်တိုင်း အဖြူရောင်ကိုပဲ မျက်စိအမြဲကျနေတတ်တဲ့ သူတွေရှိပါတယ်

အဖြူရောင်တွေကိုတမင်ရွေးတာတော့ မဟုတ်ပေမယ့်လည်းအဖြူရောင်ကိုမှ

ကြည့်အကောင်းဆုံးနဲ့သဘောအကျဆုံးဖြစ်နေတာကြောင့်သူတို့ရဲ့အဝတ်တွေမှာ အဖြူတွေကပိုပြီးများနေလေ့ရှိပါတယ်

ဒီလိုအဖြူကိုမှတခြားအရောင်တွေထက်ပိုကြိုက်လေ့ရှိတဲ့ ကောင်မလေးတွေမှာ ဒီလိုစိတ်နေစိတ်ထားတွေရှိနေတတ်ပါတယ်

(၁)စိတ်ရိုးရှင်းတယ်

စိတ်ပညာအရအဖြူရောင်ကရိုးရှင်းမှု၊အပြစ်ကင်းစင်မှုနဲ့ပြီးပြည့်စုံမှုစတာတွေကိုကိုယ်စားပြုထားပါတယ်

အဖြူရောင် ကြိုက်သူအများစုကလည်း ရိုးရှင်းမှုကိုနှစ်သက်ပြီးစိတ်ထားကြည်လင်ကြပါတယ်

သူတို့တွေကသူများအပေါ်ဒုက္ခဖြစ် စေအောင်လည်းမလုပ်တတ်ကြသူတွေဖြစ်ပါတယ်

ရှုပ်ထွေးနေတဲ့ဘဝကိုမလိုချင်ကြသူတွေလည်းဖြစ်ပါတယ်။

(၂)အသန့်ကြိုက်တယ်

အဖြူရောင်ဆိုဖြူစင်ပြီးသန့်ရှင်းမှုကိုကိုယ်စားပြုပါတယ်

ဒါကြောင့်အသန့်ကြိုက်သူတွေ ရှုပ်ရှုပ်ယှက်ယှက်တွေ မနှစ်သက်သူတွေကအဖြူရောင်ကို သဘောကျတတ်ကြပါတယ်

အရေးကြီးကိစ္စရပ်တွေအတွက် အဖြူရောင်ဒီဇိုင်းတွေကို ပိုပြီးရွေးချယ်မိတတ်ကြသူတွေလည်း ဖြစ်ပြီး

သန့်ပြန့်နေတာကိုမှစိတ်ကျေနပ်ကြသူတွေ ဖြစ်ပါတယ်။

(၃) ပျော်ပျော်နေတတ်တယ်

ပျော်နေတတ်သူတွေ ကလည်း အဖြူရောင်ကို နှစ်သက်ကြပါတယ်အဖြူရောင်မှာကိုကဖြူစင်ခြင်း၊

ရိုးရှင်းစွာပျော်ရွှင်ခြင်းကိုကိုယ်စားပြုနေတာမို့ပျော်တတ်သူတွေကအဖြူရောင်ကိုကြိုက်မိတာဖြစ်ပါတယ်

သူတို့တွေကတစ်ဖက်သား ကိုလည်းနွေးထွေးမှုနဲ့လုံခြုံမှုကိုခံစားရစေပါသေးတယ်

တစ်ချို့တွေကတော့သူတို့အဖြူရောင်ဝတ္ထားတဲ့အချိန်မှာ စိတ်ကြည်လင် ပျော်ရွှင်နေပေမယ့်

အနားကသူတွေက စိတ်ကြည်လင်နေမှန်း မသိတာမျိုးကိုလည်း ကြုံရတတ်ပါတယ် ရုပ်တည်ကြီးနဲ့ပျော်နေတတ်တာသူတို့ပါပဲ

(၄)တက်ကြွတယ်

သွက်လက်တဲ့နေရာမှာအဖြူရောင်ကိုကြိုက်သူတွေကထိပ်ဆုံးပါပဲ သူတို့တွေကတော့အတွေးတွေလည်းကောင်းသလို

သွက်လက်တဲ့သူတွေလည်းဖြစ်ပါတယ်ဖျတ်လတ်ပြီး

လန်းဆန်းနေတတ်သလိုအဲ့လိုနေရတာကိုသဘောအကျဆုံးဖြစ်ကြပါတယ်လန်းဆန်းပြီးပေါ့ပါးနေတာကြောင့်

အနားမှာရှိတဲ့သူတွေကိုပါသူတို့ကစိတ်ပျော်ရွှင်စေတတ်ပါတယ်။

(၅)ကြင်နာတယ်

သူတို့တွေကအပြောထက်နားထောင်တာကိုပိုအလုပ်ပေးတတ်ကြပါတယ်သူတို့ကိုရင်ဖွင့်တာမျိုးကိုနားထောင်ပေးတတ်သလို

ကြင်နာတတ်သူတွေလည်းဖြစ်ပါတယ် စိတ်တည်ငြိမ်မှုရှိတာကြောင့်ပြဿနာတွေဖြစ်လာရင်တောင်

စိတ်အေးအေးထားတွေးတတ်သူတွေဖြစ်ပါတယ်

စိတ်ရှည်သည်းခံမှုလည်းရှိတာကြောင့် သူတို့မှာတော့ပူလောင်မှုတွေပြည့်နေတဲ့ ပုံစံကိုမတွေ့ရသလောက်ပါပဲ။

crd

Zawgyi Version






(၁)စိတ်ရိုးရှင်းတယ်





(၂)အသန့်ကြိုက်တယ်





(၃) ပျော်ပျော်နေတတ်တယ်






(၄)တက်ကြွတယ်





(၅)ကြင်နာတယ်





crd